လူတိုင်းနီးပါးဟာ တေးဂီတနဲ့ ရင်းနှီးပြီးသားပါ။ နားထောင်တာသပ်သပ်ပဲဖြစ်ဖြစ် ကိုယ်တိုင်ဆိုရတာကိုကြိုက်လို့ပဲဖြစ်ဖြစ် တူရိယာတွေကိုတီးခတ်ရတာကို သဘောကျလို့ပဲဖြစ်ဖြစ် တစ်နည်းနည်းနဲ့တော့ တေးဂီတက လူတွေကို လွှမ်းမိုးထားပါတယ်။ လူတိုင်းကတော့ ဂီတကို မရှုးသွပ်ပေမယ့် မရှိမဖြစ်တော့ လိုအပ်တယ်ဆိုတဲ့အဆိုကို လက်ခံထားကြပါတယ်။ သီချင်းနားထောင်ခြင်းရဲ့ ကောင်းကျိုးအနည်းငယ်ကို ဝေမျှပေးလိုက်ပါတယ်။
သီချင်းတွေဟာ သူ့အမျိုးအစားပေါ်မူတည်ပြီး လူတစ်ယောက်ရဲ့ စိတ်ပိုင်းဆိုင်ရာအခြေအနေတွေကို ပြောင်းနိုင်စွမ်းရှိပါတယ်။ စိတ်ဓာတ်ခွန်အားပေးတဲ့ သီချင်းတွေရှိသလို ခံစားချက်ကိုပေါက်ကွဲစေနိုင်တဲ့ ခပ်ကြမ်းကြမ်း သီချင်းတွေလည်းရှိပါတယ်။ စိတ်အခြေအနေကို ပြောင်းလဲပေးနိုင်ရုံမျှသာမက ဦးနှောက်ဟာလည်း သံစဉ်တွေရဲ့လှုံ့ဆော်မှုကြောင့် Creativity ကို ပိုမိုကောင်းမွန်စေပါတယ်။

သင်အလုပ်တစ်ခုကို လုပ်တော့မယ်ဆိုရင် သီချင်းဖွင့်ထားပြီး လုပ်ရင်မြန်မြန်ဆန်ဆန် ပြီးစေပါတယ်။ ဥပမာအားဖြင့် Gym ဆော့တယ်ဆိုရင်လည်း Motivation ဖြစ်တဲ့ Playlist လေးနဲ့ဆော့ရင် ပိုမြန်မြန်ပြီးမြောက်တာကို ဆိုလိုတာပါ။
International ကျောင်းတော်တော်များများမှာဆိုရင် တေးဂီတကို ဘာသာရပ်တစ်ခုအနေနဲ့တောင် ထည့်သွင်းပြီးသင်ကြားတာဖြစ်ပါတယ်။ အခုအချိန်ဟာ ၁၀တန်းစာမေးပွဲလည်းဖြေနေကြတာဆိုတော့ စာလည်းကျက် ဉာဏ်လည်းထက်အောင် ဦးနှောက်ကို အနားပေးတဲ့အနေနဲ့ ခဏနားပြီး သီချင်းလေးနားထောင်ပေးမယ်ဆိုရင်တော့ နောက်ထပ် ထည့်သွင်းမယ့်စာတွေအတွက်လည်း အထောက်အကူဖြစ်စေမှာပါ။

- မှတ်ဉာဏ်အားပိုကောင်းစေနိုင်ခြင်း
- လုပ်နေဆဲ အရာအပေါ်အာရုံစူးစိုက်မှုပိုတိုးလာစေနိုင်ခြင်း။
- ပျင်းရိခြင်းမရှိဘဲ စိတ်ခံစားမှုပိုမိုကောင်းမွန်လာစေနိုင်ခြင်း။
- စဉ်းစားတွေးတော နိုင်မှုမြှင့်စေခြင်း။
- စာမေးပွဲကို ကြောက်စိတ်ကင်းပြီး မိမိအပေါ် ယုံကြည်မှုရှိစေလာနိုင်ခြင်း တို့ပဲဖြစ်ပါတယ်။
အဲ့ဒီ့အချက်တွေကြောင့် စာကျက်တာလည်းကျက်ပေါ့နော်။ ကိုယ့်ကြိုးစားမှုကို အထောက်အပံ့ဖြစ်စေမယ့် သီချင်းတွေကိုလည်း ရံဖန်ရံခါလေး နားထောင်ပေးစေချင်ပါတယ်။ အလွန်အကျွံတော့မဖြစ်စေနဲ့ပေါ့။ ဘယ်အရာဆိုဆို အလွန်အကျွံကတော့ မကောင်းဘူးရယ်။
Lifestyle_Myanmar
ref-scienceofpeople