Home Family သိပ္ပံလေ့လာမှုအရ ကလေးယူဖို့အတွက် အကောင်းဆုံးအရွယ်

သိပ္ပံလေ့လာမှုအရ ကလေးယူဖို့အတွက် အကောင်းဆုံးအရွယ်

0
2105



LM_Naung_Naung
Lifestyle_Myanmar

ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ယောက်အတွက် ဘယ်အသက်အရွယ်ဟာ အကောင်းဆုံးလဲဆိုတာကို အမျိုးမျိုးထင်ကြေးပေးခဲ့ကြပါတယ်။ အမျိုးသမီးတစ်ယောက်ဟာ အသက် ၃၅ နှစ်ကျော်ပြီးနောက်ပိုင်း ကိုယ်ဝန်ဆောင်တဲ့အခါ မိခင်နဲ့ကလေးအတွက် အန္တရာယ်များတယ်လို့
အချို့ကယုံကြည်ကြပါတယ်။ ဒါပေမယ့် မိန်းကလေးတစ်ယောက် အသက် ၃၀ ကျော်လာတဲ့အခါ မိခင်စိတ်ပိုရှိလာပြီး ရင့်ကျက်မှုပိုရှိလာတာကြောင့် မိခင်နဲ့ကလေးအတွက် ပိုပြီးအကျိုးရှိစေကြောင်း လေ့လာချက်အသစ်က ထုတ်ဖော်ပြောကြားခဲ့ကြပါတယ်။
ပြီးခဲ့တဲ့ သုတေသနရလာဒ်အရ အမျိုးသမီးတစ်ယောက်ဟာ အသက် ၃၅ ကျော်မှ ကလေးယူတဲ့အခါ သူမရဲ့သက်တမ်းကို ပိုရှည်စေကြောင်း တွေ့ရှိခဲ့ကြပါတယ်။ ယခုလေ့လာချက်မှာ အမျိုးသမီး ၈၃၀ ရဲ့သွေးဆုံးချိန် ကို လေ့လာခဲ့ကြပြီး စီမံကိန်းရေးဆွဲခြင်း၊ အမြင်မှတ်ဉာဏ်၊ နှုတ်မှတ်ဉာဏ်နဲ့ အာရုံးစူးစိုက်မှုတွေကို လေ့လာခဲ့ကြတာဖြစ်ပါတယ်။ ဒီလေ့လာမှုရဲ့ ရလာဒ်ကတော့ အသက် ၃၅ နှစ်ကျော်တဲ့အချိန် ကလေးယူခြင်းဟာ မှတ်ဉာဏ်နဲ့ ခွဲခြမ်းစိတ်ဖြာမှုကို ပိုကောင်းစေကြောင်း တွေ့ရပါတယ်။
ဘာကြောင့်လဲဆိုတော့ အသက် ၃၅ ကျော်တဲ့အချိန် ကိုယ်ဝန်ဆောင်တဲ့အခါ အက်စထိုဂျင်နဲ့ ပရိုဂတ်စတုန်း ဟော်မုန်းတွေ ပိုမိုထုတ်လွှတ်နိုင်ပြီး ဦးနှောက်လုပ်ငန်းစဉ်တွေအတွက် ကောင်းတဲ့သက်ရောက်မှုတွေ ဖြစ်လာစေပါတယ်။ ဒါ့ကြောင့် အသက်ကြီးလာတဲ့အချိန် ကိုယ်ဝန်ဆောင်ဖို့ ကြောက်နေတဲ့သူများ ဆရာဝန်နဲ့ အရင်ဆုံးတိုင်ပင်သင့်ပြီး အခြားကျန်းမာရေးပြဿနာတွေ ကင်းတယ်ဆိုရင် ကိုယ်ဝန်ဆောင်ဖို့အသင့်တော်ဆုံး အချိန်ဖြစ်တယ်လို့ တိုက်တွန်းချင်ပါတယ်။
LM_Naung_Naung
Lifestyle_Myanmar

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here