သူမရဲ့ နေ့စဉ်မိခင်ဘဝပြဿနာတွေကို ရုပ်ပုံလေးတွေနဲ့ သရုပ်ဖော်ခဲ့တဲ့ ကလေး (၄)ယောက်မေမေ

0
816

မိခင်တစ်ယောက် ဖြစ်ရတဲ့ ဘဝက တော်တော်လေး ဗျာများနိုင်ပါတယ်။ ဒါပေမယ့် ကလေး ၄ယောက်မေမေဖြစ်တဲ့ Kayela Larson မှာတော့ ဒီကမောက်မကတွေ ကြားကနေ ဖန်တီးမှု ထွက်ပေါက်တစ်ခုကို ရှာတွေ့ခဲ့ပါတယ်။ Larson ဟာ သူမတွေ့ကြုံရတဲ့ မိခင်ဘဝကို ချစ်စရာကောင်းတဲ့ သရုပ်ဖော်ပုံများနှင့် ဖန်တီးခဲ့ပါတယ်၊၊ ကာတွန်းနှင့် အနုပညာကိုချစ်တဲ့ ဒီပန်းချီဆရာဟာ Little Mermaid နဲ့ The Lion King ဆိုတဲ့ ဒစ္စနေးရုပ်ရှင်တွေကို မွေးဖွားခဲ့သူပါ။ သူမဘဝတစ်လျှောက်လုံး ဒီအနုပညာပေါ်မှာ စိတ်အားထက်သန်မှု ဆက်လက်ပြင်းပြခဲ့ပါတယ်။

-Advertisement-

သူမဟာ ကောလိပ်ကျောင်းပြီးနောက် မိသားစုဘဝတစ်ခုပိုင်ဆိုင်ခဲ့ပြီး ကလေးတွ ရရှိခဲ့ပါတယ်။ နေ့စဉ်မိသားစုအရေး လုံးပန်းနေရတာကြောင့် အနုပညာအတွက် အချိန်ဟာ တဖြည်းဖြည်းနဲ့ တိတ်တဆိတ် ကွယ်ပျောက်လာခဲ့ပါတယ်၊ နောက်ပိုင်းမှာ Larson ဟာ သူမရဲ့ ဝါသနာကို ပြန်လည်ထိတွေ့ဖို့ လိုအပ်တယ်လို့ ကိုယ့်ကိုယ်ကိုယ် ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ ဘယ်တော့မှလွယ်လွယ်နဲ့ အရှုံးမပေးတတ်တာဟာ သူမရဲ့ ဝိသေသ လက္ခဏာတစ်ခုဖြစ်တယ်လို့ အနုပညာရှင်က ဆိုပါတယ်။ အနုပညာရှင်ဟာ ကလေး ၄ယောက် အိမ်ထောင်ရှင်မိခင်ဘဝမှာ အခက်အခဲတွေ၊ ကမောက်ကမတွေကြုံတွေ့ရပေမယ့် ဒီအခက်အခဲတွေကို ပျော်စရာကောင်းတဲ့ ဖန်တီးမှုအဖြစ်ပြောင်းလဲရင်း သူမရဲ့ ဝါသနာကို ပျိုးထောင်ခဲ့ပါတယ်။ ဒါ့ကြောင့် ပျော်မြူးဖွယ်ကောင်းတဲ့ ရုပ်ပုံလေးတွေနဲ့အတူ သူမဖန်တီးထားတဲ့ အနုပညာလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ တခါတလေမှာ ကလေးတွေဟာ သူတို့လုပ်ချင်တာလုပ်နေရရင် မိဘပြောစကား နားထဲမဝင်ပါဘူး။ ဒီအချိန်မှာ မိခင်တွေဟာ သူတို့ အာရုံစိုက်လာဖို့ တွေ့ကရာပြောလိုက်ရတာတွေ ရှိပါတယ်။

၂။ တခါတလေမှာ ကလေးတွေဟာ မေမေတို့ကို ဧရာမခေါင်းအုံးကြီးလို့ မြင်တတ်ကြပါတယ်

၃။ ကလေးတွေက မေမေတို့ကို ဒီလိုချစ်စရာကောင်းအောင် စတတ်ပါသေးတယ်နော်

၄။ နူးညံ့တဲ့ အခိုက်အတန့်လေး

၅။ အနည်းဆုံးတော့ သူ့ရဲ့ ရိုးသားမှုလေးက အလေးထားဖွယ်ကောင်းပါတယ်

၆။ တခါတလေ နှိပ်ကွပ်တတ်သေးတာ

၇။ မေမေတို့ ဖြေရှင်းရလေ့ရှိတဲ့ ပြဿနာတစ်ချို့

၈။ သမီးမိန်းကလေးမွေးထားတဲ့ မိဘတွေ ကြုံရတာလေး

၉။ ဖိနပ်စီးမယ်ဆိုရင် သေချာကြည့်ပြီးမှ စီးဖို့

၁၀။ မီဒီယာရဲ့ လွှမ်းမိုးမှု

၁၁။ တခါတလေမှာ ဒီလိုကြုံရာအိပ်ပျော်သွားတတ်တဲ့ မိခင်ဘဝ

၁၂။ Parenting

Lifestyle_Myanmar

LM_Nandar

Source-boredpanda

သူမရဲ႕ ေန႔စဥ္မိခင္ဘဝျပႆနာေတြကို ႐ုပ္ပုံေလးေတြနဲ႔ သ႐ုပ္ေဖာ္ခဲ့တဲ့ ကေလး (၄)ေယာက္ေမေမ
မိခင္တစ္ေယာက္ ျဖစ္ရတဲ့ ဘဝက ေတာ္ေတာ္ေလး ဗ်ာမ်ားႏိုင္ပါတယ္။ ဒါေပမယ့္ ကေလး ၄ေယာက္ေမေမျဖစ္တဲ့ Kayela Larson မွာေတာ့ ဒီကေမာက္မကေတြ ၾကားကေန ဖန္တီးမႈ ထြက္ေပါက္တစ္ခုကို ရွာေတြ႕ခဲ့ပါတယ္။ Larson ဟာ သူမေတြ႕ႀကဳံရတဲ့ မိခင္ဘဝကို ခ်စ္စရာေကာင္းတဲ့ သ႐ုပ္ေဖာ္ပုံမ်ားႏွင့္ ဖန္တီးခဲ့ပါတယ္၊၊ ကာတြန္းႏွင့္ အႏုပညာကိုခ်စ္တဲ့ ဒီပန္းခ်ီဆရာဟာ Little Mermaid နဲ႔ The Lion King ဆိုတဲ့ ဒစၥေနး႐ုပ္ရွင္ေတြကို ေမြးဖြားခဲ့သူပါ။ သူမဘဝတစ္ေလွ်ာက္လုံး ဒီအႏုပညာေပၚမွာ စိတ္အားထက္သန္မႈ ဆက္လက္ျပင္းျပခဲ့ပါတယ္။ သူမဟာ ေကာလိပ္ေက်ာင္းၿပီးေနာက္ မိသားစုဘဝတစ္ခုပိုင္ဆိုင္ခဲ့ၿပီး ကေလးတြ ရရွိခဲ့ပါတယ္။ ေန႔စဥ္မိသားစုအေရး လုံးပန္းေနရတာေၾကာင့္ အႏုပညာအတြက္ အခ်ိန္ဟာ တျဖည္းျဖည္းနဲ႔ တိတ္တဆိတ္ ကြယ္ေပ်ာက္လာခဲ့ပါတယ္၊ ေနာက္ပိုင္းမွာ Larson ဟာ သူမရဲ႕ ဝါသနာကို ျပန္လည္ထိေတြ႕ဖို႔ လိုအပ္တယ္လို႔ ကိုယ့္ကိုယ္ကိုယ္ ဆုံးျဖတ္ခ်က္ခ်ခဲ့ပါတယ္။ ဘယ္ေတာ့မွလြယ္လြယ္နဲ႔ အရႈံးမေပးတတ္တာဟာ သူမရဲ႕ ဝိေသသ လကၡဏာတစ္ခုျဖစ္တယ္လို႔ အႏုပညာရွင္က ဆိုပါတယ္။ အႏုပညာရွင္ဟာ ကေလး ၄ေယာက္ အိမ္ေထာင္ရွင္မိခင္ဘဝမွာ အခက္အခဲေတြ၊ ကေမာက္ကမေတြႀကဳံေတြ႕ရေပမယ့္ ဒီအခက္အခဲေတြကို ေပ်ာ္စရာေကာင္းတဲ့ ဖန္တီးမႈအျဖစ္ေျပာင္းလဲရင္း သူမရဲ႕ ဝါသနာကို ပ်ိဳးေထာင္ခဲ့ပါတယ္။ ဒါ့ေၾကာင့္ ေပ်ာ္ျမဴးဖြယ္ေကာင္းတဲ့ ႐ုပ္ပုံေလးေတြနဲ႔အတူ သူမဖန္တီးထားတဲ့ အႏုပညာေလးေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

LEAVE A REPLY

Please enter your comment!
Please enter your name here