သံပုယိုရည်ကို သောက်သုံးပေးခြင်းဖြင့် ရရှိလာနိုင်မယ့် အကျိုးကျေးဇူးများ

0
82

လက်ရှိ ပြုလုပ်ထားတဲ့ သုတေသနများအရ သံပုယိုရည်ဟာဆိုရင် အစာခြေစနစ်ကို ပိုမိုကောင်းမွန်စေကာ ကိုယ်ခံစွမ်းအားကိုလည်း တိုးမြှင့်ပေးနိုင်တယ်လို့ ဆိုပါတယ်။ ဗီတာမင်စီပါဝင်တဲ့အတွက်ကြောင့်လည်း ရောဂါပိုးများ ဝင်ရောက်လာခြင်းမှ ဟန့်တားနိုင်မှာဖြစ်သလို မှန်မှန်သောက်သုံးပေးမယ်ဆိုပါက ဦးနှောက်ကျန်းမာရေးကိုလည်း ကောင်းမွန်စေနိုင်မှာပါ။

-Advertisement-

ကိုယ်ခံအားမြှင့်တင်နိုင်ခြင်း

သံပုယိုရည်တစ်ခွက်မှာ ဗီတာမင်စီ ၉၄.၄ မီလီဂရမ်ပါဝင်ပြီး မရေမတွက်နိုင်အောင် များပြားလှတဲ့ ကလာပ်ဆဲလ်တွေကို ထောက်ပံ့ပေးခြင်းဖြင့် ကိုယ်ခံအားကို ကောင်းမွန်စေပါတယ်။ Free Radicals များကို မွှေနှောက်ရှာဖွေဖယ်ရှားရင်း စိတ်ဖိစီးမှုတွေကို တိုက်ထုတ်ပေးပါတယ်။ ဒါ့အပြင် အသည်းပျက်စီးမှုမရှိအောင်လည်း ကာကွယ်ပေးတာကြောင့် အကျိုးအများကြီးရစေတဲ့ ဖျော်ရည်တစ်မျိုးဖြစ်ပါတယ်။

ကိုယ်အလေးချိန်လျော့ကျစေနိုင်ခြင်း

သံပုယိုရည်တစ်ခွက်မှာ ကယ်လိုရီ ၅၄ သာပါဝင်တာကြောင့် ကိုယ်အလေးချိန်လျော့ချနေသူများအနေနဲ့ ကိုယ့်ရဲ့ Diet plan ထဲမှာ ထည့်သွင်းပေးနိုင်ပါတယ်။ ဈေးကြီးပေးဝယ်ရပြီး အချိုဓာတ်ပါတဲ့ သံပုယိုရည်တွေထက် အိမ်လုပ်ဖျော်ရည်ကို သောက်သုံးပေးခြင်းက ကယ်လိုရီတွေစုဝေးခြင်းရန်မှ ကာကွယ်နိုင်မှာဖြစ်ပါတယ်။ ရေဓာတ်ကိုလည်း ဖြည့်တင်းပေးရာရောက်တာကြောင့် ကိုယ်အလေးချိန်လျော့ချမှုကို အထောက်အပံ့ဖြစ်စေပါလိမ့်မယ်။

ကျောက်ကပ်မှာ ကျောက်တည်မှုကို ကာကွယ်နိုင်ခြင်း

သံပုယိုရည်မှာ Citrate ပါဝင်သည့်အတွက် ကယ်လ်စီယမ်သို့နှောင်ဖွဲ့ကာ ကျောက်တွေစုဝေးလာခြင်းမှ ကာကွယ်ပေးပါလိမ့်မယ်။ နေ့စဥ်နေ့တိုင်း သံပုယိုရည်တစ်ခွက်သောက်သုံးပေးခြင်းဟာ ဆီးသွားနှုန်းကို တိုးစေမှာဖြစ်လို့ ကျောက်ကပ်ကကျောက်တွေကိုလည်း ကျစေမှာဖြစ်ပါတယ်။

အစာခြေစနစ်ကိုကောင်းစေခြင်း

အချို့သောသုတေသနပြုချက်များအရ သံပုယိုသီးမှာပါဝင်တဲ့ အက်စစ်ဓာတ်က ခန္ဓာကိုယ်ရဲ့ သဘာဝ အစာအိမ်အက်စစ်တွေကို ဖြည့်စွက်ပေးမှာဖြစ်လို့ အစာခြေဖျက်ဖို့အတွက် ပိုပြီးကူညီပေးနိုင်မှာဖြစ်ပါတယ်။

အသားအရေပိုလှလာစေခြင်း

အသားအရေလှဖို့အတွက် အရေးကြီးတဲ့ Collagen ဖြစ်တည်လာဖို့အတွက် လိုအပ်တဲ့ ဗီတာမင်စီကို သံပုယိုသီးကနေတဆင့် ရယူနိုင်မှာဖြစ်ပါတယ်။ ဗီတာမင်စီက Free Radicals များကို တိုက်ထုတ်နိုင်ကာ အရေးအကြောင်းတွေကို ဖယ်ရှားပစ်လို့ အသားအရေကို ပိုလှလာစေမှာဖြစ်ပါတယ်။

#Lifestyle_Myanmar

#Thinzar

Ref-stylecraze

Zawgyi

သံပုယိုရည္ကို ေသာက္သုံးေပးျခင္းျဖင့္ ရရွိလာႏိုင္မယ့္ အက်ိဳးေက်းဇူးမ်ား

လက္ရွိ ျပဳလုပ္ထားတဲ့ သုေတသနမ်ားအရ သံပုယိုရည္ဟာဆိုရင္ အစာေျခစနစ္ကို ပိုမိုေကာင္းမြန္ေစကာ ကိုယ္ခံစြမ္းအားကိုလည္း တိုးျမႇင့္ေပးႏိုင္တယ္လို႔ ဆိုပါတယ္။ ဗီတာမင္စီပါဝင္တဲ့အတြက္ေၾကာင့္လည္း ေရာဂါပိုးမ်ား ဝင္ေရာက္လာျခင္းမွ ဟန႔္တားႏိုင္မွာျဖစ္သလို မွန္မွန္ေသာက္သုံးေပးမယ္ဆိုပါက ဦးေႏွာက္က်န္းမာေရးကိုလည္း ေကာင္းမြန္ေစႏိုင္မွာပါ။

ကိုယ္ခံအားျမႇင့္တင္ႏိုင္ျခင္း

သံပုယိုရည္တစ္ခြက္မွာ ဗီတာမင္စီ ၉၄.၄ မီလီဂရမ္ပါဝင္ၿပီး မေရမတြက္ႏိုင္ေအာင္ မ်ားျပားလွတဲ့ ကလာပ္ဆဲလ္ေတြကို ေထာက္ပံ့ေပးျခင္းျဖင့္ ကိုယ္ခံအားကို ေကာင္းမြန္ေစပါတယ္။ Free Radicals မ်ားကို ေမႊေႏွာက္ရွာေဖြဖယ္ရွားရင္း စိတ္ဖိစီးမႈေတြကို တိုက္ထုတ္ေပးပါတယ္။ ဒါ့အျပင္ အသည္းပ်က္စီးမႈမရွိေအာင္လည္း ကာကြယ္ေပးတာေၾကာင့္ အက်ိဳးအမ်ားႀကီးရေစတဲ့ ေဖ်ာ္ရည္တစ္မ်ိဳးျဖစ္ပါတယ္။

ကိုယ္အေလးခ်ိန္ေလ်ာ့က်ေစႏိုင္ျခင္း

သံပုယိုရည္တစ္ခြက္မွာ ကယ္လိုရီ ၅၄ သာပါဝင္တာေၾကာင့္ ကိုယ္အေလးခ်ိန္ေလ်ာ့ခ်ေနသူမ်ားအေနနဲ႔ ကိုယ့္ရဲ႕ Diet plan ထဲမွာ ထည့္သြင္းေပးႏိုင္ပါတယ္။ ေဈးႀကီးေပးဝယ္ရၿပီး အခ်ိဳဓာတ္ပါတဲ့ သံပုယိုရည္ေတြထက္ အိမ္လုပ္ေဖ်ာ္ရည္ကို ေသာက္သုံးေပးျခင္းက ကယ္လိုရီေတြစုေဝးျခင္းရန္မွ ကာကြယ္ႏိုင္မွာျဖစ္ပါတယ္။ ေရဓာတ္ကိုလည္း ျဖည့္တင္းေပးရာေရာက္တာေၾကာင့္ ကိုယ္အေလးခ်ိန္ေလ်ာ့ခ်မႈကို အေထာက္အပံ့ျဖစ္ေစပါလိမ့္မယ္။

ေက်ာက္ကပ္မွာ ေက်ာက္တည္မႈကို ကာကြယ္ႏိုင္ျခင္း

သံပုယိုရည္မွာ Citrate ပါဝင္သည့္အတြက္ ကယ္လ္စီယမ္သို႔ေႏွာင္ဖြဲ႕ကာ ေက်ာက္ေတြစုေဝးလာျခင္းမွ ကာကြယ္ေပးပါလိမ့္မယ္။ ေန႔စဥ္ေန႔တိုင္း သံပုယိုရည္တစ္ခြက္ေသာက္သုံးေပးျခင္းဟာ ဆီးသြားႏႈန္းကို တိုးေစမွာျဖစ္လို႔ ေက်ာက္ကပ္ကေက်ာက္ေတြကိုလည္း က်ေစမွာျဖစ္ပါတယ္။

အစာေျခစနစ္ကိုေကာင္းေစျခင္း

အခ်ိဳ႕ေသာသုေတသနျပဳခ်က္မ်ားအရ သံပုယိုသီးမွာပါဝင္တဲ့ အက္စစ္ဓာတ္က ခႏၶာကိုယ္ရဲ႕ သဘာဝ အစာအိမ္အက္စစ္ေတြကို ျဖည့္စြက္ေပးမွာျဖစ္လို႔ အစာေျခဖ်က္ဖို႔အတြက္ ပိုၿပီးကူညီေပးႏိုင္မွာျဖစ္ပါတယ္။

အသားအေရပိုလွလာေစျခင္း

အသားအေရလွဖို႔အတြက္ အေရးႀကီးတဲ့ Collagen ျဖစ္တည္လာဖို႔အတြက္ လိုအပ္တဲ့ ဗီတာမင္စီကို သံပုယိုသီးကေနတဆင့္ ရယူႏိုင္မွာျဖစ္ပါတယ္။ ဗီတာမင္စီက Free Radicals မ်ားကို တိုက္ထုတ္ႏိုင္ကာ အေရးအေၾကာင္းေတြကို ဖယ္ရွားပစ္လို႔ အသားအေရကို ပိုလွလာေစမွာျဖစ္ပါတယ္။

LEAVE A REPLY

Please enter your comment!
Please enter your name here