အမျိုးသမီးအားလုံးသတိထားဖို့လိုအပ်ပါတယ်။
အမျိုးသမီးများဟာ ဆွဲဆောင်မှုရှိနေစေဖို့၊ ဖက်ရှင်ကျနေစေဖို့ဆို အမြဲတမ်းပုံစံမျိုးစုံနဲ့ ရယူကြပါတယ်။ ဒါပေမယ့် တစ်ချို့အရာတွေက ကျန်းမာရေးကို ထိခိုက်နိုင်လို့ သတိနှင့်ရှောင်ကြဉ်သင့်ပါတယ်။ ဖက်ရှင်လုပ်ငန်းတွေက ထုတ်လုပ်တဲ့အဝတ်အစားများက များသောအားဖြင့် ခေတ်ရေစီးကြောင်းနဲ့ ကိုက်ညီပါတယ်။ ဒါပေမယ့် သူတို့အမှန်တကယ် ဘာနဲ့လုပ်ထားတယ်ဆိုတာ ဘယ်သူမှမသိပါဘူး။ Tyrone Escoto ဟာ ကင်ဆာဖြစ်စေနိုင်တဲ့ ဘရာတွေအကြောင်းကို Upsocl ဝက်ဆိုဒ်ပေါ်မှာတင်ထားတာကို ဖတ်ပြီး အံ့အားသင့်ခဲ့ပါတယ်။ စာသားအရ ဒီဘရာဇီယာတွေမှာ အဖြူရောင်သေးငယ်တဲ့ ဘောလုံးလေးတွေ ထည့်ထားပြီး ဆီလီကွန်ကဲ့သို့ အရည်ဖြည့်ထားတဲ့ အိတ်တွေ ပါဝင်ပါတယ်။
စာရေးသူက သူရှာဖွေတွေ့ရှိခဲ့တဲ့အကြောင်းကို ဒီလိုပြောထားပါတယ်။
“ဒီ Facebook video မှာ ဘရာအတွင်းပိုင်းကို ပြသထားပါတယ်။ ဒါက ထိတ်လန့်စရာတစ်ခုပါပဲ။ ဒါက တကယ်အမှန်ပါ။ ကျွန်မတို့ ဝတ်ဆင်တဲ့ ဘရာစီယာမှာ ဒီဘောလုံးလေးတွေရှိတာနဲ့ ပတ်သတ်ပြီး ကျွန်မတွေ့ရတယ်။ အချိန်တိုင်း စစ်ဆေးနေရတော့မယ်လို့ ကျွန်မသတိပြုမိတယ်။”
Tyrone ဟာ သူ့ရည်းစားရဲ့ဘရာတွေကို စိတ်ချရလားဆိုတာ သေချာသိချင်ခဲ့တာကြောင့် ဖွင့်ပြီး စစ်ဆေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ သူဟာ ဒီတူညီတဲ့ ပလတ်စတစ်အိတ်တွေကို သူ့ချစ်သူရဲ့ အဝတ်အစားတွေထဲမှာ တကယ်တွေ့ရှိခဲ့ပါတယ်။
သူတုန်လှုပ်သွားခဲ့ပြီး ဒီအကြောင်းကို တခြားအမျိုးသမီးတွေကို သတိပေးဖို့ ဗီဒီယိုတစ်ခု မှတ်တမ်းတင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။
Tyrone Escoto ရေးသားထားတာတော့ ” ကင်ဆာဖြစ်စေနိုင်တဲ့ ဘရာစီယာအကြောင်း ငါ့newefeed မှာ ကြည့်ခဲ့ရတယ်။ ဒါကို ငါစိုးရိမ်ခဲ့ပါတယ်။ ငါ့ရည်းစားကို ပြောပြခဲ့ပြီး သူမကို ဒီအကြောင်း ပြသခဲ့ပါတယ်။ သူမရဲ့ဘရာကို ယူပြီး ကြည့်ခဲ့တဲ့အခါ သေးငယ်တဲ့အိတ်တွေကို ငါတွေ့ခဲ့တယ်။ သူမ ဒါကို တစ်ကြိမ်ပဲ ဝတ်ရသေးပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေအတွက် စိုးရိမ်ပူပန်မိပါတယ်။ ဘရာစီယာကုမ္ပဏီကို ထိခိုက်စေလိုတဲ့ ရည်ရွယ်ချက် ငါ့မှာ မရှိပါဘူး။ လူတွေကို သတိပေးချင်တာပါ။ အရည်အတွင်းထဲမှာ ဘရာကိုနှိပ်နယ်တဲ့ ဘောလုံးလေးတွေ ရှိပါတယ်။ ဒီအရည်က အန္တရာယ်များလွန်းပါတယ်။ ဒီပို့စ်ကို ရှယ်ပေးပါ” လို့ရေးသားထားပါတယ်။
Thanh Nien သတင်းတွေရဲ့အဆိုအရ ဒီဘရာစီယာတွေကို တရုတ်မှာ လုပ်ပါတယ်။ ပလတ်စတစ်ဆာဂျရီ မလုပ်ဘဲ ရင်သားပိုကြီးစေအောင် ရည်ရွယ်တယ်လို့ သိရပါတယ်။ အရည်အတွင်းက ဒီသေးငယ်တဲ့ ဘောလုံးလေးတွေဟာ နှိပ်နယ်တဲ့ function ကိုပေးစွမ်းပါတယ်။
သို့သော်လည်း ပြဿနာက ဒီပလတ်စတစ်ဘောလုံးလေးတွေ မဟုတ်ဘဲ ဆီလီကွန်ကဲ့သို့ အရည်ထဲမှာ ဖြစ်ပါတယ်။ ဒီအရည်ကို petroleum ကရရှိတဲ့ mineral oil နှင့် ပြုလုပ်ထားတာဖြစ်ပါတယ်။ ဒီဗီဒိယိုထဲမှာ Tyrone က ဘရာစီယာ အတွင်းပိုင်းက အန္တရာယ်ကို ပြသထားပါတယ်။
ဒီပစ္စည်းတွေထဲမှာ ကင်ဆာရောဂါတွေကို ဖြစ်စေတဲ့ polycyclic aromatic hydrocarbons, such as anthracene, benzopyrene, chrysene, coronene, tetracene, phenanthrene, pyrene, pentacene,နှင့် ovalene ကဲ့သို့ ညစ်ညမ်းစေတဲ့အရာတွေ ပါဝင်နိုင်ပါတယ်။
#Lifestyle_Myanmar
#TB_Nandar
Source-fabiosa