သူက သင်လက်ထပ်သင့်တဲ့သူတစ်ယောက် ဟုတ်လား/မဟုတ်ဘူးလား ဆိုတာကို ဒီအချက်လေးတွေ ကြည့်ပြီး သိနိုင်ပါတယ်။
၁။ သင့်အားနည်းချက်အားလုံးကို သူလက်ခံပေးတယ်
ခင်ပွန်းတစ်ယောက်ဆီမှာ ရှာဖွေရမယ့် အရေးကြီးတဲ့ အရည်အသွေးတစ်ခုက အကောင်းအဆိုး အပါအဝင် သင်နဲ့ပတ်သတ်တဲ့ အရာအားလုံးကို ချစ်ပေးနိုင်စွမ်းရှိလား ဆိုတာပဲ ဖြစ်ပါတယ်။ သင့်ချစ်သူက သင့်ရဲ့ ကိုယ်ရည်ကိုယ်သွေး အားနည်းချက်တွေကို သိနေပြီး သင့်ရဲ့အဆိုးဆုံးနဲ့ အမှောင်ဆုံးဘက်ခြမ်းကို မြင်တွေ့ခဲ့ရတာတောင် အချိန်တိုင်း လက်တွဲမဖြုတ်ဘူးဆိုရင် ဒါက သင့်ကို ရေရှည်ခရီးအတွက် လက်တွဲဖို့ အဆင်သင့်ဖြစ်နေတဲ့ လက္ခဏာကောင်းတစ်ခုပါ။

၂။ သူ့ကို အရာအားလုံး ပြောပြနိုင်တယ်
“ပြောဆိုဆက်ဆံမှုက သော့ချက်ဖြစ်တယ်” ဆိုတဲ့ စကားစုကို အကြိမ်ပေါင်းများစွာ သင်ကြားဖူးမှာပါ။ သင့်ရဲ့ကြောက်ရွံ့မှုတွေ၊ အရှက်ရစေသော ထင်မြင်ချက်မှားတွေ (သို့) စိတ်ပျက်စရာကောင်းတဲ့ အမှတ်ရစရာတွေနဲ့ လက်တွေ့မကျသော အိမ်မက်တွေနဲ့ ပတ်သတ်ပြီး သင့်ချစ်သူကို ယုံကြည်စွာ ဖွင့်ပြောဖို့ လွတ်လပ်တယ်လို့ ခံစားရသလား? သင့်ချစ်သူက အရာအားလုံးကို ကြားချင်တယ်၊ သင့်ကို တကယ်နားထောင်ပေးချင်တယ်ဆိုရင် သူ့ကို ခင်ပွန်းကောင်းတစ်ယောက်အဖြစ် စဉ်းစားနိုင်ပါတယ်။

၃။ သူက သင့်ရဲ့နံပါတ်တစ် fan ပါ
သင့်ချစ်သူကောင်လေးက တခြားသူတွေကို သင့်အကြောင်း ဘယ်လို ဖော်ပြတတ်သလဲဆိုတာ သတိပြုပါ။ သူ့ရဲ့စိတ်အားထက်သန်မှုနဲ့ စကားလုံးရွေးချယ်မှုက သင့်အား သူဘယ်လောက်ချစ်မြတ်နိုးပြီး ဘယ်လောက်တန်ဖိုးထားကြောင်း အများကြီး ပြောနိုင်ပါတယ်။ သင့်ရဲ့အောင်မြင်မှု သတင်းတွေကို အရင်ဆုံး မျှဝေပေးချင်မိသူက သူဖြစ်နေရင် ၊ သင့်အတွက် စိတ်လှုပ်ရှားပေးပြီး သင်လုပ်သမျှကို သူဂုဏ်ယူတယ်ဆိုရင် သူက သင်လက်ထပ်ရမယ့်သူ တစ်ယောက်ပါ။

၄။ သူ့မှာ သင်ကလွဲလို့ စိတ်လှုပ်ရှားစရာ ဘာမှမရှိဘူး
ဘယ်သူမဆို ကိုယ့်ချစ်သူနဲ့ ပျော်စရာ activities တွေလုပ်ဖို့၊ အတူတူလျှောက်သွားဖို့ မျှော်လင့်ကြပါလိမ့်မယ်။ ဒါပေမယ့် သင့်ကို တကယ်ချစ်တဲ့သူဆိုရင် သင့်အနားမှာ ရှိနေယုံနဲ့တင် သူ့ဘဝက ပြည့်စုံနေပြီး သင်ရဲ့အဖော်အဖက်ဆိုတဲ့ အတွေးနဲ့တင် စိတ်လှုပ်ရှားစရာ ကောင်းနေပါလိမ့်မယ်။

၅။ သူက သင့်ရဲ့ပါစင်နယ် လက်ထောက်ဖြစ်ရတာကို ပျော်တယ်
အသေးအမွှားကိစ္စလေးတွေက သူ့ကို ဘယ်လောက်အထိ ယုံကြည်ကိုးစားနိုင်ပြီး သူ့ရဲ့ပံ့ပိုးမှုပေါ်မှာ ဘယ်လောက် အားကိုးနိုင်တယ်ဆိုတာကို အများကြီးဖော်ပြနိုင်ပါတယ်။ သင့်ချစ်သူကောင်လေးက မညည်းညူဘဲ ရံဖန်ရံခါမှာ သင့်ရဲ့ PA ဖြစ်ပေးပြီး သင့်အတွက် တောက်တိုမယ်ရ လုပ်ပေးရတာကို ပျော်နေရင် သူက သင်လက်ထပ်ရမယ့် သူတစ်ယောက် ဖြစ်ပါတယ်။

၆။ သူက သင့်ကို ပိုကောင်းတဲ့သူတစ်ယောက် ဖြစ်လာစေတယ်
မကျေနပ်မှု သေးသေးလေးတွေကို စုစည်းပြီး နောက်ဆုံးမှာ ပေါက်ကွဲခွင့်ပြုတာထက် သင့်ရဲ့ခင်ပွန်းကောင်းတစ်ယောက်ဟာ သင့်ရဲ့မကောင်းတဲ့အကျင့်တွေနဲ့ အားနည်းချက်တွေကို ချက်ချင်း သိစေပါတယ်။ သူက ဥပမာကောင်းတစ်ခုလည်း ချမှတ်ပေးပါလိမ့်မယ်။ သင့်ကို လူကောင်းတစ်ယောက်ဖို့ motivated လုပ်ခံရတယ်လို့ ခံစားရစေပါတယ်။

၇။ ခရီးအတူတူသွားပြီးနောက်မှာ သင့်ရဲ့အချစ်ရေးက ခိုင်မြဲလာတယ်
ရည်းစားနဲ့အတူ ခရီးသွားခြင်းက သင့်အချစ်ရေးအတွက် အကောင်းဆုံးစမ်းသပ်မှုတွေထဲက တစ်ခုဖြစ်ပါတယ်။ ခရီးသွားခြင်းက စိတ်ဖိစီးမှု အရမ်းများနိုင်ပြီး ကြိုတင်ခန့်မှန်းရလည်း ခက်နိုင်ပါတယ်။ ခရီးတွေ အတူတူသွားပြီးလို့ ပိုရင်းနှီးလာတယ်ဆိုရင် သင်တို့အချစ်ရေးက ဘာမှမဖြစ်ဘဲ ဆက်ပြီးတည်မြဲသွားမယ့် လက္ခဏာတစ်ခုပါ။

၈။ သူ့မှာ မိသားစု၊ သူငယ်ချင်းဟောင်းတွေနဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိတယ်
သင့်ရဲ့ မိသားစုဝင်ကောင်းတစ်ယောက် ဖြစ်လာနိုင်မယ့် လက္ခဏာကောင်းတစ်ခုကတော့ သူရွေးချယ်ထားတဲ့ မိသားစု၊ ငယ်သူငယ်ချင်းတွေနဲ့အပြင် သူ့မိသားစုနဲ့ ခိုင်မာတဲ့ ဆက်ဆံရေးမျိုးရှိရင် ဖြစ်ပါတယ်။ ဒါက ကောင်းတဲ့အချိန်ကော၊ ဆိုးတဲ့အချိန်မှာပါ relationships ကို သူထိန်းသိမ်းထားနိုင်ကြောင်း သက်သေပြနေပါတယ်။

၉။ couple time ကိုဦးစားပေးပါတယ်
ခုနစ်နှစ်ကြာ ချစ်ခဲ့ကြပြီးမှ လမ်းခွဲရတာမျိုးကြားဖူးမှာပါ။ ဒါကို ကျော်လွှားနိုင်တဲ့ လက္ခဏာတစ်ခုက သူဟာ ‘couple time’ ကို နံပါတ်တစ် ဦးစားပေးအဖြစ် သတ်မှတ်ရင် ဖြစ်ပါတယ်။ long-term relationship တစ်ခုမှာ အလုပ်၊ ဝါသနာ၊ သူငယ်ချင်းတွေကဲ့သို့သော အရာတွေက သင့်ဘဝကို လွှမ်းမိုးနိုင်ပါတယ်။ တကယ်လို့ သူဟာ အလုပ်အရမ်းများနေရင်တောင် သင့်နဲ့အတူ အချိန်ဖြုန်းဖို့၊ ဆက်သွယ်ဖို့ နည််းလမ်းရှာတယ်ဆိုရင် သူဟာ ခင်ပွန်းကောင်းဖြစ်ပါလိမ့်မယ်။

Lifestyle_Myanmar
LM_Nandar
Source-marriage.com