၁။ သူဟာ တကယ်တော့ သင့်ရဲ့ အနာဂတ်တွေအကြောင်း အတူတကွ စဉ်းစားတွေးတောပေးသင့်ပါတယ်။ ဒီလိုမဟုတ်ရင် သူက လှည့်စားနေတာမဟုတ်ဘူးဆိုရင်တောင် သင့်ကို အပြည့်အဝအလေးအနက်ထားနေပါတယ်လို့ ပြောဖို့ခက်ခဲပါလိမ့်မယ်။
၂။ ချိန်းတွေ့ဖို့ ကိစ္စအဝဝစီစဉ်တဲ့အခါ အားသွန်ခွန်စိုက် စိတ်ပါဝင်စားမှုရှိရဲ့လားဆိုတာ သတိထားသင့်ပါတယ်။ (တစ်ခါတလေ အလုပ်ပင်ပန်းနေတဲ့အချိန်တွေကို မဆိုလိုပါဘူး)။ ဆက်ဆံရေးဆိုတာ ဘဝကြီးတစ်ခုလုံးမဟုတ်တာမို့ အစစအရာရာတစ်ယောက်တည်းလုပ်နေရင်လည်း အဓိပ္ပာယ်မရှိပါဘူး။
၃။ သင့်ဘက်က သူ့ကို ထောက်ခံပေးမှုနှင့် လေးစားမှုပေးနိုင်ဖို့ သူ့ဘက်ကလည်း သင်လိုတဲ့အချိန် သင့်အနားမှာရှိနေသင့်ပါတယ်။ သင်အခက်အခဲကြုံတိုင်း အားကိုးနိုင်တဲ့ လူမျိုးကို ဘယ်တော့မှ သွားခွင့်မပြုလိုက်ပါနဲ့(သူမသွားချင်ဘူးဆိုရင်ပေါ့)။

၄။ သူဘယ်ရောက်နေလဲ (သို့) သူပြန်လာမယ့်အချိန်ကို ပြောပြတတ်တဲ့ ယောင်္ကျားမဟုတ်ရင် သင့်ရဲ့ ထာဝရလူ ဖြစ်နိုင်ခြေနည်းပါးပါတယ်။ သင့်စာတိုတွေကို ဖြေကြားပြီး သင့်ခေါ်ဆိုမှုတွေကို ဂရုတစိုက်တုန့်ပြန်တတ်သူမျိုးကို ဂရုစိုက်ပေးသင့်ပါတယ်။ သင့်ရဲ့ ထာဝရလူက ပွင့်ပွင့်လင်းလင်းရှိမှသာ သင့်မှာ ယုံကြည်မှုပြဿနာတွေမရှိတော့မှာဖြစ်ပါတယ်။
၅။ ဟန်ဆောင်တတ်တဲ့ ယောင်္ကျားမျိုးဆိုရင် သင်နဲ့ ထာဝရအဆင်မပြေနိုင်ပါဘူး။ သူဟာ သူ့ကိုယ်သူအစစ်အမှန်ချပြတတ်သော ယောင်္ကျားမျိုးဖြစ်သင့်ပါတယ်။ အစစ်အမှန်ကို ချမပြရဲတဲ့ ယောင်္ကျားမျိုးကို ရှောင်ပါ။

၆။ အနည်းဆုံးတော့ သင့်သူငယ်ချင်းတွေကို သဘောကျဖို့ ကြိုးစားသင့်ပြီး သင်နဲ့ ပတ်သက်ပြီး သင့်သူငယ်ချင်းတွေကို မနာလိုတတ်သူ၊ သင့်သူငယ်ချင်းတွေရှေ့ မျက်နှာပျက်အောင် လုပ်တတ်သူဖြစ်တယ်ဆိုရင် ဒီလူကို မရွေးချယ်မိပါစေနဲ့။ ဒီလူဟာ သင့်ရဲ့ ထာဝရလူမဖြစ်နိုင်ပါဘူး။
၇။ သင့်ရဲ့ လိင်စိတ်နဲ့ ပတ်သက်ပြီး ဂရုမစိုက်တတ်သူတွေကို သင့်ရဲ့ ထာဝရလူအဖြစ် မထားသင့်ပါဘူး။ အချစ်ရေးကိစ္စတွေမှာ လိင်ပိုင်းဆိုင်ရာကိစ္စတွေကလည်း အရေးကြီးတာကြောင့် သင့်လိင်စိတ်ကို အာရုံမစိုက်သူကို လမ်းတစ်ဝက်မှာပဲ ထားခဲ့သင့်ပါတယ်။

၈။ သူက သင့်အပေါ်မရိုးသားဘူးဆိုရင် (သူ့အတွက်အခက်ခဲဆုံးအရာတွေမှာတောင်) ဒီလူနဲ့ ရှေ့ဆက်ဖို့အတွက်ကို အကြိမ်ကြိမ်ပြန်လည်စဉ်းစားသင့်ပါတယ်။ သူက သင့်ကို အရူးတစ်ယောက်လိုသဘောထားနေမယ်ဆိုရင် အဲဒီ့လူဟာ သင့်ရဲ့ ထာဝရလူမဟုတ်တော့ပါဘူး။
၉။ သင်ဟာ သူ့ဘဝရဲ့ ကြီးမားတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း သင့်ကို ပြသဖို့ သူ့ဘက်က ကြိုးစားသင့်ပါတယ်။ သင့်ကို သူ့သူငယ်ချင်းတွေနဲ့ မိတ်ဆက်မပေးဘူးဆိုရင် ဒီလူဘဝမှာ သင့်ရဲ့ အပိုင်းက ဘယ်လောက်အထိပါလဲဆိုတာကို စိတ်ဝင်စားသင့်ပါပြီ။
Lifestyle_Myanmar
Nyein_Thu
ref-herway