Home News သေလုနီးပါးဖျားနာနေတဲ့ စွန့်ပစ်ကလေးကို မိခင်တစ်ဦးလို ပြုစုစောင့်ရှောက်ပေးတဲ့ သူနာပြုလေး

သေလုနီးပါးဖျားနာနေတဲ့ စွန့်ပစ်ကလေးကို မိခင်တစ်ဦးလို ပြုစုစောင့်ရှောက်ပေးတဲ့ သူနာပြုလေး

0
2138
သူနာပြုလေး

ကျွန်တော်တို့ဟာ အိမ်မှာနေတဲ့အခါ မိဘတွေရဲ့ စောင့်ရှောက်မှုအောက်မှာနေရပါတယ်။ ဒီလိုပါပဲ စာသင်ကျောင်းရောက်တဲ့အခါ ဆရာမတွေရဲ့ စောင့်ရှောက်မှု၊ ဆေးရုံဆေးခန်းတက်ရောက်တဲ့အခါ သူနာပြုတွေရဲ့ စောင့်ရှောက်မှုတွေကို ခံယူရတာကြောင့် သူတို့တွေဟာ ကျွန်တော်တို့ရဲ့ “ယာယီမိခင်”လို့တောင် ဆိုရမလိုပါပဲ။ ပြီးခဲ့တဲ့နှစ်က LunLun အမည်ရှိ ကလေးတစ်ယောက်ဟာ ကိုယ်လက်အင်္ဂါလှုပ်ရှားမှုမရှိတာကြောင့် ကြွက်သားတွေ တဖြည်းဖြည်းကျုံ့လှီးလာပြီး ဆေးရုံကို အရေးပေါ်တင်ခဲ့ရပါတယ်။

-Advertisement-

ဒါ့အပြင်အဆိုပါ ကလေးဟာ အသည်းနဲ့အသက်ရှုဆိုင်ရာလမ်းကြောင်းတွေ ပုံမှန်မဟုတ်တဲ့အတွက် မူးဝေခြင်း၊ အစာအဟာရချို့တဲ့ခြင်း၊ ဖောရောင်ခြင်း စတဲ့ ဝေဒနာတွေကို အပြင်းအထန်ခံစားခဲ့ရပါတယ်။ LunLun ရဲ့ မိဘတွေက သူ့ကို မွေးဖွားပြီး မကြာခင်မှာပဲ စွန့်ပစ်သွားခဲ့တာပါ။ ဒါ့ကြောင့် LunLun ကို အဖွားဖြစ်သူကခေါ်ယူ မွေးစားထားတာဖြစ်ပါတယ်။ အဖွားက အသက်အရွယ်ကြီးသူတစ်ဦးဖြစ်တာကြောင့် ကလေးကို သေချာဂရုမစိုက်နိုင်ခဲ့ပါဘူး။ ဒီလိုနဲ့ မသက်သာတဲ့အဆုံး ဆေးရုံတင်လိုက်ရပါတယ်။ အဲ့ဒီအချိန်မှာ ကလေးရဲ့ ကိုယ်အလေးချိန်ဟာ ၃ကီလိုဂရမ်ပဲရှိပါတော့တယ်။

မွေးရာပါ နှလုံးရောဂါလည်း ခံစားနေရတာကြောင့် ဆရာဝန်တွေကလည်း အရမ်းကို စိုးရိမ်စရာဖြစ်ခဲ့ရပါတယ်။ နှလုံးကြောင့် ခွဲစိတ်ထားတဲ့ ဒဏ်ရာက ချုပ်ရိုးမကျက်သေးတဲ့အခါ နှလုံးခုန်လာအောင် ပြုလုပ်ဖို့ အချိန် ၄၈နာရီကြာ ပေးခဲ့ရပါတယ်။ ဒါပေမဲ့ ကံကောင်းထောက်မစွာနဲ့ LunLun ဆိုတဲ့ ကလေးလေးအသက်ဘေးက လွတ်မြောက်ခဲ့ရပါတယ်။ LunLun အသက်ရှင်ကျန်ရစ်ခဲ့ပေမဲ့ အဖွား သူ့ကို ကျန်းမာလာအောင် ဘယ်လို ပြုစုစောင့်ရှောက်ရမလဲဆိုတာကို နားမလည်ခဲ့ပါဘူး။

ဒါ့ကြောင့် ထိုဆေးရုံမှာ တာဝန်ကျနေတဲ့ သူနာပြုလေးက LunLunကို ကျန်းမာလာတဲ့အထိ ၂၄နာရီလုံး စောင့်ရှောက်ဖို့ တာဝန်ယူပေးခဲ့ပါတယ်။ ဆေးရုံမှာပဲ ကလေးကို ထားပြီး ဆရာဝန်တွေရဲ့ ညွှန်ကြားမှု၊ ထိုသူနာပြုလေးရဲ့ စောင့်ရှောက်မှုတွေကြောင့် ကလေးဟာ အနည်းငယ် ထူထူထောင်ထောင်ဖြစ်လာခဲ့ပါတယ်။

အလုပ်တစ်ဖက်နဲ့ မအားတဲ့ ကြားထဲက တာဝန်ယူစောင့်ရှောက်ပေးတဲ့ သူနာပြုလေးကို ဆေးရုံရှိ လူအပါအဝင် အွန်လိုင်းသုံးစွဲသူတွေကပါ ချီးကျုးဂုဏ်ယူနေကြပါတယ်။

#Lifestyle_Myanmar

#Thar_Nage

ဧည့်သည်တွေရဲ့ ခြေထောက်အောက်မှာ အက်သွားခဲ့ရတဲ့ ၁၀၃ထပ်ပေါ်က Skydeck မှန်ကြမ်းခင်း

ေသလုနီးပါးဖ်ားနာေနတဲ့ စြန္႔ပစ္ကေလးကို မိခင္တစ္ဦးလို ျပဳစုေစာင့္ေရွာက္ေပးတဲ့ သူနာျပဳေလး
ကၽြန္ေတာ္တို႔ဟာ အိမ္မွာေနတဲ့အခါ မိဘေတြရဲ့ ေစာင့္ေရွာက္မွုေအာက္မွာေနရပါတယ္။ ဒီလိုပါပဲ စာသင္ေက်ာင္းေရာက္တဲ့အခါ ဆရာမေတြရဲ့ ေစာင့္ေရွာက္မွု၊ ေဆး႐ုံေဆးခန္းတက္ေရာက္တဲ့အခါ သူနာျပဳေတြရဲ့ ေစာင့္ေရွာက္မွုေတြကို ခံယူရတာေၾကာင့္ သူတို႔ေတြဟာ ကၽြန္ေတာ္တို႔ရဲ့ “ယာယီမိခင္”လို႔ေတာင္ ဆိုရမလိုပါပဲ။ ၿပီးခဲ့တဲ့ႏွစ္က LunLun အမည္ရွိ ကေလးတစ္ေယာက္ဟာ ကိုယ္လက္အဂၤါလွုပ္ရွားမွုမရွိတာေၾကာင့္ ႂကြက္သားေတြ တျဖည္းျဖည္းက်ဳံ႕လွီးလာၿပီး ေဆး႐ုံကို အေရးေပၚတင္ခဲ့ရပါတယ္။

ဒါ့အျပင္အဆိုပါ ကေလးဟာ အသည္းနဲ႔အသက္ရွုဆိုင္ရာလမ္းေၾကာင္းေတြ ပုံမွန္မဟုတ္တဲ့အတြက္ မူးေဝျခင္း၊ အစာအဟာရခ်ိဳ႕တဲ့ျခင္း၊ ေဖာေရာင္ျခင္း စတဲ့ ေဝဒနာေတြကို အျပင္းအထန္ခံစားခဲ့ရပါတယ္။ LunLun ရဲ့ မိဘေတြက သူ႔ကို ေမြးဖြားၿပီး မၾကာခင္မွာပဲ စြန္႔ပစ္သြားခဲ့တာပါ။ ဒါ့ေၾကာင့္ LunLun ကို အဖြားျဖစ္သူကေခၚယူ ေမြးစားထားတာျဖစ္ပါတယ္။ အဖြားက အသက္အရြယ္ႀကီးသူတစ္ဦးျဖစ္တာေၾကာင့္ ကေလးကို ေသခ်ာဂ႐ုမစိုက္နိုင္ခဲ့ပါဘူး။ ဒီလိုနဲ႔ မသက္သာတဲ့အဆုံး ေဆး႐ုံတင္လိုက္ရပါတယ္။ အဲ့ဒီအခ်ိန္မွာ ကေလးရဲ့ ကိုယ္အေလးခ်ိန္ဟာ ၃ကီလိုဂရမ္ပဲရွိပါေတာ့တယ္။

ေမြးရာပါ ႏွလုံးေရာဂါလည္း ခံစားေနရတာေၾကာင့္ ဆရာဝန္ေတြကလည္း အရမ္းကို စိုးရိမ္စရာျဖစ္ခဲ့ရပါတယ္။ ႏွလုံးေၾကာင့္ ခြဲစိတ္ထားတဲ့ ဒဏ္ရာက ခ်ဳပ္ရိုးမက်က္ေသးတဲ့အခါ ႏွလုံးခုန္လာေအာင္ ျပဳလုပ္ဖို႔ အခ်ိန္ ၄၈နာရီၾကာ ေပးခဲ့ရပါတယ္။ ဒါေပမဲ့ ကံေကာင္းေထာက္မစြာနဲ႔ LunLun ဆိုတဲ့ ကေလးေလးအသက္ေဘးက လြတ္ေျမာက္ခဲ့ရပါတယ္။ LunLun အသက္ရွင္က်န္ရစ္ခဲ့ေပမဲ့ အဖြား သူ႔ကို က်န္းမာလာေအာင္ ဘယ္လို ျပဳစုေစာင့္ေရွာက္ရမလဲဆိုတာကို နားမလည္ခဲ့ပါဘူး။

ဒါ့ေၾကာင့္ ထိုေဆး႐ုံမွာ တာဝန္က်ေနတဲ့ သူနာျပဳေလးက LunLunကို က်န္းမာလာတဲ့အထိ ၂၄နာရီလုံး ေစာင့္ေရွာက္ဖို႔ တာဝန္ယူေပးခဲ့ပါတယ္။ ေဆး႐ုံမွာပဲ ကေလးကို ထားၿပီး ဆရာဝန္ေတြရဲ့ ညႊန္ၾကားမွု၊ ထိုသူနာျပဳေလးရဲ့ ေစာင့္ေရွာက္မွုေတြေၾကာင့္ ကေလးဟာ အနည္းငယ္ ထူထူေထာင္ေထာင္ျဖစ္လာခဲ့ပါတယ္။ အလုပ္တစ္ဖက္နဲ႔ မအားတဲ့ ၾကားထဲက တာဝန္ယူေစာင့္ေရွာက္ေပးတဲ့ သူနာျပဳေလးကို ေဆး႐ုံရွိ လူအပါအဝင္ အြန္လိုင္းသုံးစြဲသူေတြကပါ ခ်ီးက်ဳးဂုဏ္ယူေနၾကပါတယ္။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here