သူမုန်းတဲ့ အဝတ်အစားတွေနဲ့ ဖက်ရှင်ဘလော့တစ်ခုဖွင့်ပြီး ရည်းစားဖြစ်သူကို Troll ခဲ့တဲ့ အမျိုးသမီး

0
346

ကိုယ့်ရဲ့ ထူးခြားနဲ့အချက်တစ်ချက်ကို သက်သေပြဖို့ နည်းလမ်းတစ်ခုက အင်စတာဂရမ်အကောင့်တစ်ခု စဖွင့်ပြီး လူတိုင်းသိအောင် လုပ်ဖို့နှင့် ထောင်နှင့် ချီတဲ့လူတွေရဲ့ လက်ခံမှုကို ရယူဖို့ဖြစ်ပါတယ်။ လန်ဒန်ဘလော့ဂါ Olivia Jackson ဟာ သူမရည်းစားကို သည်းမခံနိုင်တာကြောင့် သူမဝတ်ဆင်တဲ့ အဝတ်အစားတွေကို နှစ်သက်တဲ့ ဖော်လိုဝါ ၆သောင်းကျော် နှင့်အတူ @clothesmyboyfriendhates ဆိုတဲ့ပေ့ချ်ကို စတင်ဖွင့်ခဲ့ပါတယ်။ သူမရည်းစားက အပြစ်မရှိ အပြစ်ရှာပြီး ဘယ်လိုအဝတ်အစားတွေကို မုန်းနေသလဲဆိုတာ အောက်မှာ ကြည့်လိုက်ပါဦး။

၁။ စနေနေ့ မနက်ခင်းမှာ
‘Liv ငါ့ကားပြင်စရာမလိုဘူးနော်…’
‘ဘာပြောတာလဲ? ငါမသိဘူး…’
‘မင်းက ဘာလို့စက်ပြင်သမားလို ဝတ်ထားတာလဲ?’
စူးစူးဝါးဝါးကြည့်လိုက်ပြီး….
“ငါကော်ဖီယူလာပေးမယ်”

အမျိုးသမီးတွေကို သူတို့ပတ်ဝန်းကျင်က လူတွေအတွက် မဟုတ်ဘဲ ကိုယ့်အတွက်ကိုယ် ဝတ်စားဆင်ယင်နိုင်အောင် လုပ်ပေးချင်ခဲ့တယ်လို့ ဂျက်ဆင်က ဆိုပါတယ်။ ဂျက်ဆင်ဟာ သူမရည်းစားရဲ့ ထေ့ငေါ့စကားတွေကို ခံခဲ့ရပေမယ့် သူမရဲ့ အဝတ်အစားတွေက ဘာပဲဖြစ်ဖြစ် ဆက်ဝတ်မှာပဲလို့ သူမစိတ်ပိုင်းဖြတ်ထားကြောင်း ပြောခဲ့ပါတယ်။ စုံတွဲတွေအတွက်တော့ အရာရာကို အမြဲတမ်းသဘောတူညီမှု ရယူဖို့ မလိုပါဘူး။ သင့်ရဲ့ ခြားနားမှုတွေကို ဘယ်လိုကိုင်တွယ်ဖြေရှင်းရမလဲဆိုတာကသာ ရေရှည်relationship ရဲ့ သော့ချက်ဖြစ်ပါတယ်။ ဂျက်ဆင်နဲ့ သူမရည်စားမှာ တူညီတဲ့ ဟာသဉာဏ်ရှိပါတယ်။

၂။ အနည်းဆုံးတော့ သူမုန်းတဲ့ “ကလေးဝတ်စုံ”ကို ဖုံးထားဖို့ တစ်နေ့လုံး ကျွန်မနားမှာ ကပ်နေတဲ့ ခွေးကလေးတစ်ကောင်ရှိတယ်။

၃။ နေရောင်ထွက်လာတာနဲ့အမျှ “ငါ့ကို …ရည်းစားက လယ်သမားလို ဝတ်ထားတယ်လို့ “ပြောတယ်လေ။

၄။ သူက ကျွန်မကို “ဘာလို့ flamenco အကသမားတစ်ယောက်လို ဝတ်ပြီး ထွက်လာတာလဲလို့” သိသိသာသာကြီး မေးခဲ့တယ်လေ။

၅။ ဒီနေ့ ငါလက်သုတ်ပဝါ ဝတ်လာတယ်သိလား?

အမျိုးသမီးတွေရဲ့ ဖက်ရှင်ရွေးချယ်မှုနဲ့ သူတို့ရဲ့ စွမ်းသတ္တိတွေကို နည်းနည်းပိုပြီးရဲရင့်ဖို့ လှုံဆော်ပေးတဲ့အတွက် ကျေးဇူးတင်ကြောင်း အမျိုးသမီးတွေဆီကနေ မက်ဆေ့ချ်လေးတွေ ကျွန်မပုံမှန်ရပါတဘ်။ အားလုံးကို ခြုံကြည့်ရင် တုံ့ပြန်မှုတွေက အများကြီး အထောက်အကူပြုပါတယ်။ ကျွန်မ အခုကိုယ့်အတွက်ကိုယ် ဝတ်ဆင်နေတဲ့ ချစ်စရာကောင်းတဲ့ အမျိုးသမီးတွေနဲ့ တွေ့ဆုံနေပါပြီ။

၆။ ဒီဂါဝန်ကို ကျွန်မအလုပ်သစ်ရဲ့ ပထမဆုံးနေ့အတွက် ဝတ်ဆင်တဲ့အခါ သူ့မှတ်ချက်က “အရမ်းပြာလွန်းတယ်လို့ မထင်ဘူးလား?”

၇။ ကျွန်မရည်းစားက “ဒီကုတ်အင်္ကျီက ညဝတ်အင်္ကျီနဲ့ တူတယ်လို့” ပြောပြီး ဒီနေ့ အလုပ်မှာ လုပ်ဖော်ကိုင်ဖက် ယောက်ကျားလေး တစ်ယောက်က အိုးးး Liv အရမ်းတောက်လွန်းတဲ့ ကုတ်အင်္ကျီပဲလို့ ပြောပါတယ်။

၈။ “ကျွန်မ ဒီဝတ်စုံကို ဝတ်လို့ မင်းဘာခွဲစိတ်စရာ ရှိလို့လဲ”လို့ သူကမေးတယ်။

၉။ ဆောင်းရာသီကို အရမ်းချစ်တယ်!” သူက ဒီဖိနပ်တွေကို အရမ်းမုန်းတယ်”

၁၀။ “ကျားသစ်ကို သူတကယ် မုန်းတယ်ဆိုတာ ပထမဆုံး သတိပြုမိခဲ့တယ်”

၁၁။ “ဒီဝတ်စုံကို ဝတ်လိုက်တိုင်း ‘ကလေးတစ်ယောက်လိုပဲ’ လို့မကြာခဏ သူပြောတတ်တယ်။ ဒီဝတ်စုံဝတ်တိုင်း YMCA သီချင်းကိုပဲ သူဆိုနေခဲ့တယ်”

၁၂။ “ဂျေက ဒီဖိနပ်တွေ ဝတ်ရင် အရမ်းမုန်းတယ်၊ တကယ်တော့ ကျွန်မမိသားစုတစ်စုလုံးကလည်း ဒီဖိနပ်စီးရင် နှိပ်ကွက်ကြပေမယ့် ကျွန်မအတွက်တော့ ကလေးဘဝတုန်းက ကျောင်းပိတ်ချိန် စီးခဲ့ဖူးတဲ့ ဂျယ်လီဖိနပ်တွေကို သတိရစေပါတယ်”။

Lifestyle_Myanmar

LM_Nandar

Source-boredpanda

LEAVE A REPLY

Please enter your comment!
Please enter your name here