သားသားမီးမီးတွေကို အိမ်မှုကိစ္စ ဝိုင်းကူညီဖို့ ဘယ်လို လှုံ့ဆော်မလဲ?

0
43
- Advertisement -

အိမ်မှုကိစ္စတွေ ဝိုင်းကူညီပေးဖို့ ကလေးတွေကို လှုံ့ဆော်ရခြင်းက မိသားစုတွေ နေ့စဉ် ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတစ်ခု ဖြစ်ပါတယ်။ မိဘတွေဟာ သားသမီးတွေနဲ့ ပဋိပက္ခမဖြစ်အောင် အိမ်မှုဝေယျာဝစ္စအားလုံးကို သူ့တို့ဘာသာသူတို့ ကျုံးရုံးလုပ်ဖို့ ရွေးချယ်လေ့ ရှိကြပါတယ်။ သို့သော် ကလေးတွေကို အိမ်မှုအလုပ်တွေ ဝိုင်းကူညီခိုင်းခြင်းက ကလေးတွေမှာ အရေးကြီးတဲ့ တန်ဖိုးတွေနဲ့ ကျွမ်းကျင်မှု စကေးတွေကို သင်ပေးဖို့ အသုံးဝင်တဲ့ tool တစ်ခုဖြစ်လာ နိုင်ပါတယ်။

-Advertisement-

အတွေးအခေါ်နှင့် ပညာရေးသိပ္ပံ ကျွမ်းကျင်သူ Joseph Knobel ရဲ့အဆိုအရ အိမ်မှု့ဝေယျာဝစ္စတွေကို ကလေးတွေ ကူညီခြင်းက အရမ်းအရေးပါ ပါတယ်။ အကြောင်းရင်းကတော့ ဒါတွေက သူတို့ဘဝမှာ ကြုံတွေ့ရမယ့် ပထမဆုံး တာဝန်ယူမှုများ ဖြစ်လို့ပါပဲ။
သင့်ကလေးတွေဆီကနေ အိမ်မှုကိစ္စဝိုင်းလုပ်ဖို့ အကူအညီယူခြင်းဟာ အိမ်သန့်ရှင်းစေဖို့အတွက်သာ မဟုတ်ပါဘူး။ သူတို့ လူကြီးဖြစ်လာတဲ့အခါ အကူအညီဖြစ်စေမယ့် ကျွမ်းကျင်မှုများနှင့် တန်ဖိုးတွေကို သင်ပေးခြင်းလည်း ဖြစ်ပါတယ်။

၁။ တာဝန်ယူမှု

သူတို့အတွက် အိမ်အလုပ် လုပ်ရတာက ပျော်စရာမကောင်းဘူး ဆိုပေမယ့်လည်း ကလေးတွေဟာ အိပ်မှုဝေယျာဝစ္စတစ်ခု အောင်မြင်စွာပြီးဆုံးတဲ့အခါ တာဝန်ရှိတယ်ဆိုတဲ့ အသိကို ပိုပြီး ခံစားရပါလိမ့်မယ်။ ဒီစိတ်ကျေနပ်မှုအသိက အရမ်းကို စိတ်ချမ်းသာစေနိုင်ပါတယ်။

၂။ ဆွေးနွေး ညှိနှိုင်းတတ်တဲ့ ကျွမ်းကျင်မှု (Negotiating skills)

ကလေးတွေဟာ သဘောတူညီမှုတစ်ခု ရရှိဖို့ ဘယ်လိုကြိုးစားရမယ်၊ ဘယ်လို ရေလည်ရှင်းလင်းအောင် ပြောရမယ်၊ သူတို့စိတ်ကူးတွေကို ဘယ်လိုဖော်ပြရမလဲဆိုတာ လေ့လာသင်ယူပါလိမ့်မယ်။

၃။ စုပေါင်းလုပ်ဆောင်မှု (Teamwork)

ကလေးတွေဟာ တခါတရံ ရည်မှန်းချက်တစ်ခု အောင်မြင်ဖို့ တခြားသူတွေနှင့်အတူ ပူပေါင်းဆောင်ရွက်တတ်ဖို့ လိုတယ်ဆိုတာ သိသင့်ပါတယ်။

၄။ ထိလွယ်ရှလွယ်မှုနှင့် စာနာမှု (Sensitivity and empathy)

အိမ်မှုကိစ္စတွေကို သူတို့ ဝိုင်းကူညီတဲ့အခါ အိမ်သန့်ရှင်းမှုကို ထိန်းသိမ်းရတာက ဘယ်လိုခက်ခဲနိုင်တယ်ဆိုတာ နားလည် သင်ယူပါလိမ်မယ်။

၅။ လွတ်လပ်မှု (Independence)

အိမ်တစ်ဝိုက်ကို သန့်ရှင်းခြင်းဖြင့် သူတို့ဟာ အနာဂတ်မှာ အိမ်မှုဝေယျာဝစ္စတွေကို ဘယ်လိုထိရောက်အောင် လုပ်ရမလဲဆိုတာ သင်ယူပါလိမ့်မယ်။

ရောင်းအားအကောင်းဆုံး စာရေးဆရာ Dan Pink ရဲ့အဆိုအရ မိသားစုဟာ မျှဝေတတ်တဲ့ တာဝန်သိစိတ်တွေပေါ်မှာ အခြေခံတယ်ဆိုတာ သူတို့ကို ပြသရာ ရောက်တာကြောင့် အိမ်မှုကိစ္စကို ဝိုင်းကူညီခြင်းက ကလေးတွေ အတွက် ကောင်းတဲ့အရာတစ်ခု ဖြစ်ပါတယ်။ သူတို့ဟာ မိသားစုဝင်အချင်းချင်း တစ်ယောက်နဲ့ တစ်ယောက် အကူအညီလိုကြောင်းလည်း သင်ယူပါလိမ့်မယ်။

အိမ်မှုကိစ္စတွေ ဝိုင်းကူညီပေးဖို့ ကလေးတွေကို လှုံ့ဆော်နည်းများ

၁။ သူတို့နှင့်အတူ အိမ်မှုကိစ္စလုပ်ပါ
မိဘတွေ အမှားအများဆုံးတစ်ခုက ကလေးတွေဟာ အိမ်အလုပ် ဘယ်လိုလုပ်ရမယ်ဆိုတာ သိတယ်လို့ ယူဆထားခြင်းဖြစ်ပါတယ်။ သူတို့လုပ်နေတာတွေကို ကလေးတွေမြင်ပြီး လုပ်တတ်တယ်လို့ ထင်တာကြောင့်ပါပဲ။
ကလေးတွေကို မိဘနှင့်အတူ အကြိမ်ပေါင်းများစွာ ဝိုင်းကူညီခိုင်းရင်း သင်ပေးဖို့လိုပါတယ်။ ဥပမာ- ရိုးရိုးတာဝန်တစ်ခုအဖြစ် သူတို့ကို အရုပ်တွေ ကောက်တင်ခိုင်းခြင်း ဖြစ်ပါတယ်။ အစမှာ သင့်ကလေးက စနစ်တကျ ဘယ်လိုထားရမှန်း မသိနိုင်သေးပါဘူး။ အဲ့ဒီအခါ မိဘတွေအနေနဲ့ စိတ်ပျက်မှုကို ဖြစ်ပေါ်လာနိုင်ပြီး ကလေးတွေကို အိမ်အလုပ် ကူညီခိုင်းခြင်းမှ အလျှော့ပေးသွားနိုင်ပါတယ်။ ဒါ့ကြောင့် သူတို့ကို ဆူမယ့်အစား သူတို့ကို ဘယ်လိုလုပ်ရမလဲဆိုတာ သင်ပြပေးပါ။

၂။ လူတိုင်းမှာ တာဝန်ဝတ္တရားရှိဖို့ လိုအပ်ပါတယ်
အိမ်မှုကိစ္စလုပ်ဖို့ ကလေးတစ်ယောက်ကို သင်ပေးတဲ့အခါ အရေးအပါဆုံးတစ်ခုက မိသားစုဝင်တွေကြားမှာ တာဝန်ခွဲပေးဖို့ ဖြစ်ပါတယ်။ တနည်းအားဖြင့် မိသားစုဝင်အားလုံးကို တာဝန်ကိုယ်စီရှိတယ်ဆိုတာ သူတို့နားလည်စေဖို့ ဖြစ်ပါတယ်။ ဒါက မိသားစုဝင်တစ်ယာက်စီရဲ့ စွမ်းရည်ပေါ်မူတည်ပါတယ်။ ကလေးတွေကို သင့်လျော်တဲ့ တာဝန်များပေးဖို့ အရေးကြီးပါတယ်။ သူတို့ အသက်အရွယ်နဲ့ မမျှတတဲ့ တာဝန်က သူတို့ကို စိတ်ပျက်စေနိုင်ပြီး လုပ်ဖို့ ပျင်းသွားပါလိမ့်မယ်။

၃။ သူတို့ကို ပိုပြီး လွတ်လပ်သူတွေအဖြစ် ကြီးပြင်းပါစေ
မိဘတွေအနေနဲ့ ကလေးတွေရဲ့ ထင်မြင်ယူဆချက်များကို ထုတ်ဖော်ပြောဆိုဖို့ အခွင့်အရေး ပေးရပါမယ်။ အဲ့လိုခွင့်ပြုခြင်းအားဖြင့် ကိုယ့်ကိုယ်ကို ယုံကြည်မှုကို လှုံ့ဆော်ပေးပါလိမ့်မယ်။ ဒါက သူတို့မှာ self-sufficiency ဆိုတဲ့အသိကို ပုံဖော်ပါလိမ့်မယ်။ သူတို့ ပိုပြီးလွတ်လပ်တယ်၊ ကိုယ်ကိုယ်ကို ထိန်းကျောင်းနိုင်တယ်ဆိုတဲ့ ခံစားမှုက ကလေးတွေကို အိမ်မှုကိစ္စတွေ ပိုပြီး ဂရုစိုက်ဖို့ လှုံ့ဆော်မှု ဖြစ်လာစေသလို ပိုပြီး ထိရောက်ပါလိမ့်မယ်။

၄။ ပူးပေါင်းဆောင်ရွက်ခြင်း
သင့်ကလေးဆီက အကူအညီရယူချင်တဲ့အခါ မိသားစုအားလုံး အိမ်ပတ်ဝန်းကျင်ကို သန့်ရှင်းနေတဲ့ အချိန်နှင့် တိုက်ဆိုင်ပါစေ။ မိသားစုနှင့်အတူ အဖွဲ့လိုက် အလုပ်လုပ်ခြင်းက ကလေးတွေကို ပိုပြီး စိတ်အားထက်သန်စေပါတယ်။ အတူတူအလုပ်လုပ်ခြင်းဖြင့် အိမ်အလုပ်တွေကို မှန်မှန်ကန်ကန် လုပ်တတ်သွားပါလိမ့်မယ်။

၅။ အပြုအမှုကောင်းအဖြစ်သာ အိမ်အလုပ် လုပ်ပါ
အစောပိုင်းအသက်အရွယ်မှာ သင့်ကလေးကို အိမ်မှာအထောက်အကူပေးခြင်းရဲ့ အရေးပါပုံကို သင်ပေးပါ။ တဖြည်းဖြည်းနဲ့ ကလေးဟာ သူတို့ရဲ့ တာဝန်ဝတ္တရားလို့ ယူဆလာပါလိမ့်မယ်။ နောက်ဆုံးသူတို့ အလေ့အကျင့် ဖြစ်လာပါလိမ့်မယ်။
အိမ်သန့်ရှင်းဖို့နှင့် နေရာချထားဖို့အတွက် အပတ်စဉ်အချိန် သက်မှတ်ထားလျှင် မိသားစု စုစည်းမှု အလေ့အထတစ်ခုကို တည်ဆောက်ပါလိမ့်မယ်။ ဒီနည်းလမ်းက သားသားမီးမီးတွေအတွက် အိမ်မှုကိစ္စတွေ ကူညီပေးဖို့ လိုအပ်ကြောင်းကို နားလည်လာစေပြီး သာမန်လုပ်ရိုး လုပ်စဉ်တစ်ခုအဖြစ် မြင်လာပါလိမ့်မယ်။

၆။ မိသားစုတွင်းမှာ ပိုပြီးရင်းနှီးလာပါလိမ်မယ်
အိမ်မှုဝေယျာဝစ္စတွေမှာ သားသမီးတွေကို ပါဝင်စေခြင်းဟာ ခိုင်မာတဲ့ မိသားစုဆက်ဆံရေးကို တည်ဆောက်ဖို့လည်း အကူအညီ ဖြစ်ပါတယ်။ တာဝန်တွေကို ဖြန့်ဝေခြင်းက မိသားစု ဝန်ထုပ်ဝန်ပိုးနှင့် တင်းမာမှုကို လျော့ပါးနိုင်ပါတယ်။ မိသားစုအတွင်း စိတ်ဖိစီးမှုကို လျော့ကျစေပါတယ်။

Lifestyle_Myanmar

LM_Nandar

Source-youaremom

ZawGyi

သားသားမီးမီးေတြကို အိမ္မႈကိစၥ ဝိုင္းကူညီဖို႔ ဘယ္လို လႈံ႕ေဆာ္မလဲ?
အိမ္မႈကိစၥေတြ ဝိုင္းကူညီေပးဖို႔ ကေလးေတြကို လႈံ႕ေဆာ္ရျခင္းက မိသားစုေတြ ေန႔စဥ္ ရင္ဆိုင္ေနရတဲ့ စိန္ေခၚမႈတစ္ခု ျဖစ္ပါတယ္။ မိဘေတြဟာ သားသမီးေတြနဲ႔ ပဋိပကၡမျဖစ္ေအာင္ အိမ္မႈေဝယ်ာဝစၥအားလုံးကို သူ႔တို႔ဘာသာသူတို႔ က်ဳံး႐ုံးလုပ္ဖို႔ ေ႐ြးခ်ယ္ေလ့ ရွိၾကပါတယ္။ သို႔ေသာ္ ကေလးေတြကို အိမ္မႈအလုပ္ေတြ ဝိုင္းကူညီခိုင္းျခင္းက ကေလးေတြမွာ အေရးႀကီးတဲ့ တန္ဖိုးေတြနဲ႔ ကြၽမ္းက်င္မႈ စေကးေတြကို သင္ေပးဖို႔ အသုံးဝင္တဲ့ tool တစ္ခုျဖစ္လာ ႏိုင္ပါတယ္။
အေတြးအေခၚႏွင့္ ပညာေရးသိပၸံ ကြၽမ္းက်င္သူ Joseph Knobel ရဲ႕အဆိုအရ အိမ္မႈ႕ေဝယ်ာဝစၥေတြကို ကေလးေတြ ကူညီျခင္းက အရမ္းအေရးပါ ပါတယ္။ အေၾကာင္းရင္းကေတာ့ ဒါေတြက သူတို႔ဘဝမွာ ႀကဳံေတြ႕ရမယ့္ ပထမဆုံး တာဝန္ယူမႈမ်ား ျဖစ္လို႔ပါပဲ။
သင့္ကေလးေတြဆီကေန အိမ္မႈကိစၥဝိုင္းလုပ္ဖို႔ အကူအညီယူျခင္းဟာ အိမ္သန္႔ရွင္းေစဖို႔အတြက္သာ မဟုတ္ပါဘူး။ သူတို႔ လူႀကီးျဖစ္လာတဲ့အခါ အကူအညီျဖစ္ေစမယ့္ ကြၽမ္းက်င္မႈမ်ားႏွင့္ တန္ဖိုးေတြကို သင္ေပးျခင္းလည္း ျဖစ္ပါတယ္။

၁။ တာဝန္ယူမႈ

သူတို႔အတြက္ အိမ္အလုပ္ လုပ္ရတာက ေပ်ာ္စရာမေကာင္းဘူး ဆိုေပမယ့္လည္း ကေလးေတြဟာ အိပ္မႈေဝယ်ာဝစၥတစ္ခု ေအာင္ျမင္စြာၿပီးဆုံးတဲ့အခါ တာဝန္ရွိတယ္ဆိုတဲ့ အသိကို ပိုၿပီး ခံစားရပါလိမ့္မယ္။ ဒီစိတ္ေက်နပ္မႈအသိက အရမ္းကို စိတ္ခ်မ္းသာေစႏိုင္ပါတယ္။

၂။ ေဆြးေႏြး ညႇိႏႈိင္းတတ္တဲ့ ကြၽမ္းက်င္မႈ (Negotiating skills)

ကေလးေတြဟာ သေဘာတူညီမႈတစ္ခု ရရွိဖို႔ ဘယ္လိုႀကိဳးစားရမယ္၊ ဘယ္လို ေရလည္ရွင္းလင္းေအာင္ ေျပာရမယ္၊ သူတို႔စိတ္ကူးေတြကို ဘယ္လိုေဖာ္ျပရမလဲဆိုတာ ေလ့လာသင္ယူပါလိမ့္မယ္။

၃။ စုေပါင္းလုပ္ေဆာင္မႈ (Teamwork)

ကေလးေတြဟာ တခါတရံ ရည္မွန္းခ်က္တစ္ခု ေအာင္ျမင္ဖို႔ တျခားသူေတြႏွင့္အတူ ပူေပါင္းေဆာင္႐ြက္တတ္ဖို႔ လိုတယ္ဆိုတာ သိသင့္ပါတယ္။

၄။ ထိလြယ္ရွလြယ္မႈႏွင့္ စာနာမႈ (Sensitivity and empathy)

အိမ္မႈကိစၥေတြကို သူတို႔ ဝိုင္းကူညီတဲ့အခါ အိမ္သန္႔ရွင္းမႈကို ထိန္းသိမ္းရတာက ဘယ္လိုခက္ခဲႏိုင္တယ္ဆိုတာ နားလည္ သင္ယူပါလိမ္မယ္။

၅။ လြတ္လပ္မႈ (Independence)

အိမ္တစ္ဝိုက္ကို သန္႔ရွင္းျခင္းျဖင့္ သူတို႔ဟာ အနာဂတ္မွာ အိမ္မႈေဝယ်ာဝစၥေတြကို ဘယ္လိုထိေရာက္ေအာင္ လုပ္ရမလဲဆိုတာ သင္ယူပါလိမ့္မယ္။

ေရာင္းအားအေကာင္းဆုံး စာေရးဆရာ Dan Pink ရဲ႕အဆိုအရ မိသားစုဟာ မွ်ေဝတတ္တဲ့ တာဝန္သိစိတ္ေတြေပၚမွာ အေျခခံတယ္ဆိုတာ သူတို႔ကို ျပသရာ ေရာက္တာေၾကာင့္ အိမ္မႈကိစၥကို ဝိုင္းကူညီျခင္းက ကေလးေတြ အတြက္ ေကာင္းတဲ့အရာတစ္ခု ျဖစ္ပါတယ္။ သူတို႔ဟာ မိသားစုဝင္အခ်င္းခ်င္း တစ္ေယာက္နဲ႔ တစ္ေယာက္ အကူအညီလိုေၾကာင္းလည္း သင္ယူပါလိမ့္မယ္။

အိမ္မႈကိစၥေတြ ဝိုင္းကူညီေပးဖို႔ ကေလးေတြကို လႈံ႕ေဆာ္နည္းမ်ား

၁။ သူတို႔ႏွင့္အတူ အိမ္မႈကိစၥလုပ္ပါ
မိဘေတြ အမွားအမ်ားဆုံးတစ္ခုက ကေလးေတြဟာ အိမ္အလုပ္ ဘယ္လိုလုပ္ရမယ္ဆိုတာ သိတယ္လို႔ ယူဆထားျခင္းျဖစ္ပါတယ္။ သူတို႔လုပ္ေနတာေတြကို ကေလးေတြျမင္ၿပီး လုပ္တတ္တယ္လို႔ ထင္တာေၾကာင့္ပါပဲ။
ကေလးေတြကို မိဘႏွင့္အတူ အႀကိမ္ေပါင္းမ်ားစြာ ဝိုင္းကူညီခိုင္းရင္း သင္ေပးဖို႔လိုပါတယ္။ ဥပမာ- ႐ိုး႐ိုးတာဝန္တစ္ခုအျဖစ္ သူတို႔ကို အ႐ုပ္ေတြ ေကာက္တင္ခိုင္းျခင္း ျဖစ္ပါတယ္။ အစမွာ သင့္ကေလးက စနစ္တက် ဘယ္လိုထားရမွန္း မသိႏိုင္ေသးပါဘူး။ အဲ့ဒီအခါ မိဘေတြအေနနဲ႔ စိတ္ပ်က္မႈကို ျဖစ္ေပၚလာႏိုင္ၿပီး ကေလးေတြကို အိမ္အလုပ္ ကူညီခိုင္းျခင္းမွ အေလွ်ာ့ေပးသြားႏိုင္ပါတယ္။ ဒါ့ေၾကာင့္ သူတို႔ကို ဆူမယ့္အစား သူတို႔ကို ဘယ္လိုလုပ္ရမလဲဆိုတာ သင္ျပေပးပါ။

၂။ လူတိုင္းမွာ တာဝန္ဝတၱရားရွိဖို႔ လိုအပ္ပါတယ္
အိမ္မႈကိစၥလုပ္ဖို႔ ကေလးတစ္ေယာက္ကို သင္ေပးတဲ့အခါ အေရးအပါဆုံးတစ္ခုက မိသားစုဝင္ေတြၾကားမွာ တာဝန္ခြဲေပးဖို႔ ျဖစ္ပါတယ္။ တနည္းအားျဖင့္ မိသားစုဝင္အားလုံးကို တာဝန္ကိုယ္စီရွိတယ္ဆိုတာ သူတို႔နားလည္ေစဖို႔ ျဖစ္ပါတယ္။ ဒါက မိသားစုဝင္တစ္ယာက္စီရဲ႕ စြမ္းရည္ေပၚမူတည္ပါတယ္။ ကေလးေတြကို သင့္ေလ်ာ္တဲ့ တာဝန္မ်ားေပးဖို႔ အေရးႀကီးပါတယ္။ သူတို႔ အသက္အ႐ြယ္နဲ႔ မမွ်တတဲ့ တာဝန္က သူတို႔ကို စိတ္ပ်က္ေစႏိုင္ၿပီး လုပ္ဖို႔ ပ်င္းသြားပါလိမ့္မယ္။

၃။ သူတို႔ကို ပိုၿပီး လြတ္လပ္သူေတြအျဖစ္ ႀကီးျပင္းပါေစ
မိဘေတြအေနနဲ႔ ကေလးေတြရဲ႕ ထင္ျမင္ယူဆခ်က္မ်ားကို ထုတ္ေဖာ္ေျပာဆိုဖို႔ အခြင့္အေရး ေပးရပါမယ္။ အဲ့လိုခြင့္ျပဳျခင္းအားျဖင့္ ကိုယ့္ကိုယ္ကို ယုံၾကည္မႈကို လႈံ႕ေဆာ္ေပးပါလိမ့္မယ္။ ဒါက သူတို႔မွာ self-sufficiency ဆိုတဲ့အသိကို ပုံေဖာ္ပါလိမ့္မယ္။ သူတို႔ ပိုၿပီးလြတ္လပ္တယ္၊ ကိုယ္ကိုယ္ကို ထိန္းေက်ာင္းႏိုင္တယ္ဆိုတဲ့ ခံစားမႈက ကေလးေတြကို အိမ္မႈကိစၥေတြ ပိုၿပီး ဂ႐ုစိုက္ဖို႔ လႈံ႕ေဆာ္မႈ ျဖစ္လာေစသလို ပိုၿပီး ထိေရာက္ပါလိမ့္မယ္။

၄။ ပူးေပါင္းေဆာင္႐ြက္ျခင္း
သင့္ကေလးဆီက အကူအညီရယူခ်င္တဲ့အခါ မိသားစုအားလုံး အိမ္ပတ္ဝန္းက်င္ကို သန္႔ရွင္းေနတဲ့ အခ်ိန္ႏွင့္ တိုက္ဆိုင္ပါေစ။ မိသားစုႏွင့္အတူ အဖြဲ႕လိုက္ အလုပ္လုပ္ျခင္းက ကေလးေတြကို ပိုၿပီး စိတ္အားထက္သန္ေစပါတယ္။ အတူတူအလုပ္လုပ္ျခင္းျဖင့္ အိမ္အလုပ္ေတြကို မွန္မွန္ကန္ကန္ လုပ္တတ္သြားပါလိမ့္မယ္။

၅။ အျပဳအမႈေကာင္းအျဖစ္သာ အိမ္အလုပ္ လုပ္ပါ
အေစာပိုင္းအသက္အ႐ြယ္မွာ သင့္ကေလးကို အိမ္မွာအေထာက္အကူေပးျခင္းရဲ႕ အေရးပါပုံကို သင္ေပးပါ။ တျဖည္းျဖည္းနဲ႔ ကေလးဟာ သူတို႔ရဲ႕ တာဝန္ဝတၱရားလို႔ ယူဆလာပါလိမ့္မယ္။ ေနာက္ဆုံးသူတို႔ အေလ့အက်င့္ ျဖစ္လာပါလိမ့္မယ္။
အိမ္သန္႔ရွင္းဖို႔ႏွင့္ ေနရာခ်ထားဖို႔အတြက္ အပတ္စဥ္အခ်ိန္ သက္မွတ္ထားလွ်င္ မိသားစု စုစည္းမႈ အေလ့အထတစ္ခုကို တည္ေဆာက္ပါလိမ့္မယ္။ ဒီနည္းလမ္းက သားသားမီးမီးေတြအတြက္ အိမ္မႈကိစၥေတြ ကူညီေပးဖို႔ လိုအပ္ေၾကာင္းကို နားလည္လာေစၿပီး သာမန္လုပ္႐ိုး လုပ္စဥ္တစ္ခုအျဖစ္ ျမင္လာပါလိမ့္မယ္။

၆။ မိသားစုတြင္းမွာ ပိုၿပီးရင္းႏွီးလာပါလိမ္မယ္
အိမ္မႈေဝယ်ာဝစၥေတြမွာ သားသမီးေတြကို ပါဝင္ေစျခင္းဟာ ခိုင္မာတဲ့ မိသားစုဆက္ဆံေရးကို တည္ေဆာက္ဖို႔လည္း အကူအညီ ျဖစ္ပါတယ္။ တာဝန္ေတြကို ျဖန္႔ေဝျခင္းက မိသားစု ဝန္ထုပ္ဝန္ပိုးႏွင့္ တင္းမာမႈကို ေလ်ာ့ပါးႏိုင္ပါတယ္။ မိသားစုအတြင္း စိတ္ဖိစီးမႈကို ေလ်ာ့က်ေစပါတယ္။

Lifestyle_Myanmar

LM_Nandar

Source-youaremom

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here