သူငယ်ချင်း သို့မဟုတ် တစ်ယောက်ထဲ နေတဲ့အချိန် ပြုလုပ်လေ့ရှိတဲ့ယောက်ျားလေးတွေရဲ့ အမူအကျင့်

0
101
ယောကျ်ားလေးများရဲ့ လျှို့ဝှက်ချက်
ယောကျ်ားလေးများရဲ့ လျှို့ဝှက်ချက်

၁။ တစ်ခါတလေ သူငယ်ချင်းတွေနဲ့ ဆုံတဲ့အခါ အတင်းပြောတတ်ကြပါတယ်။ အခြားသူအကြောင်းထက် သူတို့ရဲ့ ဇနီးဖြစ်သူအကြောင်းကို အများဆုံး အတင်းပြောလေ့ရှိကြပါတယ်။

၂။ ယောက်ျားလေးအများစုက Shopping ထွက်ရတာကို ကြိုက်ကြပါတယ်။ ဒါပေမဲ့ သူတို့ ကြိုက်တဲ့အချက်ကို တိုးတိုးတိတ်တိတ်နဲ့ ပြုလုပ်တတ်ကြပါတယ်။

၃။ ရယ်စရာ ဟာသတွေနဲ့ ကခုန်ပြီး ပျော်ပျော်နေရတာကို ကြိုက်ကြပါတယ်။

၄။ ဘယ်သူမှမရှိဘဲ တစ်ယောက်ထဲ နေရတဲ့အချိန်ဆို ရေချိုးဇလုံးထဲမှာ ရေချိုးဆပ်ပြာရည်နဲ့ စိမ်ပြီး ဇိမ်နဲ့ နေရတဲ့နေ့ဟာ သူတို့အတွက် အဖိုးမဖြတ်နိုင်တဲ့ နေ့တစ်နေ့ပဲဖြစ်ပါတယ်။

၅။ ယောက်ျားလေးအများစုဟာ အလှအပ မကြိုက်ဘူးဆိုပေမဲ့ မျက်နှာသစ်တဲ့အခါ ရေတစ်မျိုးထဲနဲ့ မျက်နှာသစ်ရတာထက် သူတို့ရဲ့ မျက်နှာကို မျက်နှာသစ်ဆေးနဲ့ သေချာသစ်ရတာကို ပိုသဘောကျကြပါတယ်။

၆။ ယောကျ်ားလေးတော်တော်များများက ခါးထောက်ပြီး နေရတာကို သဘောပိုကျပါတယ်။ ဒီလိုအပြုအမူမျိုးကို သင်သတိထားကြည့်ကြည့်ပါ။ မကြာခဏဆိုသလိုတွေ့ရမှာဖြစ်ပါတယ်။

၇။ အရင်းနှီးဆုံးသူငယ်ချင်းတွေနဲ့ အအေးသောက်တာပဲဖြစ်ဖြစ်၊ ခေါက်ဆွဲပြုတ်စားတာပဲဖြစ်ဖြစ်၊ အခြားအစားအသောက်စားတာပဲဖြစ်ဖြစ် တစ်ပန်ကန်ထဲမှာ အတူတူ ဝိုင်းဖွဲ့စားရတာကို ကြိုက်ကြပါတယ်။

၈။ အမျိုးသမီးလစ်တဲ့အချိန်ဆို အမျိုးသမီးရဲ့ အလှကုန်ပစ္စည်းတွေကို ရှာဖွေပြီး ရေချိုးခန်းထဲမှာ ထိုအလှကုန်ပစ္စည်းတွေကို စမ်းသုံးကြည့်တာမျိုး စတဲ့ ပေါက်ကရမျိုးစုံတွေလျှောက်လုပ်တတ်ပါတယ်။

၉။ မိန်းကလေးတွေနဲ့ ဓာတ်ပုံအတူတွဲရိုက်ရတာ ရှက်တတ်ပေမဲ့ သူငယ်ချင်းတွေနဲ့ဆို ပေါက်ကရဟာသပုံတွေ ရိုက်ဖို့ နှစ်ခါ ခေါ်စရာမလိုပါဘူး။

၁၀။ အမျိုးသမီးတွေရဲ့ အပြုအမူမျိုးဖြစ်တဲ့ မျက်ဖြူလှန်ပြီး အခွက်ပြောင်တာမျိုး ယောကျ်ားလေးတွေ အများစုမှာလည်း ရှိတတ်ကြပါတယ်။

၁၁။ ခေါင်းဖြီးနေတဲ့အခါမျိုး/ ရေချိုးနေတဲ့ အချိန်မျိုး အနားမှာဘယ်သူမှမရှိရင် အိုင်တင်မျိုးစုံနဲ့ သီချင်းဆိုတတ်ကြပါတယ်။

၁၂။ အိပ်တဲ့အခါ သင့်ကို ဘာစကားမှမပြောပေမဲ့ ပွေ့ဖက်ပြီး အိပ်တတ်တဲ့ အကျင့်ရှိတဲ့ ယောကျ်ားလေးဟာ သင့်ဘဝအတွက် စိတ်ချမ်းသာမှုကို ပေးစွမ်းနိုင်တဲ့ သူမျိုးတွေပဲဖြစ်ပါတယ်။

ရာသီခွင်အလိုက် အဆင်မပြေမှုတွေ များလေ့ရှိတဲ့ စုံတွဲများ

Lifestyle_Myanmar

Thar_Nage

LEAVE A REPLY

Please enter your comment!
Please enter your name here