သေချာ ဂရုစိုက်ပေးသင့်တဲ့ ခန္ဓာကိုယ်အတွင်း ရောဂါဖြစ်ပေါ်နိုင်သော လက္ခဏာအချို့

0
21994
ရောဂါဖြစ်ပေါ်နိုင်သော လက္ခဏာအချို့

၁။ အပူကြောင့် နှုတ်ခမ်းခြောက်ပြီး အသားပက်တဲ့အခါ

ခြောက်သွေ့တဲ့အသားအရေကြောင့် နှုတ်ခမ်းနေရာတစ်ဝှိုက်မှာ အက်ကြောင်းတွေနဲ့ နှုတ်ခမ်းထောင့်တွေ အက်ကွဲခြင်းဟာ မျက်စိခြောက်သွေ့ခြင်း၊ ပါးစပ်ခြောက်သွေ့ခြင်းနဲ့ အစာခြေစနစ်မှာ ပြဿနာတစ်ခုခုရှိနေတာကြောင့် ဖြစ်ပါတယ်။ ဗီတာမင် B, A နဲ့ E လုံလောက်မှုမရှိတာကို ညွှန်ပြပေးနေတာဖြစ်ပြီး ခန္ဓာကိုယ်ရဲ့ အစိုဓာတ်ကို ထုတ်လုပ်ပေးတဲ့ ဂလင်းထိခိုက်မှုများကြောင့် Autoimmune ရောဂါကို ဖြစ်နိုင်ရှိပါတယ်။

၂။ မျက်ခုံးမွှေးဆုံးရှုံးခြင်း

ယခင်က ထူနေတဲ့ မျက်ခုံးမွှေးလေးက တစ်ဖြေးဖြေးနဲ့ ပါးလာပြီဆိုရင်တော့ သင့်ကျန်းမာရေးအတွက် ရောဂါတစ်ခုခုကို ညွှန်ပြပေးနေတာပဲဖြစ်ပါတယ်။ မျက်ခုံးမွှေးပုံမှန်ထက်ပိုပြီး ဆုံးရှုံးမှုများလာရင် ဆရာဝန်ထံသွားပြီး တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ အဆိုပါ လက္ခဏာရပ်ဟာ သိုင်းရွိုက်လှုပ်ရှားမှု ပုံမှန်မဟုတ်ကြောင်း ဖော်ပြပေးနေတာပဲဖြစ်ပါတယ်။ သိုင်းရွိုင်းဆိုတာ လည်ပင်းနားမှာရှိတဲ့ လိပ်ပြာပုံစံ အကျိတ်အဖုလေးပဲဖြစ်ပါတယ်။ အဆိုပါ သိုင်းရွိုင်းက ခန္ဓာကိုယ်ရဲ့ဇီဝဖြစ်ပျက်မှုတွေကို ထိန်းချုပ်ပေးတဲ့ ဟော်မုန်းကို ထုတ်လုပ်ပေးပါတယ်။ ခန္ဓာကိုယ်ရဲ့ အပူချိန်ကို ထိန်းညှိပေးပြီး ပျက်စီးသွားတဲ့ ဆဲလ်တွေကို ပြန်ပြုပြင်ပေးဖို့ အကူအညီပေးပါတယ်။

၃။ လက်သည်းများပျက်စီးခြင်း/ကျိုးခြင်း

လက်သည်းက ပုံမှန်မဟုတ်ဘဲ အဝါရောင်သမ်းလာခြင်း၊ ပါးလာခြင်း၊ အရောင်ဖျော့ခြင်းဖြစ်ပေါ်တဲ့ လက္ခဏာဟာ ခန္ဓာကိုယ်အတွင်းသွေးအားနည်းခြင်း၊ သံဓာတ်နည်းခြင်း၊ အသည်းနဲ့ အစာအိမ်ပုံမှန်မဟုတ်ခြင်း၊ ဖန်းဂတ်စ်ပိုး ကူးစက်ခြင်း စတဲ့ ရောဂါတွေဖြစ်ဖို့လမ်းညွှန်ပေးနေတာပဲဖြစ်ပါတယ်။ လက်သည်းခွံပေါ်မှာ အဖြူအစက်အပျောက်လေးတွေ ဖြစ်ပေါ်နေရင်တော့ ဇင့်ဓာတ်၊ ကော့ပါးဓာတ်၊ အိုင်အိုဒင်း ဓာတ်မရှိကြောင်း ညွှန်ပြပေးတာဖြစ်ပြီး ဗီတာမင်ဓာတ်၊ ကယ်လစီယမ်ဓာတ်၊ သံဓာတ်၊ beta-carotene တို့ လုံလောက်မှုမရှိတဲ့အခါ လက်သည်း ကျွတ်ဆက်ပြီး ပျက်စီးလွယ်ခြင်းမျိုးကို ဖြစ်ပေါ်စေပါတယ်။

၄။ မျက်နှာနီမြန်းခြင်း

အရက်သောက်ခြင်းကြောင့်၊ နှိပ်နယ်မှုကြောင့်၊ အပူရှိန်ကြောင့် မျက်နှာနီမြန်းခြင်းမျိုးမဟုတ်ဘဲ သဘာဝဇီဝကမ္မပြောင်းလဲမှုကြောင့် သင့်မျက်နှာက အနီရောင်ဖြစ်ပြောင်းလဲသွားရင်တော့ အကြောင်းပြချက်ရှိပါတယ်။ အသက် ၄၀ ကျော်သွားတဲ့ အမျိုးသမီးတွေက သွေးဆုံးခါနီး ဟော်မုန်းပမာဏ ကျဆင်းရင်လည်း ထိုကဲ့သို လက္ခဏာဖြစ်ပေါ်တတ်ပါတယ်။ ထိုလက္ခဏာကြောင့် မဟုတ်ရင်တော့ Demodicosis ရောဂါကူးစက် ခံရတာဖြစ်ပါတယ်။

၅။ ခြေဖနှောင့် ကွဲခြင်း

ခြေထောက်အရေပြားယားယံပြီး ခြေဖနှောင့်အက်ကွဲခြင်းဖြစ်ပေါ်တာဟာ ဖန်းဂတ်စ်ကူးစက်ရောဂါဖြစ်နိုင်ချေရှိပါတယ်။ ဗီတာမင် A, E လုံလောက်မှု မရှိတာကြောင့် အရေပြားခြောက်သွေ့ခြင်းကို ဖြစ်ပေါ်စေပါတယ်။ ခြောက်သွေ့ပြီး ကြမ်းတမ်းတဲ့ အရေပြားတွေဖြစ်ပေါ်တာဟာ ဗီတာမင်လုံလုံလောက်လောက်မရရှိတာကြောင့်ဖြစ်ပြီး ခန္ဓာကိုယ်အတွင်းရှိ ဂရင်းထုတ်လုပ်မှု ပြတ်တောက်ခြင်းကြောင့်လည်း ဒီလို လက္ခဏာတွေဖြစ်ပေါ်တတ်ပါတယ်။

၆။ လက်နဲ့ ခန္ဓာကိုယ် အရေပြားခြောက်သွေ့ခြင်း

အေးခဲတဲ့ ရာသီတွေမှာဆို ခြောက်သွေ့တဲ့ အသားအရေမျိုးကို ဖြစ်ပေါ်တတ်တာကြောင့် အသားအရေစိုပြေစေမဲ့ ခရင်မ်တစ်ခုခုအသုံးပြုခြင်း၊ ရေဓာတ်လုံလုံလောက်လောက်ရရှိအောင် ဂရုစိုက်ခြင်း၊ ဗီတာမင်ကြွယ်ဝအောင် စားသုံးပေးခြင်း စတဲ့ ဂရုစိုက်မှုတွေပြုလုပ်ပေးသင့်ပါတယ်။ ထိုကဲ့သို့ ဂရုစိုက်မှုတွေမရှိရင်တော့ အသားအရေခြောက်သွေ့ပြီး ဆီးချိုးရောဂါနဲ့ Hypothyroidism ရောဂါမျိုးဖြစ်ပေါ်တတ်ပါတယ်။

၇။ ဆံပင်ကျွတ်ခြင်း

ဆံပင်ကျွတ်ခြင်းဟာ မိန်းကလေးတွေအတွက် ပုံမှန်ကိစ္စတစ်ခုလိုဖြစ်နေပေမဲ့ တစ်နေ့ကို အပင် ၁၀၀ ထက်ပိုပြီး ကျွတ်လာရင်တော့ ကျန်းမာရေးထိခိုက်မှုတွေဖြစ်ပေါ်နိုင်ပါတယ်။ စိတ်ဖိစီးမှုများတဲ့အခါ၊ ကိုယ်ဝန်ရတဲ့အခါ၊ ဆေးဝါးအာနိသင် တုံ့ပြန်မှုရှိတဲ့အခါ၊ နေရောင်ခြည်ကုထုံး၊ မျိုးရိုးဗီဇ၊ ဗီတာမင်လုံလောက်မှုမရှိခြင်း စတဲ့ အချက်တွေကြောင့် ဆံပင်ကျွတ်ခြင်းတွေဖြစ်ပေါ်နိုင်ပါတယ်။ သိသိသာသာကြီး ဆံပင်ကျွတ်တာများလာရင် အရေပြားကူးစက်မှုရောဂါ၊ သိုင်းရှိုက်ရောဂါ၊ Autoimmune စတဲ့ ရောဂါတွေဖြစ်နိုင်ခြေရှိပါတယ်။

ဒါ့ကြောင့် သင့်ခန္ဓာကိုယ်ပေါ်မှာ ရောဂါဖြစ်နိုင်ခြေရှိကြောင်း ညွှန်ပြနေတဲ့ လက္ခဏာသေးသေးလေးတွေတွေ့တဲ့အခါ လစ်လျှူရှူမထားသင့်ဘဲ သေချာဂရုစိုက်ဖို့လိုအပ်ပါတယ်။

#Lifestyle_Myanmar

#Thar_Nage

၂မိနစ် အတွင်း အိပ်ပျော်စေတဲ့ အမေရိကန်လေတပ်ရဲ့ အိပ်စက်သည့် နည်းလမ်း

Zawgyi Fonts

ေသခ်ာ ဂ႐ုစိုက္ေပးသင့္တဲ့ ခႏၶာကိုယ္အတြင္း ေရာဂါျဖစ္ေပၚနိုင္ေသာ လကၡဏာအခ်ိဳ႕
၁။ အပူေၾကာင့္ ႏွုတ္ခမ္းေျခာက္ၿပီး အသားပက္တဲ့အခါ
ေျခာက္ေသြ႕တဲ့အသားအေရေၾကာင့္ ႏွုတ္ခမ္းေနရာတစ္ဝွိုက္မွာ အက္ေၾကာင္းေတြနဲ႔ ႏွုတ္ခမ္းေထာင့္ေတြ အက္ကြဲျခင္းဟာ မ်က္စိေျခာက္ေသြ႕ျခင္း၊ ပါးစပ္ေျခာက္ေသြ႕ျခင္းနဲ႔ အစာေျခစနစ္မွာ ျပႆနာတစ္ခုခုရွိေနတာေၾကာင့္ ျဖစ္ပါတယ္။ ဗီတာမင္ B, A နဲ႔ E လုံေလာက္မွုမရွိတာကို ညႊန္ျပေပးေနတာျဖစ္ၿပီး ခႏၶာကိုယ္ရဲ့ အစိုဓာတ္ကို ထုတ္လုပ္ေပးတဲ့ ဂလင္းထိခိုက္မွုမ်ားေၾကာင့္ Autoimmune ေရာဂါကို ျဖစ္နိုင္ရွိပါတယ္။

၂။ မ်က္ခုံးေမႊးဆုံးရွုံးျခင္း
ယခင္က ထူေနတဲ့ မ်က္ခုံးေမႊးေလးက တစ္ေျဖးေျဖးနဲ႔ ပါးလာၿပီဆိုရင္ေတာ့ သင့္က်န္းမာေရးအတြက္ ေရာဂါတစ္ခုခုကို ညႊန္ျပေပးေနတာပဲျဖစ္ပါတယ္။ မ်က္ခုံးေမႊးပုံမွန္ထက္ပိုၿပီး ဆုံးရွုံးမွုမ်ားလာရင္ ဆရာဝန္ထံသြားၿပီး တိုင္ပင္ေဆြးေႏြးသင့္ပါတယ္။ အဆိုပါ လကၡဏာရပ္ဟာ သိုင္းရြိဳက္လွုပ္ရွားမွု ပုံမွန္မဟုတ္ေၾကာင္း ေဖာ္ျပေပးေနတာပဲျဖစ္ပါတယ္။ သိုင္းရြိဳင္းဆိုတာ လည္ပင္းနားမွာရွိတဲ့ လိပ္ျပာပုံစံ အက်ိတ္အဖုေလးပဲျဖစ္ပါတယ္။ အဆိုပါ သိုင္းရြိဳင္းက ခႏၶာကိုယ္ရဲ့ဇီဝျဖစ္ပ်က္မွုေတြကို ထိန္းခ်ဳပ္ေပးတဲ့ ေဟာ္မုန္းကို ထုတ္လုပ္ေပးပါတယ္။ ခႏၶာကိုယ္ရဲ့ အပူခ်ိန္ကို ထိန္းညႇိေပးၿပီး ပ်က္စီးသြားတဲ့ ဆဲလ္ေတြကို ျပန္ျပဳျပင္ေပးဖို႔ အကူအညီေပးပါတယ္။

၃။ လက္သည္းမ်ားပ်က္စီးျခင္း/က်ိဳးျခင္း
လက္သည္းက ပုံမွန္မဟုတ္ဘဲ အဝါေရာင္သမ္းလာျခင္း၊ ပါးလာျခင္း၊ အေရာင္ေဖ်ာ့ျခင္းျဖစ္ေပၚတဲ့ လကၡဏာဟာ ခႏၶာကိုယ္အတြင္းေသြးအားနည္းျခင္း၊ သံဓာတ္နည္းျခင္း၊ အသည္းနဲ႔ အစာအိမ္ပုံမွန္မဟုတ္ျခင္း၊ ဖန္းဂတ္စ္ပိုး ကူးစက္ျခင္း စတဲ့ ေရာဂါေတြျဖစ္ဖို႔လမ္းညႊန္ေပးေနတာပဲျဖစ္ပါတယ္။ လက္သည္းခြံေပၚမွာ အျဖဴအစက္အေပ်ာက္ေလးေတြ ျဖစ္ေပၚေနရင္ေတာ့ ဇင့္ဓာတ္၊ ေကာ့ပါးဓာတ္၊ အိုင္အိုဒင္း ဓာတ္မရွိေၾကာင္း ညႊန္ျပေပးတာျဖစ္ၿပီး ဗီတာမင္ဓာတ္၊ ကယ္လစီယမ္ဓာတ္၊ သံဓာတ္၊ beta-carotene တို႔ လုံေလာက္မွုမရွိတဲ့အခါ လက္သည္း ကၽြတ္ဆက္ၿပီး ပ်က္စီးလြယ္ျခင္းမ်ိဳးကို ျဖစ္ေပၚေစပါတယ္။

၄။ မ်က္ႏွာနီျမန္းျခင္း
အရက္ေသာက္ျခင္းေၾကာင့္၊ ႏွိပ္နယ္မွုေၾကာင့္၊ အပူရွိန္ေၾကာင့္ မ်က္ႏွာနီျမန္းျခင္းမ်ိဳးမဟုတ္ဘဲ သဘာဝဇီဝကမၼေျပာင္းလဲမွုေၾကာင့္ သင့္မ်က္ႏွာက အနီေရာင္ျဖစ္ေျပာင္းလဲသြားရင္ေတာ့ အေၾကာင္းျပခ်က္ရွိပါတယ္။ အသက္ ၄၀ ေက်ာ္သြားတဲ့ အမ်ိဳးသမီးေတြက ေသြးဆုံးခါနီး ေဟာ္မုန္းပမာဏ က်ဆင္းရင္လည္း ထိုကဲ့သို လကၡဏာျဖစ္ေပၚတတ္ပါတယ္။ ထိုလကၡဏာေၾကာင့္ မဟုတ္ရင္ေတာ့ Demodicosis ေရာဂါကူးစက္ ခံရတာျဖစ္ပါတယ္။

၅။ ေျခဖေႏွာင့္ ကြဲျခင္း
ေျခေထာက္အေရျပားယားယံၿပီး ေျခဖေႏွာင့္အက္ကြဲျခင္းျဖစ္ေပၚတာဟာ ဖန္းဂတ္စ္ကူးစက္ေရာဂါျဖစ္နိုင္ေခ်ရွိပါတယ္။ ဗီတာမင္ A, E လုံေလာက္မွု မရွိတာေၾကာင့္ အေရျပားေျခာက္ေသြ႕ျခင္းကို ျဖစ္ေပၚေစပါတယ္။ ေျခာက္ေသြ႕ၿပီး ၾကမ္းတမ္းတဲ့ အေရျပားေတြျဖစ္ေပၚတာဟာ ဗီတာမင္လုံလုံေလာက္ေလာက္မရရွိတာေၾကာင့္ျဖစ္ၿပီး ခႏၶာကိုယ္အတြင္းရွိ ဂရင္းထုတ္လုပ္မွု ျပတ္ေတာက္ျခင္းေၾကာင့္လည္း ဒီလို လကၡဏာေတြျဖစ္ေပၚတတ္ပါတယ္။

၆။ လက္နဲ႔ ခႏၶာကိုယ္ အေရျပားေျခာက္ေသြ႕ျခင္း
ေအးခဲတဲ့ ရာသီေတြမွာဆို ေျခာက္ေသြ႕တဲ့ အသားအေရမ်ိဳးကို ျဖစ္ေပၚတတ္တာေၾကာင့္ အသားအေရစိုေျပေစမဲ့ ခရင္မ္တစ္ခုခုအသုံးျပဳျခင္း၊ ေရဓာတ္လုံလုံေလာက္ေလာက္ရရွိေအာင္ ဂ႐ုစိုက္ျခင္း၊ ဗီတာမင္ႂကြယ္ဝေအာင္ စားသုံးေပးျခင္း စတဲ့ ဂ႐ုစိုက္မွုေတြျပဳလုပ္ေပးသင့္ပါတယ္။ ထိုကဲ့သို႔ ဂ႐ုစိုက္မွုေတြမရွိရင္ေတာ့ အသားအေရေျခာက္ေသြ႕ၿပီး ဆီးခ်ိဳးေရာဂါနဲ႔ Hypothyroidism ေရာဂါမ်ိဳးျဖစ္ေပၚတတ္ပါတယ္။

၇။ ဆံပင္ကၽြတ္ျခင္း
ဆံပင္ကၽြတ္ျခင္းဟာ မိန္းကေလးေတြအတြက္ ပုံမွန္ကိစၥတစ္ခုလိုျဖစ္ေနေပမဲ့ တစ္ေန႔ကို အပင္ ၁၀၀ ထက္ပိုၿပီး ကၽြတ္လာရင္ေတာ့ က်န္းမာေရးထိခိုက္မွုေတြျဖစ္ေပၚနိုင္ပါတယ္။ စိတ္ဖိစီးမွုမ်ားတဲ့အခါ၊ ကိုယ္ဝန္ရတဲ့အခါ၊ ေဆးဝါးအာနိသင္ တုံ႔ျပန္မွုရွိတဲ့အခါ၊ ေနေရာင္ျခည္ကုထုံး၊ မ်ိဳးရိုးဗီဇ၊ ဗီတာမင္လုံေလာက္မွုမရွိျခင္း စတဲ့ အခ်က္ေတြေၾကာင့္ ဆံပင္ကၽြတ္ျခင္းေတြျဖစ္ေပၚနိုင္ပါတယ္။ သိသိသာသာႀကီး ဆံပင္ကၽြတ္တာမ်ားလာရင္ အေရျပားကူးစက္မွုေရာဂါ၊ သိုင္းရွိုက္ေရာဂါ၊ Autoimmune စတဲ့ ေရာဂါေတြျဖစ္နိုင္ေျခရွိပါတယ္။

ဒါ့ေၾကာင့္ သင့္ခႏၶာကိုယ္ေပၚမွာ ေရာဂါျဖစ္နိုင္ေျခရွိေၾကာင္း ညႊန္ျပေနတဲ့ လကၡဏာေသးေသးေလးေတြေတြ႕တဲ့အခါ လစ္လၽွဴရွူမထားသင့္ဘဲ ေသခ်ာဂ႐ုစိုက္ဖို႔လိုအပ္ပါတယ္။

LEAVE A REPLY

Please enter your comment!
Please enter your name here