သူတို့ရဲ့ တိရိစ္ဆာန်လေးတွေကို ဘယ်လောက်ထိချစ်လဲ ဖော်ပြနေတဲ့ လူအချို့

0
1
တိရိစ္ဆာန်ချစ်သူ
တိရိစ္ဆာန်ချစ်သူ

အချို့တိရိစ္ဆာန်ချစ်တဲ့သူတွေက လူတွေထက်တောင် သူတို့ရဲ့ တိရိစ္ဆာန်လေးတွေကို ပိုပြီး ဂရုစိုက်တတ်ကြပါတယ်။ တိရိစ္ဆာန်ဆိုပေမဲ့ သူတို့ရဲ့အမြင်မှာ တိရိစ္ဆာန်လို့ မမြင်ဘဲ မိသားစုဝင်တွေလို့သာ မြင်တတ်ကြပါတယ်။ အရမ်းကို ချစ်တတ်တဲ့သူတွေဆီမှာ မွေးစားခံရတဲ့ တိရိစ္ဆာန်တွေကတော့ တကယ့်ကို ကံကောင်းပြီး လူတွေနဲ့ လည်းတန်းတူအခွင့်အရေးတွေ ရတတ်ကြပါတယ်။ အခုလဲ အိမ်မွေးတိရိစ္ဆာန်ချစ်သူတွေက သူတို့ရဲ့ တိရိစ္ဆာန်တွေကို ဘယ်လောက်ထိချစ်လဲ ဆိုတာ အောက်က ပုံတွေကို ကြည့်ကြည့်ရင် သိနိုင်တယ်နော်။

၁။ သူ့သားလေး တစ်ကောင်ထဲပျင်းနေမှာဆိုးလို့တဲ့ အဖော်ရအောင် အရုပ်လေးဝယ်လာပေးတာ။

၂။ ကဲ သခင်က ဘယ်လောက်ချစ်လဲဆိုရင် သူနဲ့အတူတူ အင်္ကျီတောင် ပုံစံတူချုပ်ပြီး ဝတ်ပေးထားတာ။

၃။ သူ့ကလေးနွေးဖို့တဲ့ လက်အိတ်ကို ချွတ်ပြီး ဖက်ထားလို့ရအောင် ပေးထားခဲ့တာ။

၄။ မွေးရာပါ နားရွက်မပါတဲ့ ယုန်လေးကို သူကိုယ်တိုင် သိုးမွေးထိုးပြီး နားရွက်ပုံစံ ဖန်တီးပေးတာ။

၅။ သားပေါက်လေးတွေ မတက်နိုင်မှာဆိုးလို့ လှေခါးကို ပြန်ပြင်ပေးထားရတာ။

၆။ ကိုယ့်မွေးနေ့ကိုတောင် သတိမထားမိပေမဲ့ ခွေးလေးမွေးနေ့ကျတော့ ကိတ်တွေဘာတွေနဲ့ မွေးနေ့ပွဲကျင်းပပေးနေတာ။

၇။ မိုးခြိမ်းရင် ကြောက်မှာဆိုးလို့ laptop နဲ့ သီချင်းဖွင့်ပြီး နားကြပ်တပ်ပေးထားတဲ့ သခင်။
၈။ အပြင်ဘက်ကိုထွက်ရင် အန္တရာယ်ဖြစ်မှာဆိုလို့တဲ့ သခင်ကိုယ်တိုင် ဖန်တီးပေးထားတဲ့ နည်းလမ်းအသစ်။

၉။ သူခွေးလေးအတွက် သီးသန့် တိုက်ခန်းဖန်တီးပေးထားတာနော် မီးတွေ၊ သူ့ဓာတ်ပုံတွေတောင် အလှဆင်ထားပေးသေးတယ်။

၁၀။ သခင်နဲ့အတူ အပြင်ထွက်ရင် အာ့လို ဂေါ်တာ။ သူ့အတွက် သီးသန့်စီးလို့ရအောင် လုပ်ပေးထားတာက ရှယ်ပဲနော်။

၁၁။ လမ်းလျှောက်ရင် ခြေထောက်တွေပူမှာဆိုးလို့တဲ့ ဖိနပ်ဒီဇိုင်းဆင်ထားပေးထားတာ။

၁၂။ အသက်အန္တရာယ် လုံခြုံရေးအရ ကားစီးရင် ခါးပတ် ပတ်ထားရမယ်ဆိုလို့ သူ့ကိုပါ ပတ်ပေးထားတာ။

၁၃။ ဘယ်လောက်ချစ်သလဲဆို ခေါင်းအုံးလေးတောင် သူ့ပုံကို Sticker ရိုက်ပေးထားတာနော်။

၁၄။ နားရွက်မပါလို့ သခင်ကိုယ်တိုင် နားရွက်ပါတဲ့ ပုံစံခေါင်းစွပ်လေး လုပ်ပေးထားတာ။

၁၅။ တိရိစ္ဆာန်ဆိုပေမဲ့ သူ့အတွက် မွေ့ရာနဲ့ ခေါင်းအုံးနဲ့ စောင်နဲ့ သေသေချာချာသိပ့်တာနော် သခင်က။

၁၆။ လွန်ခဲ့တဲ့ ၂နှစ်မှာ သခင်းဖြစ်သူက ရည်းစားနဲ့ ပြတ်သွားခဲ့တယ်။ ဒါပေမဲ့ ခွေးလေးရဲ့ မွေးနေ့ရောက်တော့ Birthday Card လေးပို့ပေးတယ်တဲ့။ ရည်းစားနဲ့သာ ပြတ်သွားတာ ခွေးကို သံယောဇဥ်တော်တော်ရှိပုံရတယ်။

#Lifestyle_Myanmar

#Credit photo – BrightSide

#Thar_Nage

Game Of Throne ထဲက သံပုလ္လင်ကို ကြောင်အိပ်ဖို့အတွက် စက္ကူပုံးခွံနဲ့ တည်ဆောက်ပေးခဲ့သူ

LEAVE A REPLY

Please enter your comment!
Please enter your name here