သားသားမီးမီးတွေကို သင်ထားပေးသင့်တဲ့ ဘေးကင်းလုံခြုံမှုဆိုင်ရာ အခြေခံစည်းကမ်းများ

0
73
Suspicious stranger offers candy to a little boy

မေမေတို့ရေ…မေမေတို့ကလေးရဲ့ ဘေးကင်းလုံခြုံမှုနှင့် ပတ်သတ်ပြီး အမြဲတစေ စိုးရိမ်နေမှာပါနော်။ ကိုယ့်သားသမီးရဲ့ ကောင်းကျိုးချမ်းသာနဲ့ ပတ်သတ်ပြီး အလိုလို စိုးရိမ်ပူပန်တတ်ကြတာက မိဘတွေရဲ့ ထုံးစံပါပဲ။ အထူးသဖြင့် ကလေးတွေရဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ လုံခြုံစိတ်ချမှုနှင့် ပတ်သတ်လာတဲ့အခါ စိုးရိမ်ပူပန်မှု အဓိကဖြစ်ရပါတယ်။

Suspicious stranger offers candy to a little boy

မိဘတွေဆိုတာ ကိုယ့်ကလေးတွေကို တတ်နိုင်သလောက် ရင်အုပ်မကွာထားချင်ကြသူချည်းပါပဲ။ ယခုနောက်ပိုင်းမှာ ကလေးတွေ အကြမ်းဖက်ခံရမှု၊ သွေးဆောင်ဖျားယောင်းခံရမှုနှင့် သက်ငယ်မုဒိန်းမှု စတာတွေ ဆက်တိုက်ဖြစ်လာတာနဲ့အမျှ ကိုယ့်ကလေးတွေကို ဆွေမျိုးသားချင်း ယောကျ်ားလေးတွေနဲ့တောင် စိတ်ချလက်ချမထားရဲတာတွေ၊ မူကြို၊ ကျောင်းတွေကို စိတ်ချလက်ချမလွှတ်ရဲတာတွေ ဖြစ်လာပါတယ်။ ဒါ့ကြောင့် မေမေတို့ရဲ့ကလေးကို ငယ်ရွယ်စဉ်ကတည်းက ဘေးကင်းလုံခြုံမှုဆိုင်ရာ စည်းကမ်းတစ်ချို့ကို သင်ပေးထားဖို့ အရေးကြီးပါတယ်။ဒီစည်းကမ်းတစ်ချို့က ကလေးတွေအတွက် အခက်အခဲနဲ့ ကြုံလာတဲ့အခါ အသုံးဝင်တဲ့ tools တွေ ဖြစ်လာမှာပါ။ ဒီအရာလေးတွေကို အသက် ၃နှစ်ကစပြီး သင်ထားပေးနိုင်ပါတယ်။

သားသားမီးမီးတို့ရဲ့ အစောပိုင်းအသက်အရွယ်မှာ သင်ပေးရမယ့် ဘေးကင်းလုံခြုံမှုဆိုင်ရာ စည်းကမ်းများ

၁။ မိဘနာမည်၊ ဖုန်းနံပါတ်နှင့် အိမ်လိပ်စာတွေ သိထားဖို့

အိမ်လိပ်စာနဲ့ မိဘတွေရဲ့ ဖုန်းနံပါတ်ကို ကလေးတွေ အသေအချာသိထားရပါမယ်။ ကိုယ်နေထိုင်တဲ့ နိုင်ငံရဲ့ အရေးပေါ်ဖုန်းနံပါတ်ကိုလည်း သူတို့ကို သင်ထားပေးသင့်ပါတယ်။
အိမ်ကဘယ်နေရာမှာရှိတယ်၊ အိမ်အနီးအနားမှာ ဘာအမှတ်အသားရှိတယ်ဆိုတာ ကလေးတွေသိဖို့ အရေးကြီးပါတယ်။ သင့်ကလေးမှတ်မိစေဖို့ အိမ်မှာ ပုံမှန်လေ့ကျင့်ပေးပါ။ မိဘရဲ့ဖုန်းနံပါတ်၊ အဘိုးအဘွား (သို့) ဦးလေး၊အဒေါ်ရဲ့ ဖုန်းနံပါတ်တွေကို အလွတ်ရအောင် လေ့ကျင့်ပေးထားပါ။

၂။ မသိတဲ့သူဆိုရင် တံခါးမဖွင့်ပေးဖို့
သင့်ကလေးဟာ အထူးသဖြင့် အိမ်မှာ တစ်ယောက်တည်းကျန်ခဲ့တဲ့အချိန် တစ်ယောက်ယောက်က တံခါးလာခေါက်တဲ့အခါ တံခါးဖွင့်မပေးရဘူးဆိုတာ သိထားဖို့ အရေးကြီးပါတယ်။

၃။ သူစိမ်းတစ်ယောက်က ဘာကျွေးကျွေး မစားဖို့

သူစိမ်းတစ်ယောက်ယောက်က အစားအစာကျွေးရင် မစားသင့်ကြောင်း၊ အန္တရာယ်ရှိကြောင်း ကလေးကို သင်ပေးထားဖို့ လိုအပ်ပါတယ်။ ကိုယ်မသိတဲ့သူဆီက အစားအစာကို လက်ခံတာဟာ အန္တရာယ်ရှိနိုင်ကြောင်း၊ မိဘရဲ့ ခွင့်ပြုချက်မရဘဲ တစ်ယောက်ယောက်က အစားအစာပေးလာတဲ့အခါ ယဉ်ကျေးစွာ ငြင်းဆန်သင့်ကြောင်း ကလေးကို သင်ထားပေးရပါမယ်။

၄။ တခြားသူတွေရဲ့ ခြံထဲမဝင်ဖို့
သင့်ကလေးက ဘောလုံးကစားရင်း ဘောလုံးက တခြားခြံထဲရောက်သွားတယ်ဆိုပါစို့။ တခြားခြံထဲကို ဘောလုံးရောက်သွားတဲ့အခါ ခြံစည်းရိုးကိုကျော်တတ်ပြီး သွားမကောက်ဖို့ နှင့် လူကြီးတစ်ယောက်ယောက်ကို အကူအညီတောင်းသင့်ကြောင်း ကလေးကို သင်ပေးပါ။

၅။ တစ်ယောက်တည်း ခြံပြင်မထွက်ဖို့
အပေါ်ကအချက်နဲ့ ဆင်တူပါတယ်၊ လူကြီးမိဘမပါဘဲ ခြံပြင်ကို တစ်ယောက်တည်းထွက်ဖို့ ခွင့်မပြုကြောင်း သင့်ကလေးသိထားသင့်ပါတယ်။ သင့်ကလေးက တစ်ခုခုအတွက် အပြင်သွားဖို့လိုအပ်ရင် အရွယ်ရောက်ပြီးသူ တစ်ယောက်ယောက်နှင့် လွှတ်ပေးရပါမယ်။

၆။ သူစိမ်းတစ်ယောက်ယောက်နှင့်အတူ ဘယ်နေရာမှ မသွားဖို့

သူစိမ်းတစ်ယောက်ယောက်နှင့်အတူ ဘယ်နေရာမဆိုသွားရင် မလုံခြုံကြောင်း ကလေးသိထားသင့်ပါတယ်။ “သမီးမေမေက သမီးကို ဦးနဲ့ချက်ချင်းလိုက်လာဖို့ ပြောလိုက်တယ်” လို့သူစိမ်းတစ်ယောက်က ပြောလာရင် မလိုက်သင့်ကြောင်းနှင့် တစ်ယောက်ယောက်ကို အော်ပြီး အကူအညီတောင်းသင့်ကြောင်း ကလေးကို ပြောပြပါ။ အထူးသဖြင့် မူကြိုအရွယ်ကလေးတွေကို အိမ်နီးနားချင်းနဲ့ ကြိုခိုင်းတာမျိုး မလုပ်မိစေဖို့လည်းအရေးကြီးပါတယ်။ ကိုယ်က နည်းနည်းနောက်ကျမယ်ဆိုရင် ဆရာမကိုဖုန်းဆက်ပြီး ကလေးကိုမူကြိုမှာ စောင့်ခိုင်းတာ ဖြစ်သင့်ပါတယ်။

၇။ သင့်ကလေးရဲ့ ခန္ဓာကိုယ်ကို ဘယ်သူမှထိခွင့်မပေးဖို့

ကောင်းသော ထိတွေ့မှုနှင့် မကောင်းသော ထိတွေ့မှုအကြောင်း ကလေးကိုသင်ပေးပါ။ ကိုယ့်ခန္ဓာကိုယ်ကို မေမေ နှင့်(တခါတရံ လိုအပ်လျှင် ဖေဖေ)ကလွဲလို့ တခြားသူတွေကို ထိခွင့်မပေးဖို့ ကလေးကို ပြောပြပါ။ တစ်ယောက်ယောက်က ကိုယ့်ခန္ဓာကိုယ်ကို ထိတွေ့ကိုင်တွယ်ပြီဆိုရင် မိဘနှင့် အနီးအနားကလူတွေကို ချက်ချင်း အသိပေးသင့်ကြောင်း၊ အော်ပြီးအကူအညီတောင်းသင့်ကြောင်း ကလေးကို ပြောပြပေးထားရပါမယ်။

၈။ မိဘအပေါ် လျို့ဝှက်ချက်မထားဖို့

သင့်ကလေးကို အမှန်နဲ့ အမှားကြားက ခြားနားချက်ကို သင်ပေးဖို့ အရေးကြီးပါတယ်။ လှို့ဝှက်ချက်ဆိုတာ စိုးရိမ်စိတ်၊ ကြောက်စိတ်နဲ့ စိတ်အနှောက်အယှက်ဖြစ်မှုကို ခံစားရစေတာကြောင့် ဘယ်တော့မှ လျို့ဝှက်ချက်မထားဖို့ သူတို့ကိုသင်ပေးပါ။ သားသမီးနဲ့ မိဘကြားက ဆက်ဆံရေးဟာ ပွင့်ပွင့်လင်းလင်းဖြစ်ရပါမယ်။

၉။ ပျောက်သွားခဲ့ရင် ရှိနေတဲ့နေရာမှာနေဖို့

လူများတဲ့ ပွဲလိုနေရာမှာ မိဘနဲ့ ကွဲသွားခဲ့ရင် သူတို့ရှိနေတဲ့ နေရာမှာပဲ နေဖို့ အရေးကြီးကြောင်း ကလေးကို ပြောပြပေးပါ။ အနီးအနားမှာ ကလေးချီထားတဲ့ မိခင်တွေ တွေ့ရင် အကူအညီတောင်းနိုင်ကြောင်း ပြောပြထားပါ။ သင့်ကလေးကို အဲ့ဒီ့နေရာမှာသာ နေသင့်ကြောင်း တခြားကလေးမိခင်နှင့်တောင် ဘယ်မှ ထွက်မသွားသင့်ကြောင်း ပြောပြပေးပါ။ ကလေးပျောက်တတ်တဲ့ နေရာအများစုက စူပါမားကတ်တွေ၊ ပွဲလမ်းသဘင်တွေဖြစ်ပါတယ်။ စူပါမားကတ်ထဲမှာဆိုရင် စတိုးဆိုင်ကောင်တာကို လမ်းလျှောက်သွားပြီး မိဘတွေကို ရှာမတွေ့တာ ပြောပြနိုင်ကြောင်း ကလေးကို သင်ထားပေးပါ။

၁၀။ အိမ်လိပ်စာနဲ့ ဖုန်းနံပါတ်အသေးစိတ်ကို ဘယ်သူ့ကိုမှ မပြောပြဖို့

(အထူးသဖြင့် ဆိုရှယ်မီဒီယာသုံးနေသော)သင့်ကလေးဟာ အိမ်လိပ်စာ၊ ဖုန်းနံပါတ်ကဲ့သို့သော ပါစင်နယ်အသေးစိတ်ကို သူစိမ်းတစ်ယောက်ကို မပြောပြသင့်ကြောင်း သိထားရပါမယ်။ ဘယ်သတင်းအချက်မလက်မဆို မိဘရှေ့မှာသာ၊ မိဘရဲ့ခွင့်ပြုချက်နဲ့သာ မျှဝေသင့်ကြောင်း ပြောပြထားရပါမယ်။

သင့်ကလေးတွေကို သင်ပေးထားရမယ့် safety rules တွေက သူတို့အသက်အရွယ်အလိုက် ရှင်းရှင်း လင်းလင်းနဲ့ ကျိုးကြောင်းဆီလျော်မှု ရှိရပါမယ်။
Lifestyle_Myanmar
LM_Nandar

Source-momjunction

LEAVE A REPLY

Please enter your comment!
Please enter your name here