သုံးနှစ်အရွယ် ကလေးအတွက် အစားအစာနှင့် သရေစာမုန့်တွေကို ကျန်းမာရေးနှင့် ညီညွတ်အောင်ဘယ်လိုကျွေးမလဲ?

0
30

မေမေတို့ရဲ့ သုံးနှစ်အရွယ်ကလေးဟာ သူ့ရဲ့ အစားအစာထဲကနေ အာဟာရ အလုံအလောက်ရရှိပါသလား? သူ့အတွက် ကျန်းမာရေးနှင့် ညီညွတ်တဲ့ အစားအစားတွေကို မေမေတို့ သိပါသလား? ၃နှစ်အရွယ် ကလေးတွေဟာ လှုပ်ရှားမှုတတ်ကြွကြပြီး သူတို့ရဲ့ နေ့စဉ်လှုပ်ရှားမှုတွေအတွက် စွမ်းအင်များစွာ လိုအပ်ပါတယ်။ဒါ့ကြောင့် သူတို့လေးတွေကို မှန်ကန်စွာ ကျွေးမွေးဖို့နှင့် နေ့စဉ်လိုအပ်တဲ့ ဗီတာမင်များနှင့် သတ္တုဓါတ်များကို သေချာစွာ ရရှိဖို့ အရေးကြီးပါတယ်။

-Advertisement-

မေမေတို့ကလေးကို အာဟာရပြည့်ဝပြီး ကျန်းမာတဲ့ အစားအစာတွေ ကျွေးချင်ရင် ဒီဆောင်းပါးလေးကို ဖတ်ကြည့်ပါနော်။

အစားအစာ ရွေးချယ်စရာများ

၃နှစ်အရွယ် ကလေးငယ်တွေအတွက် အစားအစာ အမျိုးအစာ စုံလင်စွာ ရှိသင့်ပါတယ်။ မေမေတို့ ကလေးငယ်အတွက် အစားအစာရွေးချယ်ရာမှာ အမျိုးစုံလင်ဖို့ အရေးကြီးပါတယ်။ ကလေးဟာ ဒီအဓိကအစားအစာ အုပ်စုလေးခုကနေ အဟာရ အလုံအလောက်ရရှိကြောင်း သေချာပါစေ။
၁.အသားနှင့် အသားအစာထိုး
၂.နို့နှင့် နို့အစားထိုး
၃.အစေ့နှင့် အဆန်များ
၄.ဟင်းသီးဟင်းရွက်နှင့် သစ်သီးများ
ဆိုဒီယမ်နှင့် သကြားဓါတ်မြင့်မားသော၊ ပြုပြင်ထားသော အစားအစာများကို ရှောင်ရှားပြီး ကလေးငယ်ရဲ့ အစားအစာမှာ သဘာဝနှင့် ကုန်ကြမ်းများ ပိုမိုပါဝင်အောင် ကြိုးစားပါ။ ထောပတ်သီး၊ ဆော်လမွန်၊ ဒိန်ခဲနှင့် အခွံမာသီးကဲ့သို့သော ကျန်းမာတဲ့ အဆီရွေးချယ်မှုများကို ထည့်သွင်းပါ။

၁။ အစားအစာကို တစ်ခါတည်းနဲ့ ပန်းကန်အပြည့် ထည့်ပေးမယ့်အစား နည်းနည်းစီခွဲကျွေးပါ။

၂။ အသားနှင့် ဟင်းသီးဟင်းရွက်ကဲ့သို့သော အာဟာရရှိတဲ့ အစားအစာတွေကို ရွေးချယ်ပါ။ ဒါမှ ကလေးဟာ ဗိုက်ပြည့်နေပြီး တွေ့ကရာမုန့်တွေ မတောင့်တနိုင်တော့ပါဘူး။

၃။ အစာစားချိန်ကို သတ်မှတ်ပြီး ကျွေးပါ။ အချိန်မှန်မှန်ကျွေးခြင်းဖြင့် ကလေးလည်း မှန်ကန်စွာ စားပြီး ခဏခဏစားခြင်းမှ ရှောင်နိုင်ပါလိမ့်မယ်။

၄။ မေမေတို့ကလေးအတွက် အရောင်အသွေးစုံပြီး အမြင်မှာ စားချင်စဖွယ်ကောင်းတဲ့ အစားအစာများဖြစ်ဖို့ အွန်လိုင်းကနေ ကျန်းမာသော ချက်ပြုတ််နည်းများကို လေ့လာပါ။

၅။ မကျန်းမာသော အစားအစာများနေရာမှာ ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာများကို အစားထိုးပါ။ ဥပမာ- ကလေးက ပီဇာကြိုက်သူဆိုရင် ပီဇာကို သံလွင်ဆီနှင့်အတူ ဟင်းသီးဟင်းရွက်များများထည့်ပြီး အိမ်မှာလုပ်ကျွေးပါ။

အချိုရည်များ

ရေက ကလေးတွေအတွက် အကောင်းဆုံးသောက်စရာ ဖြစ်ပါတယ်။ ကလေးကို မိခင်နို့ဖြတ်ပြီး နွားနို့တိုက်ကျွေးတဲ့အခါ တစ်နေ့ကို သုံးခွက်ထက်မပိုပါစေနဲ့။ သကြားများတဲ့ အချိုရည်များ၊ ဆိုဒါများ၊ သစ်သီးဖျော်ရည်များ၊ စွမ်းအားဖြည့်အချိုရည်များနှင့် သံဘူးတွေ တိုက်ကျွေးခြင်းကို ကန့်သတ်ပါ။ ဒီအချိုရည်တွေမှာ သကြားဓါတ်တွေ အများကြီးပါဝင်ပါတယ်။ သကြားက ကလေးရဲ့ သွားကျန်းမာရေးအပေါ် ဆိုးကျိုးသက်ရောက်နိုင်ပါတယ်။ ကလေးက သစ်သီးဖျော်ရည်ကို ပိုကြိုက်ပါက အစာတစ်ခုခုနှင့်တွဲပြီး ခွက်တစ်ဝက်လောက် တိုက်ပေးနိုင်ပါတယ်။

သရေစာမုန့်များ
ကလေးတွေဟာ သရေစာစားတာကို နှစ်သက်ကြပါတယ်။ ဒါ့ကြောင့် သုံးနှစ်အရွယ် ကလေးငယ်များအတွက် ကျန်းမာသော ဒီသရေစာတွေကို စမ်းကျွေးကြည့်ပါ။

ဒိန်ချဉ်နှင့် လတ်ဆတ်တဲ့ အသီးရောကျွေးပါ။ နို့/ဒိန်ချဉ်နှင့် သစ်သီးကို ဖျော်ရည်လုပ်ပေးပါ။ ဟင်းသီးဟင်းရွက် အများကြီးပါတဲ့ Multigrain ပေါင်မုန့်၊ အသားညှပ်ပေါင်မုန့်တို့ လုပ်ကျွေးနိုင်ပါတယ်။ အသားနည်းပြီး ဟင်းသီးဟင်းရွက်များများပါတဲ့ ခေါက်ဆွဲတွေကို ကျွေေးနိုင်ပါတယ်။

Lifestyle_Myanmar

LM_Nandar

Source-momjunction

LEAVE A REPLY

Please enter your comment!
Please enter your name here