သားဖြစ်သူဆီက အနှိပ်ခံရအောင် တီရှပ်တစ်ထည်ကို ဒီဇိုင်းဆွဲခဲ့တဲ့ ဖေဖေ

0
194

တစ်နေ့လုံး ကုလားထိုင်ပေါ်မှာ ထိုင်ပြီး အလုပ်လုပ်ရတဲ့ ရုံးအလုပ်သမားတွေအတွက်တော့ အိမ်ပြန်ရောက်တာနဲ့ အိပ်ရာပေါ်ပစ်လဲလိုက်ရတဲ့ အရသာ၊ အနှိပ်ခံလိုက်ရတဲ့ အရသာက ဘာနဲ့မျှမလဲနိုင်ပါဘူး။ ကျောကုန်းကို လာပွတ်ပေးရင်တောင် ကောင်းကင်ဘုံရောက်နေသလို ခံစားရနိုင်ပါတယ်။ အိမ်ထောင်ရှင် ရုံးဝန်ထမ်းတွေ အတွက်ကတော့ ကလေးတွေ ရှိခဲ့မယ်ဆိုရင် ကလေးထိန်းရမှာမို့ အိမ်ပြန်ရောက်တာတောင် နားရဖို့ဆိုတာ မသေချာပါဘူးနော်။ ဂျပန်နိုင်ငံက ဉာဏ်ကြီးရှင်ဖေဖေတစ်ယောက်ကတော့ သားဖြစ်သူဆီက အနှိပ်ခံချင်တယ်။ ကလေးရဲ့ ကစားချိန်ကိုလည်း မပြတ်စေချင်တဲ့အတွက် စိတ်ကူးကောင်းတစ်ခု ရခဲ့ပါတယ်။

Ken Kawamoto ဟာ google အတွက် ဆော့ဝဲလ် တီထွင်သူ အင်ဂျင်နီယာတစ်ယောက် ဖြစ်ပါတယ်။ သူက ဖခင်တစ်ယောက်လည်းဖြစ်ပါတယ်။ မကြာသေးမီက ထိုအမျိုးသားဟာ သူ့အိုင်ဒီယာနဲ့ ဒီဇိုင်းဆွဲထားတဲ့ တီရှပ်တစ်ထည်ကို မိတ်ဆက်ခဲ့ပါတယ်။ ကြည့်လိုက်ရင်တော့ ရိုးရှင်းတယ် ထင်ရပေမယ့် လျှို့ဝှက်ထားတဲ့ ရည်ရွယ်ချက်တစ်ခု ရှိပါတယ်။ ၎င်းရဲ့ ရည်မှန်းချက်က သင့်ကလေးက သင့်နောက်ကျောကို နှိပ်ပေးစေချင်အောင် ဒီဇိုင်းဆွဲထားတာဖြစ်ပါတယ်။

သူဟာ ကြမ်းပြင်ပေါ်မှာ လဲလျောင်းပြီး မကြာခဏ Laptop နဲ့ အလုပ်လုပ်လေ့ရှိပါတယ်။ ဒီအချိန်မှာ သူ့ကလေးက အဖေရဲ့ကျောပေါ်မှာ ကစားစရာရထားလေးတွေနဲ့ ကစားတဲ့အခါ သူ့ကျောကုန်းတင်းမာနေတာတွေ အံ့သြစရာကောင်းအောင် လန်းဆန်းသွားတာကို ခံစားရတယ်လို့ ဆိုပါတယ်။ ဒီအခါမှာ သူဟာ ကျောကုန်းရဲ့ အနှိပ်ခံလိုတဲ့ အစိတ်အပိုင်းတစ်လျောက်မှာ ရထားပြေးတဲ့လမ်းလုပ်ဖို့ စိတ်ကူးတစ်ခုကိုရခဲ့ပါတယ်။ဒါ့ကြောင့် တီရှပ်ပေါ်မှာ ရထားလမ်းတစ်ခုကို ဒီဇိုင်းဆွဲခဲ့ပါတယ်။ ညာဖက်ကျော၊ ဘယ်ဘက်ကျော၊ ကျောရိုးနှင့် ကျောအောက်ဘက်ကို အဓိကထား ဒီဇိုင်းဆွဲခဲ့တာဖြစ်ပါတယ်။ ကလေးက ကစားစရာတစ်ခုကိုသုံးပြီး နှိပ်ပေးရတာကို ပျော်ရွင်ပုံရတယ်လို့ Kenကပြောပါတယ်။ဒီတီထွင်မှု သရုပ်ပြဗီဒီယိုကို ကြည့်ရှုတဲ့ အကြိမ်ရေ ၁.၂၃သန်းကျော်ရှိခဲ့တယ်လို့ဆိုပါတယ်။ ဗီဒီယိုထဲမှာ Ken ရဲ့သားက သူ့အဖေကျောပေါ်က ရထားလမ်းပေါ်မှာ သူ့ရထားကို မောင်းနေတာ တွေ့နိုင်ပါတယ်။

အဆိုပါ massage t-shirt ကို အရောင်အမျိုးမျိုး အွန်လိုင်းမှာ ရရှိနိုင်ပြီး ယန်း ၂၅၀၀ (၂၂ဒေါ်လာ)နှင့် ဝယ်နိုင်တယ်လို့ သိရပါတယ်။

Lifestyle_Myanmar

LM_Nandar

Source-boredpanda

ZawGyi

သားျဖစ္သူဆီက အႏွိပ္ခံရေအာင္ တီရွပ္တစ္ထည္ကို ဒီဇိုင္းဆြဲခဲ့တဲ့ ေဖေဖ
တစ္ေန႔လုံး ကုလားထိုင္ေပၚမွာ ထိုင္ၿပီး အလုပ္လုပ္ရတဲ့ ႐ုံးအလုပ္သမားေတြအတြက္ေတာ့ အိမ္ျပန္ေရာက္တာနဲ႔ အိပ္ရာေပၚပစ္လဲလိုက္ရတဲ့ အရသာ၊ အႏွိပ္ခံလိုက္ရတဲ့ အရသာက ဘာနဲ႔မွ်မလဲႏိုင္ပါဘူး။ ေက်ာကုန္းကို လာပြတ္ေပးရင္ေတာင္ ေကာင္းကင္ဘုံေရာက္ေနသလို ခံစားရႏိုင္ပါတယ္။ အိမ္ေထာင္ရွင္ ႐ုံးဝန္ထမ္းေတြ အတြက္ကေတာ့ ကေလးေတြ ရွိခဲ့မယ္ဆိုရင္ ကေလးထိန္းရမွာမို႔ အိမ္ျပန္ေရာက္တာေတာင္ နားရဖို႔ဆိုတာ မေသခ်ာပါဘူးေနာ္။ ဂ်ပန္ႏိုင္ငံက ဉာဏ္ႀကီးရွင္ေဖေဖတစ္ေယာက္ကေတာ့ သားျဖစ္သူဆီက အႏွိပ္ခံခ်င္တယ္။ ကေလးရဲ႕ ကစားခ်ိန္ကိုလည္း မျပတ္ေစခ်င္တဲ့အတြက္ စိတ္ကူးေကာင္းတစ္ခု ရခဲ့ပါတယ္။

Ken Kawamoto ဟာ google အတြက္ ေဆာ့ဝဲလ္ တီထြင္သူ အင္ဂ်င္နီယာတစ္ေယာက္ ျဖစ္ပါတယ္။ သူက ဖခင္တစ္ေယာက္လည္းျဖစ္ပါတယ္။ မၾကာေသးမီက ထိုအမ်ိဳးသားဟာ သူ႔အိုင္ဒီယာနဲ႔ ဒီဇိုင္းဆြဲထားတဲ့ တီရွပ္တစ္ထည္ကို မိတ္ဆက္ခဲ့ပါတယ္။ ၾကည့္လိုက္ရင္ေတာ့ ႐ိုးရွင္းတယ္ ထင္ရေပမယ့္ လွ်ိဳ႕ဝွက္ထားတဲ့ ရည္႐ြယ္ခ်က္တစ္ခု ရွိပါတယ္။ ၎ရဲ႕ ရည္မွန္းခ်က္က သင့္ကေလးက သင့္ေနာက္ေက်ာကို ႏွိပ္ေပးေစခ်င္ေအာင္ ဒီဇိုင္းဆြဲထားတာျဖစ္ပါတယ္။

သူဟာ ၾကမ္းျပင္ေပၚမွာ လဲေလ်ာင္းၿပီး မၾကာခဏ Laptop နဲ႔ အလုပ္လုပ္ေလ့ရွိပါတယ္။ ဒီအခ်ိန္မွာ သူ႔ကေလးက အေဖရဲ႕ေက်ာေပၚမွာ ကစားစရာရထားေလးေတြနဲ႔ ကစားတဲ့အခါ သူ႔ေက်ာကုန္းတင္းမာေနတာေတြ အံ့ၾသစရာေကာင္းေအာင္ လန္းဆန္းသြားတာကို ခံစားရတယ္လို႔ ဆိုပါတယ္။ ဒီအခါမွာ သူဟာ ေက်ာကုန္းရဲ႕ အႏွိပ္ခံလိုတဲ့ အစိတ္အပိုင္းတစ္ေလ်ာက္မွာ ရထားေျပးတဲ့လမ္းလုပ္ဖို႔ စိတ္ကူးတစ္ခုကိုရခဲ့ပါတယ္။ဒါ့ေၾကာင့္ တီရွပ္ေပၚမွာ ရထားလမ္းတစ္ခုကို ဒီဇိုင္းဆြဲခဲ့ပါတယ္။ ညာဖက္ေက်ာ၊ ဘယ္ဘက္ေက်ာ၊ ေက်ာ႐ိုးႏွင့္ ေက်ာေအာက္ဘက္ကို အဓိကထား ဒီဇိုင္းဆြဲခဲ့တာျဖစ္ပါတယ္။ ကေလးက ကစားစရာတစ္ခုကိုသုံးၿပီး ႏွိပ္ေပးရတာကို ေပ်ာ္႐ြင္ပုံရတယ္လို႔ Kenကေျပာပါတယ္။ဒီတီထြင္မႈ သ႐ုပ္ျပဗီဒီယိုကို ၾကည့္ရႈတဲ့ အႀကိမ္ေရ ၁.၂၃သန္းေက်ာ္ရွိခဲ့တယ္လို႔ဆိုပါတယ္။ ဗီဒီယိုထဲမွာ Ken ရဲ႕သားက သူ႔အေဖေက်ာေပၚက ရထားလမ္းေပၚမွာ သူ႔ရထားကို ေမာင္းေနတာ ေတြ႕ႏိုင္ပါတယ္။
အဆိုပါ massage t-shirt ကို အေရာင္အမ်ိဳးမ်ိဳး အြန္လိုင္းမွာ ရရွိႏိုင္ၿပီး ယန္း ၂၅၀၀ (၂၂ေဒၚလာ)ႏွင့္ ဝယ္ႏိုင္တယ္လို႔ သိရပါတယ္။

Lifestyle_Myanmar

LM_Nandar

Source-boredpanda

LEAVE A REPLY

Please enter your comment!
Please enter your name here