သားေဇာနဲ႔ ကိုယ့္အသက္ကို မငဲ့ဘဲ ေရထဲဆင္းၿပီး မိေက်ာင္းနဲ႔ ဖက္ကိုက္တဲ့ ဖခင္

0
7091
မိေက်ာင္း
မိေက်ာင္း

အသက္ ၁၂အရြယ္သာရွိေသးတဲ့ Diego Abdulhasan တို႔မိသားစုဟာ ဖိလစ္ပိုင္ႏိင္ငံ Palawan ေဒသရွိ Balabac ကၽြန္းမွာေနထိုင္ၾကပါတယ္။ ၿပီးခဲ့တဲ့ ၂၅ရက္ေန႔ ညေန ၆နာရီေလာက္မွာ ညီကိုႏွစ္ေယာက္နဲ႔အတူ အိမ္နားကသူေတြနဲ႔ ေရဆင္းကူးေနတုန္း Diego ကို ေရေအာက္က တစ္ခုခုက ေစာက္ဆြဲသလိုျဖစ္ခဲ့ပါတယ္။ ကိုက္ဆြဲလိုက္တဲ့ဒဏ္ရာေၾကာင့္ အရမ္းနာက်င္ၿပီး သူ႔ကို ကိုက္ဆြဲထားတဲ့အရာကို ၾကည့္လိုက္တဲ့အခါမွာေတာ့ မိေက်ာင္းတစ္ေကာင္ပဲျဖစ္ေနပါတယ္။

Diego ရဲ႕ ဖခင္ Tejada Abulhasan ဟာ အနီးနားက ေအာ္ဟစ္သံေၾကာင့္ ထြက္ၾကည့္တဲ့အခါမွာေတာ့ သားႀကီးျဖစ္သူကို မိေက်ာင္းဆြဲေနတာကိုေတြ႕ခဲ့ပါတယ္။ ေတြ႕တာနဲ႔တစ္ၿပိဳင္နက္ထဲ ကိုက္ ၁၀၀ေလာက္ရွိတဲ့ေနရာကို လက္နက္အျဖစ္ ေတြ႕ကရာသစ္သားေခ်ာင္းကိုင္ၿပီး အေျပးသြားခဲ့ပါတယ္။ သားရွိရာကို ကူးခက္သြားၿပီး မိေခ်ာင္းရဲ႕ ႏွာႏု႐ိုးကို ထပ္ခါထပ္ခါ ဆင့္ထိုးေပမဲ့ သားကို ကိုက္ထားရာက မလြတ္ေပးတာေၾကာင့္ အခက္ေတြ႕ေနပါတယ္။ ထိုအခ်ိန္မွာ မိေက်ာင္းရဲ႕ ေပ်ာ့ၿပီး ကိုက္လို႔ရမဲ့ေနရာကို ရွာကိုက္မယ္ဆိုၿပီး အေတြးဝင္လာပါတယ္။ အဲ့ဒီေနာက္ အရင္ဆုံး မိေက်ာင္းရဲ႕ ေျခေထာက္ကို အားရွိသမွ်အားသာကုန္ထည့္ၿပီး ကိုက္ျဖတ္ပါေတာ့တယ္။

ဆင့္ကာဆင့္ကာ ကိုက္ခဲမႈေၾကာင့္ မိေက်ာင္းလဲ နာက်င္ၿပီး သားျဖစ္သူကို လြတ္ခ်က ေရထဲကို ဆင္းသြားပါေတာ့တယ္။ အဲ့ဒီေနာက္ Diego Abdulhasan ကို Balabac ၿမိဳ႕ရွိေဆး႐ုံကို ပို႔ေဆာင္ခဲ့ၿပီး စိုးရိမ္စရာအေျခအေနေတာ့ မျဖစ္ခဲ့ပါဘူး။ မိေက်ာင္းကိုက္တဲ့ ဒဏ္ရာေၾကာင့္ မ်က္ႏွာ၊ မ်က္ခြံ၊ ေျခေထာက္နဲ႔ လက္တို႔မွာ ကုတ္ရာျခစ္ရာေတြရရွိခဲ့ၿပီး ေဆး႐ုံမွာ ၂ရက္ၾကာေဆးကုသမႈခံယူခဲ့ပါတယ္။ အဆိုပါ ျဖစ္စဥ္ဟာ ၂၀၁၉ခုႏွစ္မွာ ပထမဦးဆုံးအႀကိမ္ျဖစ္ၿပီး ၿပီးခဲ့တဲ့ ၂၀၁၈ ႏိုဝင္ဘာလတုန္းကလည္း ငါးဖမ္းသမားတစ္ဦး မိေက်ာင္းဆြဲခံရလို႔ ေသဆုံးခဲ့ရပါေသးတယ္။

ထိုကဲ့သို႔ မိေက်ာင္းဆြဲခံရမႈေတြျဖစ္ေပၚေနတာေၾကာင့္ ျမစ္ကမ္းတစ္ေလွ်ာက္ ေသာင္းက်န္းေနတဲ့ မိေက်ာင္းေတြကို လိုက္လံဖမ္းဆီးရာမွာေတာ့ ေရငန္မိေက်ာင္းတစ္ေကာင္းကို ဖမ္းဆီးရမိခဲ့ပါတယ္။ အဆိုပါမိေက်ာင္းဟာ ၁၅ေပနဲ႔ ၆လက္မရွည္လ်ာၿပီး Puerto Princesa ရွိ မိေက်ာင္းထိန္းသိမ္းေရးဌာနကို ပို႔ေဆာင္ခဲ့ပါတယ္။

#Lifestyle_Myanmar

#Thar_Nage

Ref- philippineslifestyle, Daily mail

ေရာဂါအေျခအေနပိုဆိုးလာတာေၾကာင့္ ေဆး႐ုံျပန္တင္ေနရတဲ့ သစ္ပင္လူသား

Unicode

သားဇောနဲ့ ကိုယ့်အသက်ကို မငဲ့ဘဲ ရေထဲဆင်းပြီး မိကျောင်းနဲ့ ဖက်ကိုက်တဲ့ ဖခင်
အသက် ၁၂အရွယ်သာရှိသေးတဲ့ Diego Abdulhasan တို့မိသားစုဟာ ဖိလစ်ပိုင်နိင်ငံ Palawan ဒေသရှိ Balabac ကျွန်းမှာနေထိုင်ကြပါတယ်။ ပြီးခဲ့တဲ့ ၂၅ရက်နေ့ ညနေ ၆နာရီလောက်မှာ ညီကိုနှစ်ယောက်နဲ့အတူ အိမ်နားကသူတွေနဲ့ ရေဆင်းကူးနေတုန်း Diego ကို ရေအောက်က တစ်ခုခုက စောက်ဆွဲသလိုဖြစ်ခဲ့ပါတယ်။ ကိုက်ဆွဲလိုက်တဲ့ဒဏ်ရာကြောင့် အရမ်းနာကျင်ပြီး သူ့ကို ကိုက်ဆွဲထားတဲ့အရာကို ကြည့်လိုက်တဲ့အခါမှာတော့ မိကျောင်းတစ်ကောင်ပဲဖြစ်နေပါတယ်။

Diego ရဲ့ ဖခင် Tejada Abulhasan ဟာ အနီးနားက အော်ဟစ်သံကြောင့် ထွက်ကြည့်တဲ့အခါမှာတော့ သားကြီးဖြစ်သူကို မိကျောင်းဆွဲနေတာကိုတွေ့ခဲ့ပါတယ်။ တွေ့တာနဲ့တစ်ပြိုင်နက်ထဲ ကိုက် ၁၀၀လောက်ရှိတဲ့နေရာကို လက်နက်အဖြစ် တွေ့ကရာသစ်သားချောင်းကိုင်ပြီး အပြေးသွားခဲ့ပါတယ်။ သားရှိရာကို ကူးခက်သွားပြီး မိချောင်းရဲ့ နှာနုရိုးကို ထပ်ခါထပ်ခါ ဆင့်ထိုးပေမဲ့ သားကို ကိုက်ထားရာက မလွတ်ပေးတာကြောင့် အခက်တွေ့နေပါတယ်။ ထိုအချိန်မှာ မိကျောင်းရဲ့ ပျော့ပြီး ကိုက်လို့ရမဲ့နေရာကို ရှာကိုက်မယ်ဆိုပြီး အတွေးဝင်လာပါတယ်။ အဲ့ဒီနောက် အရင်ဆုံး မိကျောင်းရဲ့ ခြေထောက်ကို အားရှိသမျှအားသာကုန်ထည့်ပြီး ကိုက်ဖြတ်ပါတော့တယ်။

ဆင့်ကာဆင့်ကာ ကိုက်ခဲမှုကြောင့် မိကျောင်းလဲ နာကျင်ပြီး သားဖြစ်သူကို လွတ်ချက ရေထဲကို ဆင်းသွားပါတော့တယ်။ အဲ့ဒီနောက် Diego Abdulhasan ကို Balabac မြို့ရှိဆေးရုံကို ပို့ဆောင်ခဲ့ပြီး စိုးရိမ်စရာအခြေအနေတော့ မဖြစ်ခဲ့ပါဘူး။ မိကျောင်းကိုက်တဲ့ ဒဏ်ရာကြောင့် မျက်နှာ၊ မျက်ခွံ၊ ခြေထောက်နဲ့ လက်တို့မှာ ကုတ်ရာခြစ်ရာတွေရရှိခဲ့ပြီး ဆေးရုံမှာ ၂ရက်ကြာဆေးကုသမှုခံယူခဲ့ပါတယ်။ အဆိုပါ ဖြစ်စဉ်ဟာ ၂၀၁၉ခုနှစ်မှာ ပထမဦးဆုံးအကြိမ်ဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၁၈ နိုဝင်ဘာလတုန်းကလည်း ငါးဖမ်းသမားတစ်ဦး မိကျောင်းဆွဲခံရလို့ သေဆုံးခဲ့ရပါသေးတယ်။

ထိုကဲ့သို့ မိကျောင်းဆွဲခံရမှုတွေဖြစ်ပေါ်နေတာကြောင့် မြစ်ကမ်းတစ်လျှောက် သောင်းကျန်းနေတဲ့ မိကျောင်းတွေကို လိုက်လံဖမ်းဆီးရာမှာတော့ ရေငန်မိကျောင်းတစ်ကောင်းကို ဖမ်းဆီးရမိခဲ့ပါတယ်။ အဆိုပါမိကျောင်းဟာ ၁၅ပေနဲ့ ၆လက်မရှည်လျာပြီး Puerto Princesa ရှိ မိကျောင်းထိန်းသိမ်းရေးဌာနကို ပို့ဆောင်ခဲ့ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here