ရေခဲချောင်းစားတဲအခါ၊ ရေခဲရေသောက်တဲ့အခါ သွားကျင်တာကို ခံစားဖူးကြမှာပါ။ ဒါက သွား Sensitivity ဖြစ်တာကြောင့် ဖြစ်ပါတယ်။ Dentin လို့ခေါ်တဲ့ သင့်သွားအတွင်းက ပစ္စည်းတစ်ခုဟာ cementum လို့ခေါ်တဲ့ အပြင်အလွှာတစ်ခု သို့ ကြွေလွှာရဲ့အကာအကွယ်ဖုံးအုပ်မှု ဆုံးရှုံးသွားတဲ့အခါ သွားထိခိုက်လွယ်တာကို တွေ့ရှိနိုင်ပါတယ်။ သွားကြွေလွှာပျက်စီးခြင်းက အောက်ပါအချက်တွေကြောင့် ဖြစ်ပါတယ်။
မာကျောတဲ့ သွားတိုက်တံကို အသုံးပြုခြင်းက သွားကြွေလွှာတွေကို ပျက်စီးစေပါတယ်။
အက်ဆစ်ဓါတ်မြင့်မားတဲ့အစားအစာများ၊ အဖျော်ယမာကာများက သွားကြွေလွှာကို ပျက်စီးစေပါတယ်။
သွားယိုယွင်းခြင်း၊ သွားကျိုးခြင်း၊ သွားဖုံးရေစီးကမ်းပြိုလိုက်ခြင်း၊ ညဘက်မှာ သွားကြိတ်ခြင်း၊ Whitening treatment တွေက သွားကို sensitiveဖြစ်စေတဲ့ အကြောင်းရင်းတွေ ဖြစ်ပါတယ်။ ဒီလို သွားအထိခိုက်မခံမှုကို သက်သာစေဖို့ ကူညီနိုင်မယ့် လွယ်ကူပြီးထိရောက်သော သဘာဝနည်းလမ်းလေးတွေ ရှိပါတယ်။
၁။ အုန်းဆီ
အုန်းဆီစစ်စစ် ထမင်းစားဇွန်းတစ်ဇွန်းကို ၁၅မိနစ်၊ မိနစ် ၂၀လောက် ပါးစပ်ထဲမှာ ငုံပေးထားပါ။ ပြီးနောက် အုန်းဆီကို ထွေးထုတ်ပြီး သွားတိုက်ပေးပါ။ တစ်နေ့ကို တစ်ကြိမ် မနက်ခင်းတိုင်း ပြုလုပ်ပေးရပါမယ်။ အုန်းဆီက သင့်ခံတွင်းကျန်းမာရေးအတွက် အကျိုးကျေးဇူးတွေ ရှိပါတယ်။ အုန်းဆီမှာ သွားနာကျင်မှုကို လျှော့ချပေးနိုင်တဲ့ analgesic နှင့် anti-inflammatory ဂုဏ်သတ္တိတွေ ရှိပါတယ်။
၂။ ဆားငန်ရေ
ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်ကို ရေနွေးနွေး တစ်ဖန်ခ်ွထဲမှာ ဖျော်ပါ။ အဲ့ဒီဆားရည်နှင့် ပလုတ်ကျင်းပေးပါ။ တစ်နေ့ကို ၂ကြိမ်ပြုလုပ်ပေးပါ။ ဆားမှာ သဘာဝပိုးသတ်ဆေးဂုဏ်သတ္တိတွေ ရှိပြီးရောင်ရမ်းခြင်းကို လျော့ချပေးပါတယ်။ ဒါကသင့်သွားနာကျင်မှုကို လျော့ကျစေပါတယ်။
၃။ ဒိန်ချဉ်
ဒိန်ချဉ် plain ပန်းကန်လုံးတစ်ဝက်ကို တစ်နေ့တစ်ကြိမ် စားပေးပါ။ ဒိန်ချဉ်က သင့်သွားကြွေလွှာတွေရဲ့demineralization ကိုလျော့ချခြင်းမှာ ကူညီပေးပြီး သွားထိခိုက်လွယ်မှုကို တိုက်ဖျက်ခြင်းမှာ ကူညီပေးပါတယ်။
၎။ မာလကာရွက်
မာလကာရွက်အနည်းငယ်ကိုယူပြီး သေသေချာချာဆေးကြောပါ။ ၁မိနစ် ၂မိနစ်လောက်ဝါးပြီး ထွေးထုတ်ပေးပါ။ တစ်နေ့ကို ၁ကြိမ်၊ ၂ကြိမ်ပြုလုပ်ပေးရပါမယ်။ မာလကာရွက်များမှာ ရောင်ရမ်းခြင်းကို ဆန့်ကျင်တဲ့ ဂုဏ်သတ္တိတွေ ပါဝင်ပါတယ်။
၅။ ကြက်သွန်ဖြူ
ကြက်သွန်ဖြူ ၁မွှာကိုကြိတ်ချေပြီး ဆားအနည်းငယ်၊ ရေစက်အနည်းငယ်ထည့်ပါ။ သွားနာနေတဲ့နေရာမှာ ၁၀မိနစ်၊၁၅မိနစ်လောက် အုံပေးထားပါ။ ပြီးမှရေနှင့် ဆေးပါ။ တစ်နေ့ကို တစ်ကြိမ်ပြုလုပ်ပေးပါ။ ကြက်သွန်ဖြူဒြပ်ပေါင်းများမှာ ခံတွင်းရောဂါပိုးများကို တိုက်ဖျက်ပေးပြီး သွားကိုက်တာကို ကုသပေးခြင်းမှာ ကူညီပေးတဲ့ anti-inflammatory နှင့် antimicrobial ဂုဏ်သတ္တိတွေပါဝင်ပါတယ်။
၆။ ကြက်သွန်နီ
ကြက်သွန်နီ တစ်ခြမ်းကို မိနစ်အနည်းငယ်လောက် ဝါးပေးပါ။ နောက်တစ်နည်းက သွားဖုံးနှင့် သွားကိုက်တဲ့နေရာမှာ ကြက်သွန်နီအပိုင်းကို ၁၀မိနစ်လောက် ထားပေးပါ။ တစ်နေ့ကို ၁ကြိမ် ကနေ ၂ကြိမ်ပြုလုပ်ပေးရပါမယ်။ ကြက်သွန်နီများမှာ ခံတွင်းရောဂါပိုးများကို တိုက်ဖျက်ပေးတဲ့ antimicrobial နှင့် anti-inflammatory ဂုဏ်သတ္တိတွေ ရှိပါတယ်။
၇။ လေးညင်းဆီ
လေးညင်းဆီ ၆စက်ကို အုန်းဆီလက်ဖက်ရည်ဇွန်းတစ်ဇွန်းနဲ့ရောပါ။ သွားဖုံးနှင့် သွားကိုက်တဲ့နေရာမှာ လိမ်းပေးပါ။ ၅မိနစ် ၁၀မိနစ်လေလာက်နေမှ ရေနှင့်ပလုတ်ကျင်းပေးပါ။ တစ်နေ့ကို ၁ကြိမ်ကနေ ၂ကြိမ် ပြုလုပ်ပေးရပါမယ်။ လေးညင်းဆီရဲ့analgesicသက်ရောက်မှုက သွားနှင့် သွားဖုံးနာကျင်မှုကို ချက်ချင်းနီးပါး သက်သာစေပါတယ်။ လေးညင်းဆီရဲ့ သဘာဝ microbicide ဂုဏ်သတ္တိက ခံတွင်းပိုးမွှားတွေကို သေစေပါတယ်။
၈။ Tea Tree Oil
Tea Tree Oil ၆စက်ကို အုန်းဆီ လက်ဖက်ရည်ဇွန်း ၁ဇွန်းနဲ့ရောပါ။ နာကျင်နေတဲ့ သွားနဲ့ သွားဖုံးပေါ်မှာ လိမ်းပေးပါ။ ၅မိနစ် ၁၀မိနစ်လောက်နေမှ ရေဖြင့်ဆေးပေးပါ။ တစ်နေ့ကို ၁ကြိမ်ကနေ ၂ကြိမ် ပြုလုပ်ပေးရပါမယ်။ Tea Tree Oil မှာ ခံတွင်းကျန်းမာရေးပေါ်မှာ သက်ရောက်မှုတစ်ခုရှိတဲ့ anti-inflammatory နှင့် antimicrobial properties တွေရှိပါတယ်။ essential oil အရောအနှောကို မမျိုချပါနဲ့။
၉။ ဗီတာမင်
သင့်သွားမှာ sensitivity ဖြစ်နေပြီဆို ဗီတာမင်အီးနှင့် ဗီတာမင်ဘီကို အလုံအလောက်ရယူပါ။ ဒီဗီတာမင်များက သွားနှင့်သွားဖုံးကျန်းမာရေးကို မြင့်တင်ပေးပြီး သွားကိုက်တဲ့နေရာမှာ ရောင်ရမ်းမှုကို တိုက်ဖျက်ပေးပါတယ်။almonds၊ ဟင်းနုနွယ်ရွက်၊ ကိုက်လန်၊ မုန်လာဥဝါ၊ ငါး၊ ကြက်၊ ဘဲ၊အသား၊ ကြက်ဥနှင့် နို့ထွက်ပစ္စည်းများကဲ့သို့ အစားအစာများကို စားသုံးခြင်းဖြင့် လိုအပ်တဲ့ ဒီဗီတာမင်ပမာဏတွေကို ရရှိနိုင်ပါတယ်။
သင့်မှာ ထိခိုက်လွယ်တဲ့သွားရှိလျှင် ရေခဲမုန့်၊ ဆိုဒါ၊ ကော်ဖီ/လက်ဖက်ရည်အပူ၊ သကြားလုံး၊ စေးကပ်တဲ့တော်ဖီ၊ ချဉ်တဲ့အသီးတွေ၊ ခရမ်းချဉ်သီး၊ ရေခဲနှင့် အချိုရည်အအေးများကို ရှောင်ပါ။ ခံတွင်းသန့်စင်ဆေးဖြင့် ဆေးကြောပါ။ တစ်နေ့နှစ်ကြိမ်သွားတိုက်ပေးပါ။ ပြင်းထန်လာပါက သွားဆရာဝန်နှင့် ချက်ချင်းပြသပါ။
#Lifestyle_Myanmar
#LM_Nandar
Source- stylecraze