သံပုရာရည်ကို ကျန်းမာရေးအတွက်ဘာကြောင့် သောက်သင့်သလဲဆိုတဲ့အချက် ( ၉ ) ချက်

0
56
သံပုရာရည်ရဲ့ ကောင်းကျိုး

အစာလဲဆေး ဆေးလဲ အစာဆိုတဲ့ စကားကိုကြားဖူးကြမှာပါ ။ နေ့စဉ်စားသုံးနေတဲ့ အစားအစာတွေဟာ အသက်ရှင်ရပ်တည်ဖို့အတွက် အရေးပါပါတယ်။ အချို့အစားအစာတွေဟာ အလွန်အကျွံစားသုံးဖို့ မသင့်သလို အချို့အစားအစာတွေကတော့ ပုံမှန်လေးစားသုံးပေးမယ်ဆိုရင် ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေပါတယ်။ နေ့စဉ်စားသုံးနေတဲ့ အစားအစာတွေထဲကမှ ကိုယ့်ပတ်ဝန်းကျင်အနီးအနားမှာ အလွယ်တကူရရှိနိုင်ပြီး ငွေကြေးကုန်ကျမှုနည်းပါးသလို ကျန်းမာရေးအတွက်လည်း အလွန်အထောက်အကူပြုတဲ့ သံပုရာရည်ကို ဘာအတွက်ကြောင့် သောက်သုံးသင့်သလဲဆိုတာကို ဖော်ပြပေးချင်ပါတယ် ။

-Advertisement-

( ၁ ) သံပုရာရည်ဟာ ဗီတာမင်- စီ ကြွယ်ဝပြီး တုတ်ကွေးနဲ့ ဖျားနာခြင်းကို ကာကွယ်ပေးပါတယ်။

( ၂ ) သံပုရာရည်ကို သောက်သုံးပေးခြင်းအားဖြင့် ကိုယ်ခံအားစနစ်ရဲ့ လုပ်ဆောင်မှုကို ပိုမိုကောင်းမွန်စေသလို ခန္ဓာကိုယ်မှ ရောဂါပိုးများကိုလည်း ဖယ်ရှားပေးနိုင်ပါတယ် ။

( ၃ ) သွေးထဲမှာ အက်စစ်ဓါတ်များတာကြောင့် ဖြစ်ပေါ်တတ်တဲ့ ခန္ဓာကိုယ်ရောင်ရမ်းနာကျင်ခြင်းများကိုလည်း သံပုရည်သောက်သုံးပေးခြင်းအားဖြင့် အက်စစ်ဓာတ်ကို လျော့ချပေးနိုင်ပါတယ် ။

( ၄ ) သင့်မှာ အရိုးအဆစ် နာကျင်ရောင်ရမ်းတဲ့ရောဂါမျိုးရှိရင်လည်း သံပုရာရည်ကို သောက်သုံးပေးခြင်းဖြင့် နာကျင်ရောင်ရမ်းမှုကို လျော့ချပေးနိုင်သလို အရိုးအဆစ်များကိုလည်း သန်မာစေပါတယ် ။

( ၅ ) သံပုရာရည်ကို ပုံမှန်သောက်သုံးပေးခြင်းအားဖြင့် Gastroesophageal Reflux Disease ( အက်စစ်ပါတဲ့အစာခြေရည်တွေ အစာရေမြိုပြွန်ဆီကို ခဏခဏ ပြန်တက်ခြင်း ) လို့ခေါ်တဲ့ ကုသဖို့ရှုပ်ထွေးမှုရှိတဲ့ ရောဂါမျိုးကိုလည်း သက်သာစေပါတယ် ။

( ၆ ) ဆီးထဲတွင် ပိုတက်ဆီယမ်များတာကြောင့် ဖြစ်တတ်တဲ့ ဆီးကျောက်တည်ခြင်း ကိုလည်း ကာကွယ်ပေးပါတယ် ။

( ၇ ) သည်းခြေအိတ်နာကျင်ရောင်ရမ်းမှုကိုခံစားနေရလျှင်လည်း အစားအစာတစ်ခုခုကိုစားသုံးပြီး သံပုရာရည်ကို သောက်သုံးပေးခြင်းအားဖြင့် သက်သာစေနိုင်ပါတယ် ။

( ၈ ) သံပုရည်တွင် ပါဝင်တဲ့ pectin ဓာတ်ဟာ ခန္ဓာကိုယ်အလေးချိန်တိုးခြင်းကို ထိန်းပေးသလို လေ့ကျင့်ခန်းများပြုလုပ်ပြီးနောက်ဖြစ်ပေါ်တတ်တဲ့ ကြွက်သားများနာကျင်ခြင်းကိုလည်း သက်သာစေပါတယ် ။

( ၉ ) သံပုရာရည် ကိုသောက်သုံးပေးခြင်းအားဖြင့် နှလုံးသွေးကြောဆိုင်ရာ ရောဂါဖြစ်ပွားမှုများကိုလည်း လျော့နည်းစေပါတယ် ။

သို့ဖြစ်ပါသောကြောင့် လွယ်ကူအကျိုးရှိ ကုန်ကျမှုစားရိတ်နည်းပါးပြီး ကျန်းမာရေးအတွက် လွန်စွာအထောက်အကူဖြစ်တဲ့ သံပုရာရည်ကို ပုံမှန်သောက်သုံးပေးသင့်ပါကြောင်း တင်ပြပေးလိုက်ပါတယ်။

#Ref-mambee

#Dmo_aung

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here