အထင်ကြီးစရာကောင်းတဲ့သူတစ်ယောက် ဖြစ်လာဖို့ဆိုတာ ကိုယ့်ရဲ့အပြုအမူ၊ အနေအထိုင်နဲ့ ကိုယ့်လုပ်ရပ်တွေပေါ်မှာပဲ မူတည်ပါတယ်။ သူများအထင်ကြီးခံရတာနဲ့ ထိုက်တန်တယ်ဆိုတာ ကောင်းတဲ့ကိစ္စတစ်ခုပဲလေ။ ဒါကြောင့် အထင်ကြီးစရာကောင်းတဲ့သူတစ်ယောက် ဖြစ်လာစေဖို့ လုပ်ဆောင်ရမယ့်အချက် (၅) ချက်ကို မျှဝေပေးလိုက်ပါတယ်။
ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိရပါမယ်။
ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိတဲ့သူတစ်ယောက်ဟာ သူများထက်ပိုပြီး ဆွဲဆောင်မှုရှိပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိအောင် အမြဲနေထိုင်ပါ။ ယုံကြည်မှုရှိနေတာနဲ့ မာနကြီးတာနဲ့က မတူပါဘူး။ ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိနေတဲ့သူတစ်ယောက်က ကြည့်လိုက်တာနဲ့တင် အရမ်းမိုက်ပြီး ဆွဲဆောင်မှုရှိပါတယ်။

အရာရာကိုသိတဲ့သူတစ်ယောက်ဖြစ်ရပါမယ်။
အရာရာကို သိဖို့တတ်ဖို့ဆိုတာ ကိုယ်တိုင်လည်း ကြိုးစားမှဖြစ်လာမှာပါ။ အရာရာကို လေ့လာပြီး စာများများဖတ်ရင် ဘယ်အရာမဆိုသိတဲ့ သူတစ်ယောက်ဖြစ်လာမှာပါ။ အင်တာနက်ဖွင့်လိုက်ပြီဆိုထဲက ဖေ့ဘွတ်ပဲသုံးနေတာမျိုးမလုပ်ပဲ အင်တာနက်ကနေ ဗဟုသုတရမယ့်အရာတွေကို ရှာဖွေလေ့လာပါ။ ကိုယ်လေ့လာရင် လေ့လာသလောက် ကိုယ့်အတွက် အကြိုးရှိပါတယ်။

အလုပ်ကြိုးကြိုးစားစားလုပ်တဲ့သူ ဖြစ်ရပါမယ်။
အလုပ်အရမ်းကြိုးစားတဲ့သူကို လူတိုင်းကအထင်ကြီးပါတယ်။ အသက်ငယ်ငယ်လေးနဲ့ အလုပ်ကြိုးစားပြီး လစာကောင်းကောင်းရနေရင် ပိုပြီးတောင် အထင်ကြီးကြပါတယ်။ လုပ်ငန်းခွင်ကိုစောစောဝင်လေ ကိုယ့်အတွက် အတွေ့အကြုံတွေရပြီး တက်လမ်းတွေရှိလေပါပဲ။ အလုပ်တစ်ခုနဲ့လည်း ငြိမ်မနေပဲ တက်လမ်းရှိမယ့်အလုပ်တွေကို အမြဲရှာပြီး ပိုကောင်းတဲ့နေရာကိုသွားဖို့ပဲ ကြိုးစားပါ။

သွက်သွက်လတ်လတ်ရှိရပါမယ်။
စပ်စလူးထတာနဲ့ သွက်လတ်မှုရှိတာ မတူပါဘူး။ သွက်သွက်လတ်လတ်ရှိတဲ့ သူတစ်ယောက်ကို လူတိုင်းက သဘောကျပါတယ်။ အလုပ်မှာဆိုလည်း သွက်သွက်လတ်လတ်ရှိတဲ့သူကိုပဲ အားလုံးကသဘောကျတာပါ။ ဒါကြောင့် ဘယ်လိုနေရာမျိုးမှာပဲဖြစ်ဖြစ် သွက်သွက်လတ်လတ်နေထိုင်ပါ။

သပ်သပ်ရပ်ရပ်နေဖို့လိုပါမယ်။
လူတစ်ယောက်က ရုပ်လှဖို့မလိုပါဘူး။ စိတ်ထားကောင်းပြီး နေတာထိုင်တာ၊ ဝတ်တာစားတာ သပ်သပ်ရပ်ရပ်ရှိရင် ရပါပြီ။ ယောင်္ကျားလေးပဲဖြစ်ဖြစ်၊ မိန်းကလေးပဲဖြစ်ဖြစ် သပ်သပ်ရပ်ရပ်နဲ့ လှလှပပနေဖို့ လိုပါတယ်။ လူတစ်ယောက်ကို အဝတ်အစားကလည်း ပြောင်းလဲစေပါတယ်။ ဒါကြောင့် အဝတ်အစားကိုလည်း အမြဲတမ်းသပ်သပ်ရပ်ရပ်နဲ့ လှလှပပဝတ်ဆင်ပါ။ ပြီးရင် အချိန်တိုင်းလှနေအောင် အမြဲပြင်ဆင်နေပါ။

Lifestyle_Myanmar
ref-ideas.ted