သမုဒ္ဒရာရေနက်ပိုင်းမှာ တွေ့ရှိရတဲ့ ထူးဆန်းအံ့ဩဖွယ်ရာ ပင်လယ်သတ္တဝါများ

0
33
- Advertisement -

နည်းပညာတိုးတက်မှုရဲ့ အကူအညီနဲ့ သိပ္ပံပညာရှင်များဟာ ကမ္ဘာကြီးရဲ့ ရေပြင်ထုအောက်ကို လေ့လာနေကြတာနှစ်ပေါင်းများစွာရှိခဲ့ပါပြီ။ လူသားတွေရဲ့နည်းပညာတိုးတက်လာတာ မှန်ပေမယ့်လည်း အခုချိန်ထိတော့ ကမ္ဘာ့သမုဒ္ဒရာရဲ့ အနက်ရှိုင်းဆုံးအပိုင်းတွေကိုမရောက်ရှိနိုင်ကြသေးပါဘူး။ ဒါပေမယ့်လည်း ရောက်ရှိနိုင်သလောက် လေ့လာမှုတွေပြုလုပ်ခဲ့ရာမှာ မယုံနိုင်လောက်တဲ့ တွေ့ရှိမှုတွေကို သိမြင်ခဲ့ရပါတယ်။

-Advertisement-

Goblin shark

Goblin shark တွေကို သမုဒ္ဒရာ ရေအနက် ၁၃၀၀ မီတာကနေ ၁၄၀၀ ကြားတွေ့ရှိရပါတယ်။ အရွယ်ရောက်ပြီးတဲ့ ကောင်တွေက ၃-၄ မီတာ(၉ပေကနေ ၁၂ပေ)လောက်ထိကြီးထွားကြပြီး အလေးချိန် ၂၀၀ ကီလို(ပေါင် ၄၄၀) လောက်အထိရှိတတ်ကြပါတယ်။ Goblin shark တွေဟာ ရှားပါးငမန်းမျိုးစိတ်အနွယ်ဝင်တွေဘဲဖြစ်ကြပါတယ်။ သူ့နှာခေါင်းဟာရှေ့ကို ရှည်ထွက်လျက်ရှိပြီး သူရဲ့သားကောင်ကို ဖမ်းဆီးဖို့ တိတ်ဆိတ်စွာ လှုပ်ရှားတတ်ပါတယ်။ သားကောင်ကိုဖမ်းဆီးရာမှာ မျက်စိအမြင်ထက် သဲတွေကို ပိုပြီးအသုံးချတတ်ကြပါတယ်။ သူတို့ဟာ ဒိုင်နိုဆောခေတ်နှောင်းပိုင်းကာလတွေထဲကရှိခဲ့ကြတယ်လို့ ကျောက်ဖြစ်ရုပ်ကြွင်းတွေ့ရှိမှုအရ သက်မှတ်ထားကြပါတယ်။

Vampire Squid

အရွယ်အစား ၆ လက်မလောက်ထိသာ ကြီးထွားတတ်ကြလို့သာ တော်တော့တယ်လို့ပြောရမှာပါဘဲ။ နွားတွေရဲ့ ကျောရိုးပုံသဏ္ဍာန်လက်မောင်းရှစ်ခုရှိပြီး လေစုပ်ခွက်များလည်းပါရှိပါတယ်။ သူဟာရှေးဟောင်းမျိုးစိတ် Vampyromorphida family ရဲ့နောက်ဆုံးကျန်ရှိနေတဲ့ မျိုးစိတ်ဖြစ်ပါတယ်။ သူလိုအပ်တဲ့အခါ အလင်းထုတ်လွှတ်နိုင်တဲ့ ကိုယ်တွင်းအင်္ဂါများလည်း ပါရှိပါတယ်။ ရေနက်ပိုင်းသတ္တဝါမျိုးစိတ် ဖြစ်တာကြောင့် သူရဲ့ မျိုးပွားမှုအနေအထားကို သေချာတော့သိရှိရခြင်းမရှိသေးပါဘူး။ သေးငယ်တဲ့ငါးလေးတွေနဲ့ ကျောရိုးမဲ့သတ္တဝါလေးတွေကို စားသောက်တတ်ကြတယ်လို့ ခန့်မှန်းယုံကြည်ထားကြပါတယ်။

The Frilled Shark

ဒီသမိုင်းမတိုင်ခင်က သတ္တဝါကတော့ ငါးမန်းပုံသဏ္ဍာန်ထက် မြွေနဲ့ပိုတူပါတယ်။ သွားလာလှုပ်ရှားပုံတွေက စိတ်ဝင်စားဖို့ ကောင်းတဲ့ရှုထောင့်များစွာရှိပါတယ်။ အနက်ပေ ၃၉၀- ၄၂၀၀ ကြားမှာ တွေ့ရှိရတတ်ပြီး ၆.၄ ပေလောက်အထိကြီးထွားတတ်ကြပါတယ်။ အရွယ်အစားသေးငယ်တယ်လို့ ထင်ရပေမယ့် သတိထားရမယ့်သတ္တဝါလို့ဆိုကြပါတယ်။ ယခုအချိန်ထိကို သူရဲ့ နေထိုင်စားသောက်မှုပုံစံကို မှတ်တမ်းမတင်နိုင်သေးဘူးလို့ သိရပါတယ်။

The Giant Squid

ရေနက်ပိုင်းနေ အကြီးဆုံး ပင်လယ်သတ္တဝါအမျိုးအစားထဲကတစ်မျိုးဖြစ်ပါတယ်။ အလျား ၅၉ပေခန့်ရှိပြီး တစ်တန်နီးပါးအလေးချိန်ရှိပါတယ်။ ပေ ၁၀၀ ရှည်တဲ့ ဝေလငါးမျိုးထက် ပေ ၆၀လက်ချောင်း၈ ခုရှိတဲ့ ဒီပင်လယ်သတ္တဝါကြီးက ပိုကြောက်ဖို့ကောင်းတယ်လို့ ဆိုကြပါတယ်။ ကြီးမားတဲ့ မျက်လုံးတွေရှိတာကြောင့်မို့ သမုဒ္ဒရာရဲ့ အနက်ရှိုင်းဆုံနေရာတွေမှာ အခြား သတ္တဝါတွေထက် မြင်နိုင်စွမ်းပိုမိုကောင်းမွန်ပြီး ဝေလငါးငယ်များကိုပါ စားသောက်တတ်ကြတယ်လို့ ကျွမ်းကျင်သူများက ဆိုကြပါတယ်။

The Dumbo Octopus

ပင်လယ်ရေအနက် ပေ ၁၃၁၀၀ နဲ့ သူ့ထက်နက်ရှိုင်းတဲ့နေရာတွေမှာ နေထိုင်ကျင်လည်ကျက်စားတတ်ကြပါတယ်။ အခြားသော မျိုးနွယ်တူရေဘဝဲတွေနဲ့ ယှဉ်ကြည့်လိုက်ရင် သွားလာလှုပ်ရှားမှုနှေးကွေးတာကိုတွေ့ရပြီး ရွေ့လျားဖို့ အတွက် သူ့ရဲ့ သေးငယ်တဲ့ ရေယက်လေးတွေကို တွန်းထုတ်လိုက်တဲ့အခါ သေးငယ်ပြီးချစ်စရာကောင်းတဲ့ နှာမောင်းလေးဟာ ထွက်လာတာကို တွေ့ရပါတယ်။ သေးငယ်တဲ့ ကျောရိုးရှိသတ္တဝါတွေကို အစာကွင်းဆက်အနေနဲ့ စားသုံးတတ်တဲ့ Dumbo Octopus လေးတွေဟာ လူတွေတွေ့ရှိဖို့ခဲယဉ်းတဲ့ ပင်လယ်သတ္တဝါငယ်လေးတွေဖြစ်ပါတယ်။

The Great Swallower

နာမည်နဲ့လိုက်အောင်ကြောက်ဖို့ကောင်းတဲ့ ဒီငါးဟာ သူ့အရွယ်အစားနဲ့ မလိုက်အောင် အစားသောင်းကျန်းတတ်သူပါတဲ့။ တစ်ရက်ကို အကြိမ်ရေများစွာ အစာစားတတ်ကြပြီး သမုဒ္ဒရာရဲ့ အနက် ၇၀၀-၂၇၄၅ မီတာကြားမှာတွေ့ရှိရပါတယ်။ သူတို့ဟာ ၉.၈ လက်မအရွယ်အစား လောက်ထိကြီးထွားနိုင်ပြီး အကြေးခွံမရှိတဲ့ ခန္ဓာကိုယ်နဲ့ ကြီးမားတဲ့ ဦးခေါင်းရှိပါတယ်။ သူတို့ဟာ အရိုးများတဲ့ငါးတွေကိုတောင်မှ ဘာပြသနာမှမရှိဘဲ လွယ်ကူစွာမျိုချနိုင်ပါတယ်။ သူ့မေးရိုးဟာ ဦးခေါင်းနဲ့တစ်ဆက်ထဲရှိနေတဲ့အတွက် ရေနက်ပိုင်းမှာ အခြားရေသတ္တဝါတွေထက် ကူးခတ်သွားလာရတာ ပိုပြီးအဆင်ပြေမှုရှိတယ်လို့ သိရပါတယ်။

Barreleye

တွေ့ရှိရသမျှ ပင်လယ်သတ္တဝါတွေထဲမှာ အံ့အားသင့်ဖို့အကောင်းဆုံး ငါးတစ်ကောင်ဖြစ်ပါတယ်။ ရေနက်ပိုင်းနေတဲ့ ပင်လယ်သတ္တဝါတွေဟာ သူတို့နေထိုင်ရာပတ်ဝန်းကျင်နဲ့လိုက်လျောညီထွေမှုရှိကြပေမယ့်လည်း Barreleye ကတော့ပိုပြီးထူးခြားပါတယ်။ သူ့မှာ အတွင်းပိုင်းကို မြင်ရတဲ့ ဦးခေါင်းရှိနေပြီး သူ့မျက်လုံးတွေဟာ တစ်နေရာထဲမှာသာ
ငြိမ်သက်နေကြတဲ့အတွက် လှိုဏ်ခေါင်းတစ်ခုလို့ အခြားငါးတွေက ထင်နေတတ်ကြပါတယ်။ သိပ်မကြာသေးခင်က လေ့လာမှုတစ်ခုအရ သူ့ခေါင်းက ထွင်းဖောက်မြင်နေရတဲ့ပုံစံမျိုးရှိတာမို့ သူ့မျက်လုံးတွေက ပိုပြီးလှည့်ပစ်လို့ရနိုင်ပါတယ်လို့ ပြောပါတယ်။

#Lifestyle_myanmar

#Dmo_aung

#Ref- Oddee

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here