သံလွင်ဆီကို အစားအသောက်စားဖို့သာမက အိမ်အတွက်ကိုလည်း အကျိုးရှိရှိ အသုံးချနည်းများ

0
71

သံလွင်သီးတွေကနေ ထုတ်ယူပြီးရရှိလာတဲ့ သံလွင်ဆီဟာဆိုရင် သဘာဝအဆီတစ်မျိုးဖြစ်ပြီးတော့ ၁၄ ရာခိုင်နှုန်းက ပျော်ဝင်နိုင်တဲ့အဆီတွေဖြစ်ပြီး အိုမီဂါဆစ် နှင့် အိုမီဂါသရီးဖက်တီးအက်စစ်တို့က ၁၁ ရာခိုင်နှုန်း ပါဝင်နေပါတယ်။ အခုလိုမျိုး လူသားတွေအတွက် အင်မတန်အကျိုးရှိတဲ့ သံလွင်ဆီဟာဆိုရင် အစားအသောက်တွေထဲလည်း ထည့်သွင်းစားသုံးကြသလို အလှအပအတွက်လည်း မျိုးစုံအသုံးပြုလေ့ရှိကြပါတယ်။ အခုတစ်ခါမှာတော့ အိမ်တွင်းကအလုပ်တွေအတွက် ဘယ်လိုမျိုးအကျိုးရှိရှိ အသုံးချနိုင်မလဲဆိုတာကို ပြောပြပေးသွားမှာဖြစ်ပါတယ်။

-Advertisement-

ပရိဘောဂတွေကို ပြန်ပြီးအရောင်လက်လာစေဖို့အတွက်

သံလွင်ဆီအနည်းငယ်ကို နူးညံ့တဲ့အဝတ်စုတ်တစ်ခုပေါ်မှာ သုတ်လိမ်းလိုက်ပြီးတော့ ပွတ်တိုက်ပေးနိုင်ပါတယ်။ သံလွင်ဆီအနံ့စွဲကျန်ခဲ့တာမျိုး မဖြစ်ချင်ဘူးဆိုပါက ကိုယ်ကြိုက်ရာ Essential Oil တစ်မျိုးမျိုးကို အစက်အနည်းငယ်ချပြီးတော့ ရောသုံးပေးလို့ရပါတယ်။

ကြပ်နေတဲ့ဇစ်တွေ ပြန်ချောင်စေဖို့

အကျီ၊ ဘောင်းဘီတွေရှိ ဇစ်တွေက အချိန်ကြာလာလို့ ဆွဲရတာခက်လာပြီဆိုရင် သံလွင်ဆီကိုအသုံးပြုနိုင်ပါတယ်။ သံလွင်ဆီနည်းနည်းကို ဂွမ်းနားကြပ်တံလေးနဲ့ ဇစ်သွားမှာသုတ်ပေးလိုက်ပါ။ အချိန်တိုအတွင်းမှာ ကြပ်နေတဲ့ဇစ်တွေ ပြန်ချောင်သွားပါလိမ့်မယ်။

Stainless Steel နှင့် ကြေးဝါတွေကို သန့်ရှင်းဖို့အတွက်

အိမ်ကမီးဖိုချောင်သုံးပစ္စည်းတွေထဲက Stainless Steel နှင့် ကြေးဝါနဲ့ပြုလုပ်ထားတဲ့ ပစ္စည်းတွေကို သန့်ရှင်းရေးလုပ်ရတာခက်ခဲနေတယ်ဆိုရင် သံလွင်ဆီနည်းနည်းယူကာ သန့်ရှင်းတဲ့အဝတ်လေးနဲ့ ပွတ်ပေးလိုက်ပါ။ တစ်ကျော့ပြန်ပြီး အရောင်တက်လာစေရုံသာမကပဲ သံချေးတွေ၊ အစင်းကြားတွေ၊ အကြေးအညှိတက်ခြင်းတို့ကိုပါ ကာကွယ်နိုင်မှာဖြစ်ပါတယ်။

အသားပေါ်က သုတ်ဆေးတွေဖယ်ဖို့အတွက်

ပိုက်ဆံကုန်မှာစိုးလို့ ကိုယ့်ဘာသာဆေးသုတ်တဲ့အခါမှာ ဆေးတွေက ကိုယ်မှာပေပြီးကျန်ခဲ့တာမျိုး ရှိတတ်ပါတယ်။ အချိန်ကြာသွားလို့ ဖျက်မရတော့ဘူးဆိုရင် သံလွင်ဆီနည်းနည်းကို လိုးရှင်းလူးသလိုမျိုး ပွတ်လိမ်းပြီးတော့ မိနစ်အနည်းငယ်ထားကာ ဆပ်ပြာ၊ ရေ သုံးပြီး ဆေးကြောလိုက်ပါ။

တကျွီကျွီမြည်နေတဲ့ တံခါးကို ပြင်ဖို့အတွက်

အိမ်ကတံခါးတွေက ကြာလာလို့ လျော့ရဲရဲဖြစ်ပြီး တကျွီကျွီမြည်နေတယ်ဆိုရင် သံလွင်ဆီက ဖြေရှင်းပေးနိုင်ပါတယ်။ သံလွင်ဆီကို တံခါးပတ္တာမှာ သုတ်လိမ်းပေးလိုက်မယ်ဆိုရင် စိတ်ရှုပ်စရာကောင်းလောက်အောင် မြည်နေတဲ့အသံကို ပိတ်လိုက်နိုင်မှာဖြစ်ပါတယ်။

ရှူးဖိနပ်အရောင်တင်မယ်

တချို့ရှူးပေါလစ်တွေက အနံ့ပြင်းတာကြောင့် သုံးလိုက်မိမယ်ဆိုရင် ဖိနပ်မှာပါ စွဲပြီးကျန်နေခဲ့တတ်ပါတယ်။ ဒါပေမယ့် သံလွင်ဆီကတော့ သဘာဝအဆီဖြစ်တာကြောင့် အနံ့မဆိုးသလို လက်မှာလည်းပေကျံမနေစေလို့ ရှူးဖိနပ်အရောင်တင်ချင်ရင် သံလွင်ဆီကို သုံးပေးလို့ရပါတယ်။ သံလွင်ဆီနည်းနည်းကို ဖိနပ်ပေါ်ဖြန်းလိုက်ပြီး ပွတ်တိုက်ပေးလိုက်ပါ။

ပီကေဖယ်ရှားမယ်

မတော်တဆ ဆံပင်မှာ ပီကေတွေကပ်သွားပြီလား။ မဟုတ်ဖို့တော့ မျှော်လင့်ပါတယ်နော်။ အကယ်လို့ ကပ်သွားပြီဆိုရင်တော့ သံလွင်ဆီနည်းနည်းကို ရေစိုအဝတ်တစ်ခုထဲထည့်လိုက်ပြီး ပီကေကပ်နေတဲ့ဆံပင်မှာ ပတ်ထားလိုက်ပြီး ၁၀ မိနစ်ထားပါ။ အချိန်ကြာလာတာနဲ့အမျှ ပီကေလည်းကွာလာမှာဖြစ်ပါတယ်။

#Lifestyle_Myanmar

#Thinzar

Ref-tasteofhome

Zawgyi

သံလြင္ဆီကို အစားအေသာက္စားဖို႔သာမက အိမ္အတြက္ကိုလည္း အက်ိဳးရွိရွိ အသုံးခ်နည္းမ်ား

သံလြင္သီးေတြကေန ထုတ္ယူၿပီးရရွိလာတဲ့ သံလြင္ဆီဟာဆိုရင္ သဘာဝအဆီတစ္မ်ိဳးျဖစ္ၿပီးေတာ့ ၁၄ ရာခိုင္ႏႈန္းက ေပ်ာ္ဝင္ႏိုင္တဲ့အဆီေတြျဖစ္ၿပီး အိုမီဂါဆစ္ ႏွင့္ အိုမီဂါသရီးဖက္တီးအက္စစ္တို႔က ၁၁ ရာခိုင္ႏႈန္း ပါဝင္ေနပါတယ္။ အခုလိုမ်ိဳး လူသားေတြအတြက္ အင္မတန္အက်ိဳးရွိတဲ့ သံလြင္ဆီဟာဆိုရင္ အစားအေသာက္ေတြထဲလည္း ထည့္သြင္းစားသုံးၾကသလို အလွအပအတြက္လည္း မ်ိဳးစုံအသုံးျပဳေလ့ရွိၾကပါတယ္။ အခုတစ္ခါမွာေတာ့ အိမ္တြင္းကအလုပ္ေတြအတြက္ ဘယ္လိုမ်ိဳးအက်ိဳးရွိရွိ အသုံးခ်ႏိုင္မလဲဆိုတာကို ေျပာျပေပးသြားမွာျဖစ္ပါတယ္။

ပရိေဘာဂေတြကို ျပန္ၿပီးအေရာင္လက္လာေစဖို႔အတြက္

သံလြင္ဆီအနည္းငယ္ကို ႏူးညံ့တဲ့အဝတ္စုတ္တစ္ခုေပၚမွာ သုတ္လိမ္းလိုက္ၿပီးေတာ့ ပြတ္တိုက္ေပးႏိုင္ပါတယ္။ သံလြင္ဆီအနံ႔စြဲက်န္ခဲ့တာမ်ိဳး မျဖစ္ခ်င္ဘူးဆိုပါက ကိုယ္ႀကိဳက္ရာ Essential Oil တစ္မ်ိဳးမ်ိဳးကို အစက္အနည္းငယ္ခ်ၿပီးေတာ့ ေရာသုံးေပးလို႔ရပါတယ္။

ၾကပ္ေနတဲ့ဇစ္ေတြ ျပန္ေခ်ာင္ေစဖို႔

အက်ီ၊ ေဘာင္းဘီေတြရွိ ဇစ္ေတြက အခ်ိန္ၾကာလာလို႔ ဆြဲရတာခက္လာၿပီဆိုရင္ သံလြင္ဆီကိုအသုံးျပဳႏိုင္ပါတယ္။ သံလြင္ဆီနည္းနည္းကို ဂြမ္းနားၾကပ္တံေလးနဲ႔ ဇစ္သြားမွာသုတ္ေပးလိုက္ပါ။ အခ်ိန္တိုအတြင္းမွာ ၾကပ္ေနတဲ့ဇစ္ေတြ ျပန္ေခ်ာင္သြားပါလိမ့္မယ္။

Stainless Steel ႏွင့္ ေၾကးဝါေတြကို သန႔္ရွင္းဖို႔အတြက္

အိမ္ကမီးဖိုေခ်ာင္သုံးပစၥည္းေတြထဲက Stainless Steel ႏွင့္ ေၾကးဝါနဲ႔ျပဳလုပ္ထားတဲ့ ပစၥည္းေတြကို သန႔္ရွင္းေရးလုပ္ရတာခက္ခဲေနတယ္ဆိုရင္ သံလြင္ဆီနည္းနည္းယူကာ သန႔္ရွင္းတဲ့အဝတ္ေလးနဲ႔ ပြတ္ေပးလိုက္ပါ။ တစ္ေက်ာ့ျပန္ၿပီး အေရာင္တက္လာေစ႐ုံသာမကပဲ သံေခ်းေတြ၊ အစင္းၾကားေတြ၊ အေၾကးအညႇိတက္ျခင္းတို႔ကိုပါ ကာကြယ္ႏိုင္မွာျဖစ္ပါတယ္။

အသားေပၚက သုတ္ေဆးေတြဖယ္ဖို႔အတြက္

ပိုက္ဆံကုန္မွာစိုးလို႔ ကိုယ့္ဘာသာေဆးသုတ္တဲ့အခါမွာ ေဆးေတြက ကိုယ္မွာေပၿပီးက်န္ခဲ့တာမ်ိဳး ရွိတတ္ပါတယ္။ အခ်ိန္ၾကာသြားလို႔ ဖ်က္မရေတာ့ဘူးဆိုရင္ သံလြင္ဆီနည္းနည္းကို လိုးရွင္းလူးသလိုမ်ိဳး ပြတ္လိမ္းၿပီးေတာ့ မိနစ္အနည္းငယ္ထားကာ ဆပ္ျပာ၊ ေရ သုံးၿပီး ေဆးေၾကာလိုက္ပါ။

တကြၽီကြၽီျမည္ေနတဲ့ တံခါးကို ျပင္ဖို႔အတြက္

အိမ္ကတံခါးေတြက ၾကာလာလို႔ ေလ်ာ့ရဲရဲျဖစ္ၿပီး တကြၽီကြၽီျမည္ေနတယ္ဆိုရင္ သံလြင္ဆီက ေျဖရွင္းေပးႏိုင္ပါတယ္။ သံလြင္ဆီကို တံခါးပတၱာမွာ သုတ္လိမ္းေပးလိုက္မယ္ဆိုရင္ စိတ္ရႈပ္စရာေကာင္းေလာက္ေအာင္ ျမည္ေနတဲ့အသံကို ပိတ္လိုက္ႏိုင္မွာျဖစ္ပါတယ္။

ရႉးဖိနပ္အေရာင္တင္မယ္

တခ်ိဳ႕ရႉးေပါလစ္ေတြက အနံ႔ျပင္းတာေၾကာင့္ သုံးလိုက္မိမယ္ဆိုရင္ ဖိနပ္မွာပါ စြဲၿပီးက်န္ေနခဲ့တတ္ပါတယ္။ ဒါေပမယ့္ သံလြင္ဆီကေတာ့ သဘာဝအဆီျဖစ္တာေၾကာင့္ အနံ႔မဆိုးသလို လက္မွာလည္းေပက်ံမေနေစလို႔ ရႉးဖိနပ္အေရာင္တင္ခ်င္ရင္ သံလြင္ဆီကို သုံးေပးလို႔ရပါတယ္။ သံလြင္ဆီနည္းနည္းကို ဖိနပ္ေပၚျဖန္းလိုက္ၿပီး ပြတ္တိုက္ေပးလိုက္ပါ။

ပီေကဖယ္ရွားမယ္

မေတာ္တဆ ဆံပင္မွာ ပီေကေတြကပ္သြားၿပီလား။ မဟုတ္ဖို႔ေတာ့ ေမွ်ာ္လင့္ပါတယ္ေနာ္။ အကယ္လို႔ ကပ္သြားၿပီဆိုရင္ေတာ့ သံလြင္ဆီနည္းနည္းကို ေရစိုအဝတ္တစ္ခုထဲထည့္လိုက္ၿပီး ပီေကကပ္ေနတဲ့ဆံပင္မွာ ပတ္ထားလိုက္ၿပီး ၁၀ မိနစ္ထားပါ။ အခ်ိန္ၾကာလာတာနဲ႔အမွ် ပီေကလည္းကြာလာမွာျဖစ္ပါတယ္။

LEAVE A REPLY

Please enter your comment!
Please enter your name here