သားသမီးတွေကို နာမည်ကြီးတွေဖြစ်လာအောင် သူတို့ကိုယ်တိုင် ပျိုးထောင်ပေးခဲ့ကြတဲ့ မိခင် (၁၀)ယောက်

0
1273

ယနေ့ခေတ်မှာ ဖခင်မရှိဘဲ ကလေးတွေကို ပြုစုပျိုးထောင်ပေးတဲ့ မိခင်တစ်ယောက်နဲ့ တွေ့ဆုံဖို့ဆိုတာ မခက်ခဲတော့ပါဘူး။USမှာ ကလေး၁၆ဘီလီယံဟာ ဖခင်မရှိဘဲ ကြီးပြင်းလျက်ရှိပါတယ်။
အများဆုံးကိစ္စတွေမှာ အမျိုးသမီးတွေဟာ ကိုယ်ဝန်ရှိခဲ့ပေမယ့် ယောကျ်ားလေးဖက်က တာဝန်မယူတာတို့ ၊ လက်မထပ်တာတို့ ၊ လက်ထပ်ပြီး ကိုယ်ဝန်ရှိချိန်မှ ခင်ပွန်းသည်နဲ့ ကွဲသွားတာတို့ စတဲ့ အကြောင်းရင်းတွေကြောင့် Single mother တွေဖြစ်လာကြပါတယ်။ ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် မိဘနှစ်ပါးပေါင်းပြီး ပြုစုစောင့်ရှောက်ဖို့ မလွယ်ကူလှတဲ့ ကလေးပြုစုပျိုးထာင်ရေးလုပ်ငန်းမှာ မိန်းမသားတစ်ကိုယ်တည်း ပျိုးထောင်ဖို့ဆိုရင် စိန်ခေါ်မှုတွေ အများကြီး ရင်ဆိုင်ရမှာ သေချာပါတယ်။ ယနေ့မှာတော့ ဒီစိန်ခေါ်မှုတွေကို ရင်ဆိုင်ရင်း ရင်သွေးလေးတွေကို နာမည်ကြီး မင်းသား၊ မင်းသမီးတွေ၊ အဆိုတော်တွေ၊ အောင်မြင်တဲ့ နိုင်ငံရေးသမားတွေ ဖြစ်လာအောင် ပျိုးထောင်ပေးခဲ့ကြတဲ့ ဆယ်လီတို့ရဲ့ မေမေတွေ အကြောင်းကို မျှဝေပေးလိုက်ပါတယ်။

၁။ Marcheline Bertrand — အိန်ဂျလီနာဂျိုလီရဲ့ မိခင်

Marcheline Bertrand ဟာ နာမည်ကြီး Lara Croft ဇာတ်ကားရဲ့ စူပါစတား အိန်ဂျလီနာဂျိုလီရဲ့ မိခင်ဖြစ်ပါတယ်။ ရုပ်ရှင်သရုပ်ဆောင်ဖြစ်ချင်တဲ့ အိမ်မက်ရှိခဲ့သူလည်းဖြစ်ပါတယ်။ ၁၉၇၁ခုနှစ် မှာ Marcheline ဟာ လူငယ် သရုပ်ဆောင် Jon Voight နှင့် လက်ထပ်ခဲ့ပေမယ့် ၉နှစ်အကြာမှာ လမ်းခွဲခဲ့ပါတယ်။ မိခင်ဟာ သရုပ်ဆောင်အသက်မွေးဝမ်းကျောင်းနှင့် ပတ်သတ်တဲ့ သူမရဲ့ အိမ်မက်ကို မေ့လျော့နေခဲ့ပြီး ကလေးကို ပြုစုပျိုးထောင်းရင်း သူမဘဝကို မြှုပ်နှံခဲ့ပါတယ်။ ယနေ့မှာ အိန်ဂျလီနာဂျိုလီကို အောင်မြင်တဲ့ မင်းသမီးတစ်ယောက် အဖြစ်သာမက ယူနီဆက်ချစ်ကြည်ရေး သံတမန်တစ်ယောက်အဖြစ်၊ ကလေး၆ယောက်ရဲ့ မိခင်အဖြစ် လူသိများပါတယ်။

၂။ Ann Dunham -ဘားရက်ခ်အိုဘားမားရဲ့ မိခင်

Ann Dunham ဟာ အမေရိကန် မနုဿဗေဒပညာရှင်တစ်ယောက်ဖြစ်ပြီး အမေရိကန်ပြည်ထာင်စုရဲ့ ၄၄ယောက်မြောက် သမ္မတ ဘားရက်ခ် အိုဘားမားရဲ့ မိခင်ဖြစ်ပါတယ်။ သူမဟာ ဟာဝိုင်အီမှာ ရုရှဘာသာစကားလေ့လာနေတုန်း အချစ်ဦးဖြစ်တဲ့ အာဖရိကကျောင်းသား Barack Obama, Sr နှင့် တွေ့ဆုံခဲ့ပါတယ်။ လပေါင်းများစွာ တွေ့ဆုံပြီးနောက် သူတို့လက်ထပ်ခဲ့ကြပါတယ်။ မကြာခင်မှာ သားဖြစ်သူ ဘားရက်ဟူစိန်အိုဘားမားကို ရရှိခဲ့ပါတယ်။

ထိုအချိန်မှာ အသက် ၁၈ နှစ်ပဲရှိသေးတဲ့ အမ်းဟာ သားကိုဂရုစိုက်နိုင်ဖို့ ကောလိပ်မှ ထွက်ခဲ့ရပါတယ်။ သူမရဲ့ ခင်ပွန်းက ကောလိပ်ကျောင်းဆက်တတ်နေတာကြောင့် သူမဟာ သားဖြစ်သူကို တစ်ယောက်တည်း ပြုစုပျိုးထောင်ခဲ့ရပါတယ်။ ၃နှစ်အကြာမှာ ခင်ပွန်းဖြစ်သူဟာ ကင်ညာနိုင်ငံမှာ တခြားဇနီးရှိခဲ့ကြောင်း သိရပြီးနောက် သူတို့နှစ်ယောက် ကွာရှင်းခဲ့ပါတယ်။ ဘားရက်ခ်အိုဘားမားဟာ အမေရိကန်သမိုင်းမှာ ပထမဆုံးလူမည်းသမ္မတ ဖြစ်ယုံသာမက ၂၀၀၉ခုနှစ်မှာ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်လည်း ဖြစ်ခဲ့ပါတယ်။

၃။ Judith Ann Hawkins — ဟယ်လီဘယ်ရီရဲ့ မိခင်

မင်းသမီး ဟယ်လီဘယ်ရီရဲ့ မိခင် Judith Ann Hawkins ဟာစိတ်ရောဂါဆေးရုံတစ်ခုမှာ သူနာပြုအဖြစ် လုပ်ကိုင်ခဲ့ပါတယ်။ သူမရဲ့ ဖခင် erome Jesse Berry ဟာ အဲ့ဒီဆေးရုံမှာပဲ အလုပ်လုပ်ခဲ့ပါတယ်။ ဟယ်လီ ဘယ်ရီရဲ့ မိဘတွေဟာ သူမအသက် ၄နှစ်မှာ ကွာရှင်းခဲ့ကြပြီး သူမရဲ့ အစ်မကြီး Haidi နှင့် သူမကို မိခင်တစ်ယောက်တည်းက ပျိုးထောင်ခဲ့ပါတယ်။
ဟယ်လီဘယ်ရီဟာ ရုပ်ရှင်သမိုင်းမှာ အကောင်းဆုံးမင်းသမီးအဖြစ် အော်စကာဆုရတဲ့ ပထမဆုံး လူမည်းမင်းသမီးဖြစ်လာခဲ့ပါတယ်။ ရွေကမ္ဘာလုံးနှင့် Emmyကဲ့သို့သော ဂုဏ်ထူးဆောင်ဆုတွေကိုလည်း ရရှိခဲ့ပါတယ်။

၄။ Irmelin Indenbirken — လီယိုနာဒို ဒီကတ်ပရီယိုရဲ့ မိခင်

လီယိုနာဒို ဒီကတ်ပရီယို ဟာ ရုပ်ပြစာရေးဆရာ ဂျော့ချ်လီယိုနာဒိုနှင့် တရားရုံးစာရေး Irmelin Indenbirken တို့ရဲ့ ကလေးဖြစ်ပါတယ်။ လီယိုနာဒို တစ်နှစ် သားအရွယ်မှာ ဂျော့ချ်နှင့် Irmelin တို့လမ်းခွဲခဲ့ကြပါတယ်။ လီယိုနာဒိုဟာ မိခင်နှင့် အတူနေထိုင်ခဲ့ပါတယ်။ ကွာရှင်းပြီးနောက် သားအမိနှစ်ယောက် ဝမ်းရေးအတွက် သူရဲ့ မိခင်ဟာ အလုပ်များစွာကို လုပ်ခဲ့ရပါတယ်။ ယနေ့မှာ လီယိုနာဒိုကို သဘာဝ ပတ်ဝန်းကျင် ကာကွယ်စောင့်ရှောက်ရေး တတ်ကြွသူအဖြစ်သာမက ဟောလိဝုဒ်စတားတစ်ယောက်အဖြစ် ကမ္ဘာတစ်ဝှမ်းကသိကြပါတယ်။ ၁၉၉၈ ကတည်းက လီယိုနာဒို ဒီကတ်ပရီယိုဖောင်ဒေးရှင်းဟာ နိုင်ငံ ၄၀မှာ ဆန်းသစ်တီထွင် eco-projects ၇၀ ရဲ့ ဖွံဖြိုးတိုးတတ်မှုအတွက် ဒေါ်လာသန်းသုံးဆယ်ကျော် လှုဒါန်းခဲ့ပါတယ်။

၅။ Patricia Hickey — မာရိုင်ကယ်ရီရဲ့ မိခင်

အမေရိကန်ပေါ့အဆိုတော် မာရိုင်ကယ်ရီရဲ့ မိခင် Patricia Hickey ဟာ အော်ပရာအဆိုတော်တစ်ယောက် ဖြစ်ပါတယ်။ သူမဖခင် Alfred Roy Carey ဟာ လေကြောင်းညွန်ကြားရေးအင်ဂျင်နီယာ တစ်ယောက်ဖြစ်ပါတယ်။ မာရိုင်ရဲ့ မိဘတွေဟာ သူမအသက် ၃နှစ်မှာ ကွာရှင်းခဲ့ကြပါတယ်။ မာရိုင်ရဲ့ မိခင် ပက်ထရီရှာဟာ မိသားစုကို ထောက်ပံ့ဖို့အတွက် အလုပ် ၂ခုလုပ်ခဲ့ရပါတယ်။ မာရိုင်လေးအတွက် သူမမိခင်ဟာ စံပြတစ်ယောက်ဖြစ်ခဲ့ပြီး သူမကို အဆိုတော်ဖြစ်အောင် ပုံသွင်းခဲ့ပါတယ်။ ယနေ့မှာ မာရိုင်ဟာ ဂရမ်မီငါးဆုရှင်ဖြစ်သလို ပရဟိတလုပ်ငန်းတွေလုပ်တဲ့ မင်းသမီးတစ်ယောက်အဖြစ် ကမ္ဘာတစ်ဝှမ်းမှာ နာမည်ကြီးဖြစ်ခဲ့ပါတယ်။ အနုပညာကို လေ့လာနေတဲ့ ချို့တဲ့ကလေးတွေကို ကူညီပေးသော နယူးယောက် ဆင်ခြေဖုံးက children’s camp ရဲ့ ပူးတွဲတည်ထောင်သူလည်း ဖြစ်ပါတယ်။ အဆိုတော်ဟာ သူ့ဝင်ငွေတွေကို စုဆောင်းပြီး အပြင်းအထန်နာမကျန်းတဲ့ ကလေးတွေကိုကူညီဖို့ ပရဟိတဖောင်ဒေးရှင်းတွေကို ငွေလှူဒါန်းလေ့ရှိပါတယ်။

၆။ Pattie Mallette — ဂျက်စတင်ဘီဘာရဲ့ မိခင်

အဲလစ်ဇဘက် ပတ်ထရီရှာ Mallette ဟာ ကနေဒါစာရေးဆရာ၊ ပရိုဂျူဆာတစ်ယောက်ဖြစ်ပြီး နာမည်ကျော်အဆိုတော် ဂျက်စတင်ဘီဘာရဲ့ မိခင်ဖြစ်ပါတယ်။ သူမအသက် ၁၅နှစ်မှာ Jeremy Bieber နှင့် ချစ်ကြိုက်ခဲ့ပြီး ၃နှစ်အကြာမှာ pop လောကရဲ့ နာမည်ကျော် ကြယ်ပွင့်လေးကို ဖွားမြင်ခဲ့ပါတယ်။ ကလေးမွေးပြီး မကြာခင်မှာ သူတို့နှစ်ယောက်ဟာ ကွာရှင်းခဲ့ကြပြီး Mallette ဟာ သားဖြစ်သူကို တစ်ယောက်တည်း ပြုစုပျိုးထောင်ခဲ့ပါတယ်။ ဂျက်စတင်ဘီဘာဟာ ကလေးဘဝတည်းက စန္ဒရား၊ ဒရမ်နှင့် ဂစ်တာတို့ကို သင်ယူခဲ့ပါတယ်။ သူအသက် ၁၂နှစ် သာရှိသေးတဲ့အချိန် (၂၀၀၇ခုနှစ်)မှာ မိခင်ဖြစ်သူ Mallette က သူမသားရဲ့ သီချင်းဗီဒီယိုတစ်ခုကို တင်ခဲ့ပါတယ်။ ဒီဗီဒီယိုက နာမည်ကျော်ကောင်လေး ဖြစ်လာခဲ့ပါတယ်။
အနုပညာသက်တမ်းတစ်လျှောက်လုံး ဘီဘာဟာ သန်း ၁၀၀ ဝန်းကျင်ခန့် စံချိန်တင် ရောင်းခဲ့ရပြီး ကနေဒါသမိုင်းမှာ ရောင်းအားအကောင်းဆုံး ဂီတသမားတစ်ဦး ဖြစ်လာခဲ့ပါတယ်။

၇။ Amanda Cornett — ဆယ်လီနာဂိုးမက်ဇ်ရဲ့ မိခင်

ဆယ်လီနာဂိုးမက်ဇ်ရဲ့ မိခင်ဘဝက ဂျက်စတင်ဘီဘာမိဘတွေရဲ့ ဇာတ်လမ်းနဲ့ နည်းနည်းဆင်တူပါတယ်။ Amanda Cornett ဟာ Ricardo Joel Gomez ဆိုတဲ့ မက်ဆီကန်အမျိုးသားတစ်ယောက်နဲ့ အသက် ၁၆နှစ်မှာ သမီးတစ်ယောက်ရခဲ့ပါတယ်။ ဆယ်လီနာ ၅နှစ်အရွယ်မှာ သူမမိဘတွေဟာ ကွာရှင်းခဲ့ပါတယ်။ သူမမိခင်ဟာ ပြဇာတ်မင်းသမီးတစ်ယောက်ပါ။ သူမကို အဆိုတော် တစ်ယောက်ဖြစ်လာအောင် တစ်ယာက်တည်း ပျိုးထောင်ခဲ့ပါတယ်။ ဆယ်လီနာဂိုးမက်ဇ်ဟာ ဒစ္စနေးရဲ့ တီဗီစီးရီးအတော်များများမှာ ပါဝင်ခဲ့ပြီး လူကြိုက်များလာခဲ့ပါတယ်။ သူမအသက် ၁၇နှစ်အရွယ်မှာ pop အဆိုတော်တစ်ယောက်အဖြစ် ကမ္ဘာကျော်ဖြစ်လာခဲ့ပါတယ်။ ယနေ့မှာ ဆယ်လီနာဟာ အဝတ်အစား ဒီဇိုင်နာတစ်ယောက် အဖြစ်လည်း လူသိများပါတယ်။

၈။ Donda West — Kanye West ရဲ့မိခင်

Kanye West ရဲ့ မိဘတွေဟာ သူ အသက် ၃နှစ်လောက်မှာ ကွာရှင်းခဲ့ပါတယ်။ Kanye ရဲ့မိခင် Donda West ဟာ ချီကာဂိုတက္ကသိုလ်မှ အင်္ဂလိပ်ဆရာမတစ်ယောက်အဖြစ် အလုပ်လုပ်ခဲ့ပါတယ်။ သူမဟာ သားဖြစ်သူကို ဂီတပညာရှင်တစ်ယောက်ဖြစ်လာဖို့ ထောက်ပံ့ခဲ့ပါတယ်။ Kanye နာမည်ကြီးတစ်ယောက် ဖြစ်လာတဲ့အချိန်မှာ မိခင်က သားဖြစ်သူကို ကူညီဖို့အတွက် အလုပ်တွေနားခဲ့ရပြီး သူ့ရဲ့ ပါစင်နယ် မန်နေဂျာတစ်ယောက် ဖြစ်လာခဲ့ပါတယ်။
Kanye West ရဲ့ ပထမဆုံး အယ်လ်ဘမ် ၆ခုက ပလက်တီနမ်ဖြစ်လာခဲ့ပါတယ်။ အဆိုတော်ဟာ ဂရမ်မီဆု ၂၀ကျော်ရခဲ့ပြီး ကမ္ဘာ့လွှမ်းမိုးမှုအရှိဆုံးလူ ၁၀၀စာရင်းမှာ ပါဝင်ခဲ့ပါတယ်။

၉။ Judy Loe — Kate Beckinsale ရဲ့မိခင်

ဗြိတိန်ရုပ်ရှင်စတား Kate Beckinsale ဟာ တီဗီသရုပ်ဆောင် ရစ်ချက်Beckinsale နှင့် ပြဇာတ်မင်းသမီး Judy Loe တို့ရဲ့ ရင်သွေးဖြစ်ပါတယ်။ ကိတ် ငါးနှစ်အရွယ်မှာ သူမဖခင်ဟာ နှလုံးရောဂါဖြင့် ကွယ်လွန်ခဲ့ပါတယ်။ သူမမိခင်က သမီးဖြစ်သူကို တစ်ယောက်တည်း ပြုစုပျိုးထောင်ခဲ့ပါတယ်။ ကိတ်ဟာ မိခင်ရဲ့ ကျေးဇူးကြောင့် ရုပ်ရှင်နှင့် ပြဇာတ်ကို ချစ်လာခဲ့ပါတယ်။

ကလေးဘဝတည်းက ကိတ်က စာရေးဆရာတစ်ယောက်ဖြစ်ချင်ခဲ့ပြီး စာပေပြိုင်ပွဲအတော်များများမှာလည်း အနိုင်ရခဲ့ပါတယ်။ သူမဟာ ငယ်စဉ်ကတည်းက ရုရှားဘာသာစကားကို လေ့လာခဲ့ပါတယ်။ နောက်ပိုင်းမှာ အောက်စ်ဖို့တက္ကသိုလ်က ရုရှား philological ဌာနထဲကို ဝင်ခဲ့ပေမယ့် အလုပ်ကထွက်ပြီး မင်းသမီးတစ်ယောက်ဖြစ်လာဖို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။

၁၀။ Betty Lou Bredemus — ဂျူလီယာရောဘတ်ရဲ့ မိခင်

အမေရိကန်မင်းသမီး Betty Lou Bredemu နှင့် သူမရဲ့ ခင်ပွန်း ပြဇာတ်စာရေးဆရာ Walter Roberts တို့မှာ Eric, Liza, နဲ့ Juliaဆိုပြီး ရင်သွေးသုံးယောက် ရရှိခဲ့ပါတယ်။ သူတို့နှစ်ယောက်ဟာ မကြာခဏဆိုသလို ရန်ဖြစ်တတ်ပြီး ဂျူလီယာ ငါးနှစ်အရွယ်မှာ ကွာရှင်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ တစ်နှစ်အကြာမှာ Betty Lou ဟာ Michael Motes နှင့် လက်ထပ်ခဲ့ပေမယ့် သိပ်မကြာခင်မှာပဲ အိမ်ထောင်ရေး အဆုံးသတ်ခဲ့ရပြန်ပါတယ်။ ယနေ့မှာ ဂျူလီယာရောဘတ်ဟာ ကြေးအမြင့်ဆုံး ဟောလိဝုဒ်မင်းသမီးတစ်ယောက် ဖြစ်လာခဲ့ပါတယ်။ ကမ္ဘာပေါ်က ဆွဲဆောင်မှုအရှိဆုံး လူများစာရင်းမှာ 12ကြိမ်လောက် ထိပ်ဆုံးက ပါခဲ့ပါတယ်။ ဂျူလီယာဟာ အရမ်းနာမည်ကြီးတဲ့ မင်းသမီးတစ်ယောက် ဖြစ်လာသော်လည်း သားနှစ်ယောက်နဲ့ သမီးကို ပြုစုပျိုးထောင်တဲ့နေရာမှာ စံပြတစ်ယောက်ဖြစ်ပါတယ်။

Lifestyle_Myanmar

LM_Nandar

ZawGyi

သားသမီးေတြကို နာမည္ႀကီးေတြျဖစ္လာေအာင္ သူတို႔ကိုယ္တိုင္ ပ်ိဳးေထာင္ေပးခဲ့ၾကတဲ့ မိခင္ (၁၀)ေယာက္
ယေန႔ေခတ္မွာ ဖခင္မရွိဘဲ ကေလးေတြကို ျပဳစုပ်ိဳးေထာင္ေပးတဲ့ မိခင္တစ္ေယာက္နဲ႔ ေတြ႕ဆုံဖို႔ဆိုတာ မခက္ခဲေတာ့ပါဘူး။USမွာ ကေလး၁၆ဘီလီယံဟာ ဖခင္မရွိဘဲ ႀကီးျပင္းလ်က္ရွိပါတယ္။
အမ်ားဆုံးကိစၥေတြမွာ အမ်ိဳးသမီးေတြဟာ ကိုယ္ဝန္ရွိခဲ့ေပမယ့္ ေယာက်္ားေလးဖက္က တာဝန္မယူတာတို႔ ၊ လက္မထပ္တာတို႔ ၊ လက္ထပ္ၿပီး ကိုယ္ဝန္ရွိခ်ိန္မွ ခင္ပြန္းသည္နဲ႔ ကြဲသြားတာတို႔ စတဲ့ အေၾကာင္းရင္းေတြေၾကာင့္ Single mother ေတြျဖစ္လာၾကပါတယ္။ ဘာအေၾကာင္းေၾကာင့္ပဲျဖစ္ျဖစ္ မိဘႏွစ္ပါးေပါင္းၿပီး ျပဳစုေစာင့္ေရွာက္ဖို႔ မလြယ္ကူလွတဲ့ ကေလးျပဳစုပ်ိဳးထာင္ေရးလုပ္ငန္းမွာ မိန္းမသားတစ္ကိုယ္တည္း ပ်ိဳးေထာင္ဖို႔ဆိုရင္ စိန္ေခၚမႈေတြ အမ်ားႀကီး ရင္ဆိုင္ရမွာ ေသခ်ာပါတယ္။ ယေန႔မွာေတာ့ ဒီစိန္ေခၚမႈေတြကို ရင္ဆိုင္ရင္း ရင္ေသြးေလးေတြကို နာမည္ႀကီး မင္းသား၊ မင္းသမီးေတြ၊ အဆိုေတာ္ေတြ၊ ေအာင္ျမင္တဲ့ ႏိုင္ငံေရးသမားေတြ ျဖစ္လာေအာင္ ပ်ိဳးေထာင္ေပးခဲ့ၾကတဲ့ ဆယ္လီတို႔ရဲ႕ ေမေမေတြ အေၾကာင္းကို မွ်ေဝေပးလိုက္ပါတယ္။

၁။ Marcheline Bertrand — အိန္ဂ်လီနာဂ်ိဳလီရဲ႕ မိခင္

Marcheline Bertrand ဟာ နာမည္ႀကီး Lara Croft ဇာတ္ကားရဲ႕ စူပါစတား အိန္ဂ်လီနာဂ်ိဳလီရဲ႕ မိခင္ျဖစ္ပါတယ္။ ႐ုပ္ရွင္သ႐ုပ္ေဆာင္ျဖစ္ခ်င္တဲ့ အိမ္မက္ရွိခဲ့သူလည္းျဖစ္ပါတယ္။ ၁၉၇၁ခုႏွစ္ မွာ Marcheline ဟာ လူငယ္ သ႐ုပ္ေဆာင္ Jon Voight ႏွင့္ လက္ထပ္ခဲ့ေပမယ့္ ၉ႏွစ္အၾကာမွာ လမ္းခြဲခဲ့ပါတယ္။ မိခင္ဟာ သ႐ုပ္ေဆာင္အသက္ေမြးဝမ္းေက်ာင္းႏွင့္ ပတ္သတ္တဲ့ သူမရဲ႕ အိမ္မက္ကို ေမ့ေလ်ာ့ေနခဲ့ၿပီး ကေလးကို ျပဳစုပ်ိဳးေထာင္းရင္း သူမဘဝကို ျမႇဳပ္ႏွံခဲ့ပါတယ္။ ယေန႔မွာ အိန္ဂ်လီနာဂ်ိဳလီကို ေအာင္ျမင္တဲ့ မင္းသမီးတစ္ေယာက္ အျဖစ္သာမက ယူနီဆက္ခ်စ္ၾကည္ေရး သံတမန္တစ္ေယာက္အျဖစ္၊ ကေလး၆ေယာက္ရဲ႕ မိခင္အျဖစ္ လူသိမ်ားပါတယ္။

၂။ Ann Dunham -ဘားရက္ခ္အိုဘားမားရဲ႕ မိခင္

Ann Dunham ဟာ အေမရိကန္ မႏုႆေဗဒပညာရွင္တစ္ေယာက္ျဖစ္ၿပီး အေမရိကန္ျပည္ထာင္စုရဲ႕ ၄၄ေယာက္ေျမာက္ သမၼတ ဘားရက္ခ္ အိုဘားမားရဲ႕ မိခင္ျဖစ္ပါတယ္။ သူမဟာ ဟာဝိုင္အီမွာ ႐ုရွဘာသာစကားေလ့လာေနတုန္း အခ်စ္ဦးျဖစ္တဲ့ အာဖရိကေက်ာင္းသား Barack Obama, Sr ႏွင့္ ေတြ႕ဆုံခဲ့ပါတယ္။ လေပါင္းမ်ားစြာ ေတြ႕ဆုံၿပီးေနာက္ သူတို႔လက္ထပ္ခဲ့ၾကပါတယ္။ မၾကာခင္မွာ သားျဖစ္သူ ဘားရက္ဟူစိန္အိုဘားမားကို ရရွိခဲ့ပါတယ္။

ထိုအခ်ိန္မွာ အသက္ ၁၈ ႏွစ္ပဲရွိေသးတဲ့ အမ္းဟာ သားကိုဂ႐ုစိုက္ႏိုင္ဖို႔ ေကာလိပ္မွ ထြက္ခဲ့ရပါတယ္။ သူမရဲ႕ ခင္ပြန္းက ေကာလိပ္ေက်ာင္းဆက္တတ္ေနတာေၾကာင့္ သူမဟာ သားျဖစ္သူကို တစ္ေယာက္တည္း ျပဳစုပ်ိဳးေထာင္ခဲ့ရပါတယ္။ ၃ႏွစ္အၾကာမွာ ခင္ပြန္းျဖစ္သူဟာ ကင္ညာႏိုင္ငံမွာ တျခားဇနီးရွိခဲ့ေၾကာင္း သိရၿပီးေနာက္ သူတို႔ႏွစ္ေယာက္ ကြာရွင္းခဲ့ပါတယ္။ ဘားရက္ခ္အိုဘားမားဟာ အေမရိကန္သမိုင္းမွာ ပထမဆုံးလူမည္းသမၼတ ျဖစ္ယုံသာမက ၂၀၀၉ခုႏွစ္မွာ ၿငိမ္းခ်မ္းေရးႏိုဘယ္ဆုရွင္လည္း ျဖစ္ခဲ့ပါတယ္။

၃။ Judith Ann Hawkins — ဟယ္လီဘယ္ရီရဲ႕ မိခင္

မင္းသမီး ဟယ္လီဘယ္ရီရဲ႕ မိခင္ Judith Ann Hawkins ဟာစိတ္ေရာဂါေဆး႐ုံတစ္ခုမွာ သူနာျပဳအျဖစ္ လုပ္ကိုင္ခဲ့ပါတယ္။ သူမရဲ႕ ဖခင္ erome Jesse Berry ဟာ အဲ့ဒီေဆး႐ုံမွာပဲ အလုပ္လုပ္ခဲ့ပါတယ္။ ဟယ္လီ ဘယ္ရီရဲ႕ မိဘေတြဟာ သူမအသက္ ၄ႏွစ္မွာ ကြာရွင္းခဲ့ၾကၿပီး သူမရဲ႕ အစ္မႀကီး Haidi ႏွင့္ သူမကို မိခင္တစ္ေယာက္တည္းက ပ်ိဳးေထာင္ခဲ့ပါတယ္။
ဟယ္လီဘယ္ရီဟာ ႐ုပ္ရွင္သမိုင္းမွာ အေကာင္းဆုံးမင္းသမီးအျဖစ္ ေအာ္စကာဆုရတဲ့ ပထမဆုံး လူမည္းမင္းသမီးျဖစ္လာခဲ့ပါတယ္။ ေ႐ြကမာၻလုံးႏွင့္ Emmyကဲ့သို႔ေသာ ဂုဏ္ထူးေဆာင္ဆုေတြကိုလည္း ရရွိခဲ့ပါတယ္။

၄။ Irmelin Indenbirken — လီယိုနာဒို ဒီကတ္ပရီယိုရဲ႕ မိခင္

လီယိုနာဒို ဒီကတ္ပရီယို ဟာ ႐ုပ္ျပစာေရးဆရာ ေဂ်ာ့ခ်္လီယိုနာဒိုႏွင့္ တရား႐ုံးစာေရး Irmelin Indenbirken တို႔ရဲ႕ ကေလးျဖစ္ပါတယ္။ လီယိုနာဒို တစ္ႏွစ္ သားအ႐ြယ္မွာ ေဂ်ာ့ခ်္ႏွင့္ Irmelin တို႔လမ္းခြဲခဲ့ၾကပါတယ္။ လီယိုနာဒိုဟာ မိခင္ႏွင့္ အတူေနထိုင္ခဲ့ပါတယ္။ ကြာရွင္းၿပီးေနာက္ သားအမိႏွစ္ေယာက္ ဝမ္းေရးအတြက္ သူရဲ႕ မိခင္ဟာ အလုပ္မ်ားစြာကို လုပ္ခဲ့ရပါတယ္။ ယေန႔မွာ လီယိုနာဒိုကို သဘာဝ ပတ္ဝန္းက်င္ ကာကြယ္ေစာင့္ေရွာက္ေရး တတ္ႂကြသူအျဖစ္သာမက ေဟာလိဝုဒ္စတားတစ္ေယာက္အျဖစ္ ကမာၻတစ္ဝွမ္းကသိၾကပါတယ္။ ၁၉၉၈ ကတည္းက လီယိုနာဒို ဒီကတ္ပရီယိုေဖာင္ေဒးရွင္းဟာ ႏိုင္ငံ ၄၀မွာ ဆန္းသစ္တီထြင္ eco-projects ၇၀ ရဲ႕ ဖြံၿဖိဳးတိုးတတ္မႈအတြက္ ေဒၚလာသန္းသုံးဆယ္ေက်ာ္ လႈဒါန္းခဲ့ပါတယ္။

၅။ Patricia Hickey — မာ႐ိုင္ကယ္ရီရဲ႕ မိခင္

အေမရိကန္ေပါ့အဆိုေတာ္ မာ႐ိုင္ကယ္ရီရဲ႕ မိခင္ Patricia Hickey ဟာ ေအာ္ပရာအဆိုေတာ္တစ္ေယာက္ ျဖစ္ပါတယ္။ သူမဖခင္ Alfred Roy Carey ဟာ ေလေၾကာင္းၫြန္ၾကားေရးအင္ဂ်င္နီယာ တစ္ေယာက္ျဖစ္ပါတယ္။ မာ႐ိုင္ရဲ႕ မိဘေတြဟာ သူမအသက္ ၃ႏွစ္မွာ ကြာရွင္းခဲ့ၾကပါတယ္။ မာ႐ိုင္ရဲ႕ မိခင္ ပက္ထရီရွာဟာ မိသားစုကို ေထာက္ပံ့ဖို႔အတြက္ အလုပ္ ၂ခုလုပ္ခဲ့ရပါတယ္။ မာ႐ိုင္ေလးအတြက္ သူမမိခင္ဟာ စံျပတစ္ေယာက္ျဖစ္ခဲ့ၿပီး သူမကို အဆိုေတာ္ျဖစ္ေအာင္ ပုံသြင္းခဲ့ပါတယ္။ ယေန႔မွာ မာ႐ိုင္ဟာ ဂရမ္မီငါးဆုရွင္ျဖစ္သလို ပရဟိတလုပ္ငန္းေတြလုပ္တဲ့ မင္းသမီးတစ္ေယာက္အျဖစ္ ကမာၻတစ္ဝွမ္းမွာ နာမည္ႀကီးျဖစ္ခဲ့ပါတယ္။ အႏုပညာကို ေလ့လာေနတဲ့ ခ်ိဳ႕တဲ့ကေလးေတြကို ကူညီေပးေသာ နယူးေယာက္ ဆင္ေျခဖုံးက children’s camp ရဲ႕ ပူးတြဲတည္ေထာင္သူလည္း ျဖစ္ပါတယ္။ အဆိုေတာ္ဟာ သူ႔ဝင္ေငြေတြကို စုေဆာင္းၿပီး အျပင္းအထန္နာမက်န္းတဲ့ ကေလးေတြကိုကူညီဖို႔ ပရဟိတေဖာင္ေဒးရွင္းေတြကို ေငြလႉဒါန္းေလ့ရွိပါတယ္။

၆။ Pattie Mallette — ဂ်က္စတင္ဘီဘာရဲ႕ မိခင္

အဲလစ္ဇဘက္ ပတ္ထရီရွာ Mallette ဟာ ကေနဒါစာေရးဆရာ၊ ပ႐ိုဂ်ဴဆာတစ္ေယာက္ျဖစ္ၿပီး နာမည္ေက်ာ္အဆိုေတာ္ ဂ်က္စတင္ဘီဘာရဲ႕ မိခင္ျဖစ္ပါတယ္။ သူမအသက္ ၁၅ႏွစ္မွာ Jeremy Bieber ႏွင့္ ခ်စ္ႀကိဳက္ခဲ့ၿပီး ၃ႏွစ္အၾကာမွာ pop ေလာကရဲ႕ နာမည္ေက်ာ္ ၾကယ္ပြင့္ေလးကို ဖြားျမင္ခဲ့ပါတယ္။ ကေလးေမြးၿပီး မၾကာခင္မွာ သူတို႔ႏွစ္ေယာက္ဟာ ကြာရွင္းခဲ့ၾကၿပီး Mallette ဟာ သားျဖစ္သူကို တစ္ေယာက္တည္း ျပဳစုပ်ိဳးေထာင္ခဲ့ပါတယ္။ ဂ်က္စတင္ဘီဘာဟာ ကေလးဘဝတည္းက စႏၵရား၊ ဒရမ္ႏွင့္ ဂစ္တာတို႔ကို သင္ယူခဲ့ပါတယ္။ သူအသက္ ၁၂ႏွစ္ သာရွိေသးတဲ့အခ်ိန္ (၂၀၀၇ခုႏွစ္)မွာ မိခင္ျဖစ္သူ Mallette က သူမသားရဲ႕ သီခ်င္းဗီဒီယိုတစ္ခုကို တင္ခဲ့ပါတယ္။ ဒီဗီဒီယိုက နာမည္ေက်ာ္ေကာင္ေလး ျဖစ္လာခဲ့ပါတယ္။
အႏုပညာသက္တမ္းတစ္ေလွ်ာက္လုံး ဘီဘာဟာ သန္း ၁၀၀ ဝန္းက်င္ခန္႔ စံခ်ိန္တင္ ေရာင္းခဲ့ရၿပီး ကေနဒါသမိုင္းမွာ ေရာင္းအားအေကာင္းဆုံး ဂီတသမားတစ္ဦး ျဖစ္လာခဲ့ပါတယ္။

၇။ Amanda Cornett — ဆယ္လီနာဂိုးမက္ဇ္ရဲ႕ မိခင္

ဆယ္လီနာဂိုးမက္ဇ္ရဲ႕ မိခင္ဘဝက ဂ်က္စတင္ဘီဘာမိဘေတြရဲ႕ ဇာတ္လမ္းနဲ႔ နည္းနည္းဆင္တူပါတယ္။ Amanda Cornett ဟာ Ricardo Joel Gomez ဆိုတဲ့ မက္ဆီကန္အမ်ိဳးသားတစ္ေယာက္နဲ႔ အသက္ ၁၆ႏွစ္မွာ သမီးတစ္ေယာက္ရခဲ့ပါတယ္။ ဆယ္လီနာ ၅ႏွစ္အ႐ြယ္မွာ သူမမိဘေတြဟာ ကြာရွင္းခဲ့ပါတယ္။ သူမမိခင္ဟာ ျပဇာတ္မင္းသမီးတစ္ေယာက္ပါ။ သူမကို အဆိုေတာ္ တစ္ေယာက္ျဖစ္လာေအာင္ တစ္ယာက္တည္း ပ်ိဳးေထာင္ခဲ့ပါတယ္။ ဆယ္လီနာဂိုးမက္ဇ္ဟာ ဒစၥေနးရဲ႕ တီဗီစီးရီးအေတာ္မ်ားမ်ားမွာ ပါဝင္ခဲ့ၿပီး လူႀကိဳက္မ်ားလာခဲ့ပါတယ္။ သူမအသက္ ၁၇ႏွစ္အ႐ြယ္မွာ pop အဆိုေတာ္တစ္ေယာက္အျဖစ္ ကမာၻေက်ာ္ျဖစ္လာခဲ့ပါတယ္။ ယေန႔မွာ ဆယ္လီနာဟာ အဝတ္အစား ဒီဇိုင္နာတစ္ေယာက္ အျဖစ္လည္း လူသိမ်ားပါတယ္။

၈။ Donda West — Kanye West ရဲ႕မိခင္

Kanye West ရဲ႕ မိဘေတြဟာ သူ အသက္ ၃ႏွစ္ေလာက္မွာ ကြာရွင္းခဲ့ပါတယ္။ Kanye ရဲ႕မိခင္ Donda West ဟာ ခ်ီကာဂိုတကၠသိုလ္မွ အဂၤလိပ္ဆရာမတစ္ေယာက္အျဖစ္ အလုပ္လုပ္ခဲ့ပါတယ္။ သူမဟာ သားျဖစ္သူကို ဂီတပညာရွင္တစ္ေယာက္ျဖစ္လာဖို႔ ေထာက္ပံ့ခဲ့ပါတယ္။ Kanye နာမည္ႀကီးတစ္ေယာက္ ျဖစ္လာတဲ့အခ်ိန္မွာ မိခင္က သားျဖစ္သူကို ကူညီဖို႔အတြက္ အလုပ္ေတြနားခဲ့ရၿပီး သူ႔ရဲ႕ ပါစင္နယ္ မန္ေနဂ်ာတစ္ေယာက္ ျဖစ္လာခဲ့ပါတယ္။
Kanye West ရဲ႕ ပထမဆုံး အယ္လ္ဘမ္ ၆ခုက ပလက္တီနမ္ျဖစ္လာခဲ့ပါတယ္။ အဆိုေတာ္ဟာ ဂရမ္မီဆု ၂၀ေက်ာ္ရခဲ့ၿပီး ကမာၻ႔လႊမ္းမိုးမႈအရွိဆုံးလူ ၁၀၀စာရင္းမွာ ပါဝင္ခဲ့ပါတယ္။

၉။ Judy Loe — Kate Beckinsale ရဲ႕မိခင္

ၿဗိတိန္႐ုပ္ရွင္စတား Kate Beckinsale ဟာ တီဗီသ႐ုပ္ေဆာင္ ရစ္ခ်က္Beckinsale ႏွင့္ ျပဇာတ္မင္းသမီး Judy Loe တို႔ရဲ႕ ရင္ေသြးျဖစ္ပါတယ္။ ကိတ္ ငါးႏွစ္အ႐ြယ္မွာ သူမဖခင္ဟာ ႏွလုံးေရာဂါျဖင့္ ကြယ္လြန္ခဲ့ပါတယ္။ သူမမိခင္က သမီးျဖစ္သူကို တစ္ေယာက္တည္း ျပဳစုပ်ိဳးေထာင္ခဲ့ပါတယ္။ ကိတ္ဟာ မိခင္ရဲ႕ ေက်းဇူးေၾကာင့္ ႐ုပ္ရွင္ႏွင့္ ျပဇာတ္ကို ခ်စ္လာခဲ့ပါတယ္။

ကေလးဘဝတည္းက ကိတ္က စာေရးဆရာတစ္ေယာက္ျဖစ္ခ်င္ခဲ့ၿပီး စာေပၿပိဳင္ပြဲအေတာ္မ်ားမ်ားမွာလည္း အႏိုင္ရခဲ့ပါတယ္။ သူမဟာ ငယ္စဥ္ကတည္းက ႐ုရွားဘာသာစကားကို ေလ့လာခဲ့ပါတယ္။ ေနာက္ပိုင္းမွာ ေအာက္စ္ဖို႔တကၠသိုလ္က ႐ုရွား philological ဌာနထဲကို ဝင္ခဲ့ေပမယ့္ အလုပ္ကထြက္ၿပီး မင္းသမီးတစ္ေယာက္ျဖစ္လာဖို႔ ဆုံးျဖတ္ခ်က္ခ်ခဲ့ပါတယ္။

၁၀။ Betty Lou Bredemus — ဂ်ဴလီယာေရာဘတ္ရဲ႕ မိခင္

အေမရိကန္မင္းသမီး Betty Lou Bredemu ႏွင့္ သူမရဲ႕ ခင္ပြန္း ျပဇာတ္စာေရးဆရာ Walter Roberts တို႔မွာ Eric, Liza, နဲ႔ Juliaဆိုၿပီး ရင္ေသြးသုံးေယာက္ ရရွိခဲ့ပါတယ္။ သူတို႔ႏွစ္ေယာက္ဟာ မၾကာခဏဆိုသလို ရန္ျဖစ္တတ္ၿပီး ဂ်ဴလီယာ ငါးႏွစ္အ႐ြယ္မွာ ကြာရွင္းဖို႔ ဆုံးျဖတ္ခဲ့ပါတယ္။ တစ္ႏွစ္အၾကာမွာ Betty Lou ဟာ Michael Motes ႏွင့္ လက္ထပ္ခဲ့ေပမယ့္ သိပ္မၾကာခင္မွာပဲ အိမ္ေထာင္ေရး အဆုံးသတ္ခဲ့ရျပန္ပါတယ္။ ယေန႔မွာ ဂ်ဴလီယာေရာဘတ္ဟာ ေၾကးအျမင့္ဆုံး ေဟာလိဝုဒ္မင္းသမီးတစ္ေယာက္ ျဖစ္လာခဲ့ပါတယ္။ ကမာၻေပၚက ဆြဲေဆာင္မႈအရွိဆုံး လူမ်ားစာရင္းမွာ 12ႀကိမ္ေလာက္ ထိပ္ဆုံးက ပါခဲ့ပါတယ္။ ဂ်ဴလီယာဟာ အရမ္းနာမည္ႀကီးတဲ့ မင္းသမီးတစ္ေယာက္ ျဖစ္လာေသာ္လည္း သားႏွစ္ေယာက္နဲ႔ သမီးကို ျပဳစုပ်ိဳးေထာင္တဲ့ေနရာမွာ စံျပတစ္ေယာက္ျဖစ္ပါတယ္။

Lifestyle_Myanmar

LM_Nandar

LEAVE A REPLY

Please enter your comment!
Please enter your name here