သေသွားတဲ့ ခွေးလေးအတွက် ဘတ်ငွေ ၁.၅ သန်းအကုန်ခံပြီး သင်္ဂြိုဟ်ပေးခဲ့တဲ့ ခွေးချစ်သူ စုံတွဲ

0
504
ခွေးချစ်သူ

ထိုင်းနိုင်ငံ ကန်ချနပူရီခရိုင်မှာနေထိုင်တဲ့ သူဌေးစုံတွဲတစ်တွဲဟာ သူတို့ရဲ့ pug အမျိုးအစားခွေးလေး သေသွားလို့ ထိုခွေးလေးအတွက် သင်္ဂြိုဟ်ပေးဖို့ ထိုင်းဘတ်ငွေ ၁.၅သန်း သုံးစွဲပြီး ဂူဆောက်လုပ်ခဲ့ပါတယ်။ ခွေးလေးကိုလည်း မပုပ်မသိုးအောင် အထဲမှာ ရေခဲ အခေါင်း ၂လုံးကို စီးစဉ်ထားပေးကြောင်းလဲ သိရပါတယ်။

-Advertisement-

ခွေးပိုင်ရှင်ဖြစ်သူ Teppitak Somboosap တို့ ဇနီးမောင်နှံဟာ ဒီခွေးလေးကို ငယ်စဉ်ကတည်းကနေ ယခုသေဆုံးသွားတဲ့ အထိ သားသမီးအရင်းအချာတစ်ယောက်လို ချစ်ခင် ကျွေးမွေးစောင့်ရှောက်ခဲ့တာပါလို့ ဆိုပါတယ်။ Teppitak ရဲ့ မိဘတွေမှာ ဖခင်ဖြစ်သူက ဗုဒ္ဓဘာသာ၊ မိခင်ဖြစ်သူက ခရစ်ယာန်ဖြစ်တာကြောင့် ရိုးရာနှစ်ခုစလုံးနဲ့ မစိမ်းတဲ့ ပုံစံမျိုးနဲ့ ခွေးလေးကို သင်္ဂြိုဟ်ပေးခဲ့ကြောင်းလဲ သိရပါတယ်။

ဗုဒ္ဓဘာသာ အယူအဆအတိုင်း သပိတ်သွပ် မြေချ အဆင့်ဆင့်ပြုလုပ်ခဲ့ပြီး မီးသင်္ဂြိုဟ်မဲ့နေရာမှာတော့ ရေခဲတွေနဲ့ ဖုံးအုပ်ခဲ့ပါတယ်။ ခွေးလေးရဲ့ အုတ်ဂူဒီဇိုင်းကိုတော့ ကြွေပြား၊ ကျောက်ပြား အကောင်းစားတွေနဲ့ ၁၀ရာစုနှစ်ကနေ ၁၃ရာစုနှစ်အထိ တွင်တွင်ကျယ်ကျယ်အသုံးပြုနေတဲ့ မုခ်ခုံးအဆောက်အဦးပုံစံ ဆောက်လုပ်ထားပေးခဲ့တာပါ။

သူဌေးကြီး Teppitak ရဲ့ အိပ်ခန်းထဲမှာလည်း ရေခဲအခေါင်းတစ်ခေါင်း ထားရှိထားပြီး လက်ရှိအသုံးပြုနေတဲ့ အခေါင်း ကောင်းကောင်းအလုပ်မလုပ်တော့သူဆိုရင် နောက်တစ်ခု အရံသင့် ပြောင်းလဲ အသုံးပြုနိုင်အောင်ဖြစ်ပါတယ်။ ရာသက်ပန် မပုပ်မသိုးအောင် ရေခဲအခေါင်း ၂ခုနဲ့ စီစဉ်ထားတာကြောင့်သတိရတဲ့ အချိန်အတိုင်းလဲ ထုတ်ကြည့်မယ်လို့ ဆိုပါတယ်။

ထိုင်း ဘတ်ငွေ ၁.၅သန်းဆိုတာ မြန်မာကျပ်ငွေနဲ့ တွက်ကြည့်ရင် တော်တော်များတဲ့ ငွေပမာဏတစ်ခုပါ။ မြန်မာငွေ သိန်း ၇၀၀ ကျော်လောက် ခွေးလေးအတွက် အကုန်ကျခံပြီး သင်္ဂြိုဟ်ပေးတယ်ဆိုတော့ ဒီခွေးလေးအပေါ် ဘယ်လောက်တောင် သံယောဇဉ်ရှိလိမ့်မလဲ မခန့်မှန်းနိုင်အောင်ပါပဲ။

#Lifestyle_Myanmar

#Thar_Nage

လွန်ခဲ့တဲ့ ၂နှစ်က အဖေလိုချင်နေတဲ့ ဖိနပ်ကို ဝယ်ပြီး suprises လုပ်ပေးလို့ မျက်ရည်ကျခဲ့တဲ့ ဖခင်

Zawgyi fonts

ေသသြားတဲ့ ေခြးေလးအတြက္ ဘတ္ေငြ ၁.၅ သန္းအကုန္ခံၿပီး သၿဂႋဳဟ္ေပးခဲ့တဲ့ ေခြးခ်စ္သူ စုံတြဲ
ထိုင္းနိုင္ငံ ကန္ခ်နပူရီခရိုင္မွာေနထိုင္တဲ့ သူေဌးစုံတြဲတစ္တြဲဟာ သူတို႔ရဲ့ pug အမ်ိဳးအစားေခြးေလး ေသသြားလို႔ ထိုေခြးေလးအတြက္ သၿဂႋဳဟ္ေပးဖို႔ ထိုင္းဘတ္ေငြ ၁.၅သန္း သုံးစြဲၿပီး ဂူေဆာက္လုပ္ခဲ့ပါတယ္။ ေခြးေလးကိုလည္း မပုပ္မသိုးေအာင္ အထဲမွာ ေရခဲ အေခါင္း ၂လုံးကို စီးစဥ္ထားေပးေၾကာင္းလဲ သိရပါတယ္။

ေခြးပိုင္ရွင္ျဖစ္သူ Teppitak Somboosap တို႔ ဇနီးေမာင္ႏွံဟာ ဒီေခြးေလးကို ငယ္စဥ္ကတည္းကေန ယခုေသဆုံးသြားတဲ့ အထိ သားသမီးအရင္းအခ်ာတစ္ေယာက္လို ခ်စ္ခင္ ေကၽြးေမြးေစာင့္ေရွာက္ခဲ့တာပါလို႔ ဆိုပါတယ္။ Teppitak ရဲ့ မိဘေတြမွာ ဖခင္ျဖစ္သူက ဗုဒၶဘာသာ၊ မိခင္ျဖစ္သူက ခရစ္ယာန္ျဖစ္တာေၾကာင့္ ရိုးရာႏွစ္ခုစလုံးနဲ႔ မစိမ္းတဲ့ ပုံစံမ်ိဳးနဲ႔ ေခြးေလးကို သၿဂႋဳဟ္ေပးခဲ့ေၾကာင္းလဲ သိရပါတယ္။

ဗုဒၶဘာသာ အယူအဆအတိုင္း သပိတ္သြပ္ ေျမခ် အဆင့္ဆင့္ျပဳလုပ္ခဲ့ၿပီး မီးသၿဂႋဳဟ္မဲ့ေနရာမွာေတာ့ ေရခဲေတြနဲ႔ ဖုံးအုပ္ခဲ့ပါတယ္။ ေခြးေလးရဲ့ အုတ္ဂူဒီဇိုင္းကိုေတာ့ ေႂကြျပား၊ ေက်ာက္ျပား အေကာင္းစားေတြနဲ႔ ၁၀ရာစုႏွစ္ကေန ၁၃ရာစုႏွစ္အထိ တြင္တြင္က်ယ္က်ယ္အသုံးျပဳေနတဲ့ မုခ္ခုံးအေဆာက္အဦးပုံစံ ေဆာက္လုပ္ထားေပးခဲ့တာပါ။

သူေဌးႀကီး Teppitak ရဲ့ အိပ္ခန္းထဲမွာလည္း ေရခဲအေခါင္းတစ္ေခါင္း ထားရွိထားၿပီး လက္ရွိအသုံးျပဳေနတဲ့ အေခါင္း ေကာင္းေကာင္းအလုပ္မလုပ္ေတာ့သူဆိုရင္ ေနာက္တစ္ခု အရံသင့္ ေျပာင္းလဲ အသုံးျပဳနိုင္ေအာင္ျဖစ္ပါတယ္။ ရာသက္ပန္ မပုပ္မသိုးေအာင္ ေရခဲအေခါင္း ၂ခုနဲ႔ စီစဥ္ထားတာေၾကာင့္သတိရတဲ့ အခ်ိန္အတိုင္းလဲ ထုတ္ၾကည့္မယ္လို႔ ဆိုပါတယ္။

ထိုင္း ဘတ္ေငြ ၁.၅သန္းဆိုတာ ျမန္မာက်ပ္ေငြနဲ႔ တြက္ၾကည့္ရင္ ေတာ္ေတာ္မ်ားတဲ့ ေငြပမာဏတစ္ခုပါ။ ျမန္မာေငြ သိန္း ၇၀၀ ေက်ာ္ေလာက္ ေခြးေလးအတြက္ အကုန္က်ခံၿပီး သၿဂႋဳဟ္ေပးတယ္ဆိုေတာ့ ဒီေခြးေလးအေပၚ ဘယ္ေလာက္ေတာင္ သံေယာဇဥ္ရွိလိမ့္မလဲ မခန္႔မွန္းနိုင္ေအာင္ပါပဲ။

LEAVE A REPLY

Please enter your comment!
Please enter your name here