သာမန္သူေတြထက္ ျမင့္ျမတ္တဲ့ ဘဝကို ပိုင္ဆိုင္ထားတဲ့ရွဥ့္မေလးအေၾကာင္း

0
3608
ရွဥ့္မေလး
ရွဥ့္မေလး

တစ္ေန႔မွာေတာ့ အမ်ိဳးသားတစ္ေယာက္ဟာ အိမ္ျပန္လာတဲ့အခါ သူ႔အိပ္ယာေပၚမွာ ထင္း႐ွဴးအကိုင္းအခက္ေတြ အရြက္ေျခာက္ေတြနဲ႔ အသိုက္လုပ္ထားတဲ့ ေမြးကင္းစရွဥ့္သားေပါက္ေလး ၂ေကာင္ကို ေတြ႕ခဲ့ပါတယ္။ ဒါ့ေၾကာင့္ ထိုရွဥ့္နီတာရဲေလးႏွစ္ေကာင္ကို သူ႔ရဲ႕ မိခင္နဲ႔ ျပန္လည္ဆုံစည္ႏိုင္ဖို႔ ရည္ရြယ္ၿပီး ေတာ႐ိုင္းတိရစာၦန္ျပန္လည္ထူေထာင္ေရးဌာနကို ပို႔ခဲ့ပါတယ္။ ဒါ့ေပမဲ့ အဆင္မေျပခဲ့ပါဘူး။ ရွဥ့္မႀကီးကလည္း သူ႔သားသီးေတြဆီကို လုံးဝျပန္မလာေတာ့ပါဘူး။

သိပ့္မၾကာခင္မွာပဲရွဥ့္သားေပါက္ေလးတစ္ေကာင္ဟာ ေသဆုံးသြားခဲ့ပါတယ္။ အဲ့ဒီေနာက္ က်န္ရွိေနတဲ့ ရွဥ့္ေလးတစ္ေကာင္ကို အသက္ရွင္ေအာင္ေမြးျမဴမယ္ဆိုၿပီး ေတာ႐ိုင္းတိရစာၦန္ျပန္လည္ထူေထာင္ေရးဌာနက ဝန္ထမ္းေတြျဖစ္တဲ့ Christina နဲ႔ Michael ဟာ ဆုံးျဖတ္ခ်က္ခ်ခဲ့ပါတယ္။ အသက္ရွင္က်န္ခဲ့တဲ့ ရွဥ့္ေလးဟာ အမျဖစ္ၿပီး ထိုရွင့္ေလးကို Thumbelina လို႔ အမည္ေပးခဲ့ပါတယ္။

Thumbelina ဟာ သူ႔ရဲ႕ ေမြးခ်င္းေတြလည္း ေသဆုံးသြားတာေၾကာင့္ တစ္ေကာင္တည္း ႀကီးျပင္းခဲ့ရပါတယ္။ အျခားရွဥ့္ကေလးေတြ အစာရွာၿပီး ေပ်ာ္ပါးေနခ်ိန္မွာ Thumbelina ကေတာ့ ကေလးႀကီးတစ္ေယာက္လို ႏို႔စို႔ခဲ့ရပါတယ္။

ဒါ့အျပင္ Thumblina ဟာ အျခားရွဥ့္ေတြနဲ႔ မတူဘဲ ခုန္ေပါက္ေနတာ၊ သစ္ပင္တက္ရတာကို စိတ္မဝင္စားပါဘူး။ ေျပးလႊားေနရမဲ့အစာ လမ္းေလွ်ာက္တတ္ၿပီး သစ္ပင္တက္ရမဲ့အစား ထိုင္ေနတတ္ပါတယ္။ အျခားရွဥ့္ေလးေတြနဲ႔ မိတ္ဆက္ေပးခဲ့ေပမဲ့ စိတ္ဝင္းစားမႈမရွိတာေၾကာင့္ သူ႔ရဲ႕ ေမြးစားမိဘေတြကအစ”သူ႔ကိုယ္သူ ဘယ္လိုထင္ေနလဲ မသိဘူး၊ ၾကည့္ရတာ ရွဥ္႔မဟုတ္သလိုဘဲ” လို႔ေတာင္ ေျပာရတဲ့အထိပါပဲ။

အခုေတာ့ Thumbelina ဟာ သူ႔ရဲ႕ ေမြးစား မိဘေတြဆီမွာပဲ ေပ်ာ္ေပ်ာ္ပါးပါးနဲ႔ အသက္ရွင္ေနပါတယ္။ သူမဟာ ဘိုစားပဲ၊ ဟင္သီးဟင္းရြက္၊ ေထာပတ္သီးတို႔ကို ႀကိဳက္ႏွစ္သက္ၿပီး အျပင္ထြက္ရတာ၊ ရာသီဥတု ေအးတာတို႔ကို မုန္းပါတယ္။ ဒါ့အျပင္ အျခားအမုန္းဆုံးကေတာ့ ဖုန္စုပ္စက္ပဲျဖစ္ပါတယ္။

မိခင္မရွိဘဲ Thumbelina တစ္ေကာင္ကို ငယ္ငယ္ထဲကေန ဘယ္လိုခက္ခက္ခဲခဲေမြးျမဴရလဲ ဆိုတာ သူ႔ရဲ႕ ေမြးစားမိဘေတြ အမွတ္တရ႐ိုက္ကူးထားတဲ့ ပုံေတြ၊ ဗီဒီယိုေတြကို ၾကည့္ၾကည့္ရင္ေတာ့ သိရွိႏိုင္ပါတယ္။

#Lifestyle_Myanmar

Ref-Boredpanda

#Thar_Nage

အိမ္မွာလူမရွိရင္ ေမႊေမႊေနတဲ့ အေမႊစိန္ေလးေတြရဲ႕ ခ်စ္စရာပုံရိပ္အခ်ိဳ႕


Unicode

သာမန်သူတွေထက် မြင့်မြတ်တဲ့ ဘဝကို ပိုင်ဆိုင်ထားတဲ့ရှဉ့်မလေးအကြောင်း
တစ်နေ့မှာတော့ အမျိုးသားတစ်ယောက်ဟာ အိမ်ပြန်လာတဲ့အခါ သူ့အိပ်ယာပေါ်မှာ ထင်းရှူးအကိုင်းအခက်တွေ အရွက်ခြောက်တွေနဲ့ အသိုက်လုပ်ထားတဲ့ မွေးကင်းစရှဉ့်သားပေါက်လေး ၂ကောင်ကို တွေ့ခဲ့ပါတယ်။ ဒါ့ကြောင့် ထိုရှဉ့်နီတာရဲလေးနှစ်ကောင်ကို သူ့ရဲ့ မိခင်နဲ့ ပြန်လည်ဆုံစည်နိုင်ဖို့ ရည်ရွယ်ပြီး တောရိုင်းတိရစ္ဆာန်ပြန်လည်ထူထောင်ရေးဌာနကို ပို့ခဲ့ပါတယ်။ ဒါ့ပေမဲ့ အဆင်မပြေခဲ့ပါဘူး။ ရှဉ့်မကြီးကလည်း သူ့သားသီးတွေဆီကို လုံးဝပြန်မလာတော့ပါဘူး။

သိပ့်မကြာခင်မှာပဲရှဉ့်သားပေါက်လေးတစ်ကောင်ဟာ သေဆုံးသွားခဲ့ပါတယ်။ အဲ့ဒီနောက် ကျန်ရှိနေတဲ့ ရှဉ့်လေးတစ်ကောင်ကို အသက်ရှင်အောင်မွေးမြူမယ်ဆိုပြီး တောရိုင်းတိရစ္ဆာန်ပြန်လည်ထူထောင်ရေးဌာနက ဝန်ထမ်းတွေဖြစ်တဲ့ Christina နဲ့ Michael ဟာ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ အသက်ရှင်ကျန်ခဲ့တဲ့ ရှဉ့်လေးဟာ အမဖြစ်ပြီး ထိုရှင့်လေးကို Thumbelina လို့ အမည်ပေးခဲ့ပါတယ်။

Thumbelina ဟာ သူ့ရဲ့ မွေးချင်းတွေလည်း သေဆုံးသွားတာကြောင့် တစ်ကောင်တည်း ကြီးပြင်းခဲ့ရပါတယ်။ အခြားရှဉ့်ကလေးတွေ အစာရှာပြီး ပျော်ပါးနေချိန်မှာ Thumbelina ကတော့ ကလေးကြီးတစ်ယောက်လို နို့စို့ခဲ့ရပါတယ်။

ဒါ့အပြင် Thumblina ဟာ အခြားရှဉ့်တွေနဲ့ မတူဘဲ ခုန်ပေါက်နေတာ၊ သစ်ပင်တက်ရတာကို စိတ်မဝင်စားပါဘူး။ ပြေးလွှားနေရမဲ့အစာ လမ်းလျှောက်တတ်ပြီး သစ်ပင်တက်ရမဲ့အစား ထိုင်နေတတ်ပါတယ်။ အခြားရှဉ့်လေးတွေနဲ့ မိတ်ဆက်ပေးခဲ့ပေမဲ့ စိတ်ဝင်းစားမှုမရှိတာကြောင့် သူ့ရဲ့ မွေးစားမိဘတွေကအစ”သူ့ကိုယ်သူ ဘယ်လိုထင်နေလဲ မသိဘူး၊ ကြည့်ရတာ ရှဉ့်မဟုတ်သလိုဘဲ” လို့တောင် ပြောရတဲ့အထိပါပဲ။

အခုတော့ Thumbelina ဟာ သူ့ရဲ့ မွေးစား မိဘတွေဆီမှာပဲ ပျော်ပျော်ပါးပါးနဲ့ အသက်ရှင်နေပါတယ်။ သူမဟာ ဘိုစားပဲ၊ ဟင်သီးဟင်းရွက်၊ ထောပတ်သီးတို့ကို ကြိုက်နှစ်သက်ပြီး အပြင်ထွက်ရတာ၊ ရာသီဥတု အေးတာတို့ကို မုန်းပါတယ်။ ဒါ့အပြင် အခြားအမုန်းဆုံးကတော့ ဖုန်စုပ်စက်ပဲဖြစ်ပါတယ်။

မိခင်မရှိဘဲ Thumbelina တစ်ကောင်ကို ငယ်ငယ်ထဲကနေ ဘယ်လိုခက်ခက်ခဲခဲမွေးမြူရလဲ ဆိုတာ သူ့ရဲ့ မွေးစားမိဘတွေ အမှတ်တရရိုက်ကူးထားတဲ့ ပုံတွေ၊ ဗီဒီယိုတွေကို ကြည့်ကြည့်ရင်တော့ သိရှိနိုင်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here