သင်္ဘောသီးဟာ လူကြိုက်အများဆုံး အသီးဖြစ်ပါတယ်။ သင်္ဘောသီးကို ကျွန်မတို့ မြန်မာနိုင်ငံမှာ အလွယ်တကူရရှိနိုင်သလို သဘောင်္သီးစားသုံးတာက ကျန်းမာရေးကိုတော်တော်များများအကျိုးပြုနိုင်တယ်ဆိုတာ လူတိုင်းသိကြပါတယ်။ အရည်ရွမ်းတဲ့အသီးဖြစ်ပြီး သူတို့မှာ မယုံနိုင်လောက်အောင် အာဟာရဓါတ်တွေ ရှိပါတယ်။ ဒါပေမယ့် တန်ဆေးလွန်ဘေးဆိုတဲ့ စကားအတိုင်းပါပဲ။ သဘောင်္သီး အများအပြားစားသုံးခြင်းဟာ ကျန်းမာရေးအတွက် ဆိုးကျိုးအနည်းငယ်ရှိတယ်ဆိုတာ သိပ်မသိကြပါဘူး။ ဒါ့ကြောင့် သဘောင်္သီး များစွာစားသုံးခြင်းကြောင့် ဘယ်လိုဆိုးကျိုးတွေဖြစ်စေသလဲဆိုတာ မျှဝေပေးလိုက်ပါတယ်။
၁။ ကိုယ်ဝန်ပျက်ကျစေနိုင်ပါတယ်
သဘောင်္သီးဟာ အစေးဓါတ်မတည့်မှုကို ဖြစ်ပေါ်စေနိုင်ပြီး ကိုယ်ဝန်ဆောင်မိခင်တွေအတွက် အန္တရာယ်ရှိနိုင်ပါတယ်။ တခြားလေ့လာမှုများအရ သဘောင်္သီးမှာ အဓိကပါဝင်တဲ့ papain အင်ဇိုင်းက ကိုယ်ဝန်ဆောင်နိုင်စေဖို့အတွက် သားအိမ်ကို ပြင်ဆင်ရာမှာ လိုအပ်တဲ့ ဟော်မုန်းတစ်မျိုးဖြစ်တဲ့ Progesterone လိင်ဟော်မုန်းတွေကို ပျက်စီးစေတယ်လို့ ပြောပါတယ်။ Papain အင်ဇိုင်းက သန္ဓေသားဖွံ့ဖြိုးမှုအတွက် မရှိမဖြစ်သော အမျိုးသမီးရဲ့ခန္ဓာကိုယ်ထဲက အချို့သော အမြှေးပါးတွေကို ပျက်စီးစေပါတယ်။
နောက်ထပ်သုတေသနက သဘောင်္သီးမှာပါတဲ့ Papain က သန္ဓေသားအဆိပ်အတောက်နှင့် ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်ကစားသုံးမယ်ဆိုရင် မွေးကင်းစကလေးတွေမှာ မွေးရာပါချို့ယွင်းချက်တွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။ သဘောင်္သီးက နို့တိုက်နေစဉ်အတွင်းတောင် လုံခြုံမှာ မဟုတ်ဘူးလို့ ပြောကြပါတယ်။ ဒီကိစ္စက ထင်ကြေးနဲ့ပြောတာတွေ ဖြစ်ပြီး သုတေသန ရှင်းရှင်းလင်းလင်း မရှိသေးပါဘူး။ ဒါ့ကြောင့် ဆရာဝန်နှင့် တိုင်ပင်ပြီး ဒီကာလအတွင်းမှာ သဘောင်္သီးကို ရှောင်ကြဉ်ပါ။
၂။ အစာခြေမှု ပြဿနာများကို ဦးတည်နိုင်ပါတယ်

သဘောင်္သီးက စားသုံးရင် ဝမ်းပျော့/ဝမ်းအေးစေပေမယ့် အများအပြားစားသုံးရင် အစာမကြေဖြစ်စေနိုင်ပါတယ်။ သဘောင်္သီးက အမျှင်ဓါတ်ကြွယ်ဝပြီး အလွန်အကျွံစားရင်တော့ အစာခြေစနစ်ကိုဒုက္ခဖြစ်စေပါတယ်။ အသီးရဲ့အခွံမှာ ပါဝင်တဲ့ အစေးက ဝမ်းဗိုက်ကို နာကျင်စေပါတယ်။ အသီးထဲမှာပါတဲ့ papain အင်ဇိုင်းက ဖိုင်ဘာ(အမျှင်ဓါတ်)ဖြိုခွဲမှုမှာ ကောင်းစွာ အလုပ်လုပ်ပါတယ်။ အဆိုပါဖိုင်ဘာက ကောင်းကောင်းအစာမကြေလျှင် အစာအိမ် gas ထွက်တာကို ခံစားပါလိမ့်မယ်။
သင်္ဘောသီးဟာ တစ်ချို့သူတွေမှာ ဝမ်းလျှောစေနိုင်ပါတယ်။ အသီးထဲမှာပါတဲ့ ပေါများကြွယ်ဝသော အမျှင်ဓါတ်က ဝမ်းချုပ်ခြင်းကိုလည်းဖြစ်စေနိုင်ပါတယ်။ ဒါကိုရှောင်ကြဉ်ဖို့ ရေများများသောက်ပေးရပါမယ်။
၃။ သင်္ဘောသီးက အသက်ရှုလမ်းကြောင်းရောဂါများကို ဖြစ်ပေါ်စေနိုင်ပါတယ်
အသီးထဲမှာပါတဲ့ papain အင်ဇိုင်းက ဓါတ်မတည့်မှုကို ဖြစ်စေနိုင်တဲ့အရာဖြစ်ပါတယ်။ သင်္ဘောသီးကို အလွန်အကျွံစားမယ်ဆိုရင် အသက်ရှုလမ်းကြောင်းဆိုင်ရာဓါတ်မတည့်မှုကို ဦးတည်စေနိုင်ပါတယ်။ ဒါ့အပြင် ပန်းနာရင်ကျပ်ရောဂါ၊ အသက်ရှုကြပ်ခြင်း၊ နှာခေါင်းပိတ်ခြင်းနှင့် အသက်ရှုခက်ခဲခြင်းတွေကိုတောင် ဖြစ်ပေါ်စေနိုင်ပါတယ်။ တကယ်တော့ ဒါက ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအတွက် ပြဿနာတစ်ခုဖြစ်နိုင်ပါတယ်။ အသက်ရှုလမ်းကြောင်းဆိုင်ရာ ဓါတ်မတည့်မှုက နောက်ထပ်ပြဿနာများကို ဖြစ်ပေါ်စေခြင်းအပြင် သန္ဓေသားကိုလည်း ထိခိုက်စေနိုင်ပါတယ်။
၎။ သွေးတွင်းသကြားဓါတ်ကို ကျဆင်းစေပါလိမ့်မယ်
သင်္ဘောသီးက သွေးတွင်းသကြားဓါတ်ကို ကျဆင်းစေနိုင်တာကြောင့် သွေးချိုကျဆေးသောက်နေရတဲ့ ဆီးချိုဝေဒနာသည်များအနေနဲ့ သွေးတွင်းသကြားဓါတ်ကို တိုင်းတာပြီးမှသာ ချင့်ချိန်စားသုံးသင့်ပါတယ်။ သင့်မှာဆီးချိုရောဂါရှိပါက သင်္ဘောသီးမစားမီ ဆရာဝန်နှင့်တိုင်ပင်ပါ။
၅။ အစာပြွန်ကို ပျက်စီးစေနိုင်ပါတယ်
သင်္ဘောသီး အလွန်အကျွံစားခြင်းက အစာပြွန်ကို ပျက်စီးစေတယ်လို့ ဆိုပါတယ်။ (၁၅၀ ဂရမ်)စားသုံးခြင်းက ပုံမှန်ပမာဏဖြစ်ပါတယ်။
၆။ ဆေးဝါးအပေါ် အကျိုးသက်ရောက်မှု
သင်္ဘောသီးက သွေးခဲမှုကို နှေးကွေးစေဖို့ အသုံးပြုတဲ့ သွေးကျဲဆေးရဲ့အာနိသင်ကို တိုးစေနိုင်တယ်လို့ ဆိုကြပါတယ်။ သွေးကျဲဆေးသောက်နေရသူတွေဟာ သင်္ဘောသီးကို မစားသုံးဖို့ ဆင်ခြင်ရမှာ ဖြစ်ပါတယ်။
၇။ ကျောက်ကပ် ကျောက်တည်ခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်
သင်္ဘောသီးမှာ ဗီတာမင်စီတွေ အများကြီးပါဝင်ပြီး အရွယ်ရောက်သူတွေအတွက် တနေ့ကို 2000မီလီဂရမ်ထက်ပိုပြီး ဗီတာမင်စီ ပိုလျှံခြင်းက ကျောက်ကပ်ကျောက်တည်ခြင်းအပါအဝင် အဆိပ်အတောက်က္ခဏာများကို ဦးတည်နိုင်တယ်လို့ သုတေသနများက ပြသထားပါတယ်။ ခန္ဓာကိုယ်ထဲမှာ ဗီတာမင်စီ ပမာဏ အရမ်းများလာတဲ့အခါ ကျောက်အဖြစ်သို့ပြောင်းလဲနိုင်တဲ့ oxalates ကိုထုတ်လုပ်ပါတယ်။
၈။ ရင်သွေးငယ်များကို မကျွေးသင့်ပါဘူး
တချို့sources တွေမှာ မိခင်တွေအနေနဲ့ မွေးကင်းကနေ တစ်နှစ်အထိကာလအတွင်း ကလေးငယ်တွေကို သင်္ဘောသီးမကျွေးသင့်ကြောင်း ဖော်ပြထားပါတယ်။ မွေးကင်းစနေ ၁ နှစ်အရွယ်အတွင်း ကလေးငယ်မှာ လိုအပ်တဲ့အမျှင်ဓာတ်တွေပြည့်စုံနေတာကြောင့် မကျွေးသင့်တာဖြစ်ပါတယ်။ နို့စို့အရွယ်ကလေးတွေကို သင်္ဘောသီးက ဝမ်းပျော့စေနိုင်သလို အမျှင်ဓါတ်များပြားခြင်းကြောင့်လည်း ဝမ်းချုပ်စေနိုင်တာကြောင့် ကလေးတွေကို သင်္ဘောသီး မကျွေးခင်မှာ ဆရာဝန်နှင့် တိုင်ပင်သင့်ပါတယ်။
၉။ အသားအရောင်ပြောင်းခြင်းနှင့် စပ်ဖျဉ်းဖျဉ်းဖြစ်စေနိုင်ခြင်း
အသားအရေကို သင်္ဘောသီးလိမ်းရင် စပ်ဖျဉ်းဖျဉ်းဖြစ်စေနိုင်ပါတယ်။ အလွန်အကျွံစားသုံးခြင်းက သင့်အသားအရေကို အဝါရောင်-လိမ္မော်ရောင်ပြောင်းစေနိုင်တဲ့ အခြေအနေကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါက ဆိုးဝါးတာတော့ မဟုတ်ပါဘူး။သင်္ဘောသီးကို အလွန်အကျွံစားသုံးရင် အရေပြားအရောင်ပြောင်းခြင်းကို ဖြစ်စေတဲ့ ပိုလျှံမှု ( beta-carotene ရဲ့အဆင့်ကြောင့်) အသားအရောင်ပြောင်းလဲမှုကို ဖြစ်ပေါ်ခံစားရတာဖြစ်ပါတယ်။
၁၀။ အခြားဓါတ်မတည့်မှုကို ဖြစ်ပေါ်စေနိုင်ပါတယ်
ဒီအသီးက အခြားဓါတ်မတည့်မှုကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါက အသီးမှာပါတဲ့ Papain အင်ဇိုင်းကြောင့် ဖြစ်နိုင်သလို အသီးအခွံပေါ်မှာ ရှိနေနိုင်တဲ့ ပန်းဝတ်မှုန်တွေကြောင့် ဖြစ်နိုင်ပါတယ်။ တချို့တုံ့ပြန်မှုများအဖြစ် မူးဝေခြင်း၊ ခေါင်းကိုက်ခြင်း၊ ယားယံခြင်း၊ ပါးစပ်နှင့်လျှာပတ်လည်မှာ အဖုများထွက်ခြင်း၊ မျိုချရခက်ခဲခြင်း၊ မျက်နှာနှင့် ပါးစပ်ရောင်ရမ်းခြင်း တို့ပါဝင်ပါတယ်။
မှတ်ချက်
သင်္ဘောသီးက စားကောင်းသောက်ဖွယ်တစ်ခုဖြစ်ပေမယ့် အကန့်အသတ်ဖြင့် စားသုံးသင့်ပါတယ်။ ဒီနည်းလမ်းက သင့်ကိုအကျိုးကျေးဇူးတွေ ကောင်းကောင်းရရှိနိုင်ပါလိမ့်မယ်။
#Lifestyle_Myanmar
#LM_Nandar
Source-stylecraze