လူတစ်ယောက်ဟာ ဒေါ်လာတစ်ရာကို စားပွဲခုံပေါ်မှာ တင်ခဲ့ပြီး အလုပ်ကိုသွားပါတယ်။ သူပြန်လာတဲ့အခါ ပိုက်ဆံကပျောက်နေတဲ့အတွက် မင်္သကာစရာ လူသုံးဦးဖြစ်တဲ့ ထမင်းချက်ရယ်၊ အိမ်ဖော်ရယ်၊ မီးပြင်သမားရယ်ကို ခေါ်ပြီးမေးတဲ့အခါ ထမင်းချက်က ပိုက်ဆံပျောက်မှာစိုးလို့ စာအုပ်ကြားထဲမှာ ညှပ်ထားခဲ့ကြောင်းပြောပါတယ်။ အိမ်ရှင်ကစာအုပ်ကိုစစ်ကြည့်တဲ့အခါ ပိုက်ဆံကိုမတွေ့ပါဘူး။ နောက်ထပ်အိမ်ဖော်ကိုမေးတဲ့အခါ ပိုက်ဆံကိုပိုပြီးလုံခြုံအောင်လို့ စာအုပ်ရဲ့ စာမျက်နှာ၁၀ နဲ့၁၁ ကြားမှာ ရွှေ့ထားကြောင်းပြောတဲ့အတွက် စာမျက်နှာ၁၀နဲ့ ၁၁ ကို လှန်ကြည့်တဲ့အခါမှာလည်း ပိုက်ဆံကမရှိပါဘူး။ နောက်ဆုံးတစ်ယောက်ဖြစ်တဲ့ မီးပြင်သမားကိုမေးတဲ့အခါ သူက စာမျက်နှာ ၁၀ နဲ့ ၁၁ကြားက ပိုက်ဆံကို စာမျက်နှာ ၁၁ နဲ့ ၁၂ ကြား ရွှေ့ထားကြောင်းပြောပါတယ်။ သုံးယောက်လုံးကို မေးပြီးတဲ့အခါ အိမ်ရှင်ကဘယ်သူခိုးလဲဆိုတာကို ချက်ချင်းပဲသိလိုက်ပါတယ်။ ဘယ်သူကသူခိုး ဖြစ်မလဲ။
#LM_Naung_Naung
#Lifestyle_Myanmar
Source-Brightside
အဖြေ- ( မီးပြင်သမား ခိုးခဲ့တာပါ။ ဘာကြောင့်လဲဆိုတော့ စာမျက်နှာ ၁၀ နဲ့ ၁၁ ကြားကို အိမ်ရှင်ကစစ်ခဲ့ပြီး ဖြစ်တဲ့အတွက် စာမျက်နှာ ၁၁ နဲ့ ၁၂ ဟာစာရွက်တစ်ရွက်ထဲဖြစ်တာကြောင့် ပိုက်ဆံညှပ်လို့မရလို့ပါ။)
မိဘအုပ်ထိန်းမှု ပုံစံ လေးမျိုးနဲ့ ကလေးတွေအပေါ် သက်ရောက်မှု