Home General Knowledge သေမင်းတမန်လမ်းတွေလို့တောင် တင်စားရတဲ့ ကြောက်စရာအကောင်းဆုံး ကားလမ်းတွေ

သေမင်းတမန်လမ်းတွေလို့တောင် တင်စားရတဲ့ ကြောက်စရာအကောင်းဆုံး ကားလမ်းတွေ

0
1
သေမင်းတမန်လမ်း

ယခုဖော်ပြတဲ့ လမ်းတွေဟာ ကားတွေသားတဲ့ လမ်းဖြစ်ပြီး ကားမောင်းအလွန်ကျွမ်းကျင်ပြီး သတ္တိရှိတဲ့သူမျိုးသာ မောင်းနှင်ရဲတဲ့ လမ်းမျိုးတွေပဲဖြစ်ပါတယ်။ အတွေ့အကြုံမရှိဘဲ ဒီလမ်းတွေမှာ မောင်းနှင်မိရင်တော့ နှလုံးရပ်မလိုဖြစ်သွားနိုင်တဲ့အထိ ကြောက်စရာကောင်းလွန်းပါတယ်။

ဒီလမ်းဟာ ပါကစ္စတန်မှာရှိတဲ့ Skardu အဝေးပြေးလမ်းမကြီးပဲဖြစ်ပါတယ်။ အဆိုပါလမ်းဟာ ၁၆၇ ကီလိုမီတာ ရှည်လျားပြီး အမြင့်ပေ ၄၉၀၀ ရှိပါတယ်။ အကွေ့အကောက်တွေများပြီး တောင်စောင်းကို ကပ်ဖောက်ထားတဲ့ကြောက်စရာအကောင်းဆုံးလမ်းတစ်ခုပဲဖြစ်ပါတယ်။

အဆိုပါလမ်းဟာ ဘိုလီးဗီးယားနိုင်ငံ မြောက်ဘက် yugas လမ်းမကြီးပဲဖြစ်ပါတယ်။ ၂၀၀၆ခုနှစ်က ဖောက်လုပ်ထားတာဖြစ်ပြီး ခရီးသွား ၂၀၀ မှ ၃၀၀ အထိ သေဆုံးမှုရှိတယ်လို့ ခန့်မှန်းရပါတယ်။ မိုးရာသီတွင် တောင်ကျရေစီးဆင်မှုရှိပြီး ရွှံ့တွေ ဗွက်တွေနဲ့ သွားလာရ ခက်ခဲတဲ့လမ်းတစ်လမ်းပဲဖြစ်ပါတယ်။ တောင်စောင်းကို ဖောက်လုပ်ထားတဲ့ လမ်းဖြစ်တာကြောင့် ဒီလမ်းကို သွားမယ်ဆိုရင်တော့ သေချာစဉ်းစားဖို့ လိုအပ်ပြီနော်။

ဒီလမ်းကတော့ အဲလ်ပ်တောင်တန်းကို ဖြတ်ပြီး တောင်နဲ့မြောက်ကို ဖောက်လုပ်ထားတဲ့ တောင်တက်လမ်းတစ်ခုပဲဖြစ်ပါတယ်။ အကွေ့အကောက် အထပ်ထပ်ဖြင့် ဖောက်လုပ်ထားတဲ့ လမ်းဖြစ်တာကြောင့် ဒီလမ်းမှာလည်း သေဆုံးသူတွေမနည်းဘူးလို့ သိရပါတယ်။

လှပတဲ့ Thun အင်အိုင်ကြီးကို အပေါ်စီးကနေ ခံစားနိုင်ပြီး ဆွစ်ဇာလန်နိုင်ငံရဲ့ ကျောက်တောင်ပတ်ပတ်လည်လည်ကို ဖောက်လုပ်ထားတဲ့ လမ်းပဲဖြစ်ပါတယ်။ လှပတဲ့ ရှုခင်းတွေကို ခံစားရပေမဲ့ အကွေအကောက်တွေများပြီး ဥမင်လိုဏ်ခေါင်းတွေကို ဖြတ်သွားရတဲ့လမ်းဖြစ်တာကြောင့် သင့်အသက်ကိုတော့ အာမခံပေးနိုင်မယ်ဆိုတာ မသေချာပါဘူး။

အဆိုပါလမ်းဟာ Ladkh နဲ့ Kashmir Valley ကြားဆက်သွယ်ပေးတဲ့ လမ်းတစ်လမ်းဖြစ်ပြီး ပင်လယ်ရေ မျက်နှာပြင်အထက် ၃၅၂၈ မိုင််အမြင့်မှာတည်ရှိပါတယ်။ အဆိုပါလမ်းကို Zojila လို့ ခေါ်ပြီး ကားနှစ်စီးရှောင်ဖို့အတွက် လွတ်ရုံလေးသာ ဖောက်လုပ်ထားတဲ့ ကျဉ်းမြောင်းတဲ့ ကားလမ်းလေးပဲဖြစ်ပါတယ်။

တရုတ်နိုင်ငံ Taihang တောင်တန်းကို ဖြတ်ပြီး ဖောက်လုပ်ထားတဲ့ Guoliang ဥမင်လိုဏ်ခေါင်းလမ်းဟာဆိုရင် လိုဏ်ခေါင်းအမြင့် ၁၆ပေနဲ့ အကျယ် ၁၃ပေသာရှိပြီး ၀.၇၅ မိုင် ရှည်လျားပါတယ်။ မြင်းမားတဲ့ တောင်စောင်းအတွင်းပိုင်းကို ဥမင်လိုဏ်ခေါင်းသဖွယ် ဖောက်လုပ်ထားတဲ့လမ်းဖြစ်တာကြောင့် ကြောက်စရာကောင်းမယ်ဆိုတာ အသေအချာပါပဲ။

ဒီလမ်းကိုတော့ စပိန်နိုင်ငံရဲ့ Paso de los Caracoles လို့ အခေါ်ပြီး road snail (ခရုလမ်) လို့ အဓိပ္ပါယ်ရပါတယ်။ ဘာကြောင့်လည်းဆိုတော့ လမ်းတွေရဲ့ အကွေ့အကောက်တွေဟာ ချွန်ထက်ပြီး ခရုခွံနဲ့ တူတာကြောင့် တင်စားခေါ်ဝေါ်ကြတာပဲဖြစ်ပါတယ်။

#Lifestyle_Myanmar

ဧည့်သည်တွေရဲ့ ခြေထောက်အောက်မှာ အက်သွားခဲ့ရတဲ့ ၁၀၃ထပ်ပေါ်က Skydeck မှန်ကြမ်းခင်း

#Thar_Nage

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here