ဒီနေ့မှာတော့ သူတို့ဘာသာ ငွေရှာခဲ့ကြတဲ့ ကမ္ဘာပေါ်က အချမ်းသာဆုံးကလေးတွေ အကြောင်းကို ပြောပြပေးဖို့ ရွေးချယ်ထားပါတယ်နော်။
၁။ Ryan Kaji
လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက်က ထိုအချိန်မှာ မူကြိုကျောင်းသားအရွယ်သာ ရှိသေးတဲ့ ရိုင်ယန်ဟာ အရုပ်ရီဗျူးတွေနဲ့ပတ်သတ်တဲ့ ဗီဒီယိုတွေကို ကြည့်ရတာ နှစ်သက်ခဲ့ပါတယ်။ ဒါ့ကြောင့် သူက သူ့မိဘတွေကို ချန်နယ်တစ်ခု လုပ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။ မိဘတွေက သဘောတူခဲ့ပေမယ့် အစပိုင်းမှာ သူ့ဗီဒီယိုတွေကို ဘယ်သူမှ မကြည့်ခဲ့ကြပါဘူး။ ဒါပေမယ့် သူ့အမေက သူ့သား အောင်မြင်စေမယ့် အကြံတစ်ခုရခဲ့ပါတယ်။ သူမဟာ သားဖြစ်သူအား Pixar series ကား အရုပ် ၁၀၀ကျော်နဲ့ ကစားတဲ့ ဗီဒီယိုကို ရိုက်ကူးခဲ့ပါတယ်။ အဲဒီဗီဒီယိုဟာ ပေါက်သွားခဲ့ပါတယ်။
ယနေ့မှာ သူဟာ အသက် ၉နှစ်အရွယ်ရှိပြီး ဒေါ်လာသန်း ၃၀နီးပါးဝင်တဲ့ ဝင်ငွေအမြင့်ဆုံး ယူကျူ့ဘာတစ်ယောက်ဖြစ်နေပါပြီ။ သူဟာ ၂၀၂၀တစ်နှစ်တည်းပဲ ဝင်ငွေအမြင့်ဆုံး YouTubers တွေရဲ့ စာရင်းထဲမှာ ဝင်နိုင်ခဲ့တာ မဟုတ်ပါဘူး။ ၂၀၁၈နှင့် ၂၀၁၉ မှာလည်း အမြတ်များစွာ ရရှိခဲ့ပါတယ်။

၂။ Nastya
အင်တာနက်ပေါ်မှာ Nastya လို့ လူသိများတဲ့ Anastasia Radzinskaya ဟာ ယူကျူ့ဘာတစ်ယောက်ဖြစ်ပါတယ်။ သူမဟာ ရုရှားနိုင်ငံမှာ မွေးဖွားခဲ့ပြီး cerebral palsy (ဦးနှောက်အကြောသေရောဂါ) ခံစားနေတဲ့ ကလေးတစ်ယောက် ဖြစ်ပါတယ်။ ထိုအချိန်က ဆရာဝန်တွေဟာ သူမ စကားပြောနိုင်မှာမဟုတ်ဟု စိုးရိမ်ခဲ့ကြပါတယ်။
၂၀၁၅ခုနှစ်မှာ သူမရဲ့မိဘတွေက သူတို့ရဲ့ ကံကြမ္မာကို စမ်းသပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ပြီးတော့ သူတို့ရဲ့ ကုမ္ပဏီကို ရောင်းချပြီး Like Nastya ချန်နယ်မှာ ရင်းနှီးမြှုပ်နှံခဲ့ပါတယ်။ Nastya လေးဟာ ကစားစရာတွေကို unboxing လုပ်တဲ့ ဗီဒီယိုတွေကို စတင်ရိုက်ကူးခဲ့ပါတယ်။ ယခုချိန်ဆိုရင် သူမရဲ့ယူကျူ့ချန်နယ်မှာ subscribers ပေါင်း ၁၉၀.၆သန်းကျော်ရှိနေပါပြီ။ သူမဟာ ၂၀၂၀ခုနှစ်မှာ ဒေါ်လာ ၁၈.၅သန်းရရှိခဲ့ပါတယ်။

၃။ Matthew David Morris
MattyBRaps (သို့) MattyB လို့သိကြတဲ့ Matthew David Morris ဟာ မူရင်းသီချင်းတွေကို remixes ပြန်လုပ်ပြီး ယူကျူ့ပေါ်မှာ သီချင်းဗီဒီယိုတွေ စတင်ခဲ့ရာကနေ သူ့ရဲ့အောင်မြင်မှု ခရီးကို စတင်ခဲ့ပါတယ်။ သူလုပ်ခဲ့တဲ့ ပထမဆုံးတစ်ခုက ဂျက်စတင်ဘီဘာရဲ့ “Eenie Meenie” ဖြစ်ပါတယ်။ အဲဒီအချိန်က ၂၀၁၀ ခုနှစ်ဆိုတော့ သူ့အသက်က ၇နှစ်သာ ရှိပါသေးတယ်။ အဲဒီနောက် လေးနှစ်တာကာလအတွင်းမှာ သူ့ချန်နယ်ဟာ ကြည့်ရှု့သူ ဘီလီယံရှိခဲ့ပါတယ်။ သူဟာ ကြော်ငြာဝင်ငွေ၊ ပုဂ္ဂိုလ်ရေးပွဲတွေနဲ့ သီချင်းဝယ်ယူမှုတွေကတဆင့် ဒေါ်လာ ၃သန်းလောက် ဝင်တယ်လို့ ခန့်မှန်းခဲ့ပါတယ်။

၄။ Moziah Bridges
Moziah Bridges ဟာ ငယ်ငယ်လေးကတည်းက ဝတ်စားဆင်ယင်ရတာကို နှစ်သက်ခဲ့ပါတယ်၊ သူဟာ ကစားကွင်းမှာရှိနေချိန်တောင် 3-piece suits (အနောက်တိုင်းဝတ်စုံပြည့်)ကို ဝတ်ဆင်ခဲ့ပါတယ်။ သို့သော် သူဟာ စတိုးဆိုင်မှာ ရောင်းတဲ့ လည်စည်းတွေကို မုန်းခဲ့တာကြောင့် အသက် ၉နှစ်အရွယ်မှာ ဒီပြဿနာကို ဖြေရှင်းဖို့ ကုမ္ပဏီတစ်ခု ထောင်ခဲ့ပါတယ်။
တကယ်တော့ သူစိတ်ကူးရတဲ့အချိန်မှာ အပ်ချုပ်သမဟောင်းတစ်ယောက်ဖြစ်တဲ့ သူ့အဘွားဆီကနေ အကူအညီရခဲ့ပါတယ်။ ဘယ်လိုချုပ်ရမယ်ဆိုတာကို သူ့အဘွားက သင်ပေးခဲ့ပါတယ်။ သူ့မိခင်ဆီကနေ တချို့အကူအညီတွေ ထပ်မံရရှိခဲ့တာကြောင့် သူဟာ ပန်းတိုင်ကို ရောက်ရှိခဲ့ပါတယ်။ ယခုဆိုရင် သူဟာ ၁၅ဒေါ်လာတန်မှ ဒေါ်လာ ၅၀တန် စျေးနှုန်း အစားစားရှိတဲ့ လည်စည်းတွေ၊ နက်တိုင်တွေနဲ့ တခြား accessories တွေကို ပြုလုပ်နေပါပြီ။ ၆နှစ်ခန့်မှာ ကုမ္ပဏီဟာ စုစုပေါင်း ဒေါ်လာ ၆၀၀၀၀၀ကျော်တန်ဖိုးရှိတဲ့ ထုတ်ကုန်တွေကို ရောင်းချခဲ့ပါတယ်။

၅။ Alina Morse
Alina ဟာ အသက် ၉နှစ်အရွယ်မှာ သကြားကင်းတဲ့ သကြားလုံးကုမ္ပဏီတစ်ခုကို တည်ထောင်ခဲ့ပါတယ်။ ဖခင်ဖြစ်သူက သူမရဲ့သွားတွေ ပျက်စီးစေနိုင်တာကြောင့် သကြားလုံးတွေ မစားသင့်ကြောင်း ပြောလာတဲ့အတွက်ကြောင့်ပါ။ ဒါ့ကြောင့် သူမဟာ ယူကျူ့ဗီဒီယိုတွေကို ကြည့်ပြီး သကြားမပါတဲ့ သကြားလုံးပြုလုပ်နည်းတွေကို စလေ့လာခဲ့ပါတယ်။
သူမ အသက် ၁၃နှစ်အရွယ်မှာ Zolli Candy ကုမ္ပဏီကို သူမရဲ့အိမ်မီးဖိုချောင်ကနေ စတင်ခဲ့ပြီး ၂၀၁၈ခုနှစ်မှာ ဒေါ်လာ ၆သန်းရရှိခဲ့ပါတယ်။ Alina ဟာ ကမ္ဘာတစ်ဝှမ်းရှိ လက်လီရောင်းချသူတွေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေအတွက် ကြိုတင်ပြင်ဆင်နိုင်စွမ်းရှိခဲ့ပြီး အကလေ့ကျင့်ခြင်း၊ အလယ်တန်းကျောင်းအတန်းတတ်ခြင်းအကြားမှာ ဝန်ထမ်း ၆ယောက်ကို စီမံခန့်ခွဲနိုင်ခဲ့ပါတယ်။ sugar-free သကြားလုံးတွေ ရောင်းချခြင်းမှာ သူမရဲ့ကုမ္ပဏီက နံပါတ်တစ် ဖြစ်လာခဲ့ပါတယ်။

၆။ Nick D’Aloisio
Nick D’Aloisio ဟာ အသက် ၁၂နှစ်အရွယ်မှာ ဆော့ဖ်ဝဲဘယ်လိုရေးရတယ်ဆိုတာကို သူ့ဘာသာ လေ့လာသင်ယူခဲ့ပါတယ်။ အသက် ၁၅နှစ်အရွယ်မှာ Summly လို့ခေါ်တဲ့ အိုင်ဖုန်းအက်ပလီကျေးရှင်းကို တီထွင်ခဲ့ပါတယ်။ ဒီအက်ပ်က စခရမ်အသေးတွေမှာဆိုရင် ကြည့်ကောင်းအောင် news stories တွေကို အလိုအလျောက် အတိုချုပ်ဖော်ပြပေးပါတယ်။ အသက် ၁၇နှစ်အရွယ်မှာ သူ့ရဲ့အက်ပလီကေးရှင်းကို Yahoo သို့ ရောင်းချခဲ့ပါတယ်။ ဒေါ်လာသန်း ၂၀နီးပါးရရှိခဲ့ပါတယ်။

၇။ Kyle Giersdorf
အသက် ၁၆နှစ်သာရှိသေးတဲ့ Kyle ဟာ နယူးယောက်မြို့မှာ ကျင်းပတဲ့ Fortnite World Cup ကိုအနိုင်ရခဲ့တာကြောင့် ချက်ချင်းပဲ သန်းကြွယ်သူဌေးဖြစ်လာခဲ့ပါတယ်။ သူဟာ ဆုကြေးငွေ ဒေါ်သာ ၃သန်းထဲမှ ၁.၈သန်းကို ရရှိခဲ့ပါတယ်။ မအောင်မြင်ခင်က သူဟာ streming channel တွေကနေတဆင့် လှုံ့ဆော်မှုကို ရှာဖွေနေတဲ့ ကောင်လေးတစ်ယောက်မျှသာ ဖြစ်ပါတယ်။ တနည်းပြောရရင် ဒီဟာက သူ့ကို gamer တစ်ယောက်အနေနဲ့ တိုးတတ်ပြောင်းလဲလာအောင် ကူညီပေးခဲ့ပါတယ်။

၈။ Evan
Evanရဲ့ဇာတ်လမ်းက သူအသက် ၅နှစ်အရွယ်လောက်မှာပဲ စတင်ခဲ့ပါတယ်။ ဖခင်နှင့်အတူ Angry Birds အရုပ်တစ်ချို့နဲ့ stop motion မှတ်တမ်းတစ်ခုကို ဖန်တီးခဲ့ပါတယ်။ သူက သူ့ရဲ့ ဗီဒီယိုကို သူ့မိသားစုနဲ့ သူငယ်ချင်းတွေကိုသာ ပြချင်ခဲ့တာပါ။ ဒါပေမယ့် သူမျှော်လင့်ထားတာထက်ပိုပြီး လူတွေအတွက် ဖျော်ဖြေမှုဖြစ်လာခဲ့ပါတယ်။ ၂၀၁၅ခုနှစ်မှာ ကြည့်ရှု့သူ သန်းပေါင်းများစွာရှိခဲ့ပြီး တစ်နှစ်လျှင် ဒေါ်လာ ၁.၃သန်းရရှိခဲ့ပါတယ်။ ဒီနေ့ အီဗန်နဲ့ သူ့မိသားစုမှာ YouTube channel စုစုပေါင်း ၅ခုတောင် ရှိပါတယ်။

၉။ Farrhad Acidwalla
Farrhad ဟာ ယခု၂၇နှစ်ရှိပြီဖြစ်သော်လည်း ဆယ်စုနှစ်တစ်ခုကျော်ကျော်ကတည်းက စွန့်ဦးတီထွင်သူတစ်ယောက် ဖြစ်ခဲ့ပါတယ်။ အဲ့အချိန်တုန်းက သူ့အသက် ၁၃နှစ်ပဲ ရှိပါသေးတယ်။ သူဟာ မိဘတွေဆီကနေ ၁၀ဒေါ်လာချေးပြီး Aero- Modeling နှင့် လေကြောင်းဆိုင်ရာ အွန်လိုင်းအသိုင်းအဝိုင်းကို စတင်ခဲ့ပါတယ်။ အချိန်အတန်ကြာပြီးနောက်မှာ သူ့ရဲ့စီမံကိန်းကို ဒေါ်လာ ၁၂၀၀ခန့်နဲ့ ရောင်းချခဲ့ပါတယ်။ နှစ်အနည်းငယ်ကြာပြီးနောက် သူ့အသက် ၁၆နှစ်မှာ ကုန်ပစ္စည်းအမှတ်တံဆိပ်၊ ကြော်ငြာနှင့် web development ပေါ်မှာ focus ထားတဲ့ ကိုယ်ပိုင်စီးပွားရေး (Rockstah Media) ကိုစတင်ဖို့ ဒေါ်လာ ၄၀၀ကို အသုံးပြုခဲ့ပါတယ်။ ယခုချိန်မှာ သူဟာ ဒေါ်လာ ၄သန်းလောက် ပိုင်ဆိုင်နေပြီလို့ ခန့်မှန်းရပါတယ်။

၁၀။ Isabella Barrett
Isabella Barrett လေးဟာ TLC’s Toddlers & Tiaras နဲ့ သူမရဲ့လုပ်ငန်းကို စတင်ခဲ့ပြီး အသက် ၆နှစ်အရွယ်မှာပဲ သန်းကြွယ်သူဌေး ဖြစ်လာခဲ့ပါတယ်။ ယခုဆိုရင် သူမဟာ ဆယ်ကျော်သက်တစ်ယောက်ဖြစ်နေပြီး brand ငါးခုကို ပိုင်ဆိုင်နေပါပြီ။ သူမဟာ ထိပ်တန်း ဆယ်ကျော်သက် အနုပညာရှင်များစွာကို ဆင်မြန်းပေးခဲ့သူလည်း ဖြစ်ပါတယ်။

Lifestyle_Myanmar
LM_Nandar
Source-brightside