သူကိုယ်တိုင်ဘွဲ့မရပေမယ့် ချစ်သူကို ကောလိပ်ပို့ပေးနိုင်ဖို့အတွက် အင်္ဂလိပ်စာလေ့လာပြီး အလုပ်ကြိုးစားခဲ့တဲ့သူ

0
236

အချစ်စစ်အချစ်မှန်နဲ့ ချစ်သူတွေဟာ တစ်ယောက်ကိုတစ်ယောက် ဖြည့်ဆည်းပေးတတ်ကြပြီး ချစ်သူအတွက်ဆို ပိုင်ဆိုင်မှုတွေကိုတောင် စွန့်လွှတ်ဖို့ ဝန်မလေးတတ်ကြပါဘူး။ တကယ့်လက်တွေ့ဘဝမှာတော့ Ador Adrian ဆိုသူဖိလစ်ပိုင်အမျိုးသားတစ်ယောက်ဟာ ချစ်သူရဲ့ပညာရေးကို ထောက်ပံ့ပေးနိုင်ဖို့အတွက် အနစ်နာခံမှုတွေ အလုပ်ကြိုးစားမှုတွေနဲ့ အချစ်စစ်အကြောင်းကို သက်သေပြခဲ့တဲ့အတွက် ဆိုရှယ်မီဒီယာတွေမှာ ဟိုးလေးတကျော်ဖြစ်သွားခဲ့ပါတယ်။
ကျွန်တော်တို့တွေအများစုဟာ အချစ်စစ်ကိုရှာဖွေဖို့နဲ့ ကျွန်တော်တို့ရဲ့အလုပ်မှာ အောင်မြင်ဖို့အတွက်ဆိုပြီး အဓိကဘဝရည်မှန်းချက်နှစ်ခု ရှိကြပါတယ်။တစ်ခါတစ်လေမှာတော့ ဒီရည်မှန်းချက်နှစ်ခုအတွင်းမှာ တစ်ခုကိုရွေးချယ်ဖို့လည်း ကြုံလာတတ်ကြပါတယ်။ ဒါပေမယ့် Ador နဲ့ Aira စုံတွဲကတော့ အလုပ်ကြိုးစားခြင်းဖြင့် အချစ်စစ်ရယ်အောင်မြင်မှုရယ်ကို တပြိုင်နက်ရရှိနိုင်ကြောင်း သူတို့ရဲ့အကြောင်းကို မျှဝေခြင်းဖြင့် ကျွန်တော်တို့ကို အသိပေးခဲ့ပါတယ်။


Ador ၁၈ နှစ်အရွယ်မှာ အလုပ်အကိုင်မရှိသလို ကျောင်းလည်းမနေခဲ့ရပါဘူး။ သို့ပေမဲ့ အနာဂတ်မှာ နှစ်ဦးသားလှပတဲ့ဘဝတစ်ခုကိုဖန်တီးနိုင်ဖို့အတွက် ချစ်သူဖြစ်သူ Aira ကိုကောလိပ်ပို့ပေးနိုင်ဖို့ ကတိပေးခဲ့ပါတယ်။ သူပေးတဲ့ကတိကို ပြည့်ဝဖို့အတွက် Ador ဟာအရာအားလုံး ကြိုးစားခဲ့ပါတယ်။ နောက်တော့ call center agent တစ်ယောက်ဖြစ်ဖို့အတွက် သူဟာအင်္ဂလိပ်စာကို စတင်လေ့လာခဲ့ပြီး အဆိုပါအလုပ်ကိုတကယ်လည်း ရရှိခဲ့ပါတယ်။

Ador ကသူရဲ့အမှတ်တရတွေကို ယခုလိုပြန်ပြောပြပါတယ်။ သူ့ရဲ့ချစ်သူဟာ အခြားမောင်နှမတွေအားလုံး ကျောင်းဆက်တက်ခွင့်ရပေမယ့် သူမမရရှိတာကြောင့် ငိုနေတာကို သူမြင်တွေ့ခဲ့ရပါတယ်။ ဒါကြောင့် ချစ်သူကိုနှစ်သိမ့်ပေးဖို့အတွက် တကယ်လို့သူမကောလိပ်ကျောင်းတက်ချင်တယ်ဆိုရင် သူရအောင်ထားပေးမယ့်အကြောင်း ကျောင်းစာရိတ်နဲ့ ကျူရှင်ခကို လုံးဝပူစရာမလိုအောင် သူကြိုးစားရှာဖွေပေးမယ့်အကြောင်း ကတိပေးခဲ့ပါတယ်။ ဒီအချိန်မှာ သူ့အသက်၁၈နှစ်ပဲရှိသေးပြီး အလုပ်မရှိတာကြောင့် တကယ့်ကိုခက်ခဲခဲ့ပါတယ်။ ဒါပေမယ့် သူစိတ်ထဲမှာ ယခုလိုကြိုးစားတာတွေအားလုံးဟာ ” Aira အတွက်ပါ” လို့အမြဲခံယူထားခဲ့ပါတယ်။

ယခုလာမယ့် ဧပရယ်လ ၂၀၁၉ မှာ Airaက BA. Eng နဲ့ ဘွဲ့ရတော့မှာဖြစ်ပြီး အရင်ကချစ်သူကို ကောလိပ်ပို့ပေးဖို့ကြိုးစားနေတဲ့အချိန်မှာ လှောင်ပြောင်ခဲ့သူတွေလည်း အခုတော့ပါးစပ်ပိတ်ကုန်ကြပါပြီ။ ချစ်သူဖြစ်သူ Aira ကလည်း သူမဘွဲ့ရပြီးအလုပ်ရတာနဲ့ Ador ကို ကောလိပ်ပို့ပေးမည်ဖြစ်ကြောင်း ကတိပြန်ပေးခဲ့ပါတယ်။
LM_Naung_Naung
Lifestyle_Myanmar

LEAVE A REPLY

Please enter your comment!
Please enter your name here