၁။ သင့္နားမွာရွိတဲ့သူငယ္ခ်င္းကို အျခားသူငယ္ခ်င္းတစ္ေယာက္နဲ႔ မႏိႈင္းယွဥ္ပါနဲ႔။
သင္နဲ႔ အတူရွိေနတဲ့သူငယ္ခ်င္းေတြက တစ္ေယာက္နဲ႔တစ္ေယာက္ကိုယ့္အေပၚ ေကာင္းပုံခ်င္းမတူညီၾကပါဘူး။ တစ္ခ်ိဳ႕က ေငြအားနဲ႔ ေပါင္းသင္းတတ္ၾကတယ္။ တစ္ခ်ိဳ႕က သင့္ကို လုပ္အားနဲ႔ ေပါင္းသင္တတ္ၾကပါတယ္။ ဒါေပမဲ့ ႏွစ္ေယာက္စလုံးကေတာ့ သင့္အေပၚ ေကာင္းတဲ့အခ်က္ရွိသလိုမေကာင္းတဲ့အခ်က္လဲ ရွိခ်င္ရွိေနပါလိမ့္မယ္။ ပိုက္ဆံရွိတဲ့သူက သင့္ကို လက္ေဆာင္ပစၥည္းဝယ္ေပးလို႔ သူ႔က ငါ့အတြက္သူငယ္ခ်င္းေကာင္းပဲ။ ဒီတစ္ေယာက္ကေတာ့ ငါ့ကို ဘာမွမဝယ္ေပးဘူး သူကေရာငါ့ရဲ႕ တကယ့္သူငယ္ခ်င္းေကာင္းေရာဟုတ္ရဲ႕လားဆိုတဲ့စိတ္သာ သင့္မွာရွိခဲ့ရင္ သင့္ဟာ ခြဲျခားၿပီး ေပါင္းသင္းဆက္ဆံတတ္တဲ့သူတစ္ဦး ျဖစ္သြားပါလိမ့္မယ္။ သင့္ကို လက္ေဆာင္ပစၥည္းေတြ မဝယ္ေပးေပမဲ့ သင္အားငယ္တဲ့အခါ သင့္အနားမွာ ႏွစ္သိမ့္ေပးတဲ့သူ၊ သင္နဲ႔ကို ေပ်ာ္ရႊင္ေအာင္လုပ္ေပးတာလဲ သင့္ရဲ႕ သူငယ္ခ်င္းေကာင္းပါပဲ။ ဒါ့ေၾကာင့္ သူငယ္ခ်င္းအခ်င္းခ်င္းကို ႏႈိင္းယွဥ္ၿပီး ေပါင္းသင္းျခင္း၊ ခြဲျခားဆက္ဆံျခင္းဟာ သူတို႔ရဲ႕ သူငယ္ခ်င္းၾကား ဆက္ဆံေရးကို ပ်က္ျပားေစတဲ့ အခ်က္ပဲျဖစ္ပါတယ္။
၂။ အေရးႀကံဳလာတဲ့အခါ ဂ႐ုမစိုက္ပဲ ေနျခင္း။
သူငယ္ခ်င္းေကာင္းတစ္ေယာက္ဆိုတာ တစ္ေယာက္နဲ႔တစ္ေယာက္ အေရးႀကီးတဲ့အခါ ျပႆနာတစ္ခုကို အတူမေျဖရွင္းရင္ေတာ့ ေဝဖန္အႀကံေပးသင့္တာမ်ိဳးျပဳလုပ္သင့္ပါတယ္။ ေငြအားျဖင့္ ေငြအား၊ လုပ္အားျဖင့္ လုပ္အား၊ အႀကံဉာဏ္ျဖင့္ အႀကံဉာဏ္ တက္ႏိုင္တဲ့ဘက္က ေထာက္ပံ့ေပးတာကမွ တကယ္စစ္မွန္တဲ့သူငယ္ခ်င္း ေကာင္းတစ္ေယာက္ျဖစ္မွာပါ။ ဒီလိုေတာင္မကူညီတဲ့အျပင္ သူအခက္အခဲနဲ႔ အၾကပ္ေတြ႕ေနတဲ့အခ်ိန္မ်ိဳးမွာ သင္က အေရးမစိုက္တာ၊ မသိသလိုေနေနတာက သူငယ္ခ်င္းေကာင္းတစ္ေယာက္ မပီသပါဘူး။ ဒီလိုအျပဳအမူမ်ိဳးကလည္း မိတ္ေဆြသူငယ္ခ်င္းၾကား ဆက္ဆံေရးကို ပ်က္စီးေစပါတယ္။
၃။ ေဝဖန္မႈေတြအေပၚ အျငင္းမပြားပါနဲ႔။
တစ္ေယာက္နဲ႔တစ္ေယာက္သူငယ္ခ်င္းတာျဖစ္ၾကေပမဲ့ အျမင္တူတာရွိသလို အျမင္မတူညီတဲ့အခ်က္ေတြလဲ ရွိတတ္ၾကပါတယ္။ တစ္ေယာက္နဲ႔တစ္ေယာက္ အျမင္မတူတဲ့အခါ ေဝဖန္မႈေတြအေပၚမွာ ျငင္းခုံမေနၾကပါနဲ႔။ ျငင္းခုံတာမ်ားလာတဲ့အခါ တစ္ေယာက္နဲ႔တစ္ေယာက္ စိတ္ခုတတ္ၾကပါတယ္။ အျမင္မတူတဲ့ကိစၥတစ္ခုကို ေဝဖန္တဲ့အခါ ဒါမွမဟုတ္ တစ္ဖက္က လက္မခံတဲ့အခါ ဘာမဟုတ္တဲ့ကိစၥတစ္ခုနဲ႔ သူငယ္ခ်င္းႏွစ္ေယာက္ၾကား ဆက္ဆံေရးကို ပ်က္ျပားေစပါတယ္။ ဒါ့ေၾကာင့္ အတက္ႏိုင္ဆုံး အတိုက္အခံလုပ္ၿပီး ေဝဖန္းမႈေတြ တစ္ဦးနဲ႔တစ္ဦး မျပဳလုပ္ဖို႔ လိုအပ္ပါတယ္။
၄။ မၾကာခဏဆိုသလို သူငယ္ခ်င္းနဲ႔အတူေတြ႕ဆုံေပးပါ။
စစ္မွန္တဲ့သူငယ္ခ်င္းေတြ မဆုံး႐ႈံးခ်င္ဘူးဆိုရင္ေတာ့ သူ႔အတြက္အၿမဲတမ္းမဟုတ္ရင္ေတာင္ အားလပ္ရက္ တစ္ရက္ရက္မွာ အခ်ိန္ေပးလိုက္ပါ။ ဒီလိုမွမဟုတ္ဘဲ သူ႔ဘက္ကေတြ႕ဖို႔ ေတာင္းဆိုတာေတာင္မွ သင့္ဘက္က သူ႔ေျပာထားတဲ့စကားကို ေမ့ေလ်ာ့ၿပီး စိတ္ဝင္စားမႈမရွိရင္ေတာ့ ဒီလိုအျဖစ္မ်ိဳးေတြ ခဏခဏႀကံဳလာရင္ သင္တို႔ သူငယ္ခ်င္းၾကားဆက္ဆံေရးကလဲ တျဖည္းျဖည္းနဲ႔ရပ္ဆဲသြားပါလိမ့္မယ္။
၅။ သူငယ္ခ်င္းနဲ႔ ခ်စ္သူၾကား ဆက္ဆံေရး
တခါတေလမွာ ခ်စ္သူက တစ္ဖက္၊ သူငယ္ခ်င္းကတစ္ဖက္နဲ႔ ဒီႏွစ္ေယာက္ၾကားမွာ လြန္ဆြဲေနတတ္ပါတယ္။ သူငယ္ခ်င္းဘက္ကို အခ်ိန္ေပး၊ ဦးစားေပး မိရင္လဲ ခ်စ္သူဘက္ကသဝန္တိုဦးမယ္။ ခ်စ္သူဘက္ကို အခ်ိန္ေပး၊ ဦးစားေပးျပန္ေတာ့လည္း သူငယ္ခ်င္းက အျမင္ေစာင္ဦးမယ္။ စတဲ့ ဆက္ဆံေရးႏွစ္ခုၾကားမွာ ဗ်ာမ်ားၿပီး တစ္ခါတေလမွာ ခ်စ္သူ ဒါမွမဟုတ္ သူငယ္ခ်င္းနဲ႔ ျပႆနာေတြျဖစ္တတ္ပါတယ္။ ဒီအခ်က္က တစ္ဦးတစ္ေယာက္တည္းအေပၚေျပာင္းလဲပစ္႐ုံနဲ႔ ၿပီးသြားတဲ့ကိစၥမ်ိဳးေတာ့မဟုတ္ပါဘူး။ သူငယ္ခ်င္းဘက္ကလည္း အလိုက္တသိနဲ႔ နားလည္ေပးသင့္သလို ကိုယ့္ဘက္ကလည္း သူ႔အေပၚ လ်စ္လွ်ဴ႐ႈသလိုျဖစ္သြားတဲ့အခါမ်ိဳးမွာ ေတာင္းပန္တာမ်ိဳးျဖစ္ျဖစ္၊ ျပန္ေခ်ာ့တာမ်ိဳးျဖစ္ျဖစ္ ျပဳလုပ္သင့္ပါတယ္။
၆။ ကိုယ့္ခံစားခ်က္နဲ႔ သူမ်ားကို တထစ္ခ် ေျပာဆိုျခင္း
အခ်စ္နဲ႔ပတ္သက္ၿပီး အတိတ္က နားက်ည္းစရာေတြ၊ မုန္းတီးစရာေတြ ရွိခဲ့တဲ့သူငယ္ခ်င္းတစ္ေယာက္က သင့္ရဲ႕ အခ်စ္နဲ႔ေရးနဲ႔ပတ္သက္ရင္ မေကာင္းဘူးလို႔ေျပာဆိုမိမွာပါပဲ။ ဒါကို သင့္အေနနဲ႔က ေရွ႕ဆက္တိုးမိမယ္ဆိုရင္ သင္တို႔ႏွစ္ေယာက္ၾကားမွာ သေဘာထားျခင္း ကြဲလြဲၿပီး ဆက္ဆံေရးေတြ ပ်က္စီးသြားတတ္ပါတယ္။ ဒီလို ကိစၥမ်ိဳးေတြ ႀကံဳလာတဲ့အခါ ႏွစ္ဦးစလုံးနားလည္းထာရမွာက ငါတုန္းက ဒီလိုျဖစ္ခဲ့လို႔ သူလဲ ဒီလိုျဖစ္မွာပဲလို႔ တထစ္ခ်မတြက္ထားပါနဲ႔။ တစ္ဖက္ကလည္း ငါ့အခ်စ္ေရးနဲ႔ပတ္သက္ၿပီး မနာလိုလို႔ေျပာတာလား ဘာေၾကာင့္လဲဆိုၿပီး အမ်က္ေဒါသေတြ မတြက္ေနပါနဲ႔။ သူ႔အလွည့္က ဒီလို အတိတ္ဆိုးေတြျဖစ္ခဲ့လို႔ ငါ့ကိုလည္း သူ႔ကိုျဖစ္မွာ စိုးရိမ္လို႔ ေျပာပါလားဆိုတဲ့ အသိစိတ္ကေလးနည္းပဲ တစ္ဦးကို တစ္ဦး အျပန္အလွန္နားလည္ေပးလိုက္တာက သင္တုိ႔ရဲ႕ ဆက္ဆံေရးကို ပိုၿပီးေျပလည္ေစပါတယ္။
#Lifestyle_Myanmar
#Thar_Nage
ျပတ္စဲသြားတဲ့ ရည္းစားေဟာင္းနဲ႔ ကိုယ့္ရဲ႕ ၾကားက အျဖစ္အပ်က္ေလးေတြကို ေဖာ္ျပထားတဲ့ ပုံရိပ္အခ်ိဳ႕
Unicode
သူငယ်ချင်းနှစ်ယောက်ကြား ဆက်ဆံရေးကို ပျက်ပြားစေတဲ့ လက္ခဏာရပ်များ
၁။ သင့်နားမှာရှိတဲ့သူငယ်ချင်းကို အခြားသူငယ်ချင်းတစ်ယောက်နဲ့ မနှိုင်းယှဉ်ပါနဲ့။
သင်နဲ့ အတူရှိနေတဲ့သူငယ်ချင်းတွေက တစ်ယောက်နဲ့တစ်ယောက်ကိုယ့်အပေါ် ကောင်းပုံချင်းမတူညီကြပါဘူး။ တစ်ချို့က ငွေအားနဲ့ ပေါင်းသင်းတတ်ကြတယ်။ တစ်ချို့က သင့်ကို လုပ်အားနဲ့ ပေါင်းသင်တတ်ကြပါတယ်။ ဒါပေမဲ့ နှစ်ယောက်စလုံးကတော့ သင့်အပေါ် ကောင်းတဲ့အချက်ရှိသလိုမကောင်းတဲ့အချက်လဲ ရှိချင်ရှိနေပါလိမ့်မယ်။ ပိုက်ဆံရှိတဲ့သူက သင့်ကို လက်ဆောင်ပစ္စည်းဝယ်ပေးလို့ သူ့က ငါ့အတွက်သူငယ်ချင်းကောင်းပဲ။ ဒီတစ်ယောက်ကတော့ ငါ့ကို ဘာမှမဝယ်ပေးဘူး သူကရောငါ့ရဲ့ တကယ့်သူငယ်ချင်းကောင်းရောဟုတ်ရဲ့လားဆိုတဲ့စိတ်သာ သင့်မှာရှိခဲ့ရင် သင့်ဟာ ခွဲခြားပြီး ပေါင်းသင်းဆက်ဆံတတ်တဲ့သူတစ်ဦး ဖြစ်သွားပါလိမ့်မယ်။ သင့်ကို လက်ဆောင်ပစ္စည်းတွေ မဝယ်ပေးပေမဲ့ သင်အားငယ်တဲ့အခါ သင့်အနားမှာ နှစ်သိမ့်ပေးတဲ့သူ၊ သင်နဲ့ကို ပျော်ရွှင်အောင်လုပ်ပေးတာလဲ သင့်ရဲ့ သူငယ်ချင်းကောင်းပါပဲ။ ဒါ့ကြောင့် သူငယ်ချင်းအချင်းချင်းကို နှိုင်းယှဉ်ပြီး ပေါင်းသင်းခြင်း၊ ခွဲခြားဆက်ဆံခြင်းဟာ သူတို့ရဲ့ သူငယ်ချင်းကြား ဆက်ဆံရေးကို ပျက်ပြားစေတဲ့ အချက်ပဲဖြစ်ပါတယ်။
၂။ အရေးကြုံလာတဲ့အခါ ဂရုမစိုက်ပဲ နေခြင်း။
သူငယ်ချင်းကောင်းတစ်ယောက်ဆိုတာ တစ်ယောက်နဲ့တစ်ယောက် အရေးကြီးတဲ့အခါ ပြဿနာတစ်ခုကို အတူမဖြေရှင်းရင်တော့ ဝေဖန်အကြံပေးသင့်တာမျိုးပြုလုပ်သင့်ပါတယ်။ ငွေအားဖြင့် ငွေအား၊ လုပ်အားဖြင့် လုပ်အား၊ အကြံဉာဏ်ဖြင့် အကြံဉာဏ် တက်နိုင်တဲ့ဘက်က ထောက်ပံ့ပေးတာကမှ တကယ်စစ်မှန်တဲ့သူငယ်ချင်း
ကောင်းတစ်ယောက်ဖြစ်မှာပါ။ ဒီလိုတောင်မကူညီတဲ့အပြင် သူအခက်အခဲနဲ့ အကြပ်တွေ့နေတဲ့အချိန်မျိုးမှာ သင်က အရေးမစိုက်တာ၊ မသိသလိုနေနေတာက သူငယ်ချင်းကောင်းတစ်ယောက် မပီသပါဘူး။ ဒီလိုအပြုအမူမျိုးကလည်း မိတ်ဆွေသူငယ်ချင်းကြား ဆက်ဆံရေးကို ပျက်စီးစေပါတယ်။
၃။ ဝေဖန်မှုတွေအပေါ် အငြင်းမပွားပါနဲ့။
တစ်ယောက်နဲ့တစ်ယောက်သူငယ်ချင်းတာဖြစ်ကြပေမဲ့ အမြင်တူတာရှိသလို အမြင်မတူညီတဲ့အချက်တွေလဲ ရှိတတ်ကြပါတယ်။ တစ်ယောက်နဲ့တစ်ယောက် အမြင်မတူတဲ့အခါ ဝေဖန်မှုတွေအပေါ်မှာ ငြင်းခုံမနေကြပါနဲ့။ ငြင်းခုံတာများလာတဲ့အခါ တစ်ယောက်နဲ့တစ်ယောက် စိတ်ခုတတ်ကြပါတယ်။ အမြင်မတူတဲ့ကိစ္စတစ်ခုကို ဝေဖန်တဲ့အခါ ဒါမှမဟုတ် တစ်ဖက်က လက်မခံတဲ့အခါ ဘာမဟုတ်တဲ့ကိစ္စတစ်ခုနဲ့ သူငယ်ချင်းနှစ်ယောက်ကြား ဆက်ဆံရေးကို ပျက်ပြားစေပါတယ်။ ဒါ့ကြောင့် အတက်နိုင်ဆုံး အတိုက်အခံလုပ်ပြီး ဝေဖန်းမှုတွေ တစ်ဦးနဲ့တစ်ဦး မပြုလုပ်ဖို့ လိုအပ်ပါတယ်။
၄။ မကြာခဏဆိုသလို သူငယ်ချင်းနဲ့အတူတွေ့ဆုံပေးပါ။
စစ်မှန်တဲ့သူငယ်ချင်းတွေ မဆုံးရှုံးချင်ဘူးဆိုရင်တော့ သူ့အတွက်အမြဲတမ်းမဟုတ်ရင်တောင် အားလပ်ရက် တစ်ရက်ရက်မှာ အချိန်ပေးလိုက်ပါ။ ဒီလိုမှမဟုတ်ဘဲ သူ့ဘက်ကတွေ့ဖို့ တောင်းဆိုတာတောင်မှ သင့်ဘက်က သူ့ပြောထားတဲ့စကားကို မေ့လျော့ပြီး စိတ်ဝင်စားမှုမရှိရင်တော့ ဒီလိုအဖြစ်မျိုးတွေ ခဏခဏကြံုလာရင် သင်တို့ သူငယ်ချင်းကြားဆက်ဆံရေးကလဲ တဖြည်းဖြည်းနဲ့ရပ်ဆဲသွားပါလိမ့်မယ်။
၅။ သူငယ်ချင်းနဲ့ ချစ်သူကြား ဆက်ဆံရေး
တခါတလေမှာ ချစ်သူက တစ်ဖက်၊ သူငယ်ချင်းကတစ်ဖက်နဲ့ ဒီနှစ်ယောက်ကြားမှာ လွန်ဆွဲနေတတ်ပါတယ်။ သူငယ်ချင်းဘက်ကို အချိန်ပေး၊ ဦးစားပေး မိရင်လဲ ချစ်သူဘက်ကသဝန်တိုဦးမယ်။ ချစ်သူဘက်ကို အချိန်ပေး၊ ဦးစားပေးပြန်တော့လည်း သူငယ်ချင်းက အမြင်စောင်ဦးမယ်။ စတဲ့ ဆက်ဆံရေးနှစ်ခုကြားမှာ ဗျာများပြီး တစ်ခါတလေမှာ ချစ်သူ ဒါမှမဟုတ် သူငယ်ချင်းနဲ့ ပြဿနာတွေဖြစ်တတ်ပါတယ်။ ဒီအချက်က တစ်ဦးတစ်ယောက်တည်းအပေါ်ပြောင်းလဲပစ်ရုံနဲ့ ပြီးသွားတဲ့ကိစ္စမျိုးတော့မဟုတ်ပါဘူး။ သူငယ်ချင်းဘက်ကလည်း အလိုက်တသိနဲ့ နားလည်ပေးသင့်သလို ကိုယ့်ဘက်ကလည်း သူ့အပေါ် လျစ်လျှူရှုသလိုဖြစ်သွားတဲ့အခါမျိုးမှာ တောင်းပန်တာမျိုးဖြစ်ဖြစ်၊ ပြန်ချော့တာမျိုးဖြစ်ဖြစ် ပြုလုပ်သင့်ပါတယ်။
၆။ ကိုယ့်ခံစားချက်နဲ့ သူများကို တထစ်ချ ပြောဆိုခြင်း
အချစ်နဲ့ပတ်သက်ပြီး အတိတ်က နားကျည်းစရာတွေ၊ မုန်းတီးစရာတွေ ရှိခဲ့တဲ့သူငယ်ချင်းတစ်ယောက်က သင့်ရဲ့ အချစ်နဲ့ရေးနဲ့ပတ်သက်ရင် မကောင်းဘူးလို့ပြောဆိုမိမှာပါပဲ။ ဒါကို သင့်အနေနဲ့က ရှေ့ဆက်တိုးမိမယ်ဆိုရင် သင်တို့နှစ်ယောက်ကြားမှာ သဘောထားခြင်း ကွဲလွဲပြီး ဆက်ဆံရေးတွေ ပျက်စီးသွားတတ်ပါတယ်။ ဒီလို ကိစ္စမျိုးတွေ ကြံုလာတဲ့အခါ နှစ်ဦးစလုံးနားလည်းထာရမှာက ငါတုန်းက ဒီလိုဖြစ်ခဲ့လို့ သူလဲ ဒီလိုဖြစ်မှာပဲလို့ တထစ်ချမတွက်ထားပါနဲ့။ တစ်ဖက်ကလည်း ငါ့အချစ်ရေးနဲ့ပတ်သက်ပြီး မနာလိုလို့ပြောတာလား ဘာကြောင့်လဲဆိုပြီး အမျက်ဒေါသတွေ မတွက်နေပါနဲ့။ သူ့အလှည့်က ဒီလို အတိတ်ဆိုးတွေဖြစ်ခဲ့လို့ ငါ့ကိုလည်း သူ့ကိုဖြစ်မှာ စိုးရိမ်လို့ ပြောပါလားဆိုတဲ့ အသိစိတ်ကလေးနည်းပဲ တစ်ဦးကို တစ်ဦး အပြန်အလှန်နားလည်ပေးလိုက်တာက သင်တို့ရဲ့ ဆက်ဆံရေးကို ပိုပြီးပြေလည်စေပါတယ်။