သားသားမီးမီးတွေကို ကိုယ့်အားကိုယ်ကိုးတတ်အောင် သင်ပေးထားရမယ့် အခြေခံ (၁၄)မျိုး

0
155

အိန္ဒိယစကားပုံတစ်ခုမှာ “သင်ရဲ့အိမ်မှာ ကလေးကို ဧည့်သည်တစ်ယောက်အဖြစ် ဆက်ဆံပါ။ သူတို့ကို ကျွေးမွေးပါ။ ပညာသင်ပေးပါ။ ပြီးတော့ သူတို့ လိုရာသွားကြပါစေ” လို့ဆိုပါတယ်။ ဒီအယူအဆနဲ့အကြံပြုချက်ကို လက်ခံပါက သင့်ရဲ့ သားသားမီးမီးတွေကို သူတို့လေးတွေရဲ့ အစောပိုင်းအသက်အရွယ်မှာ ဘယ်လို သင်ယူမှုတွေ စတင်ပေးရမလဲ ဆိုတာ လေ့လာနိုင်အောင် မျှဝေပေးလိုက်ပါတယ်။

၁။ ကတ်ကြေးကို မှန်မှန်ကန်ကန် ကိုင်တတ်စေဖို့

ကလေးတွေဟာ ကတ်ကြေးတစ်စုံကို မှန်မှန်ကန်ကန်နဲ့ ဘယ်လိုကိုင်ရမလဲဆိုတာ မကြာခဏ မေ့တတ်ကြပါတယ်။ ကလေးကို သူတို့လက်နဲ့ ဘယ်လိုကိုင်ထားရမလဲဆိုတာ သတိရစေဖို့နဲ့ ဒဏ်ရာရခြင်းမှ တားဆီးဖို့ သူတို့ရဲ့လက်မပေါ်မှာ အပြုံးမျက်နှာတစ်ခုဆွဲပေးပါ။ အပြုံးလေးက အမြဲတမ်း သူတို့ဘက်မှာ ရှိနေသင့်တယ်ဆိုတာ ရှင်းပြပါ။

၂။ self-discipline (ကိုယ်ပိုင်စည်းကမ်း)ကို သင်ယူတတ်စေဖို့

ကိုယ်ပိုင်စည်းကမ်း တည်ဆောက်ဖို့ ကူညီနိုင်တဲ့ ရိုးရှင်းသော နည်းလမ်းတွေကတော့
A4စာရွက်တစ်ရွက်ကိုယူပြီး အလျားလိုက်တစ်ဝက်ခေါက်ပါ။ အောက်ပိုင်းတစ်ဝက်ကို နည်းနည်းဖြတ်ပါ။
အပေါ်နဲ့ အောက်ပိုင်းကို စတေကာလေးတွေကပ်ပါ။
အိမ်စာလုပ်၊ သွားတိုက်၊ အိပ်ရာဝင် စတဲ့ window တစ်ခုစီမှာ တာဝန်တစ်ခုစီရေးပါ။ ဒီတာဝန်လေးတွေကို သရုပ်ဖော်ပုံအချို့ထည့်ပါ။
တာဝန်ပြီးစီးခဲ့ပြီဖြစ်ကြောင်း ပြသဖို့ စက္ကူရဲ့နောက်ကျောမှာ အစိမ်းရောင်အမှန်ခြစ် အမှတ်သား ရေးဆွဲပါ။
သူတို့ရဲ့နေ့စဉ် မနက်ခင်းတာဝန်များနှင့်ပတ်သတ်ပြီး သတိရစေဖို့ ကလေးအခန်းရဲ့နံရံပေါ်မှာ ဒီအချိန်ဇယား စာရင်းလေးတွေ ကပ်ပေးနိုင်ပါတယ်။

၃။ ဖိနပ်ကြိုး ဘယ်လိုချည်ရမလဲဆိုတာ လေ့လာသင်ယူတတ်စေဖို့

သူတို့ရဲ့ဖိနပ်ကြိုးကို ဘယ်လိုချည်ရမလဲဆိုတာ သင်ပေးဖို့ နည်းလမ်းလေးပါ။ လိုအပ်တာကတော့ ကတ္တူစက္ကူပေါ်မှာ ဖိနပ်တစ်ရံပုံဆွဲပြီး ကြိုးထည့်ဖို့ အပေါက်သေးသေးလေးတွေဖောက်ပါ။ ဖိနပ်ကြိုးကို ဘယ်လိုထည့်ပြီး ဘယ်လိုချည်ရမလဲဆိုတာ သင်ပေးပါ။

၄။ ကြယ်သီးဘယ်လိုတပ်ရမလဲဆိုတာ သင်ယူခြင်း

သင့်ကလေးကို ကြယ်သီးဘယ်လိုတပ်ရမလဲ/ဘယ်လိုဖြုတ်ရမလဲဆိုတာ သင်ပေးဖို့ ဒီပျော်စရာကစားစရာလေး ပြုလုပ်နိုင်ပါတယ်။ ကာလာစက္ကူပေါ်မှာ တီကောင်ပုံလေးဆွဲပါ။ အဲ့ဒီပေါ်မှာ ကြယ်သီးကိုချုပ်ပြီး ကြယ်သီးပေါက် ဖောက်ထားတဲ့ ပိတ်စလေးကို ကော်နဲ့ကပ်ပါ။

၅။ အချိန်ကို ပြောပြတတ်စေဖို့

ဒီရိုးရှင်းတဲ့ နည်းလေးက သင့်ကလေး အချိန်ပြောတတ်စေဖို့ ကူညီပေးပါလိမ့်မယ်
စက္ကူပန်းကန်၂ချပ်ယူပါ။ ပထမတစ်ခုပေါ်မှာ (0,5,10,15 စတဲ့) မိနစ်သင်္ကေတ နံပါတ်လေးတွေရေးပါ။ တခြားပန်းကန်ပြားပေါ်မှာ သေးသေးလေးတွေညှပ်ပြီး 1ကနေ12အထိ နံပါတ်လေးတွေရေးပါ။ ပထမပန်းကန်ကို ဒုတိယပန်းကန်အောက်မှာ ထားပါ။

နာရီ နဲ့မိနစ် စာသားရေးထားတဲ့ စက္ကူမြှား ၂ခုကို ပန်းကန်တွေနဲ့ အတူတူတွဲဖို့ Pin တစ်ခုကို သုံးပါ။
မြှားရဲ့ အနေအထားပြောင်းလဲပြီး ဘယ်အချိန်ရှိပြီလဲ ဆိုတာ ဖတ်တတ်စေဖို့ ကလေးကို သင်ပေးပါ။
ဒီနည်းလမ်းနဲ့ နာရီနှင့််မိနစ်အကြား ဆက်သွယ်မှုကို အလွယ်တကူ သရုပ်ပြနိုင်ပါတယ်။

၆။ စားပွဲပေါ်က အမှုအကျင့်ကောင်းတွေကို သင်ပေးခြင်း

စားပွဲမှာ ဘယ်လိုစားမလဲ၊ ဘယ်လိုပြုမှုမလဲဆိုတာ သင်ပေးတဲ့အချိန်မှာ ပန်းကန်အတော်များများ ကွဲနိုင်ပါတယ်။ ဒီပျက်စီးမှုကို ကာကွယ်ဖို့ ပန်းကန်ပြားရဲ့အောက်ခြေတွေမှာ စုပ်ခွက်လေးတွေ ကော်နဲ့ကပ်ပေးထားပါ။

၇။ ဘယ်လိုရေတွက်မလဲဆိုတာ သင်ယူခြင်း

ကလေးတစ်ယောက်ကို ရောင်စုံ Lego blocksတွေနဲ့အတူ အခြေခံသင်္ချာသင်ပေးနိုင်ပါတယ်။
စက္ကူကတ်တွေ ပြုလုပ်ပြီး နံပါတ်လေးတွေ ရေးပါ။
ကတ်တစ်ခုစီပေါ်မှာ ကတ်ပေါ်ကနံပါတ်နဲ့ Block နံပါတ်တွေနဲ့ ကိုက်ညီမယ့် multi-colored tower တစ်ခုဆွဲပါ။
ကလေးဟာ ကတ်ပေါ်မှာ ဖော်ပြထားသလို တူညီတဲ့ တာဝါကို တည်ဆောက်ရပါမယ်။ ဒီတာဝန်က သင်္ချာကျွမ်းကျင်စေဖို့ အလေ့အကျင့် ဖြစ်စေပါလိမ့်မယ်။

၈။ ရာသီဥတု သင်ယူခြင်း

ဒီလက်ဖြစ်ကစားစရာက ရာသီဥတုတွေကို မှတ်မိစေဖို့ ကူညီပေးပါလိမ့်မယ်။
အရောင်မတူ စက္ကူစက်ဝိုင်း ၅ခုပြုလုပ်ပါ။ အဖြူရောင်စက်ဝိုင်းက အခြေခံတစ်ခုဖြစ်ပါတယ်။ ထိုအပေါ်မှာ အညိုရောင် သစ်ပင်ပင်စည်ကို ကော်ကပ်ပါ။ တခြားစက်ဝိုင်းတွေကို တစ်ခြမ်း ခေါက်ပါ။
စက်ဝိုင်းတစ်ခုကိုယူပြီး ၎င်းရဲ့တစ်ဝက်ကို ကော်သုတ်ပါ။ ပြီးနောက် စက္ကူအဖြူကို ကော်သုတ်ပါ။ စက်ဝိုင်းတစ်ခုနဲ့တစ်ခုကပ်ပြီး စာအုပ်တစ်အုပ်လို တွဲပါ။
စက်ဝိုင်းတစ်ခုစီက ရာသီဥတုတစ်ခုဖြစ်ပါတယ်။ ဆောင်းရာသီဆိုရင် နှင်းကျနေတဲ့ပုံလေးတွေ၊ မိုးရာသီဆိုရင် အစိမ်းရောင်သစ်ရွက်တွေနဲ့ မိုးရွာနေတဲ့ပုံလေးတွေ၊ နွေရာသီနဲ့ ဆိုရင် အဝါရောင်သစ်ရွက်လေးတွေ စသဖြင့်ဆွဲပါ။

၉။ တရားမျှတမှုအကြောင်းကို သင်ယူခြင်း

မိသားစုထဲမှာ ကလေး၂ယောက်ရှိရင် ဒါက ဘယ်အရာက တရားမျှတမှုလဲဆိုတာကို ရှင်းပြဖို့နှင့် ဘာ့ကြောင့် သကြားလုံးကို တစ်ယောက်တည်း အကုန်မစားသင့်ဘူးလဲဆိုတာ ရှင်းပြဖို့ ခက်ခဲပါလိမ့်မယ်။
အဝတ်ချိတ်တစ်ခု၊ ဘူးအလွတ် ၂ခုနှင့် စက္ကူခွက်တွေ(ဒါမှမဟုတ်) ဖျော်ရည်ဘူးအလွတ်ကို ယူပါ။ ဘူးအလွတ်တွေမှာ အပေါက် ၂ပေါက်ဖောက်ပြီး ကြိုးနဲ့ချည်ပါ။ အဝတ်ချိတ်တစ်ခုမှာ တွဲပါ။ ချိန်ခွင်က ဟန်ချက်ညီနေရပါမယ်။ ဘူးအလွတ်တစ်ခုစီကို ကွတ်ကီးတွေ၊ သကြားလုံးတွေ၊ ချောကလတ်တွေနဲ့ ဖြည့်ပါ။ ကလေးကို ဘယ်လိုဝေစားရမယ်ဆိုတာ သင်ပေးပါ။ ဘယ်သူက သကြားလုံးပိုရသင့်လဲဆိုတာနဲ့ ပတ်သတ်ပြီး ငြင်းခုံတာတွေ ရပ်သွားပါလိမ့်မယ်။

၁၀။ ဝတ်ဆင်ပုံတွေကို လေ့လာသင်ယူတတ်စေဖို့

ဒါက သင့်ကလေးအတွက် ပျော်စရာကောင်းစေမှာပါ။
အဝတ်အစားတွဲထားတဲ့ပုံလေးတွေကို ကြိုတင်ရိုက်ထားပါ။ အဝတ်ပုံထဲက ဘယ်အင်္ကျီနဲ့ ဘယ်ဘောင်းဘီက လိုက်ဖက်မလဲဆိုတာကို သူတို့ကို တွဲခိုင်းပါ။ ပျင်းစရာကောင်းတဲ့ ဒီနေ့စဉ်တာဝန်တွေက စိတ်လှုပ်ရှားဖွယ် ဂိမ်းလေးအဖြစ် ပြောင်းလဲသွားပါလိမ့်မယ်။

၁၁။ သူတို့ရဲ့ နေ့စဉ်ပုံမှန်လုပ်နေကျကို သတိရစေဖို့

မတူတဲ့ ခွက်လေးတွေကို နံပါတ်တပ်ပြီး သွားတိုက်ဆေး၊ သွားတိုက်တံ၊ မျက်နှာသုတ်ပဝါနှင့် ဘီးတွေထည့်ထားပေးပါ။ ကလေးတွေဟာ တဆင့်ပြီးတစ်ဆင့် အစီအစဉ်တကျ ပြုလုပ်တတ်မှာ ဖြစ်သလို ဘယ်တော့မှ မေ့တော့မှာမဟုတ်ပါဘူး။

၁၂။ သူတို့သွားတွေကို မှန်မှန်တိုက်စေဖို့

သူတို့ကစားနေတဲ့အချိန်မှာ ကျွမ်းကျင်မှုအသစ်တွေကို သင်ပေးတာက ကလေးတွေအတွက် ပိုလွယ်တယ်ဆိုတာ မိဘတိုင်းကသိကြပါတယ်။ ဒါ့ကြောင့် ပျင်းစရာကောင်းတဲ့ သွားသန့်ရှင်းရေးဖြစ်စဉ်ကို စိတ်လှုပ်ရှားဖွယ် ရှာပုံတော်အဖြစ် ပြောင်းလဲနိုင်ပါတယ်။
အင်တာနက်ပေါ်မှာ ပုံတစ်ပုံရှာပါ။ သို့မဟုတ် သွားတိုက်ခြင်းဇယားတစ်ခုကို သင်ကိုယ်တိုင်ဆွဲပါ။ ရေချိုးခန်းနံရံပေါ်မှာ ချိတ်ထားပြီး အနီးအနားမှာ ရောင်စုံမာကာတစ်ချို့ထားပါ။ ကလေးကို သူတို့သွားတိုက်တဲ့ အချိန်တိုင်း ဒီဇယားအရောင်ကို မေးပါ။ မနက်ခင်းအတွက်ဆိုရင် နေပုံဆွဲပြီး ၊ ညဘက်ဆိုရင် လပုံဆွဲပါ။
ဒီနည်းလမ်းက ကလေးကို အလေ့အကျင့်သစ်တစ်ခု ရဖို့ ကူညီပါလိမ့်မယ်။

၁၃။ အိမ်သန့်ရှင်းရေး လုပ်တတ်စေဖို့

ကလေးတွေဟာ အိမ်ပတ်ဝန်းကျင်မှာ အရုပ်တွေပြန့်ကျဲနေတာကို နှစ်သက်ကြပါတယ်။ ကလေးကစားနိုင်မယ့် နေရာတစ်ခုကို ရွေးချယ်ပေးပါ။ အရောင်တောက်တောက် တိတ်နဲ့ အမှတ်အသားပြုလုပ်ပေးပါ။ ကလေးကို စည်းကမ်းအသစ်ချထားတဲ့အကြောင်း၊ ဘယ်အရုပ်မှ ဒီနေရာအပြင်ဘက်မှာ မထားသင့်ဘူးဆိုတာ ရှင်းပြပါ။

၁၄။ အချိန်ဇယားတစ်ခု ကပ်ခြင်း

နာရီတစ်လုံးနှင့် ရောင်စုံမာကာတွေက သင့်ကလေးကို အချိန်စီမံခန့်ခွဲမှုစွမ်းရည်များ သင်ပေးနိုင်ပါတယ်။ အိမ်စာအတွက် 5-6 p.m၊ ညစာအတွက် 6-7 p.m စသဖြင့် မတူတဲ့ တာဝန်များကို အရောင်ကွဲလေးတွေနဲ့ ညွန်ပြပေးပါ။ ကလေးကို ဒီနည်းစနစ် ရှင်းပြပါ။ အချိန်ဇယားကပ်ဖို့ သူတို့ အတွက် အများကြီး လွယ်ကူပါလိမ့်မယ်။

Lifestyle_Myanmar

LM_Nandar

Source-brightside

LEAVE A REPLY

Please enter your comment!
Please enter your name here