သူငယ္ခ်င္းေကာင္မေလးရဲ႕ စေနာက္မႈေၾကာင့္ တစ္သက္လုံးဘီးတပ္ကုလားထိုင္ျဖင့္ေနသြားရသူ

0
184
စေနာက္ျခင္း
စေနာက္ျခင္း

စေနာက္ က်ီစယ္တယ္ဆိုတာ မိသားစုအခ်င္းခ်င္း၊ သူငယ္ခ်င္းအခ်င္းခ်င္း၊ လုပ္ေဖာ္ကိုင္ဖက္အခ်င္းခ်င္း တို႔နဲ႔ အတူတူရွိတဲ့အခါ တစ္ေန႔တာကို ေပ်ာ္ေပ်ာ္ရႊင္ရႊင္ျဖတ္သန္းဖို႔ အေကာင္းဆုံး နည္းလမ္းဆိုလည္း မမွားပါဘူး။ ဒါေပမဲ့ တစ္ခါတေလမွာ ဒီအျပဳအမူေတြက အေပ်ာ္ကေန အပ်က္ဘက္ကို ကူးေျပာင္းဖို႔ အရမ္းကို လြယ္ကူပါတယ္။ ႏႈတ္ျဖင့္ စေနာက္မိတဲ့အခါ တစ္ဖက္သူက မခံႏိုင္ရင္ စိတ္တို ေဒါသျဖစ္ရသလို၊ ကိုယ္ထိလက္ေရာက္ စေနာက္မိတဲ့အခါမွာလည္း မေတာ္တဆ ေဘးအႏၱရာယ္နဲ႔ ႀကံဳေတြ႕ရတတ္ပါတယ္။

ယခုအျဖစ္အပ်က္ေလးကလည္း ကုိယ့္သူငယ္ခ်င္းကို ထိခိုက္ပါေစဆိုတဲ့ ဆႏၵေၾကာင့္ မဟုတ္ဘဲ စေနာက္လိုက္မိရာကေန တစ္သက္လုံးေနာင္တရမဆုံးျဖစ္ရတဲ့ ျဖစ္ရပ္ေလးတစ္ခုပဲျဖစ္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ထိခိုက္ေစခ်င္တဲ့ ဆႏၵေၾကာင့္ စေနာက္လိုက္တာ မဟုတ္ေပမဲ့ ခံရတဲ့သူကေတာ့ ေအာက္ပိုင္းေသသြားၿပီး တစ္သက္လုံး ဘီးတပ္ကုလားထိုင္နဲ႔ ေနသြားရတဲ့အထိ ျဖစ္ခဲ့လို႔ပါပဲ။ Reece Kempley ဆိုတဲ့ လူငယ္ေကာင္ေလးဟာ အားလပ္ရပ္ သူငယ္ခ်င္းေတြနဲ႔ ဂရိကၽြန္းေလးကို အလည္အပတ္ခရီးထြက္ခဲ့ပါတယ္။ ဒါေပမဲ့ ခရီးစဥ္ရဲ႕ ေနာက္ဆုံးရက္မွာပဲ Reece Kempley ရဲ႕ ဘဝဟာ အထီးက်န္ အက်ည္းတန္တဲ့ အျဖစ္ဆုိးကို ေရာက္ခဲ့ရပါတယ္။

ဒီအျဖစ္ဆိုးကေတာ့ Reece Kempley တစ္ေယာက္ ကမ္းစပ္မွာထိုင္ေနတုန္း သူနဲ႔ အတူပါလာတဲ့ သူငယ္ခ်င္းအုပ္စုထဲက မိန္းကေလးသူငယ္ခ်င္းတစ္ေယာက္က Reece အနားကို ေရာက္လာခဲ့ပါတယ္။ အဲ့ဒီေနာက္ Reece ကို ေရကၽြမ္းကၽြမ္းက်င္က်င္ ကူးတတ္လားေမး လိုက္ပါတယ္။ Reece ကလည္း အမွန္တကယ္ ေရကူးတတ္သူတစ္ေယာက္ျဖစ္တဲ့အတြက္ ကူးတတ္တယ္လို႔ ျပန္ေျဖလိုက္ပါတယ္။ အဲ့ဒီအခ်ိန္မွာေတာ့ ေကာင္မေလးက သူ႔ကို ေရထဲ တြန္းခ်လိုက္ပါတယ္။ သာမန္အားျဖင့္ ေရကူးတတ္သူ တစ္ေယာက္အဖို႔ ေရထဲ တြန္းခ်လိုက္တာ ဘာျပႆနာမွ ျဖစ္စရာအေၾကာင္းမရွိပါဘူး။ ဒါေပမဲ့ ေကာင္မေလးတြန္းခ်လိုက္တဲ့ကမ္းစပ္ေနရာက ေရတိမ္တိမ္ေလးပဲ ရွိပါတယ္။ အျမင့္ကေန တြန္းခ်လိုက္တဲ့အတြက္ ေရနက္ရင္ ကိစၥမရွိေပမဲ့ ေရတိန္တဲ့အတြက္ Reece တစ္ေယာက္ ေရထဲကို ျပဳတ္က်သြားခဲ့ပါတယ္။ ျပဳတ္က်က်ခ်င္းမွာ နာက်င္မႈကို ခံစားလိုက္ရေပမဲ့ ေရထဲကေန မတ္တပ္ရပ္ဖို႔ ႀကိဳးစားလိုက္တဲ့အခါ သူရဲ႕ ေျခေထာက္ေတြက ရပ္ဖို႔ မရေတာ့ပါဘူး။ စေနာက္မိတဲ့ ေကာင္မေလးလည္း အရမ္းကို ထူပူ သြားၿပီး အေရးေပၚေဆး႐ုံကို ပို႔ေဆာင္လိုက္ပါတယ္။

ေဆး႐ုံကို ေရာက္သြားတဲ့အခါမွာေတာ့ စစ္ေဆးခ်က္ေတြအရ Reece ရဲ႕ ခါး႐ိုးထိသြားတာေၾကာင့္ အေၾကာေသသြားၿပီး ေအာက္ပိုင္းေတြ လႈပ္လို႔ မရေတာ့ပါဘူး။ ဒါ့အျပင္ သူ႔ရဲ႕ ဒဏ္ရာဟာ တစ္သက္လုံးျပန္ေကာင္းလာႏိုင္ေခ်မရွိတဲ့အတြက္ ဘီးတပ္ကုလားထိုင္ နဲ႔ တစ္သက္လုံးေနသြားရမယ္လို႔ ဆိုပါတယ္။ Reece ဟာ အရက္လည္း မမူး၊ သူကိုယ္တိုင္လည္း ခုလို အႏၱရာယ္ျဖစ္မယ္ဆိုတာကိုလည္း မသိခဲ့ပါဘူး။ ဒါေပမဲ့ ခုလို ေအာက္ပိုင္းေသသြားတဲ့အတြက္ သူဝါသနာပါတဲ့ အေပ်ာ္တမ္း ေဘာလုံးကန္တာကို စြန္႔လႊတ္လိုက္ရပါတယ္။ ေကာင္မေလးဘက္ကလည္း စေနာက္ခ်င္တဲ့စိတ္ကလႊဲၿပီး ဘာအႀကံအစည္မွ မရွိပါဘူး။ ဒါေၾကာင့္ မို႔လည္း ေရထဲ မတြန္းခ်ခင္ ေရကူးတတ္လား အရင္ေမးၿပီးမွ တြန္းခ်လိုက္တာပါ။ ဒါေပမဲ့ အျဖစ္ဆိုးခ်င္ေတာ့ ေရတိမ္ပိုင္းျဖစ္သြားတာေၾကာင့္ အခုလိုအျဖစ္ဆိုးနဲ႔ ႀကံဳဆုံ ခဲ့ရတာပါ။ ရည္ရြယ္ခ်က္ရွိရွိနဲ႔ လုပ္လိုက္တာမဟုတ္တဲ့အတြက္ Reece ကို စေနာက္မိတဲ့ ေကာင္မေလးဟာ သူ႔ရဲ႕ လုပ္ရပ္ကို ယူႀကံဳးမရနဲ႔ ေနာင္တရမဆုံးျဖစ္ခဲ့ၿပီး အေတာ္ေလးလည္း စိတ္ထိခိုက္ခဲ့ရပါတယ္။

ဆိုရွယ္မီဒီယာေတြေပၚမွာလည္း လူေတြရဲ႕ စိတ္ဝင္စားမႈကို ရရွိဖို႔ အခ်င္းခ်င္း စေနာက္တဲ့ Video ေတြကိုတင္ေနတာဟာ ဘာမွမျဖစ္ေသးရင္ေတာ့ လူေတြအတြက္ ရယ္ရႊင္စရာ၊ စိတ္ဝင္စားစရာေကာင္းတယ္လို႔ သတ္မွတ္ေပမဲ့ အခုလိုေတြ အျဖစ္ဆိုးေတြနဲ႔ မႀကံဳလာႏိုင္ဘူးလို႔ မေျပာႏိုင္ပါဘူး။ ဒါ့ေၾကာင့္ အေပ်ာ္ကေန အပ်က္သေဘာကို မျဖစ္ေအာင္ အခ်င္းခ်င္း စေနာက္တာကို ဆင္ျခင္ဖို႔သင့္ပါတယ္။ Reece ကေတာ့ သူ႔လို မေတာ္တဆျဖစ္သြားတဲ့ ဒုကၡိတေတြကို ကုသေပးဖို႔ GoFundMe ဆိုတဲ့ campaign နဲ႔ အေကာင့္ဖြင့္ၿပီး အလွဴခံကာ အကူအညီေပးေနပါတယ္။

#Lifestyle_Myanmar

#Thar_Nage

သူကိုယ်တိုင်ဘွဲ့မရပေမယ့် ချစ်သူကို ကောလိပ်ပို့ပေးနိုင်ဖို့အတွက် အင်္ဂလိပ်စာလေ့လာပြီး အလုပ်ကြိုးစားခဲ့တဲ့သူ

Unicode

သူငယ်ချင်းကောင်မလေးရဲ့ စနောက်မှုကြောင့် တစ်သက်လုံးဘီးတပ်ကုလားထိုင်ဖြင့်နေသွားရသူ
စနောက် ကျီစယ်တယ်ဆိုတာ မိသားစုအချင်းချင်း၊ သူငယ်ချင်းအချင်းချင်း၊ လုပ်ဖော်ကိုင်ဖက်အချင်းချင်း တို့နဲ့ အတူတူရှိတဲ့အခါ တစ်နေ့တာကို ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းဖို့ အကောင်းဆုံး နည်းလမ်းဆိုလည်း မမှားပါဘူး။ ဒါပေမဲ့ တစ်ခါတလေမှာ ဒီအပြုအမူတွေက အပျော်ကနေ အပျက်ဘက်ကို ကူးပြောင်းဖို့ အရမ်းကို လွယ်ကူပါတယ်။ နှုတ်ဖြင့် စနောက်မိတဲ့အခါ တစ်ဖက်သူက မခံနိုင်ရင် စိတ်တို ဒေါသဖြစ်ရသလို၊ ကိုယ်ထိလက်ရောက် စနောက်မိတဲ့အခါမှာလည်း မတော်တဆ ဘေးအန္တရာယ်နဲ့ ကြုံတွေ့ရတတ်ပါတယ်။

ယခုအဖြစ်အပျက်လေးကလည်း ကိုယ့်သူငယ်ချင်းကို ထိခိုက်ပါစေဆိုတဲ့ ဆန္ဒကြောင့် မဟုတ်ဘဲ စနောက်လိုက်မိရာကနေ တစ်သက်လုံးနောင်တရမဆုံးဖြစ်ရတဲ့ ဖြစ်ရပ်လေးတစ်ခုပဲဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ထိခိုက်စေချင်တဲ့ ဆန္ဒကြောင့် စနောက်လိုက်တာ မဟုတ်ပေမဲ့ ခံရတဲ့သူကတော့ အောက်ပိုင်းသေသွားပြီး တစ်သက်လုံး ဘီးတပ်ကုလားထိုင်နဲ့ နေသွားရတဲ့အထိ ဖြစ်ခဲ့လို့ပါပဲ။ Reece Kempley ဆိုတဲ့ လူငယ်ကောင်လေးဟာ အားလပ်ရပ် သူငယ်ချင်းတွေနဲ့ ဂရိကျွန်းလေးကို အလည်အပတ်ခရီးထွက်ခဲ့ပါတယ်။ ဒါပေမဲ့ ခရီးစဉ်ရဲ့ နောက်ဆုံးရက်မှာပဲ Reece Kempley ရဲ့ ဘဝဟာ အထီးကျန် အကျည်းတန်တဲ့ အဖြစ်ဆိုးကို ရောက်ခဲ့ရပါတယ်။

ဒီအဖြစ်ဆိုးကတော့ Reece Kempley တစ်ယောက် ကမ်းစပ်မှာထိုင်နေတုန်း သူနဲ့ အတူပါလာတဲ့ သူငယ်ချင်းအုပ်စုထဲက မိန်းကလေးသူငယ်ချင်းတစ်ယောက်က Reece အနားကို ရောက်လာခဲ့ပါတယ်။ အဲ့ဒီနောက် Reece ကို ရေကျွမ်းကျွမ်းကျင်ကျင် ကူးတတ်လားမေး လိုက်ပါတယ်။ Reece ကလည်း အမှန်တကယ် ရေကူးတတ်သူတစ်ယောက်ဖြစ်တဲ့အတွက် ကူးတတ်တယ်လို့ ပြန်ဖြေလိုက်ပါတယ်။ အဲ့ဒီအချိန်မှာတော့ ကောင်မလေးက သူ့ကို ရေထဲ တွန်းချလိုက်ပါတယ်။ သာမန်အားဖြင့် ရေကူးတတ်သူ တစ်ယောက်အဖို့ ရေထဲ တွန်းချလိုက်တာ ဘာပြဿနာမှ ဖြစ်စရာအကြောင်းမရှိပါဘူး။ ဒါပေမဲ့ ကောင်မလေးတွန်းချလိုက်တဲ့ကမ်းစပ်နေရာက ရေတိမ်တိမ်လေးပဲ ရှိပါတယ်။ အမြင့်ကနေ တွန်းချလိုက်တဲ့အတွက် ရေနက်ရင် ကိစ္စမရှိပေမဲ့ ရေတိန်တဲ့အတွက် Reece တစ်ယောက် ရေထဲကို ပြုတ်ကျသွားခဲ့ပါတယ်။ ပြုတ်ကျကျချင်းမှာ နာကျင်မှုကို ခံစားလိုက်ရပေမဲ့ ရေထဲကနေ မတ်တပ်ရပ်ဖို့ ကြိုးစားလိုက်တဲ့အခါ သူရဲ့ ခြေထောက်တွေက ရပ်ဖို့ မရတော့ပါဘူး။ စနောက်မိတဲ့ ကောင်မလေးလည်း အရမ်းကို ထူပူ သွားပြီး အရေးပေါ်ဆေးရုံကို ပို့ဆောင်လိုက်ပါတယ်။

ဆေးရုံကို ရောက်သွားတဲ့အခါမှာတော့ စစ်ဆေးချက်တွေအရ Reece ရဲ့ ခါးရိုးထိသွားတာကြောင့် အကြောသေသွားပြီး အောက်ပိုင်းတွေ လှုပ်လို့ မရတော့ပါဘူး။ ဒါ့အပြင် သူ့ရဲ့ ဒဏ်ရာဟာ တစ်သက်လုံးပြန်ကောင်းလာနိုင်ချေမရှိတဲ့အတွက် ဘီးတပ်ကုလားထိုင် နဲ့ တစ်သက်လုံးနေသွားရမယ်လို့ ဆိုပါတယ်။ Reece ဟာ အရက်လည်း မမူး၊ သူကိုယ်တိုင်လည်း ခုလို အန္တရာယ်ဖြစ်မယ်ဆိုတာကိုလည်း မသိခဲ့ပါဘူး။ ဒါပေမဲ့ ခုလို အောက်ပိုင်းသေသွားတဲ့အတွက် သူဝါသနာပါတဲ့ အပျော်တမ်း ဘောလုံးကန်တာကို စွန့်လွှတ်လိုက်ရပါတယ်။ ကောင်မလေးဘက်ကလည်း စနောက်ချင်တဲ့စိတ်ကလွှဲပြီး ဘာအကြံအစည်မှ မရှိပါဘူး။ ဒါကြောင့် မို့လည်း ရေထဲ မတွန်းချခင် ရေကူးတတ်လား အရင်မေးပြီးမှ တွန်းချလိုက်တာပါ။ ဒါပေမဲ့ အဖြစ်ဆိုးချင်တော့ ရေတိမ်ပိုင်းဖြစ်သွားတာကြောင့် အခုလိုအဖြစ်ဆိုးနဲ့ ကြံုဆုံ ခဲ့ရတာပါ။ ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်လိုက်တာမဟုတ်တဲ့အတွက် Reece ကို စနောက်မိတဲ့ ကောင်မလေးဟာ သူ့ရဲ့ လုပ်ရပ်ကို ယူကြံုးမရနဲ့ နောင်တရမဆုံးဖြစ်ခဲ့ပြီး အတော်လေးလည်း စိတ်ထိခိုက်ခဲ့ရပါတယ်။

ဆိုရှယ်မီဒီယာတွေပေါ်မှာလည်း လူတွေရဲ့ စိတ်ဝင်စားမှုကို ရရှိဖို့ အချင်းချင်း စနောက်တဲ့ Video တွေကိုတင်နေတာဟာ ဘာမှမဖြစ်သေးရင်တော့ လူတွေအတွက် ရယ်ရွှင်စရာ၊ စိတ်ဝင်စားစရာကောင်းတယ်လို့ သတ်မှတ်ပေမဲ့ အခုလိုတွေ အဖြစ်ဆိုးတွေနဲ့ မကြံုလာနိုင်ဘူးလို့ မပြောနိုင်ပါဘူး။ ဒါ့ကြောင့် အပျော်ကနေ အပျက်သဘောကို မဖြစ်အောင် အချင်းချင်း စနောက်တာကို ဆင်ခြင်ဖို့သင့်ပါတယ်။ Reece ကတော့ သူ့လို မတော်တဆဖြစ်သွားတဲ့ ဒုက္ခိတတွေကို ကုသပေးဖို့ GoFundMe ဆိုတဲ့ campaign နဲ့ အကောင့်ဖွင့်ပြီး အလှူခံကာ အကူအညီပေးနေပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here