#Lifestyle_Myanmar
Ref-Daily Mail
#Thar_Nage
ရွှေလက်တွဲသွားပြီဖြစ်တဲ့ ထိုင်းမင်းသား DJ Push နဲ့ မင်းသမီး Jooy Warattaya
Unicode
သာမာန်ထက် ၃ဆကြီးမားတဲ့ ရင်သားအရွယ်အစားရရှိဖို့အတွက် ပေါင် ၃၈၀၀၀ အကုန်ကျခံပြီး ခွဲစိတ်ပြုပြင်ခဲ့တဲ့ ၂၄နှစ်အရွယ်အမျိုးသမီး
အသက် ၂၄နှစ်အရွယ်ရှိ Celine Centino ဆိုတဲ့ အမျိုးသမီးဟာ ပေါင် ၃၈၀၀၀ အကုန်ကျခံပြီး ရင်သားခွဲစိတ်ပြုပြင်ခဲ့ရာမှာတော့ မမှတ်မိလောက်အောင် ပြောင်းလဲလာခဲ့ပါတယ်။ သူမဟာ ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်မြို့မှာနေထိုင်သူတစ်ဦးဖြစ်ပြီးသူမရဲ့ ရင်သားအရွယ်အစားဟာ (သာမာန်အရွယ်အစားထက် ၃ဆကြီးမား) 34FF Size ရှိတာကြောင့် လူသိများခဲ့တာဖြစ်ပါတယ်။
သူမ ဆယ်ကျော်သက်အရွယ်တုန်းက Instagram အသုံးပြုသူ ဆယ်လီတွေက သူမရဲ့ မျက်နှာဟာ ရုပ်ဆိုးလိုက်တာလို့ အမြဲလိုလိုလှောင်ပြောခဲ့တာကြောင့်သူမရဲ့ မျက်နှာကို မလိုချင်လောက်အောင် စိတ်ပျက်လက်ပျက်အထိဖြစ်ခဲ့ပါတယ်။
ဒီလိုအချိန်တွေမှာ သူမကို ပြုပြင်ပြောင်းလဲဖို့အတွက် သူမရဲ့ အလုပ် ဆံပင်ညှပ်ဆရာကနေ သူမအတွက် လုပ်အားခအနေနဲ့ငွေပေးခဲ့တာကြောင့် နောက်ဆုံးတော့ သူမကိုသူမ လှပအောင် ပြုပြင်ပြောင်းလဲဖို့ အစပျိုးခဲ့နိုင်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၃ ကနေမျက်လုံး၊ နှာခေါင်း၊ ပါး၊ နှုတ်ခမ်း၊ မေးစေ့နဲ့ နောက်ဆုံး ရင်သား တို့ကို လေးနှစ်ဆက်တိုက် ခွဲစိတ်ပြုပြင်ခဲ့တာ ကုန်ကျစရိတ်စုစုပေါင်း ပေါင် ၃၈၀၀၀ ကုန်ကျခဲ့ပါတယ်။ အပျော်အပါးတွေ အားလုံးလျော့ပြီး သူမလိုချင်တဲ့ ပုံစံရရှိဖို့အတွက် ပိုက်ဆံကိုပိုစုဆောင်ခဲ့ရပါတယ်။ ယခုဆိုရင်တော့သူမဟာ Instagram ပေါ်မှာ Followers ၄၃၀၀၀ ကျော်ရှိပြီး Facebook အကောင့်မှာတော့ Followers ၄သိန်းကျော်ရှိပါတယ်။