သံကြိုးခတ်နှိပ်စက်ပြီး အတင်းအဓမ္မ အလုပ်ခိုင်းစေခံရတဲ့ အိန္ဒိယအမျိုးသား ၃ဦး

0
199
မလေးရှားမှာ အလုပ်လုပ်ဖို့

Astro Awani သတင်းဖော်ပြချက်အရ အိန္ဒိယအမျိုးသား ၃ဦးဟာ မလေးရှားမှာ အလုပ်လုပ်ဖို့ အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီ တစ်ခုနဲ့ ချိတ်ဆက်ခဲ့တယ်လို့ ဆိုပါတယ်။ အဲ့ဒီနောက် သူတို့ ၃ဦးကို အေဂျင်စီက ဆီအုန်းစိုက်ခင်းမှာ အလုပ်ရမယ်ဆိုပြီး မလေးရှားမှာရှိတဲ့ ဆီအုန်းစိုက်ခင်း လုပ်ငန်းရှင်းနဲ့ ချိတ်ဆက်ပေးခဲ့ပါတယ်။ ဒါပေမဲ့ တကယ့်တကယ် အလုပ်လည်း လုပ်ရရော လုပ်ငန်းရှင်က သူတို့ ၃ဦးကို တစ်နေ့ ၁၂နာရီထိ ကြာအောင် အတင်းအဓမ္မ အလုပ်ခိုင်းစေတဲ့အပြင် ညှဉ်းပမ်းနှိပ်စက်မှုတွေလည်း ရှိခဲ့ပါတယ်။

-Advertisement-

ဒီအဖြစ်အပျက်ကိုတော့ ပြီးခဲ့တဲ့ စနေနေ့က Lipis ခရိုင်ရဲတပ်ဖွဲ့ရဲ့ အကြီးအကဲ Azli Mohd Noor ဆိုသူဟာ စိုက်ခင်းအနီးအနားရှိ စားသောက်ဆိုင်မှာ ထိုင်ရင်း အသက် ၃၆နှစ်အရွယ် အမျိုးသားတစ်ဦးကို မသင်္ကာလို့ လိုက်ကြည့်ရမှ သိရှိခဲ့ရတာဖြစ်ပါတယ်။ လိုက်လံစစ်ဆေးကြည့်တဲ့ အခါမှာတော့ အသက် ၃၃နှစ်နဲ့ ၄၈ အရွယ်ကြား အမျိုးသား သုံးဦးကို တွေ့ရှိခဲ့ရပြီး အတင်းအဓမ္မမ အလုပ်စေခိုင်းတဲ့အပြင် အစာရေစာလည်း မကျွေးဘူးလို့ သိရှိရပါတယ်။

ဒါ့အပြင် တစ်လကျော်လောက် သံကြိုးခတ် ရိုက်နှက်မှုတွေကြောင့် ဖူးရောင်ပြီး လက်မှာလည်း ဒဏ်ရာရနေတာကို စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ ထို အမျိုးသား ၃ဦးဟာ အိမ်ထောင်ရှိပြီး ပြင်ပမှာ အလုပ်လုပ်ကိုင်ဖို့အတွက် အိန္ဒိယနိုင်ငံရှိ အလုပ်အကိုင်ရှာဖွေရေး အေဂျင့်တစ်ခုနဲ့ ချိတ်ဆက်ခဲ့တာပါ။ အဲ့ဒီနောက် ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် စက်တင်ဘာလမှာ အလုပ်လုပ်ဖို့ လေးရှားနိုင်ငံ ကွာလာလမ်ပူ လေဆိပ်ကို ရောက်ရှိခဲ့တာဖြစ်ပါတယ်။

ထိုကနေ တစ်ဆင့် ဆီးအုန်း စိုက်ခင်းမှာ အလုပ်လုပ်ဖို့ ပို့ဆောင်ခြင်း ခံခဲ့ရတာပါ။ လုပ်ငန်းခွင်ထဲ ရောက်တာနဲ့ တစ်ပြိုင်နက် သူတို့ရဲ့ နိုင်ငံကူးလက်မှတ်တွေနဲ့ မိုဘိုင်းဖုန်းတွေကိုလည်း သိမ်းဆည်းထားတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် လုပ်ခလစာကိုလည်း အပြည့်မပေးဘဲ တစ်လကို RM 600 (မြန်မာကျပ်ငွေ၂သိန်း ၂သောင်း ဝန်းကျင်လောက်ပဲ ထုတ်ပေးပါတယ်။

လက်ရှိမှာတော့ သံသယရှိသူ တရားခံ လေးဦးကို ဖမ်းဆီးထားပြီး အတင်းအဓမ္မ စေခိုင်းခံရတဲ့ အလုပ်သမားတွေကို ကယ်ဆယ်နိုင်ခဲ့ပါတယ်။ အခုလို ပြင်ပမှ ဝင်ရောက်လုပ်ကိုင်တဲ့ အလုပ်သမားတွေကို လူမဆန်စွာ ညှဉ်းပမ်းနှိပ်စက်တဲ့ လုပ်ငန်းရှင်တွေကို အာဏာပိုင်များအနေနဲ့ တားဆီပိတ်ပင်ပြီး ထိထိရောက်ရောက် အရေးယူသွားမယ်လို့လည်း သိရပါတယ်။

#Lifestyle_Myanmar

သူကလေးဘဝက အရိုက်ကြမ်းတဲ့ဆရာကို ကြီးလာချိန်မှာ အချက်ပေါင်းများစွာ ပါးရိုက်ပြီး လက်တုံပြန်တဲ့ အမျိုးသား

#Thar_Nage

Zawgyi Fonts

သံႀကိဳးခတ္ႏွိပ္စက္ၿပီး အတင္းအဓမၼ အလုပ္ခိုင္းေစခံရတဲ့ အိႏၵိယအမ်ိဳးသား ၃ဦး
Astro Awani သတင္းေဖာ္ျပခ်က္အရ အိႏၵိယအမ်ိဳးသား ၃ဦးဟာ မေလးရွားမွာ အလုပ္လုပ္ဖို႔ အလုပ္အကိုင္ရွာေဖြေရး ေအဂ်င္စီ တစ္ခုနဲ႔ ခ်ိတ္ဆက္ခဲ့တယ္လို႔ ဆိုပါတယ္။ အဲ့ဒီေနာက္ သူတို႔ ၃ဦးကို ေအဂ်င္စီက ဆီအုန္းစိုက္ခင္းမွာ အလုပ္ရမယ္ဆိုၿပီး မေလးရွားမွာရွိတဲ့ ဆီအုန္းစိုက္ခင္း လုပ္ငန္းရွင္းနဲ႔ ခ်ိတ္ဆက္ေပးခဲ့ပါတယ္။ ဒါေပမဲ့ တကယ့္တကယ္ အလုပ္လည္း လုပ္ရေရာ လုပ္ငန္းရွင္က သူတို႔ ၃ဦးကို တစ္ေန႔ ၁၂နာရီထိ ၾကာေအာင္ အတင္းအဓမၼ အလုပ္ခိုင္းေစတဲ့အျပင္ ညႇဥ္းပမ္းႏွိပ္စက္မွုေတြလည္း ရွိခဲ့ပါတယ္။

ဒီအျဖစ္အပ်က္ကိုေတာ့ ၿပီးခဲ့တဲ့ စေနေန႔က Lipis ခရိုင္ရဲတပ္ဖြဲ႕ရဲ့ အႀကီးအကဲ Azli Mohd Noor ဆိုသူဟာ စိုက္ခင္းအနီးအနားရွိ စားေသာက္ဆိုင္မွာ ထိုင္ရင္း အသက္ ၃၆ႏွစ္အရြယ္ အမ်ိဳးသားတစ္ဦးကို မသကၤာလို႔ လိုက္ၾကည့္ရမွ သိရွိခဲ့ရတာျဖစ္ပါတယ္။ လိုက္လံစစ္ေဆးၾကည့္တဲ့ အခါမွာေတာ့ အသက္ ၃၃ႏွစ္နဲ႔ ၄၈ အရြယ္ၾကား အမ်ိဳးသား သုံးဦးကို ေတြ႕ရွိခဲ့ရၿပီး အတင္းအဓမၼမ အလုပ္ေစခိုင္းတဲ့အျပင္ အစာေရစာလည္း မေကၽြးဘူးလို႔ သိရွိရပါတယ္။

ဒါ့အျပင္ တစ္လေက်ာ္ေလာက္ သံႀကိဳးခတ္ ရိုက္ႏွက္မွုေတြေၾကာင့္ ဖူးေရာင္ၿပီး လက္မွာလည္း ဒဏ္ရာရေနတာကို စစ္ေဆးေတြ႕ရွိခဲ့ပါတယ္။ ထို အမ်ိဳးသား ၃ဦးဟာ အိမ္ေထာင္ရွိၿပီး ျပင္ပမွာ အလုပ္လုပ္ကိုင္ဖို႔အတြက္ အိႏၵိယနိုင္ငံရွိ အလုပ္အကိုင္ရွာေဖြေရး ေအဂ်င့္တစ္ခုနဲ႔ ခ်ိတ္ဆက္ခဲ့တာပါ။ အဲ့ဒီေနာက္ ၿပီးခဲ့တဲ့ ၂၀၁၈ ခုႏွစ္ စက္တင္ဘာလမွာ အလုပ္လုပ္ဖို႔ ေလးရွားနိုင္ငံ ကြာလာလမ္ပူ ေလဆိပ္ကို ေရာက္ရွိခဲ့တာျဖစ္ပါတယ္။

ထိုကေန တစ္ဆင့္ ဆီးအုန္း စိုက္ခင္းမွာ အလုပ္လုပ္ဖို႔ ပို႔ေဆာင္ျခင္း ခံခဲ့ရတာပါ။ လုပ္ငန္းခြင္ထဲ ေရာက္တာနဲ႔ တစ္ၿပိဳင္နက္ သူတို႔ရဲ့ နိုင္ငံကူးလက္မွတ္ေတြနဲ႔ မိုဘိုင္းဖုန္းေတြကိုလည္း သိမ္းဆည္းထားတယ္လို႔ ဆိုပါတယ္။ ဒါ့အျပင္ လုပ္ခလစာကိုလည္း အျပည့္မေပးဘဲ တစ္လကို RM 600 (ျမန္မာက်ပ္ေငြ၂သိန္း ၂ေသာင္း ဝန္းက်င္ေလာက္ပဲ ထုတ္ေပးပါတယ္။

လက္ရွိမွာေတာ့ သံသယရွိသူ တရားခံ ေလးဦးကို ဖမ္းဆီးထားၿပီး အတင္းအဓမၼ ေစခိုင္းခံရတဲ့ အလုပ္သမားေတြကို ကယ္ဆယ္နိုင္ခဲ့ပါတယ္။ အခုလို ျပင္ပမွ ဝင္ေရာက္လုပ္ကိုင္တဲ့ အလုပ္သမားေတြကို လူမဆန္စြာ ညႇဥ္းပမ္းႏွိပ္စက္တဲ့ လုပ္ငန္းရွင္ေတြကို အာဏာပိုင္မ်ားအေနနဲ႔ တားဆီပိတ္ပင္ၿပီး ထိထိေရာက္ေရာက္ အေရးယူသြားမယ္လို႔လည္း သိရပါတယ္။

LEAVE A REPLY

Please enter your comment!
Please enter your name here