သူ့စက်ဘီးနဲ့ တိုက်မိလို့ သေသွားတဲ့ ကြက်လေးကိုဆေးရုံမှာ ဆေးကုပေးဖို့ အကူအညီလာတောင်းတဲ့ကလေးလေး

0
97
Derek C Lalchhanhima
Derek C Lalchhanhima

မကြာသေးမှီက အိန္ဒိယနိုင်ငံ Sairang ပြည်နယ် Mizoram မှာ အသက် ၆နှစ်အရွယ် Derek C Lalchhanhima ဆိုတဲ့ကလေးငယ်တစ်ယောက်ဟာ ဒဏ်ရာ ရထားတဲ့ ကြက်သားပေါက်လေးကို ကိုင်ပြီး ဆေးရုံမှာ ဆေးကုသဖို့ ခံယူပေးဖို့ အကူအညီလာတောင်းခဲ့ပါတယ်။ ထိုကလေးလေးဟာ စက်ဘီးနင်းရင် မတော်တဆ ကြက်သားပေါက်လေးကို စက်ဘီးနဲ့ တက်ကြိတ်မိခဲ့ပါတယ်။ ဒါကြောင့် သူဟာ အနီးအနားမှာရှိတဲ့ ဆေးရုံကို အပြေးသွားပြီး သူမှာ ပါလာတဲ့ ရူပီ ၁၀နဲ့ ဆေးကုပေးပါလို့ အကူအညီလာတောင်းခဲ့တာဖြစ်ပါတယ်။ ကလေးလေးရဲ့ ပုံစံဟာ သူ့ကြောင့် ဒီကြက်လေး အနာတရဖြစ်သွားတာကို အရမ်းကိုစိတ်မကောင်းဖြစ်နေပုံရပါတယ်။

ဖခင်ဖြစ်သူရဲ့ ပြောဆိုချက်အရ Derek လေးဟာ စက်ဘီးစီးနေရင် အိမ်အနီးနားက ကြက်ပေါက်ကလေးကို မတော်တဆ စက်ဘီးနဲ့ ကြိတ်မိခဲ့တာဖြစ်ပါတယ်။ သူ့ကြောင့် သေသွားမှန်းကို နားမလည်တဲ့ Derek လေးဟာ ထိုကြက်ပေါက်လေးကို ကိုင်ပြီး မိဘတွေကို ဆေးရုံပို့ပေးဖို့ အကူအညီတောင်းခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ ဖခင်ဖြစ်သူကလည်း ဆေးကုသဖို့ဆို ဆေးရုံကို မင်းကိုယ်တိုင်သွားပြဆိုပြီး ရူပီ ၁၀ ပေးပြီး ဆေးရုံကို လွတ်လိုက်ပါတယ်။ ဒါနဲ့ Derek လေးဟာ ပိုက်ဆံကိုယူပြီး သေသွားတဲ့ ကြက်ပေါက်လေးကို ဆေးကုသဖို့ အနီးနားရှိ ဆေးရုံကို ရောက်လာခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနောက် အိမ်ပြန်ရောက်တဲ့အခါ Derek လေးဟာ သူ့ရဲ့ မိဘတွေကို ဝမ်းနည်းစွာနဲ့ ဆေးရုံက ကြက်လေးကို ဆေးမကုပေးဘဲ ဓာတ်ပုံပဲ ရိုက်ပြီး သူ့ကို ပြန်လွတ်ပေးလိုက်တယ်လို့ ဆိုပါတယ်။

၆နှစ်သာရှိသေးတဲ့ Derek လေးဟာ ရိုးရှင်းပြီး အရမ်းကို သနားကြင်နာတတ်တဲ့ စိတ်ထားလေးကို ပိုင်ဆိုင်ထားလို့ သူ့ရဲ့ အဖြစ်အပျက်လေးကို ပုံနဲ့အတူ အွန်လိုင်းမှာ တင်လိုက်တဲ့အခါ လူတွေအားလုံးက တာဝန်သိတတ်တဲ့သူလေးဆိုပြီး ဝိုင်းဝန်းချီးကျူနေကြပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းမှာတော့ သူ့ရဲ့ သနားကြင်နာတတ်တဲ့ စိတ်ဓာတ်လေးကို ချီးကျူးဂုဏ်ပြုတဲ့အနေနဲ့ သူတက်ရောက်နေတဲ့ ကျောင်းက ဂုဏ်ပြုလက်မှန်လေး ချီးမြှင့်ခဲ့ပါတယ်။

#Lifestyle_Myanmar

#Thar_Nage

မြက်ပင်ကို အသုံးပြုပြီး ပလတ်စတစ်အန္တရာယ်ကိုလျော့ချနေတဲ့ ဗီယမ်နမ်နိုင်ငံသား

Zawgyi font




LEAVE A REPLY

Please enter your comment!
Please enter your name here