Home Celebrity သားနှစ်ယောက်နဲ့ အပြိုင်နုပျိုလှပနေတဲ့ အင်ဒိုမေမေရဲ့ အရွယ်တင်ခြင်းဆိုင်ရာ လှို့ဝှက်ချက်

သားနှစ်ယောက်နဲ့ အပြိုင်နုပျိုလှပနေတဲ့ အင်ဒိုမေမေရဲ့ အရွယ်တင်ခြင်းဆိုင်ရာ လှို့ဝှက်ချက်

0
240

အသက္အ႐ြယ္ဆိုတာ ကိန္းဂဏန္းတစ္ခုထက္မပိုဘူး ဆိုတာကို သင္ၾကားဖူးပါလိမ့္မယ္။ ဒါေပမယ့္ ဆိုလိုရင္းကိုေတာ့ သင္အျပည့္အဝနားလည္ခ်င္မွ နားလည္ပါလိမ့္မယ္။ Social Media နဲ႔ YouTube မွာ Mama Hadi လို႔လူသိမ်ားေနတဲ့ Puspa Dewi ဆိုတဲ့အမ်ိဳးသမီးဟာ လူေတြအားလုံးကို စိတ္အားတက္ႂကြေစတဲ့ သူတစ္ေယာက္ျဖစ္ၿပီး အသက္အ႐ြယ္ဟာ ကိန္းဂဏန္းတစ္ခုသာျဖစ္ေၾကာင္း သက္ေသျပခဲ့သူတစ္ေယာက္ျဖစ္ပါတယ္။

သူမရဲ႕အသက္ကို အရင္ကဘယ္သူမွ မခန္႔မွန္းႏိုင္ၾကပဲ သူမရဲ႕ ေလ့က်င့္ခန္းလုပ္ေနတဲ့ video ေတြကိုၾကည့္ရႈသူေတြကေတာ့ သူမကို အသက္ ၂၀ေက်ာ္ ၃၀ ေလာက္သာထင္မွတ္ထားၾကပါတယ္။
သူမရဲ႕အသက္ ၅၀ ျပည့္ေမြးေန႔ေရာက္မွ သားျဖစ္သူတင္လိုက္တဲ့ ပုံရယ္ စေတးတပ္ရယ္ေၾကာင့္သာ သူမရဲ႕အသက္ကို လူေတြသိရွိၾကၿပီး တခ်ိဳ႕သူေတြဆိုရင္ မိေထြးလို႔ေတာင္ ကြန္းမန္႔ေပးၾကပါတယ္။

သူမရဲ႕သားႀကီးျဖစ္သူ Dennis ဟာ April ၂၀၁၇ ခုႏွစ္က Tylor’s Lakeside တကၠသိုလ္ကေန ဘြဲ႕ရရွိခဲ့ၿပီး သူမရဲ႕သားအငယ္ကေတာ့ စကၤာပူမွာ ပညာသင္ၾကားေနဆဲ ျဖစ္ပါတယ္။ သူမဟာ ဆယ္ေက်ာ္သက္တစ္ေယာက္လို အၿမဲတမ္းတက္ႂကြေနတတ္ၿပီး သူမရဲ႕အင္စတာဂရမ္ အေကာင့္မွာဆိုရင္ workout လုပ္ေနတဲ့ဗီဒီယိုေတြ၊ ေအ႐ိုးဗစ္၊ အကနဲ႔ အေလးေတြနဲ႔ကစားတာေတြကို တင္ေလ့ရွိသူတစ္ေယာက္ျဖစ္ပါတယ္။

သူမတို႔တစ္မိသားသားစုလုံးဟာ က်န္းမာေရးနဲ႔ညီၫြတ္ေအာင္ စားသုံးေလ့ရွိၾကၿပီး ေလ့က်င့္ခန္းကို ပုံမွန္လုပ္ၾကတဲ့ အေလ့အထေကာင္းေတြေၾကာင့္ က်န္းမာႀကံ့ခိုင္ေနတာျဖစ္ေၾကာင္း သူမကယုံၾကည္လ်က္ရွိပါတယ္။

ဒါ့ေၾကာင့္ ဆိုရွယ္မီဒီယာေတြမွာဆိုရင္ သူမရဲ႕ေကာင္းမြန္တဲ့ Lifestyle ကိုမွ်ေဝေပးၿပီး အျခားသူေတြကိုလည္း ဘဝမွာေပ်ာ္ေပ်ာ္႐ြင္႐ြင္ေနဖို႔ က်န္းမာေရးနဲ႔ညီၫြတ္ေအာင္ေနဖို႔ တိုက္တြန္းလွ်က္ရွိပါတယ္။

လူေတြကေတာ့ သူမဟာ ခ်စ္စရာေကာင္းတဲ့ မိခင္ေကာင္းတစ္ေယာက္ျဖစ္ၿပီး အားက်စရာမိသားစုဘဝေလးကို ပိုင္ဆိုင္ထားေၾကာင္း မွတ္ခ်က္ေပးၾကၿပီး ေကာင္မေလးေတြကေတာ့ သူမရဲ႕ခန္႔ညားတဲ့သားႏွစ္ေယာက္အတြက္ သူမကို ေယာကၡမေတာ္ခ်င္ေနၾကပါတယ္။

LM_Naung_Naung

Lifestyle_Myanmar

အသက်အရွယ်ဆိုတာ ကိန်းဂဏန်းတစ်ခုထက်မပိုဘူး ဆိုတာကို သင်ကြားဖူးပါလိမ့်မယ်။ ဒါပေမယ့် ဆိုလိုရင်းကိုတော့ သင်အပြည့်အဝနားလည်ချင်မှ နားလည်ပါလိမ့်မယ်။ Social Media နဲ့ YouTube မှာ Mama Hadi လို့လူသိများနေတဲ့ Puspa Dewi ဆိုတဲ့အမျိုးသမီးဟာ လူတွေအားလုံးကို စိတ်အားတက်ကြွစေတဲ့ သူတစ်ယောက်ဖြစ်ပြီး အသက်အရွယ်ဟာ ကိန်းဂဏန်းတစ်ခုသာဖြစ်ကြောင်း သက်သေပြခဲ့သူတစ်ယောက်ဖြစ်ပါတယ်။

သူမရဲ့အသက်ကို အရင်ကဘယ်သူမှ မခန့်မှန်းနိုင်ကြပဲ သူမရဲ့ လေ့ကျင့်ခန်းလုပ်နေတဲ့ video တွေကိုကြည့်ရှုသူတွေကတော့ သူမကို အသက် ၂၀ကျော် ၃၀ လောက်သာထင်မှတ်ထားကြပါတယ်။
သူမရဲ့အသက် ၅၀ ပြည့်မွေးနေ့ရောက်မှ သားဖြစ်သူတင်လိုက်တဲ့ ပုံရယ် စတေးတပ်ရယ်ကြောင့်သာ သူမရဲ့အသက်ကို လူတွေသိရှိကြပြီး တချို့သူတွေဆိုရင် မိထွေးလို့တောင် ကွန်းမန့်ပေးကြပါတယ်။

သူမရဲ့သားကြီးဖြစ်သူ Dennis ဟာ April ၂၀၁၇ ခုနှစ်က Tylor’s Lakeside တက္ကသိုလ်ကနေ ဘွဲ့ရရှိခဲ့ပြီး သူမရဲ့သားအငယ်ကတော့ စင်္ကာပူမှာ ပညာသင်ကြားနေဆဲ ဖြစ်ပါတယ်။ သူမဟာ ဆယ်ကျော်သက်တစ်ယောက်လို အမြဲတမ်းတက်ကြွနေတတ်ပြီး သူမရဲ့အင်စတာဂရမ် အကောင့်မှာဆိုရင် workout လုပ်နေတဲ့ဗီဒီယိုတွေ၊ အေရိုးဗစ်၊ အကနဲ့ အလေးတွေနဲ့ကစားတာတွေကို တင်လေ့ရှိသူတစ်ယောက်ဖြစ်ပါတယ်။

သူမတို့တစ်မိသားသားစုလုံးဟာ ကျန်းမာရေးနဲ့ညီညွတ်အောင် စားသုံးလေ့ရှိကြပြီး လေ့ကျင့်ခန်းကို ပုံမှန်လုပ်ကြတဲ့ အလေ့အထကောင်းတွေကြောင့် ကျန်းမာကြံ့ခိုင်နေတာဖြစ်ကြောင်း သူမကယုံကြည်လျက်ရှိပါတယ်။

ါ့ကြောင့် ဆိုရှယ်မီဒီယာတွေမှာဆိုရင် သူမရဲ့ကောင်းမွန်တဲ့ Lifestyle ကိုမျှဝေပေးပြီး အခြားသူတွေကိုလည်း ဘဝမှာပျော်ပျော်ရွင်ရွင်နေဖို့ ကျန်းမာရေးနဲ့ညီညွတ်အောင်နေဖို့ တိုက်တွန်းလျှက်ရှိပါတယ်။

လူတွေကတော့ သူမဟာ ချစ်စရာကောင်းတဲ့ မိခင်ကောင်းတစ်ယောက်ဖြစ်ပြီး အားကျစရာမိသားစုဘဝလေးကို ပိုင်ဆိုင်ထားကြောင်း မှတ်ချက်ပေးကြပြီး ကောင်မလေးတွေကတော့ သူမရဲ့ခန့်ညားတဲ့သားနှစ်ယောက်အတွက် သူမကို ယောက္ခမတော်ချင်နေကြပါတယ်။

LM_Naung_Naung

Lifestyle_Myanmar

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here