သူငယ်ချင်းအဖြစ်ကနေ ချစ်သူဖြစ်လာတဲ့စုံတွဲတိုင်း ရရှိခံစားရမယ့် ဘဝပျော်ရွင်မှု နဲ့ နားလည်မှု ၁၀ ချက်

0
135

Relationship တိုင်းဟာ ရင်ခုန်စရာကောင်းပြီး ပျော်ဖို့ကောင်းပါလိမ့်မယ်။ တကယ်လို့ ကိုယ့်ရဲ့လက်တွဲဖော်ဟာ ကိုယ့်ရဲ့အချစ်ဆုံးသူငယ်ချင်း ဖြစ်တယ်ဆိုရင်တော့ အရာရာတိုင်းဟာ ပိုပြီးစိတ်ဝင်စားစရာကောင်းသလို ပိုပြီးလှပနေပါတယ်။ သင့်ရဲ့ချစ်သူဟာ အရင်ကသင့်ရဲ့အတွင်းသိအစင်းသိ သူငယ်ချင်းတစ်ယောက် ဖြစ်နေတယ်ဆိုရင်တော့ သင်ဟာကံကောင်းတဲ့သူတစ်ယောက် ဖြစ်ပါတယ်။ ဘယ်လိုစိတ်ဝင်စားစရာကောင်းတဲ့ အချက်တွေကို ပိုင်ဆိုင်ရမယ့်ဆိုတာကို ဖတ်ကြည့်လိုက်ရအောင်။

-Advertisement-

၁။ သာမာန်ထက်ပိုပြီးတော့ တစ်ယောက်ကိုတစ်ယောက် ရယ်မောအောင် လုပ်ပေးနိုင်တယ်
အကောင်းဆုံးသူငယ်ချင်းဖြစ်လာရခြင်းဟာ ဟာသဉာဏ်တူညီကြလို့ ဖြစ်ပါတယ်။ တကယ်လို့ သင့်ရဲ့အချစ်ဆုံးသူငယ်ချင်းက သင့်ရဲ့လက်တွဲဖော်ဖြစ်လာရင် သင်ဝမ်းအနည်းဆုံး အချိန်မှာတောင်မှ သူက သင့်ကိုရယ်မောအောင် လုပ်ပေးနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သင်ပြုံးရွင်ပြီး ရယ်မောလာအောင် ဘယ်လိုလုပ်ရမယ်ဆိုတာကို သူကသေချာသိလို့ပါပဲ။ အကောင်းဆုံးသူငယ်ချင်းဆိုတာဟာ ဘယ်တော့မှသင့်ရှေ့မှာ ရယ်မှာမဟုတ်ပါဘူး။ သင်နဲ့အတူသာ ရယ်မောပါလိမ့်မယ်။

၂။ လေ့လာဆဲကာလဆိုတာ မရှိဘူး
သင့်ရဲ့ ကိုယ်တွင်းရေးနဲ့ပတ်သတ်ပြီး အရာအားလုံးကို သိရှိပြီးသူတွေပါ။ သင့်ကိုဘယ်အရာကနာကျင်စေလဲ၊ သင့်ကိုဘယ်လိုနည်းနဲ့ကူညီနိုင်လဲ၊ သင့်ရဲ့ပျော်ရွင်မှု၊ ဝမ်းနည်းမှု၊ အရာအားလုံးကို သူကသိပြီးသားဖြစ်ပါတယ်။ သင်လည်းပဲ သူ့အကြောင်းကို အားလုံးသိပြီးသားဖြစ်တဲ့အတွက် တစ်ယောက်ကိုတစ်ယောက် ဖုံးကွယ်ထားတာမရှိပဲ အရာအားလုံးဟာ အဆင်ပြေချောမွေ့နေပါလိမ့်မယ်။

၃။ လူမှုဘဝ ပိုကောင်းလာတယ်
သင့်ရဲ့သူငယ်ချင်းနဲ့ အမြဲတမ်းတွဲသွားတွဲလာ ရှိခဲ့တဲ့အတွက် ချစ်သူဖြစ်လာတဲ့အခါမှာလည်း သင်တို့ရဲ့ ဆိုရှယ်ဘဝက ထူးခြားပြီးပြောင်းလဲသွားမှာတော့မဟုတ်ပါဘူး။ ဒါပေမယ့် အရင်ကထက် နှစ်ယောက်အတူတူပိုရှိလာပြီး ဘယ်နေရာကိုပဲသွားသွား ပိုပြီးတွဲလာကြသလို တစ်ယောက်ကိုတစ်ယောက်လည်း မတူညီတဲ့ဖေးမမှုတွေနဲ့ ကူညီတတ်ကြပါတယ်။

၄။ တစ်ယောက်ကိုတစ်ယောက် အရမ်းကိုပွင့်လင်းနေမယ်
အချစ်ဆုံးသူငယ်ချင်းတွေဟာ တစ်ယောက်ကိုတစ်ယောက် ဘယ်လိုကိစ္စမျိုးပဲဖြစ်ဖြစ် ရှက်တာတွေမရှိပဲ ရင်ဖွင့်တတ်ကြပါတယ်။ တကယ်လို့ သူကသင့်ရဲ့လက်တွဲဖော်ဖြစ်လာတဲ့အခါ အခြား relationship တွေမှာတည်ဆောက်ဖို့မလွယ်ကူတဲ့ ပွင့်လင်းမှုတွေ အားပေးနှစ်သိမ့်မှုတွေ ကိုပိုင်ဆိုင်ရပါလိမ့်မယ်

၅။ သာမာန်ထက်ပိုပြီးတော့ တစ်ယောက်နဲ့တစ်ယောက် တွယ်တာနေမယ်
အကောင်းဆုံးသူငယ်ချင်းတွေဟာ တစ်ယောက်ကရှုံးရှုံးနိုင်နိုင် တစ်ယောက်က ဘယ်တော့မှအရှုံးမပေးဖို့၊ ရှေ့ကိုပြန်လည်ချီတက်နိုင်ဖို့ အမြဲတမ်းခွန်အားတွေ ပေးတတ်ကြပါတယ်။ တကယ်လို့ သူကသင့်ချစ်သူဖြစ်လာတဲ့အခါမှာတော့ ယခုလိုဘေးနားကအားပေးမှုတွေက ပိုပြီးအားကောင်းလာပါလိမ့်မယ်။ သင့်ရဲ့ဘယ်လိုရည်မှန်းချက်နဲ့ အောင်မြင်မှုတွေကိုမဆို သူ့ရဲ့စွမ်းအားတွေနဲ့ ကူညီမှုကြောင့် ပိုမိုလွယ်ကူစေပါလိမ့်မယ်။

၆။ တစ်ယောက်ဖြစ်နေတာကို တစ်ယောက်ကမြင်နိုင်တယ်
သင်စိတ်မကောင်းတာပဲဖြစ်ဖြစ် ဝမ်းနည်းနေတာပဲဖြစ်ဖြစ် သင်ဘယ်လောက်ဖုံးကွယ်ဖို့ ကြိုးစားပါစေ၊ အကောင်းဆုံးသူငယ်ချင်းတွေက အလိုလိုရိပ်မိတတ်ကြပါတယ်။ တကယ်လို့ ချစ်သူဖြစ်လာတဲ့အခါမှာလည်း သင်ခံစားနေရတာတွေကို ဘယ်လောက်ပဲဖုံးကွယ်ထားပါစေ သူ့စိတ်မှာအလိုလို ခံစားသိရှိနိုင်ပြီး တခုခုမှားနေကြောင်း သူသိနေတတ်ပါတယ်။ ဒီလိုသိရှိခြင်းကြောင့် သင့်အပေါ်အကောင်းဆုံးနားလည်ပေးပြီး မျှဝေခံစားပေးတတ်ပါတယ်။

၇။ တစ်ယောက်နဲ့တစ်ယောက် အရမ်းလည်းသစ္စာရှိကြတယ်
အကောင်းဆုံးသူငယ်ချင်းတွေကို သင်ဘယ်တော့မှညာဖို့ စဉ်းစားမှာမဟုတ်ပါဘူး။ တကယ်လို့ညာမိတယ်ဆိုရင်တောင်မှ သိပ်မကြာခင်ပဲ အမှန်ကိုဝန်ခံမိမှာပါ။ သူငယ်ချင်းအချစ်က ဖြူစင်ပြီးကြင်နာစိတ် ကြီးမားပါတယ်။ ဖုံးကွယ်ခြင်း လိမ်ညာခြင်းလိုမကောင်းတဲ့အရာတွေ စိုးမိုးလို့မရနိုင်ပါဘူး။ တကယ်လို့ချစ်သူဖြစ်လာတဲ့ အခါမှာလည်း တစ်ယောက်ကိုတစ်ယောက် ပိုပြီးသစ္စာရှိရှိ လက်တွဲကြပါလိမ့်မယ်။

၈။ တစ်ယောက်နဲ့တစ်ယောက် နားထောင်ပေးတယ်
အကောင်းဆုံးသူငယ်ချင်း ဖြစ်ဖို့ဆိုတာ တကဘ်တော့မလွယ်ပါဘူး။ သူငယ်ချင်းမဖြစ်ခင်မှာပဲ များပြားတဲ့စမ်းသပ်မှုတွေ၊ ရုန်းကန်မှုတွေကို နှစ်ဦးစလုံးကြုံတွေ့ရမှာပါ။ တစ်ယောက်နဲ့တစ်ယောက်လည်း ပြောစရာစကားတွေ ကုန်တယ်လို့မရှိကြပါဘူး။ လောကမှာကိုယ်ပြောသမျှအားလုံးကို စိတ်ပါလက်ပါနားထောင်ပေးတတ်တာ အချစ်ဆုံးသူငယ်ချင်းတွေပါပဲ။ ဒီလိုလှပတဲ့ သူငယ်ချင်းအချစ်က ချစ်သူတွေဖြစ်လာတဲ့အခါမှာလည်း အရေးအကြီးဆုံးဖြစ်တဲ့ တစ်ယောက်ကိုတစ်ယောက် နားထောင်ပေးတတ်တဲ့ အလေ့အထကောင်းတွေ သူ့အလိုလို ပါလာပါလိမ့်မယ်။

၉။ တစ်ယောက်ကိုတစ်ယောက် မြန်မြန်ပဲခွင့်လွှတ်ပေးတတ်တယ်
သူငယ်ချင်းအချင်းချင်း ရန်ဖြစ်ဖူးကြမှာပါ။ ဒါပေမယ့်ပြန်ပြေလည်ဖို့ဆိုတာလည်း အရမ်းကိုမြန်ဆန်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဘယ်လိုအရာမျိုးကမှ သူငယ်ချင်းသံယောဇဉ်ကို မဖြတ်ပစ်နိုင်လို့ပါ။ တစ်ယောက်ကလွန်သွားတဲ့အခါ တစ်ယောက်ကိုတောင်းပန်ဖို့ ဝန်မလေးတတ်သလို တစ်ယောက်ခံစားနေရတာကိုလည်း တစ်ယောက်က ကြည့်မနေနိုင်ကြပါဘူး။ ဒါကြောင့်ပဲ ချစ်သူဘဝမှာလည်း ဘယ်လောက်ကြီးတဲ့ပြဿနာတွေပဲကြုံကြုံ လွယ်လွယ်နဲ့ခွင့်လွှတ်တတ်ကြတာကြောင့် သာယာပျော်ရွင်ပြီး နားလည်မှုရှိတဲ့ relationship ကိုပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။
LM_Naung_Naung
Lifestyle_Myanmar

Zawgyi font

သူငယ္ခ်င္းအျဖစ္ကေန ခ်စ္သူျဖစ္လာတဲ့စုံတြဲတိုင္း ရရွိခံစားရမယ့္ ဘဝေပ်ာ္႐ြင္မႈ နဲ႔ နားလည္မႈ ၁၀ ခ်က္
Relationship တိုင္းဟာ ရင္ခုန္စရာေကာင္းၿပီး ေပ်ာ္ဖို႔ေကာင္းပါလိမ့္မယ္။ တကယ္လို႔ ကိုယ့္ရဲ႕လက္တြဲေဖာ္ဟာ ကိုယ့္ရဲ႕အခ်စ္ဆုံးသူငယ္ခ်င္း ျဖစ္တယ္ဆိုရင္ေတာ့ အရာရာတိုင္းဟာ ပိုၿပီးစိတ္ဝင္စားစရာေကာင္းသလို ပိုၿပီးလွပေနပါတယ္။ သင့္ရဲ႕ခ်စ္သူဟာ အရင္ကသင့္ရဲ႕အတြင္းသိအစင္းသိ သူငယ္ခ်င္းတစ္ေယာက္ ျဖစ္ေနတယ္ဆိုရင္ေတာ့ သင္ဟာကံေကာင္းတဲ့သူတစ္ေယာက္ ျဖစ္ပါတယ္။ ဘယ္လိုစိတ္ဝင္စားစရာေကာင္းတဲ့ အခ်က္ေတြကို ပိုင္ဆိုင္ရမယ့္ဆိုတာကို ဖတ္ၾကည့္လိုက္ရေအာင္။
၁။ သာမာန္ထက္ပိုၿပီးေတာ့ တစ္ေယာက္ကိုတစ္ေယာက္ ရယ္ေမာေအာင္ လုပ္ေပးႏိုင္တယ္
အေကာင္းဆုံးသူငယ္ခ်င္းျဖစ္လာရျခင္းဟာ ဟာသဉာဏ္တူညီၾကလို႔ ျဖစ္ပါတယ္။ တကယ္လို႔ သင့္ရဲ႕အခ်စ္ဆုံးသူငယ္ခ်င္းက သင့္ရဲ႕လက္တြဲေဖာ္ျဖစ္လာရင္ သင္ဝမ္းအနည္းဆုံး အခ်ိန္မွာေတာင္မွ သူက သင့္ကိုရယ္ေမာေအာင္ လုပ္ေပးႏိုင္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ သင္ၿပဳံး႐ြင္ၿပီး ရယ္ေမာလာေအာင္ ဘယ္လိုလုပ္ရမယ္ဆိုတာကို သူကေသခ်ာသိလို႔ပါပဲ။ အေကာင္းဆုံးသူငယ္ခ်င္းဆိုတာဟာ ဘယ္ေတာ့မွသင့္ေရွ႕မွာ ရယ္မွာမဟုတ္ပါဘူး။ သင္နဲ႔အတူသာ ရယ္ေမာပါလိမ့္မယ္။

၂။ ေလ့လာဆဲကာလဆိုတာ မရွိဘူး
သင့္ရဲ႕ ကိုယ္တြင္းေရးနဲ႔ပတ္သတ္ၿပီး အရာအားလုံးကို သိရွိၿပီးသူေတြပါ။ သင့္ကိုဘယ္အရာကနာက်င္ေစလဲ၊ သင့္ကိုဘယ္လိုနည္းနဲ႔ကူညီႏိုင္လဲ၊ သင့္ရဲ႕ေပ်ာ္႐ြင္မႈ၊ ဝမ္းနည္းမႈ၊ အရာအားလုံးကို သူကသိၿပီးသားျဖစ္ပါတယ္။ သင္လည္းပဲ သူ႔အေၾကာင္းကို အားလုံးသိၿပီးသားျဖစ္တဲ့အတြက္ တစ္ေယာက္ကိုတစ္ေယာက္ ဖုံးကြယ္ထားတာမရွိပဲ အရာအားလုံးဟာ အဆင္ေျပေခ်ာေမြ႕ေနပါလိမ့္မယ္။

၃။ လူမႈဘဝ ပိုေကာင္းလာတယ္
သင့္ရဲ႕သူငယ္ခ်င္းနဲ႔ အၿမဲတမ္းတြဲသြားတြဲလာ ရွိခဲ့တဲ့အတြက္ ခ်စ္သူျဖစ္လာတဲ့အခါမွာလည္း သင္တို႔ရဲ႕ ဆိုရွယ္ဘဝက ထူးျခားၿပီးေျပာင္းလဲသြားမွာေတာ့မဟုတ္ပါဘူး။ ဒါေပမယ့္ အရင္ကထက္ ႏွစ္ေယာက္အတူတူပိုရွိလာၿပီး ဘယ္ေနရာကိုပဲသြားသြား ပိုၿပီးတြဲလာၾကသလို တစ္ေယာက္ကိုတစ္ေယာက္လည္း မတူညီတဲ့ေဖးမမႈေတြနဲ႔ ကူညီတတ္ၾကပါတယ္။

၄။ တစ္ေယာက္ကိုတစ္ေယာက္ အရမ္းကိုပြင့္လင္းေနမယ္
အခ်စ္ဆုံးသူငယ္ခ်င္းေတြဟာ တစ္ေယာက္ကိုတစ္ေယာက္ ဘယ္လိုကိစၥမ်ိဳးပဲျဖစ္ျဖစ္ ရွက္တာေတြမရွိပဲ ရင္ဖြင့္တတ္ၾကပါတယ္။ တကယ္လို႔ သူကသင့္ရဲ႕လက္တြဲေဖာ္ျဖစ္လာတဲ့အခါ အျခား relationship ေတြမွာတည္ေဆာက္ဖို႔မလြယ္ကူတဲ့ ပြင့္လင္းမႈေတြ အားေပးႏွစ္သိမ့္မႈေတြ ကိုပိုင္ဆိုင္ရပါလိမ့္မယ္

၅။ သာမာန္ထက္ပိုၿပီးေတာ့ တစ္ေယာက္နဲ႔တစ္ေယာက္ တြယ္တာေနမယ္
အေကာင္းဆုံးသူငယ္ခ်င္းေတြဟာ တစ္ေယာက္ကရႈံးရႈံးႏိုင္ႏိုင္ တစ္ေယာက္က ဘယ္ေတာ့မွအရႈံးမေပးဖို႔၊ ေရွ႕ကိုျပန္လည္ခ်ီတက္ႏိုင္ဖို႔ အၿမဲတမ္းခြန္အားေတြ ေပးတတ္ၾကပါတယ္။ တကယ္လို႔ သူကသင့္ခ်စ္သူျဖစ္လာတဲ့အခါမွာေတာ့ ယခုလိုေဘးနားကအားေပးမႈေတြက ပိုၿပီးအားေကာင္းလာပါလိမ့္မယ္။ သင့္ရဲ႕ဘယ္လိုရည္မွန္းခ်က္နဲ႔ ေအာင္ျမင္မႈေတြကိုမဆို သူ႔ရဲ႕စြမ္းအားေတြနဲ႔ ကူညီမႈေၾကာင့္ ပိုမိုလြယ္ကူေစပါလိမ့္မယ္။

၆။ တစ္ေယာက္ျဖစ္ေနတာကို တစ္ေယာက္ကျမင္ႏိုင္တယ္
သင္စိတ္မေကာင္းတာပဲျဖစ္ျဖစ္ ဝမ္းနည္းေနတာပဲျဖစ္ျဖစ္ သင္ဘယ္ေလာက္ဖုံးကြယ္ဖို႔ ႀကိဳးစားပါေစ၊ အေကာင္းဆုံးသူငယ္ခ်င္းေတြက အလိုလိုရိပ္မိတတ္ၾကပါတယ္။ တကယ္လို႔ ခ်စ္သူျဖစ္လာတဲ့အခါမွာလည္း သင္ခံစားေနရတာေတြကို ဘယ္ေလာက္ပဲဖုံးကြယ္ထားပါေစ သူ႔စိတ္မွာအလိုလို ခံစားသိရွိႏိုင္ၿပီး တခုခုမွားေနေၾကာင္း သူသိေနတတ္ပါတယ္။ ဒီလိုသိရွိျခင္းေၾကာင့္ သင့္အေပၚအေကာင္းဆုံးနားလည္ေပးၿပီး မွ်ေဝခံစားေပးတတ္ပါတယ္။

၇။ တစ္ေယာက္နဲ႔တစ္ေယာက္ အရမ္းလည္းသစၥာရွိၾကတယ္
အေကာင္းဆုံးသူငယ္ခ်င္းေတြကို သင္ဘယ္ေတာ့မွညာဖို႔ စဥ္းစားမွာမဟုတ္ပါဘူး။ တကယ္လို႔ညာမိတယ္ဆိုရင္ေတာင္မွ သိပ္မၾကာခင္ပဲ အမွန္ကိုဝန္ခံမိမွာပါ။ သူငယ္ခ်င္းအခ်စ္က ျဖဴစင္ၿပီးၾကင္နာစိတ္ ႀကီးမားပါတယ္။ ဖုံးကြယ္ျခင္း လိမ္ညာျခင္းလိုမေကာင္းတဲ့အရာေတြ စိုးမိုးလို႔မရႏိုင္ပါဘူး။ တကယ္လို႔ခ်စ္သူျဖစ္လာတဲ့ အခါမွာလည္း တစ္ေယာက္ကိုတစ္ေယာက္ ပိုၿပီးသစၥာရွိရွိ လက္တြဲၾကပါလိမ့္မယ္။

၈။ တစ္ေယာက္နဲ႔တစ္ေယာက္ နားေထာင္ေပးတယ္
အေကာင္းဆုံးသူငယ္ခ်င္း ျဖစ္ဖို႔ဆိုတာ တကဘ္ေတာ့မလြယ္ပါဘူး။ သူငယ္ခ်င္းမျဖစ္ခင္မွာပဲ မ်ားျပားတဲ့စမ္းသပ္မႈေတြ၊ ႐ုန္းကန္မႈေတြကို ႏွစ္ဦးစလုံးႀကဳံေတြ႕ရမွာပါ။ တစ္ေယာက္နဲ႔တစ္ေယာက္လည္း ေျပာစရာစကားေတြ ကုန္တယ္လို႔မရွိၾကပါဘူး။ ေလာကမွာကိုယ္ေျပာသမွ်အားလုံးကို စိတ္ပါလက္ပါနားေထာင္ေပးတတ္တာ အခ်စ္ဆုံးသူငယ္ခ်င္းေတြပါပဲ။ ဒီလိုလွပတဲ့ သူငယ္ခ်င္းအခ်စ္က ခ်စ္သူေတြျဖစ္လာတဲ့အခါမွာလည္း အေရးအႀကီးဆုံးျဖစ္တဲ့ တစ္ေယာက္ကိုတစ္ေယာက္ နားေထာင္ေပးတတ္တဲ့ အေလ့အထေကာင္းေတြ သူ႔အလိုလို ပါလာပါလိမ့္မယ္။

၉။ တစ္ေယာက္ကိုတစ္ေယာက္ ျမန္ျမန္ပဲခြင့္လႊတ္ေပးတတ္တယ္
သူငယ္ခ်င္းအခ်င္းခ်င္း ရန္ျဖစ္ဖူးၾကမွာပါ။ ဒါေပမယ့္ျပန္ေျပလည္ဖို႔ဆိုတာလည္း အရမ္းကိုျမန္ဆန္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ဘယ္လိုအရာမ်ိဳးကမွ သူငယ္ခ်င္းသံေယာဇဥ္ကို မျဖတ္ပစ္ႏိုင္လို႔ပါ။
တစ္ေယာက္ကလြန္သြားတဲ့အခါ တစ္ေယာက္ကိုေတာင္းပန္ဖို႔ ဝန္မေလးတတ္သလို တစ္ေယာက္ခံစားေနရတာကိုလည္း တစ္ေယာက္က ၾကည့္မေနႏိုင္ၾကပါဘူး။ ဒါေၾကာင့္ပဲ ခ်စ္သူဘဝမွာလည္း ဘယ္ေလာက္ႀကီးတဲ့ျပႆနာေတြပဲႀကဳံႀကဳံ လြယ္လြယ္နဲ႔ခြင့္လႊတ္တတ္ၾကတာေၾကာင့္ သာယာေပ်ာ္႐ြင္ၿပီး နားလည္မႈရွိတဲ့ relationship ကိုပိုင္ဆိုင္ႏိုင္မွာျဖစ္ပါတယ္။
LM_Naung_Naung
Lifestyle_Myanmar

LEAVE A REPLY

Please enter your comment!
Please enter your name here