Home General Knowledge သူ့တို့ကို ခြေထောက်နဲ့ကန်တဲ့ ကားပိုင်ရှင်ကို Suprise လုပ်ပေးလိုက်တဲ့ ခွေးလေးတွေ

သူ့တို့ကို ခြေထောက်နဲ့ကန်တဲ့ ကားပိုင်ရှင်ကို Suprise လုပ်ပေးလိုက်တဲ့ ခွေးလေးတွေ

0
1747
ခွေး
ခွေး

ခွေးဆိုတဲ့ သတ္တဝါမျိုးဟာ သူတို့ကို ရန်မမူရင် သူတို့ဘက်ကလည်း ရန်ပြန်မမူတတ်တဲ့သူမျိုးဖြစ်ပြီး များသောအားဖြင့် သူတို့ပါသာ သူတို့ အေးအေးဆေးဆေးနေတတ်ကြတဲ့ သူတွေဖြစ်ပါတယ်။ ယခုအဖြစ်အပျက်လေးမှာလည်း တရုတ်နိုင်ငံ ချုံကင်းမြို့ရဲ့ ကားပါကင်နေရာမှာဖြစ်ပွားခဲ့တဲ့ အဖြစ်အပျက်လေးပဲဖြစ်ပါတယ်။

အဆိုပါ ကားပါကင်နေရာမှာ ကားထားစရာ နေရာအများကြီးရှိပေမဲ့ ကားပိုင်ရှင်ဟာ ခွေးတွေက အိပ်ပျော်နေတဲ့နေရာကို သွားပြီး ကားပါကင်ထိုးခဲ့ပါတယ်။ သူတို့ အိပ်နေတဲ့နေရာမှာ ကားပါကင်ထိုးတဲ့အပြင် သူတို့ကိုလည်း ကားပိုင်ရှင်က ခြေထောက်နဲ့ ကန်ခဲ့ပါသေးတယ်။ ဒီလို အပြုအမူတွေကြောင့် ခွေးတွေက လက်စားချေဖို့ အစီအစဥ်ထားထားပုံရပါတယ်။

ကားပိုင်ရှင်က သူလိုချင်တဲ့ ကားပါကင်နေရာရသွားတဲ့အခါ ကားကိုစိတ်ချလက်ချထားသွားခဲ့ပါတယ်။ အဲ့ဒီအချိန်မှာတော့ ခွေးဟာ သူ့ရဲ့ကားကို မှတ်ထားပြီး သူတို့ရဲ့ အပေါင်းအပါတွေက ခေါ်လာကာ ကားကို စတင်တိုက်ခိုက်ပါတော့တယ်။ သွားနဲ့ ကိုက်လို့ရတဲ့ ကားရဲ့ အအောက်ခြေနေရာတွေ၊ အရှေ့မှန်မှာတပ်ဆင်ထားတဲ့ Wiper တွေကိုကိုက်ဖြတ်ပြီး လက်သည်းတွေ နဲ့ပါ ကုတ်ခြစ်ခဲ့ပါတယ်။

ဒီအဖြစ်အပျက်ကို မြင်တဲ့ အနီးအနားက လူတွေဟာ မှတ်တမ်းတင် ဗီဒီယိုတွေ ရိုက်ခဲ့ပြီး အဆိုပါခွေးအုပ်စုဟာ သာမန်လိုမဟုတ်ဘဲ တစ်ခုခုကို ရန်လိုနေတဲ့ပုံစံဖြစ်နေတာကြောင့် သွားပြီးလည်း မမောင်းထုတ်ရဲဘူးလို့ ဆိုပါတယ်။ ဒီခွေးတွေဟာတကယ့်ကို ယဥ်ပါးပြီး သူတို့ပြုလုပ်နေတာ ကားပိုင်ရှင်အတွက် ဘယ်လောက်ပျက်စီးဆုံးရှုံးမှုရှိနေသလဲဆိုတာကအစ သိနေသလိုပါပဲ။

ဒီလူနဲ့ပတ်သတ်ပြီးလည်း တကယ့်ကို အာရုံစိုက်ထားပုံရပါတယ်။ ပုံတွေကို ကြည့်ခြင်းဖြင့် သူတို့အုပ်စုမှာ ကားကို ဖျက်ဆီးတဲ့သူက ဖျက်ဆီးပြီး တစ်ယောက်ယောက် လာမှာကိုလည်း စောင့်ကြည့်တဲ့သူက စောင့်ကြည့်နေပါတယ်။ နောက်နေ့ မနက် ကားပိုင်ရှင်ပြန်လာတဲ့အခါမှာတော့ လုံးဝကို မယုံကြည်နိုင်လောက်အောင်ဖြစ်သွားခဲ့ပါတယ်။

ခွေးတွေရဲ့ လက်ချက်ဆိုတာ သတိထားမိသွားပြီး ခွေးကို သူဘာလုပ်ခဲ့မိသလဲဆိုတာ ပြန်စဥ်းစားပြီးနောက်မှာတော့ သူ့အနေနဲ့ နောက်ဆို တိရိစ္ဆာန်တွေရဲ့ ခံစားချက်ကို နားလည်ပေးဖို့ရယ်၊ ကိုယ့်ဘက်ကစပြီး ရန်မမူဖို့ရယ် သတိထားဆင်ခြင်ရမယ်လို့ ဆိုပါတယ်။

#Lifestyle_Myanmar

#Thar_Nage

မြွေဟောက်ရန်ကနေ ကာကွယ်ရင်း သခင့်အတွက် အသက်ပေးသွားတဲ့ ခွေးလေး

Zawgyi font

သူ႔တို႔ကို ေျခေထာက္နဲ႔ကန္တဲ့ ကားပိုင္ရွင္ကို Suprise လုပ္ေပးလိုက္တဲ့ ေခြးေလးေတြ
ေခြးဆိုတဲ့ သတၱဝါမ်ိဳးဟာ သူတို႔ကို ရန္မမူရင္ သူတို႔ဘက္ကလည္း ရန္ျပန္မမူတတ္တဲ့သူမ်ိဳးျဖစ္ၿပီး မ်ားေသာအားျဖင့္ သူတို႔ပါသာ သူတို႔ ေအးေအးေဆးေဆးေနတတ္ၾကတဲ့ သူေတြျဖစ္ပါတယ္။ ယခုအျဖစ္အပ်က္ေလးမွာလည္း တ႐ုတ္နိုင္ငံ ခ်ဳံကင္းၿမိဳ႕ရဲ့ ကားပါကင္ေနရာမွာျဖစ္ပြားခဲ့တဲ့ အျဖစ္အပ်က္ေလးပဲျဖစ္ပါတယ္။

အဆိုပါ ကားပါကင္ေနရာမွာ ကားထားစရာ ေနရာအမ်ားႀကီးရွိေပမဲ့ ကားပိုင္ရွင္ဟာ ေခြးေတြက အိပ္ေပ်ာ္ေနတဲ့ေနရာကို သြားၿပီး ကားပါကင္ထိုးခဲ့ပါတယ္။ သူတို႔ အိပ္ေနတဲ့ေနရာမွာ ကားပါကင္ထိုးတဲ့အျပင္ သူတို႔ကိုလည္း ကားပိုင္ရွင္က ေျခေထာက္နဲ႔ ကန္ခဲ့ပါေသးတယ္။ ဒီလို အျပဳအမူေတြေၾကာင့္ ေခြးေတြက လက္စားေခ်ဖို႔ အစီအစဥ္ထားထားပုံရပါတယ္။

ကားပိုင္ရွင္က သူလိုခ်င္တဲ့ ကားပါကင္ေနရာရသြားတဲ့အခါ ကားကိုစိတ္ခ်လက္ခ်ထားသြားခဲ့ပါတယ္။ အဲ့ဒီအခ်ိန္မွာေတာ့ ေခြးဟာ သူ႔ရဲ့ကားကို မွတ္ထားၿပီး သူတို႔ရဲ့ အေပါင္းအပါေတြက ေခၚလာကာ ကားကို စတင္တိုက္ခိုက္ပါေတာ့တယ္။ သြားနဲ႔ ကိုက္လို႔ရတဲ့ ကားရဲ့ အေအာက္ေျခေနရာေတြ၊ အေရွ႕မွန္မွာတပ္ဆင္ထားတဲ့ Wiper ေတြကိုကိုက္ျဖတ္ၿပီး လက္သည္းေတြ နဲ႔ပါ ကုတ္ျခစ္ခဲ့ပါတယ္။

ဒီအျဖစ္အပ်က္ကို ျမင္တဲ့ အနီးအနားက လူေတြဟာ မွတ္တမ္းတင္ ဗီဒီယိုေတြ ရိုက္ခဲ့ၿပီး အဆိုပါေခြးအုပ္စုဟာ သာမန္လိုမဟုတ္ဘဲ တစ္ခုခုကို ရန္လိုေနတဲ့ပုံစံျဖစ္ေနတာေၾကာင့္ သြားၿပီးလည္း မေမာင္းထုတ္ရဲဘူးလို႔ ဆိုပါတယ္။ ဒီေခြးေတြဟာတကယ့္ကို ယဥ္ပါးၿပီး သူတို႔ျပဳလုပ္ေနတာ ကားပိုင္ရွင္အတြက္ ဘယ္ေလာက္ပ်က္စီးဆုံးရွုံးမွုရွိေနသလဲဆိုတာကအစ သိေနသလိုပါပဲ။

ဒီလူနဲ႔ပတ္သတ္ၿပီးလည္း တကယ့္ကို အာ႐ုံစိုက္ထားပုံရပါတယ္။ ပုံေတြကို ၾကည့္ျခင္းျဖင့္ သူတို႔အုပ္စုမွာ ကားကို ဖ်က္ဆီးတဲ့သူက ဖ်က္ဆီးၿပီး တစ္ေယာက္ေယာက္ လာမွာကိုလည္း ေစာင့္ၾကည့္တဲ့သူက ေစာင့္ၾကည့္ေနပါတယ္။ ေနာက္ေန႔ မနက္ ကားပိုင္ရွင္ျပန္လာတဲ့အခါမွာေတာ့ လုံးဝကို မယုံၾကည္နိုင္ေလာက္ေအာင္ျဖစ္သြားခဲ့ပါတယ္။

ေခြးေတြရဲ့ လက္ခ်က္ဆိုတာ သတိထားမိသြားၿပီး ေခြးကို သူဘာလုပ္ခဲ့မိသလဲဆိုတာ ျပန္စဥ္းစားၿပီးေနာက္မွာေတာ့ သူ႔အေနနဲ႔ ေနာက္ဆို တိရိစၧာန္ေတြရဲ့ ခံစားခ်က္ကို နားလည္ေပးဖို႔ရယ္၊ ကိုယ့္ဘက္ကစၿပီး ရန္မမူဖို႔ရယ္ သတိထားဆင္ျခင္ရမယ္လို႔ ဆိုပါတယ္။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here