Home General Knowledge သြားတိုက္ေဆးညႇစ္တဲ့ပုံစံက ေျပာျပေနတဲ့ သင့္အေၾကာင္း

သြားတိုက္ေဆးညႇစ္တဲ့ပုံစံက ေျပာျပေနတဲ့ သင့္အေၾကာင္း

0
75
သြားတိုက္ေဆးညႇစ္တဲ့ပုံစံ
သြားတိုက္ေဆးညႇစ္တဲ့ပုံစံ

စိတ္ပညာရွင္ေတြရဲ႕ အဆိုအရ သင့္ရဲ႕ လုပ္ရပ္ေတြက သင့္ရဲ႕ အေၾကာင္းကို ၄၀% ေဖာ္ျပေနပါတယ္။

၁။ သြားတိုက္ေဆးဗူးကို ေအာက္ေျခကေန လိမ့္ၿပီး ညႇစ္တတ္သူ


သင္ဟာ သြားတိုက္ေဆးဗူးကို ေအာက္ေျခကေန လိမ့္ၿပီး ညႇစ္တတ္တဲ့အက်င့္ရွိသူဆိုလွ်င္ သင္ဟာ သပ္သပ္ရပ္ရပ္ေနထိုင္တတ္ၿပီး သင့္ရဲ႕ ပစၥည္းဥစၥာေတြအေပၚမွာလည္း စည္းကမ္းရွိရွိနဲ႔ ႐ို႐ိုေသေသကိုင္တြယ္တတ္ၿပီး အနီးနားမွာရွိတဲ့သူေတြကိုလည္းဂ႐ုစိုက္တတ္တဲ့အက်င့္ရွိသူတစ္ဦးျဖစ္ပါတယ္။ အျခားသူေတြ အားကိုးႏိုင္ေလာက္တဲ့ အရည္အခ်င္းမ်ိဳးရွိၿပိး အရာရာကို ႀကိဳးစားလုပ္ေဆာင္ဖို႔ အသင့္ရွိသူတစ္ဦးလည္းျဖစ္ပါတယ္။ အိမ္မွာေနတဲ့အခါမွာလည္း အၿမဲတမ္းလိုလို သန္႔ရွင္းသပ္ရပ္ၿပီးစနစ္တက်ေနထိုင္ျပဳမူတတ္သူတစ္ဦးလည္းျဖစ္ပါတယ္။

၂။ သြားတိုက္ေဆးဗူးကို ခါးလယ္ကေန ညႇစ္တတ္သူ


သင္ဟာ သြားတိုက္ေဆးညႇစ္တဲ့အခါ ခါးလယ္ကေန ညႇစ္တတ္အက်င့္ရွိသူဆိုလွ်င္ လက္ေတြ႕က်တာကို သေဘာၾကၿပီး တက္ၾကြတဲ့စိတ္ရွိတဲ့သူတစ္ဦးျဖစ္ပါတယ္။ မ်ားေသာအားျဖင့္ အလ်င္လိုသလိုျပဳမူတတ္တဲ့အက်င့္ရွိသူတစ္ဦးလည္းျဖစ္ပါတယ္။ အေသသပ္ဆုံးသူလည္းမဟုတ္၊ အဖြဲ႕အစည္းနဲ႔လည္းမဟုတ္ေပမဲ့ စိန္ေခၚမႈနဲ႔ ရင္ဆိုင္ရလွ်င္ေတာ့ အတူတကြ ကိုယ္တိုင္ေျဖရွင္းေပးႏိုင္စြမ္းရွိသူတစ္ဦးလည္းျဖစ္ပါတယ္။ အေပါင္းအသင္းေကာင္းၿပီး မိတ္ေဆြလည္းေပါမ်ားသူတစ္ဦးျဖစ္ၿပီး အမ်ားအႀကိဳက္ေနႏိုင္သူတစ္ဦးျဖစ္ပါတယ္။ ကိုယ့္ဘဝကို ဘယ္လိုထိန္းညႇိရမလဲဆိုတာ နားလည္ၿပီး စိတ္ခံစားမႈအပိုင္းလည္း တည္ၿငိမ္တတ္ပါတယ္။

၃။ သြားတိုက္ေဆးဗူးကို ထိပ္ပိုင္းက ညႇစ္တတ္သူ


သင္ဟာ သြားတိုက္ေဆးဗူးကို ထိပ္ေခါင္းပိုင္းက ညႇစ္တတ္တဲ့အက်င့္ရွိသူတစ္ဦးဆိုလွ်င္ အရမ္းေခါင္းမာတတ္ၿပီး လိုခ်င္တဲ့အရာတစ္ခုရဖို႔ အမ်ားႀကီး စြန္႔လႊတ္ရဲတဲ့သူတစ္ဦးျဖစ္ပါတယ္။ ရည္းမွန္းခ်က္ေတြေအာင္ျမင္ဖို႔အတြက္လည္း လုပ္ေဆာင္ႏိုင္သူတစ္ဦးျဖစ္ပါတယ္။ အယုံအၾကည္မလြယ္တတ္ဘူး။ အျခားသူေတြကို အေကာင္းမျမင္သိပ့္မျမင္တဲ့အတြက္ ကိုယ့္ကိုကိုယ္သာ အားကိုးတတ္သူတစ္ဦးလည္းျဖစ္ပါတယ္။ ကိုယ့္ကိုကိုယ္ခ်စ္တတ္ၿပီး တစ္ကိုယ္ေကာင္းဆန္တဲ့အက်င့္အနည္းငယ္ပါရွိေနပါတယ္။ ကိုယ့္ရဲ႕ ရည္မွန္းခ်က္ေတြေအာင္ျမင္ဖို႔အတြက္ အျခားသူေတြကို အသုံးခ်သင့္လွ်င္ အသုံးခ်တတ္တဲ့ အက်င့္အနည္းငယ္ရွိေနတတ္ပါတယ္။

၄။ သြားတိုက္ေဆးဗူးကို ပုံမပ်က္ညႇစ္တတ္သူ


သင္ဟာ သြားတိုက္ေဆးဗူးကို ပုံမပ်က္ ညႇစ္တတ္တဲ့သူဆိုလွ်င္ သင္ဟာ အႏုပညာဆန္တဲ့လူသားတစ္ေယာက္ပဲျဖစ္ပါတယ္။ တစ္ခါတေလမွာ ကိုယ္ပိုင္ကမာၻေလးတစ္ခုနဲ႔ေနထိုင္တဲ့ပုံစံမ်ိဳးအေတြးေတြ ဝင္ရင္ဝင္ေနတတ္ပါတယ္။ အထိခိုက္မခံဘဲ ႏူးည့ံသိမ္ေမြ႕တတ္တဲ့အက်င့္၊ စာနာေထာက္ထားတတ္တဲ့အက်င့္ရွိၿပီး အရမ္း႐ိုးၿပီး ရက္ရက္ေရာေရာဆက္ဆံေရးရွိသူတစ္ဦးလည္းျဖစ္ပါတယ္။ ကိုယ့္ရဲ႕ ေခါင္းထဲမွာရွိတဲ့ အေတြးအေခၚေတြအားလုံးကို အျခားသူေတြအတြက္ မွ်ေဝေပးခ်င္တဲ့ ဆႏၵရွိသူတစ္ဦးလည္းျဖစ္ပါတယ္။

၅။ သြားတိုက္ေဆးဗူးကို ေနရာစုံက ညႇစ္တတ္သူ


သင္ဟာ သြားတိုက္ေဆးဗူးကိုေနရာစုံက ညႇစ္တတ္သူတစ္ဦးဆိုလွ်င္ အမ်ားေတြနဲ႔ မတူတဲ့ကြဲျပားျခားနားတဲ့အျမင္မ်ိဳးရွိၿပီး အလြန္အႏုပညာဆန္ၿပီး ဖန္တီးႏိုင္စြမ္းေတြရွိပါတယ္။ ေနရာတိုင္းရဲ႕ အလွတရားေတြကို ရွာေဖြႏိုင္ၿပီး အခ်ိန္နဲ႔တေျပညီတာဝန္မ်ားစနစ္တက်လုပ္ေဆာင္ႏိုင္ၿပီး ၿပီးေျမာက္ဖို႔ဆိုတာသူ႔အတြက္ အခက္ခဲတစ္ခုလိုျဖစ္ေနပါတယ္။ ဒါေပမဲ့ သူရဲ႕စိတ္ကေတာ့ အေကာင္းျမင္တဲ့ဘက္မွာပဲ ရပ္တည္ေနပါတယ္။ ဒါ့အျပင္ မၾကာခဏဆိုသလိုလည္း စိတ္ေျပာင္းလဲမႈျဖစ္ေပၚတတ္ တဲ့အက်င့္စ႐ိုက္ရွိသူတစ္ဦးလည္းျဖစ္ပါတယ္။

#Lifestyle_Myanmar

#Thar_Nage

သင္ေရြးခ်ယ္တဲ့သူက Gentleman တစ္ေယာက္လား သိႏိုင္ေစမယ့္ အခ်က္ (၁၁)ခ်က္

 


Unicode

သွားတိုက်ဆေးညှစ်တဲ့ပုံစံက ပြောပြနေတဲ့ သင့်အကြောင်း
စိတ်ပညာရှင်တွေရဲ့ အဆိုအရ သင့်ရဲ့ လုပ်ရပ်တွေက သင့်ရဲ့ အကြောင်းကို ၄၀% ဖော်ပြနေပါတယ်။
၁။ သွားတိုက်ဆေးဗူးကို အောက်ခြေကနေ လိမ့်ပြီး ညှစ်တတ်သူ
သင်ဟာ သွားတိုက်ဆေးဗူးကို အောက်ခြေကနေ လိမ့်ပြီး ညှစ်တတ်တဲ့အကျင့်ရှိသူဆိုလျှင် သင်ဟာ သပ်သပ်ရပ်ရပ်နေထိုင်တတ်ပြီး သင့်ရဲ့ ပစ္စည်းဥစ္စာတွေအပေါ်မှာလည်း စည်းကမ်းရှိရှိနဲ့ ရိုရိုသေသေကိုင်တွယ်တတ်ပြီး အနီးနားမှာရှိတဲ့သူတွေကိုလည်းဂရုစိုက်တတ်တဲ့အကျင့်ရှိသူတစ်ဦးဖြစ်ပါတယ်။ အခြားသူတွေ အားကိုးနိုင်လောက်တဲ့ အရည်အချင်းမျိုးရှိပြိး အရာရာကို ကြိုးစားလုပ်ဆောင်ဖို့ အသင့်ရှိသူတစ်ဦးလည်းဖြစ်ပါတယ်။ အိမ်မှာနေတဲ့အခါမှာလည်း အမြဲတမ်းလိုလို သန့်ရှင်းသပ်ရပ်ပြီးစနစ်တကျနေထိုင်ပြုမူတတ်သူတစ်ဦးလည်းဖြစ်ပါတယ်။

၂။ သွားတိုက်ဆေးဗူးကို ခါးလယ်ကနေ ညှစ်တတ်သူ
သင်ဟာ သွားတိုက်ဆေးညှစ်တဲ့အခါ ခါးလယ်ကနေ ညှစ်တတ်အကျင့်ရှိသူဆိုလျှင် လက်တွေ့ကျတာကို သဘောကြပြီး တက်ကြွတဲ့စိတ်ရှိတဲ့သူတစ်ဦးဖြစ်ပါတယ်။ များသောအားဖြင့် အလျင်လိုသလိုပြုမူတတ်တဲ့အကျင့်ရှိသူတစ်ဦးလည်းဖြစ်ပါတယ်။ အသေသပ်ဆုံးသူလည်းမဟုတ်၊ အဖွဲ့အစည်းနဲ့လည်းမဟုတ်ပေမဲ့ စိန်ခေါ်မှုနဲ့ ရင်ဆိုင်ရလျှင်တော့ အတူတကွ ကိုယ်တိုင်ဖြေရှင်းပေးနိုင်စွမ်းရှိသူတစ်ဦးလည်းဖြစ်ပါတယ်။ အပေါင်းအသင်းကောင်းပြီး မိတ်ဆွေလည်းပေါများသူတစ်ဦးဖြစ်ပြီး အများအကြိုက်နေနိုင်သူတစ်ဦးဖြစ်ပါတယ်။ ကိုယ့်ဘဝကို ဘယ်လိုထိန်းညှိရမလဲဆိုတာ နားလည်ပြီး စိတ်ခံစားမှုအပိုင်းလည်း တည်ငြိမ်တတ်ပါတယ်။

၃။ သွားတိုက်ဆေးဗူးကို ထိပ်ပိုင်းက ညှစ်တတ်သူ
သင်ဟာ သွားတိုက်ဆေးဗူးကို ထိပ်ခေါင်းပိုင်းက ညှစ်တတ်တဲ့အကျင့်ရှိသူတစ်ဦးဆိုလျှင် အရမ်းခေါင်းမာတတ်ပြီး လိုချင်တဲ့အရာတစ်ခုရဖို့ အများကြီး စွန့်လွှတ်ရဲတဲ့သူတစ်ဦးဖြစ်ပါတယ်။ ရည်းမှန်းချက်တွေအောင်မြင်ဖို့အတွက်လည်း လုပ်ဆောင်နိုင်သူတစ်ဦးဖြစ်ပါတယ်။ အယုံအကြည်မလွယ်တတ်ဘူး။ အခြားသူတွေကို အကောင်းမမြင်သိပ့်မမြင်တဲ့အတွက် ကိုယ့်ကိုကိုယ်သာ အားကိုးတတ်သူတစ်ဦးလည်းဖြစ်ပါတယ်။ ကိုယ့်ကိုကိုယ်ချစ်တတ်ပြီး တစ်ကိုယ်ကောင်းဆန်တဲ့အကျင့်အနည်းငယ်ပါရှိနေပါတယ်။ ကိုယ့်ရဲ့ ရည်မှန်းချက်တွေအောင်မြင်ဖို့အတွက် အခြားသူတွေကို အသုံးချသင့်လျှင် အသုံးချတတ်တဲ့ အကျင့်အနည်းငယ်ရှိနေတတ်ပါတယ်။

၄။ သွားတိုက်ဆေးဗူးကို ပုံမပျက်ညှစ်တတ်သူ
သင်ဟာ သွားတိုက်ဆေးဗူးကို ပုံမပျက် ညှစ်တတ်တဲ့သူဆိုလျှင် သင်ဟာ အနုပညာဆန်တဲ့လူသားတစ်ယောက်ပဲဖြစ်ပါတယ်။ တစ်ခါတလေမှာ ကိုယ်ပိုင်ကမ္ဘာလေးတစ်ခုနဲ့နေထိုင်တဲ့ပုံစံမျိုးအတွေးတွေ ဝင်ရင်ဝင်နေတတ်ပါတယ်။ အထိခိုက်မခံဘဲ နူးည့ံသိမ်မွေ့တတ်တဲ့အကျင့်၊ စာနာထောက်ထားတတ်တဲ့အကျင့်ရှိပြီး အရမ်းရိုးပြီး ရက်ရက်ရောရောဆက်ဆံရေးရှိသူတစ်ဦးလည်းဖြစ်ပါတယ်။ ကိုယ့်ရဲ့ ခေါင်းထဲမှာရှိတဲ့ အတွေးအခေါ်တွေအားလုံးကို အခြားသူတွေအတွက် မျှဝေပေးချင်တဲ့ ဆန္ဒရှိသူတစ်ဦးလည်းဖြစ်ပါတယ်။

၅။ သွားတိုက်ဆေးဗူးကို နေရာစုံက ညှစ်တတ်သူ
သင်ဟာ သွားတိုက်ဆေးဗူးကိုနေရာစုံက ညှစ်တတ်သူတစ်ဦးဆိုလျှင် အများတွေနဲ့ မတူတဲ့ကွဲပြားခြားနားတဲ့အမြင်မျိုးရှိပြီး အလွန်အနုပညာဆန်ပြီး ဖန်တီးနိုင်စွမ်းတွေရှိပါတယ်။ နေရာတိုင်းရဲ့ အလှတရားတွေကို ရှာဖွေနိုင်ပြီး အချိန်နဲ့တပြေညီတာဝန်များစနစ်တကျလုပ်ဆောင်နိုင်ပြီး ပြီးမြောက်ဖို့ဆိုတာသူ့အတွက် အခက်ခဲတစ်ခုလိုဖြစ်နေပါတယ်။ ဒါပေမဲ့ သူရဲ့စိတ်ကတော့ အကောင်းမြင်တဲ့ဘက်မှာပဲ ရပ်တည်နေပါတယ်။ ဒါ့အပြင် မကြာခဏဆိုသလိုလည်း စိတ်ပြောင်းလဲမှုဖြစ်ပေါ်တတ် တဲ့အကျင့်စရိုက်ရှိသူတစ်ဦးလည်းဖြစ်ပါတယ်။

 

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here