သူစိမ်းအသုဘမှာ လိုက်ငိုပေးရင် တစ်နှစ်ငိုကြွေးခ ဒေါ်လာ ၂၈၀၀၀ ရရှိမယ်

0
430

အသုဘတွေမှာ လိုက်ငိုပေးတဲ့ အလုပ်လုပ်ကိုင်နေတဲ့ တရုတ်ပြည်က လူတွေဟာ တစ်နှစ်ကိုဒေါ်လာ ၂၈၀၀၀လောက် ရရှိနိုင်တယ်လို့ဆိုပါတယ်။သူစိမ်းတွေရဲ့ အသုဘအခမ်းအနားတွေမှာ ငိုကြွေးတဲ့ အလုပ်လုပ်ကိုင်နေတဲ့ ဟင်နန်ပြည်နယ်က အမျိုးသမီးတစ် ဦး ရဲ့ တစ်နှစ်၀င်ငွေဟာ ယွမ် ၂၀၀၀၀၀ (ဒေါ်လာ ၂၈၀၀၀ ကျော်) ခန့်ရရှိနေတာပါ။သူစိမ်းတွေရဲ့ အသုဘအခမ်းအနားမှာ ငိုပေးတဲ့အလုပ်ဟာ တရုတ်နိုင်ငံရဲ့ ရှေးရိုးရာအစဉ်အလာလို့လည်း သတ်မှတ်ထားတာပါ။

-Advertisement-

ရှန်ဟိုင်းအဆိုအရ သူမအမည်ကိုထုတ်ဖော်ပြောကြားခြင်းမရှိတဲ့ မိန်းမဟာ ဒီအလုပ်ကို သူမရဲ့ အသက်မွေး၀မ်းကျောင်းအနေနဲ့ ရပ်တည်နေခဲ့တာဖြစ်တယ်လို့ Pear Video ကို ပြောကြားခဲ့ပါတယ်။

သူမဟာ သူမ မသိတဲ့သူတွေရဲ့ အသုဘအခမ်းအနားကိုတက်ရောက်ပြီး ထွက်ခွာသွားတဲ့သူတွေအတွက် နောင်ဘဝကို သွယ်၀ိုက်ပို့ဆောင်ပေးတဲ့ အနေနဲ့ ငိုကြွေးပေးတာပါ။အနှစ်၂၀ကျော်ကြာ သူစိမ်းအသုဘတွေမှာ အခကြေးငွေနဲ့ ငိုတဲ့အလုပ်လုပ်ကိုင်ခဲ့သူ အမည်မဖော်လိုတဲ့ အမျိုးသမီးဟာ မိနစ်၃၀စာ ဝမ်းနည်းပူဆွေးမှုအတွက် ယွမ် ၃၀၀ (ဒေါ်လာ ၄၂ ဒေါ်လာ) ရရှိတယ်လို့ဆိုပါတယ်။

Ref_NextShark

#Mg_Htet

#Lifestyle_Myanmar

LEAVE A REPLY

Please enter your comment!
Please enter your name here