သူ့ရဲ့ စျာပနအခမ်းအနားမှာ ဖွင့်ဖို့ နှုတ်ဆက်စကား ကြိုတင်သွင်းထားခဲ့တဲ့ အိုင်ယာလန်အမျိုးသား

0
110

လူအများစုအတွက် အသုဘဆိုတာ နောက်ပြောင်နေရမယ့်အချိန်မဟုတ်သလို အလေးအနက်ထားရမယ့်အချိန်၊ ဝမ်းနည်းအားငယ်ပြီး ပူဆွေးသောကရောက်နေရတဲ့ အချိန် ဖြစ်ပါတယ်။ သို့သော် အသုဘအခမ်းအနားကို မျက်ရည်တွေကတဆင့် ရယ်မောရတဲ့အချိန် ၊ ငါတို့ဆုံးရှုံးခဲ့တဲ့သူတစ်ယောက်ရဲ့ ဘဝကို အောက်မေ့အမှတ်ရပြီး အထိမ်းအမှတ်ကျင်းပဖိ့ အချိန်ကောင်းဖြစ်သင့်တယ်လို့ ယုံကြည်သူတွေ ရှိကြပါတယ်။ ဒီလိုယုံကြည်ချက်ရှိသူများတွေ အမှန်တကယ် ရှိခဲ့ကြပါတယ်။

မကြာသေးခင်က အိုင်ယာလန်အမျိုးသားတစ်ယောက်ရဲ့ စျာပနအခမ်းအနားကို ရိုက်ကူးထားတဲ့ ဗီဒီယိုတစ်ခု ပျံ့နှံ့ခဲ့ပါတယ်။ မိသားစုနှင့် သူငယ်ချင်းတွေဟာ အခေါင်းပတ်ပတ်လည်မှာ စုရုံးရောက်ရှိပြီး မြေချတဲ့အချိန်မှာ တွင်းထဲကနေ “ဟယ်လို”ဆိုတဲ့ အသံ ရုတ်တရက်အသံထွက်လာခဲ့ပါတယ်။

ကွယ်လွန်သူ Shayရဲ့ ဇနီးဖြစ်တဲ့ Anne Bradleyက အသုဘအခမ်းအနားမတိုင်ခင် တစ်နှစ်လောက်ထဲက မှတ်တမ်းတင်ခဲ့တာဖြစ်ကြောင်း ရှင်းပြခဲ့ပါတယ်။ သူ့စျာပနအခမ်းအနားမတိုင်ခင် တစ်ရက်အလိုမှာ အသံသွင်းထားတဲ့အကြောင်း ကျွန်မသားက ကျွန်မကို ပြောပါတယ် လို့ Anneက ပြောပြပါတယ်။ အနီးစပ်ဆုံး မိသားစုကသာ မှတ်တမ်းတင်ထားတာကို သတိပြုမိကြောင်း ရှင်းပြပါတယ်။

bagpipes တီးမှုတ်သံတွေ တဖြည်းဖြည်း ဝေးသွားတာနှင့်အမျှ “ငါ့ကို ထွက်ခွင့်ပေးပါ၊ ဒီမှာ မှောင်နေတယ်” ဆိုတဲ့ အသံဆက်ထွက်လာပါတယ်။ အစပိုင်းမှာ လူတွေက ဘာဖြစ်နေတာလဲဆိုတာကို ရောထွေးနေပုံရပါတယ်။ ဒါပေမယ့် မကြာခင်မှာ အကြောင်းရင်းကိုသိပြီး ရယ်မောလာကြပါတယ်။

ဒီဗီဒီယိုကို ကွယ်လွန်သူရဲ့ သမီးဖြစ်တဲ့ Andrea Bradley ကမျှဝေခဲ့ပါတယ်။ ကျွန်မအဖေက အမြဲတမ်းနောက်ပြောင်တဲ့သူဖြစ်ပါတယ်။ ငါတို့လိုအပ်တဲ့အချိန်မှာပဲ ငါတို့အားလုံး ရယ်မောပေးခဲ့ကြပါတယ်။ အဖေ့ကို ထာဝရ ချစ်နေမယ် လို့သူမရဲ့ ဖေ့စ်ဘွတ်ခ်ပေါ်မှာ ဗီဒီယိုနှင့်တစ်ကွ တင်ခဲ့ပါတယ်။

Shay က လူနောက်တစ်ယောက်ဖြစ်ပြီး အမြဲတမ်း ဘောင်အပြင်ဘက်နေ တွေးတတ်သူပါ။ သူမိသားစုကို ရယ်ရယ်မောမောနဲ့ ထွက်ခွာသွားချင်ခဲ့သူပါလို့ ထိုလူရဲ့ ဇနီးက ရှင်းပြခဲ့ပါတယ်၊

Lifestyle_Myanmar

LM_Namdar

ZawGyi

သူ႔ရဲ႕ စ်ာပနအခမ္းအနားမွာ ဖြင့္ဖို႔ ႏႈတ္ဆက္စကား ႀကိဳတင္သြင္းထားခဲ့တဲ့ အိုင္ယာလန္အမ်ိဳးသား

လူအမ်ားစုအတြက္ အသုဘဆိုတာ ေနာက္ေျပာင္ေနရမယ့္အခ်ိန္မဟုတ္သလို အေလးအနက္ထားရမယ့္အခ်ိန္၊ ဝမ္းနည္းအားငယ္ၿပီး ပူေဆြးေသာကေရာက္ေနရတဲ့ အခ်ိန္ ျဖစ္ပါတယ္။ သို႔ေသာ္ အသုဘအခမ္းအနားကို မ်က္ရည္ေတြကတဆင့္ ရယ္ေမာရတဲ့အခ်ိန္ ၊ ငါတို႔ဆုံးရႈံးခဲ့တဲ့သူတစ္ေယာက္ရဲ႕ ဘဝကို ေအာက္ေမ့အမွတ္ရၿပီး အထိမ္းအမွတ္က်င္းပဖိ့ အခ်ိန္ေကာင္းျဖစ္သင့္တယ္လို႔ ယုံၾကည္သူေတြ ရွိၾကပါတယ္။ ဒီလိုယုံၾကည္ခ်က္ရွိသူမ်ားေတြ အမွန္တကယ္ ရွိခဲ့ၾကပါတယ္။

မၾကာေသးခင္က အိုင္ယာလန္အမ်ိဳးသားတစ္ေယာက္ရဲ႕ စ်ာပနအခမ္းအနားကို ႐ိုက္ကူးထားတဲ့ ဗီဒီယိုတစ္ခု ပ်ံ႕ႏွံ႔ခဲ့ပါတယ္။ မိသားစုႏွင့္ သူငယ္ခ်င္းေတြဟာ အေခါင္းပတ္ပတ္လည္မွာ စု႐ုံးေရာက္ရွိၿပီး ေျမခ်တဲ့အခ်ိန္မွာ တြင္းထဲကေန “ဟယ္လို”ဆိုတဲ့ အသံ ႐ုတ္တရက္အသံထြက္လာခဲ့ပါတယ္။

ကြယ္လြန္သူ Shayရဲ႕ ဇနီးျဖစ္တဲ့ Anne Bradleyက အသုဘအခမ္းအနားမတိုင္ခင္ တစ္ႏွစ္ေလာက္ထဲက မွတ္တမ္းတင္ခဲ့တာျဖစ္ေၾကာင္း ရွင္းျပခဲ့ပါတယ္။ သူ႔စ်ာပနအခမ္းအနားမတိုင္ခင္ တစ္ရက္အလိုမွာ အသံသြင္းထားတဲ့အေၾကာင္း ကြၽန္မသားက ကြၽန္မကို ေျပာပါတယ္ လို႔ Anneက ေျပာျပပါတယ္။ အနီးစပ္ဆုံး မိသားစုကသာ မွတ္တမ္းတင္ထားတာကို သတိျပဳမိေၾကာင္း ရွင္းျပပါတယ္။

bagpipes တီးမႈတ္သံေတြ တျဖည္းျဖည္း ေဝးသြားတာႏွင့္အမွ် “ငါ့ကို ထြက္ခြင့္ေပးပါ၊ ဒီမွာ ေမွာင္ေနတယ္” ဆိုတဲ့ အသံဆက္ထြက္လာပါတယ္။ အစပိုင္းမွာ လူေတြက ဘာျဖစ္ေနတာလဲဆိုတာကို ေရာေထြးေနပုံရပါတယ္။ ဒါေပမယ့္ မၾကာခင္မွာ အေၾကာင္းရင္းကိုသိၿပီး ရယ္ေမာလာၾကပါတယ္။

ဒီဗီဒီယိုကို ကြယ္လြန္သူရဲ႕ သမီးျဖစ္တဲ့ Andrea Bradley ကမွ်ေဝခဲ့ပါတယ္။ ကြၽန္မအေဖက အၿမဲတမ္းေနာက္ေျပာင္တဲ့သူျဖစ္ပါတယ္။ ငါတို႔လိုအပ္တဲ့အခ်ိန္မွာပဲ ငါတို႔အားလုံး ရယ္ေမာေပးခဲ့ၾကပါတယ္။ အေဖ့ကို ထာဝရ ခ်စ္ေနမယ္ လို႔သူမရဲ႕ ေဖ့စ္ဘြတ္ခ္ေပၚမွာ ဗီဒီယိုႏွင့္တစ္ကြ တင္ခဲ့ပါတယ္။ Shay က လူေနာက္တစ္ေယာက္ျဖစ္ၿပီး အၿမဲတမ္း ေဘာင္အျပင္ဘက္ေန ေတြးတတ္သူပါ။ သူမိသားစုကို ရယ္ရယ္ေမာေမာနဲ႔ ထြက္ခြာသြားခ်င္ခဲ့သူပါလို႔ ထိုလူရဲ႕ ဇနီးက ရွင္းျပခဲ့ပါတယ္၊

Lifestyle_Myanmar

LM_Namdar

LEAVE A REPLY

Please enter your comment!
Please enter your name here