သားငယ်သမီးငယ်တို့အတွက် အန္တရာယ်ရှိနိုင်တဲ့ ကစားစရာ ပစ္စည်းများ

0
50

ငယ်ရွယ်သေးတဲ့ ကလေးတွေဟာ ပြေးလွှားဆော့ကစားရင်းနဲ့ ကြီးထွားဖွံ့ဖြိုးလာကြပြီး ကမ္ဘာကြီးအကြောင်းကိုလည်း လေ့လာကြတာဖြစ်ပါတယ်။ ဒါပေမယ့် သားငယ်သမီးငယ်တို့အတွက် တစ်ချို့ကစားစရာတွေက ကောင်းကျိုးထက် ဆိုးကျိုးတွေကို ပိုဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် မိဘများအနေနဲ့ ဘယ်လိုကစားတွေကို ပေးကစားသင့်ပြီး ဘယ်လိုကစားစရာတွေကိုတော့ အသုံးမပြုဖို့ ကန့်သတ်ထားရမလဲဆိုတာကို သေချာသိထားမှဖြစ်မယ်နော်။

၁။ ဒလက်ပါတဲ့ ကစားစရာများ

ဟယ်လီကော်ပတာနဲ့ တခြားကစားစရာတွေလိုမျိုး ဒလက်ပါတာတွေက ဆယ်ကျော်သက်အရွယ်တွေနဲ့သာ ကိုက်ညီပါတယ်။ ငယ်ရွယ်တဲ့ကလေးတွေဟာ ဒီလိုအရာတွေကို သေချာမကိုင်တွယ်နိုင်သေးတာကြောင့် လည်နေတဲ့အချိန် လက်သွားထည့်လိုက်ရင် အလွယ်တကူ ဒဏ်ရာရသွားနိုင်ပါတယ်။

၂။ ဆရာဝန်အရုပ်ဘူး

ကလေးဆိုတာဟာ ဘူးထဲကကိရိယာတွေကို အသုံးပြုချင်တာကြောင့် သူတို့ကိုယ်သူတို့ သို့မဟုတ် တခြားကလေးတွေပေါ်မှာ ဆေးကုတဲ့ပုံမျိုး ဆော့ကြပါလိမ့်မယ်။ ဒါပေမယ့် အခန့်မသင့်ရင် အစိတ်အပိုင်း သေးသေးလေးတွေက နှာခေါင်းမှာစို့သွားလို့ အသက်ရှူပေါက်ပိတ်သွားနိုင်ပါတယ်။

၃။ ရာဘာ ရေကူးအသက်ကယ်အိတ်များ

ကလေးကို ရေဆော့ကစားစေချင်လို့ လက်နှစ်ဖက်မှာ အသက်ကယ်အိတ်လေးတွေ စွပ်ပေးထားရုံနဲ့ စိတ်ချထားလို့မရပါဘူး။ ဒါတွေဝတ်ပေးထားပေမယ့်လည်း လက်ကနေ အလွယ်တကူ ကျွတ်ထွက်သွားနိုင်ပြီးတော့ မှောက်ပါမှောက်သွားနိုင်ပါတယ်။ ဒါ့အပြင် ဒီလိုပစ္စည်းတစ်ချို့က အသားအရေကိုယားယံမှုလည်း ဖြစ်စေနိုင်ပါတယ်။

၄။ ဘတ်ထရီပါတဲ့ အရုပ်များ

ပြားချပ်ချပ်ပုံစံရှိတဲ့ ဘတ်ထရီတွေဟာ သကြားလုံးလေးတွေနဲ့ ဆင်တူတာကြောင့် အရာရာကို စပ်စုချင်ကြတဲ့ ကလေးတွေကတော့ မြည်းစမ်းကြည့်ချင်ပါလိမ့်မယ်။ သူတို့ရဲ့အရွယ်အစားနဲ့ ပုံစံက အလွယ်တကူ မြိုချမိနိုင်စေသလို အတွင်းမှာရှိတဲ့ Lithium က ဗိုက်ထဲဝင်သွားတဲ့အခါ ပြင်းထန်တဲ့အဆိပ်သင့်ခြင်းကို ဖြစ်စေနိုင်ပါတယ်။

၅။ အရုပ်သေနတ်များ

ကလေးတစ်ယောက်ဖြစ်တဲ့အတွက် သေနတ်ကနေ ညှစ်ထုတ်လိုက်မယ့် အကွာအဝေးကို မခန့်မှန်းတတ်ကြပါဘူး။ ဒါကြောင့်သေနတ်ကနေ ပစ်လွှတ်လိုက်တဲ့အခါ အန္တရာယ်များတဲ့ ထိခိုက်မှုတွေကို ဖြစ်လာစေနိုင်ပါတယ်။ အထူးသဖြင့် မျက်စိတွေပါပဲ။

၆။ သံလိုက်တုံးများ

သံလိုက်တွေက တစ်ခုနဲ့တစ်ခုကပ်တဲ့အခါ လူကြီးတွေအနေနဲ့တော့ အလွယ်တကူ ပြန်ခွာတတ်ပေမယ့်လည်း ကလေးငယ်ငယ်များအတွက်တော့ ခွဲရခက်တဲ့အခါ ပါးစပ်နဲ့ကိုက်ပစ်နိုင်ပါတယ်။ ထိုအခါ မတော်တဆ ပါးစပ်ထဲကျန်ခဲ့ပြီး မျိုချမိလိုက်ရင် အရမ်းအန္တရာယ်များနိုင်တာကြောင့် ဒါတွေနဲ့ပေးမဆော့ပါနဲ့။

၇။ ပူစီဖောင်းတွေ

ပူစီဖောင်းတွေက မှုတ်တာများသွားချိန်မှာ ပေါက်ကွဲသွားနိုင်ပြီး ကလေးကိုလန့်အောင် သို့မဟုတ် အဆိုးဆုံးပြောရမယ်ဆို အကြားအာရုံကိုပါ ထိခိုက်စေနိုင်ပါတယ်။

Lifestyle_Myanmar

Thinzar

Source-brightside.

Zawgyi

သားငယ္သမီးငယ္တို႔အတြက္ အႏၲရာယ္ရွိႏိုင္တဲ့ ကစားစရာ ပစၥည္းမ်ား

ငယ္႐ြယ္ေသးတဲ့ ကေလးေတြဟာ ေျပးလႊားေဆာ့ကစားရင္းနဲ႔ ႀကီးထြားဖြံ႕ၿဖိဳးလာၾကၿပီး ကမာၻႀကီးအေၾကာင္းကိုလည္း ေလ့လာၾကတာျဖစ္ပါတယ္။ ဒါေပမယ့္ သားငယ္သမီးငယ္တို႔အတြက္ တစ္ခ်ိဳ႕ကစားစရာေတြက ေကာင္းက်ိဳးထက္ ဆိုးက်ိဳးေတြကို ပိုျဖစ္ေစႏိုင္ပါတယ္။ ဒါေၾကာင့္ မိဘမ်ားအေနနဲ႔ ဘယ္လိုကစားေတြကို ေပးကစားသင့္ၿပီး ဘယ္လိုကစားစရာေတြကိုေတာ့ အသုံးမျပဳဖို႔ ကန႔္သတ္ထားရမလဲဆိုတာကို ေသခ်ာသိထားမွျဖစ္မယ္ေနာ္။

၁။ ဒလက္ပါတဲ့ ကစားစရာမ်ား

ဟယ္လီေကာ္ပတာနဲ႔ တျခားကစားစရာေတြလိုမ်ိဳး ဒလက္ပါတာေတြက ဆယ္ေက်ာ္သက္အ႐ြယ္ေတြနဲ႔သာ ကိုက္ညီပါတယ္။ ငယ္႐ြယ္တဲ့ကေလးေတြဟာ ဒီလိုအရာေတြကို ေသခ်ာမကိုင္တြယ္ႏိုင္ေသးတာေၾကာင့္ လည္ေနတဲ့အခ်ိန္ လက္သြားထည့္လိုက္ရင္ အလြယ္တကူ ဒဏ္ရာရသြားႏိုင္ပါတယ္။

၂။ ဆရာဝန္အ႐ုပ္ဘူး

ကေလးဆိုတာဟာ ဘူးထဲကကိရိယာေတြကို အသုံးျပဳခ်င္တာေၾကာင့္ သူတို႔ကိုယ္သူတို႔ သို႔မဟုတ္ တျခားကေလးေတြေပၚမွာ ေဆးကုတဲ့ပုံမ်ိဳး ေဆာ့ၾကပါလိမ့္မယ္။ ဒါေပမယ့္ အခန႔္မသင့္ရင္ အစိတ္အပိုင္း ေသးေသးေလးေတြက ႏွာေခါင္းမွာစို႔သြားလို႔ အသက္ရႉေပါက္ပိတ္သြားႏိုင္ပါတယ္။

၃။ ရာဘာ ေရကူးအသက္ကယ္အိတ္မ်ား

ကေလးကို ေရေဆာ့ကစားေစခ်င္လို႔ လက္ႏွစ္ဖက္မွာ အသက္ကယ္အိတ္ေလးေတြ စြပ္ေပးထား႐ုံနဲ႔ စိတ္ခ်ထားလို႔မရပါဘူး။ ဒါေတြဝတ္ေပးထားေပမယ့္လည္း လက္ကေန အလြယ္တကူ ကြၽတ္ထြက္သြားႏိုင္ၿပီးေတာ့ ေမွာက္ပါေမွာက္သြားႏိုင္ပါတယ္။ ဒါ့အျပင္ ဒီလိုပစၥည္းတစ္ခ်ိဳ႕က အသားအေရကိုယားယံမႈလည္း ျဖစ္ေစႏိုင္ပါတယ္။

၄။ ဘတ္ထရီပါတဲ့ အ႐ုပ္မ်ား

ျပားခ်ပ္ခ်ပ္ပုံစံရွိတဲ့ ဘတ္ထရီေတြဟာ သၾကားလုံးေလးေတြနဲ႔ ဆင္တူတာေၾကာင့္ အရာရာကို စပ္စုခ်င္ၾကတဲ့ ကေလးေတြကေတာ့ ျမည္းစမ္းၾကည့္ခ်င္ပါလိမ့္မယ္။ သူတို႔ရဲ႕အ႐ြယ္အစားနဲ႔ ပုံစံက အလြယ္တကူ ၿမိဳခ်မိႏိုင္ေစသလို အတြင္းမွာရွိတဲ့ Lithium က ဗိုက္ထဲဝင္သြားတဲ့အခါ ျပင္းထန္တဲ့အဆိပ္သင့္ျခင္းကို ျဖစ္ေစႏိုင္ပါတယ္။

၅။ အ႐ုပ္ေသနတ္မ်ား

ကေလးတစ္ေယာက္ျဖစ္တဲ့အတြက္ ေသနတ္ကေန ညႇစ္ထုတ္လိုက္မယ့္ အကြာအေဝးကို မခန႔္မွန္းတတ္ၾကပါဘူး။ ဒါေၾကာင့္ေသနတ္ကေန ပစ္လႊတ္လိုက္တဲ့အခါ အႏၲရာယ္မ်ားတဲ့ ထိခိုက္မႈေတြကို ျဖစ္လာေစႏိုင္ပါတယ္။ အထူးသျဖင့္ မ်က္စိေတြပါပဲ။

၆။ သံလိုက္တုံးမ်ား

သံလိုက္ေတြက တစ္ခုနဲ႔တစ္ခုကပ္တဲ့အခါ လူႀကီးေတြအေနနဲ႔ေတာ့ အလြယ္တကူ ျပန္ခြာတတ္ေပမယ့္လည္း ကေလးငယ္ငယ္မ်ားအတြက္ေတာ့ ခြဲရခက္တဲ့အခါ ပါးစပ္နဲ႔ကိုက္ပစ္ႏိုင္ပါတယ္။ ထိုအခါ မေတာ္တဆ ပါးစပ္ထဲက်န္ခဲ့ၿပီး မ်ိဳခ်မိလိုက္ရင္ အရမ္းအႏၲရာယ္မ်ားႏိုင္တာေၾကာင့္ ဒါေတြနဲ႔ေပးမေဆာ့ပါနဲ႔။

၇။ ပူစီေဖာင္းေတြ

ပူစီေဖာင္းေတြက မႈတ္တာမ်ားသြားခ်ိန္မွာ ေပါက္ကြဲသြားႏိုင္ၿပီး ကေလးကိုလန႔္ေအာင္ သို႔မဟုတ္ အဆိုးဆုံးေျပာရမယ္ဆို အၾကားအာ႐ုံကိုပါ ထိခိုက္ေစႏိုင္ပါတယ္။

Lifestyle_Myanmar

Thinzar

Source-brightside.

LEAVE A REPLY

Please enter your comment!
Please enter your name here