သမိုင်းမှာ ပထမဆုံး အကြိမ်အဖြစ် National STEM ပြိုင်ပွဲရဲ့ ထိပ်ဆုံးဆု (၅)ခုကို ရရှိခဲ့သော မိန်းကလေးများ

0
298

ဒီနှစ်မှာတော့ Broadcom MASTERS National STEM ပြိုင်ပွဲဟာ အံသြစရာကောင်းတဲ့ အဖြစ်အပျက်တွေ ဖြစ်ခဲ့ပါတယ်။ ပြိုင်ပွဲဝင်သူတွေနှင့် စီစဉ်သူတွေဟာ သမိုင်းဝင်မယ့် အခိုက်အတန့်တစ်ခုကို သက်သေခံဖို့ စိတ်လှုပ်ရှားခဲ့ကြပါတယ်။ ပြိုင်ပွဲကို ၂၀၁၀ ခုနှစ်မှ စတင်ကျင်းပခဲ့ပြီး ဒီနှစ်မှာ ပထမဆုံး အကြိမ်အဖြစ် ထိပ်ဆုံးဆု ၅ဆုလုံးကို မိန်းကလေးတွေ ရရှိခဲ့ပါတယ်။

-Advertisement-

ပြိုင်ပွဲကို အလယ်တန်းကျောင်းသား ၂၃၄၈ ယောက် ဝင်ရောက် ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး ပထမဆုံးအကြိမ်အဖြစ် ယောကျ်ားလေးတွေထက် မိန်းကလေးတွေ ပိုရွေးချယ်ခံခဲ့ရပါတယ်။

နောက်ဆုံး ဆန်ကာတင်သူတွေကို စဉ်းစားတွေးခေါ်မှု၊ communication၊ တီထွင်ကြံဆမှု၊ ပူပေါင်းဆောင်ရွက်မှုစွမ်းရည်နှင့် teamwork တို့ကဲ့သို့သော ၂၁ရာစု ကျွမ်းကျင်မှုတွေ ပြသခြင်းနှင့် STEM ဘာသာရပ်တွေနဲ့ ပတ်သတ်တဲ့ သူတို့ရဲ့ ဗဟုသုတတွေကို အကဲဖြတ်ခဲ့ကြပါတယ်။
ဒါကတော့ top 5 finalist တွေ ဖြစ်ပါတယ်။

၁။ Alaina Gassler

Pennsylvania ပြည်နယ် ၊ West Grove မှ အသက် ၁၄နှစ်အရွယ် Gasslerဟာ ကားတွေမှာ blind spots တွေကို လျှော့ချဖို့ နည်းလမ်းကို ရှာဖွေတွေ့ရှိခဲ့ပြီး စီမီလီဖောင်ဒေးရှင်းမှ ပေးတဲ့ ဆုကြေးငွေ ဒေါ်လာ ၂၅၀၀၀ ကိုရခဲ့ပါတယ်။ Alaina ဟာ ကားမောင်းနေစဉ်မှာ blind spotကြောင့် ဒုက္ခများခဲ့ရတဲ့ သူမမိခင်ကို မြင်ပြီးနောက်မှာ ဒီပြဿနာကို ဖြေရှင်းဖို့ စိတ်ကူးရခဲ့ပါတယ်။ blind spots တွေဟာ ကားအားလုံးမှာ ဘယ်လို ကြီးမားတဲ့ ပြဿနာ ဖြစ်တယ်ဆိုတာကို ကျွန်မ စပြီး စဉ်းစားမိပါတယ်။ ဒါ့ကြောင့် ကျွန်မ ဒါကို နည်းပညာနဲ့ ဖြေရှင်းကြည့်လိုက်တယ်၊ အဲ့ဒီအတွက် ဆုရခဲ့တယ်လို့ ဆိုပါတယ်။

၂။ Sidor Clare

Utah ပြည်နယ် Sandyမှ အသက် ၁၄နှစ်အရွယ် Clare ဟာ တီထွင်မှုအတွက် မာကိုနီ/စီမီလီမှပေးတဲ့ ဒေါ်လာ ၁၀၀၀၀ ဆုကို ရရှိခဲ့ပါတယ်။ သူမဟာ အာကာသ စူးစမ်းရှာဖွေသူများတွေအနေနဲ့ ကမ္ဘာဂြိုလ်မှ ဆောက်လုပ်ရေးပစ္စည်းတွေကို ယူဆောင်သွားလို့ မရတာကြောင့် အင်္ဂါဂြိုလ်ပေါ်မှာ တည်ဆောက်နိင်တဲ့ အုတ်များကို တီထွင်ခဲ့ပါတယ်။

၃။ Rachel Bergey

Pennsylvania ပြည်နယ်၊ Harleysville မှ အသက် ၁၄နှစ်အရွယ် Bergey ဟာ Pennsylvania ပြည်နယ်မှ သစ်ပင်တွေကို ပျက်စီးစေသော Spotted Lanternfly ဖျက်ပိုးတွေကို နှိမ်နင်းဖို့ ထောင်ချောက်တစ်ခုကို တီထွင်ခဲ့တဲ့အတွက် Lemelson Award ဒေါ်လာ ၁၀၀၀၀၀ ကိုရရှိခဲ့ပါတယ်။ Spotted Lanternflies ပိုးကောင်တွေဟာ ယနေ့ Pennsylvania ပြည်နယ်မှာ ရင်ဆိုင်နေရပြီး စီးပွားရေးခြိမ်းခြောက်မှုကြီး တစ်ခုလိုဖြစ်နေပါတယ်။ “ဒီပိုးကောင်ထောင်ပေါင်းများစွာက ကျွန်မမိသားစုရဲ့ မေပယ်ပင်တွေကို ကျူးကျော်လာတယ်”လို့ Rachel ကဆိုပါတယ်။ သစ်ပင်တစ်ဝိုက်မှာ စေးကပ်နေတဲ့ အဝါရောင် စည်းကြိုးတွေနဲ့ ပိုးမွှားတွေကို ထောင်ချောက်ဆင်တဲ့ လက်ရှိနည်းလမ်းဟာ အားနည်းချက်ရှိကြောင်း လေ့လာတွေ့ရှိပြီးနောက် ထိရောက်တဲ့ နည်းလမ်းသစ်ကို သူမ တီထွင်ခဲ့ပါတယ်။

၄။ Lauren Ejiaga

Louisiana ပြည်နယ် ၊ New Orleans မှ အသက် ၁၄ နှစ်အရွယ် Ejiaga ဟာ STEM Talent Award ဒေါ်လာ ၁၀၀၀၀ ကိုရရှိခဲ့ပါတယ်၊ သူမဟာ အိုဇုန်း လျော့ကျလာမှုကြောင့် နေရောင်မှလာတဲ့ ခရမ်းလွန်ရောင်ခြည် လက်ရှိအဆင့်ဟာ အပင်တွေရဲ့ ကြီးထွားမှုနှင့် စွမ်းဆောင်ရည်ကို ဘယ်လိုသက်ရောက်စေသလဲဆိုတာကို အဓိကထားပြီး သုတေသနပြုတဲ့အတွက် ဆုရခဲ့တာ ဖြစ်ပါတယ်။

၅။ Alexis MacAvoy

California ပြည်နယ်၊ Hillsborough မှ အသက် ၁၄နှစ်အရွယ် MacAvoy ဟာ ကျန်းမာရေး တိုးတတ်မှုအတွက် Robert Wood Johnson ဖောင်ဒေးရှင်းက ပေးတဲ့ ဒေါ်လာ ၁၀၀၀၀ တန်ဆုကို ရရှိခဲ့ပါတယ်။ သူမဟာ ရေထဲမှ heavy metals တွေကို ဖယ်ရှားဖို့ ကာဗွန်ကို အသုံးပြုထားတဲ့ ရေစစ်ဒီဇိုင်းကို ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

Lifestyle_Myanmar

LM_Nandar

Source-boredpanda

Zawgyi

သမိုင္းမွာ ပထမဆုံး အႀကိမ္အျဖစ္ National STEM ၿပိဳင္ပြဲရဲ႕ ထိပ္ဆုံးဆု (၅)ခုကို ရရွိခဲ့ေသာ မိန္းကေလးမ်ား

ဒီႏွစ္မွာေတာ့ Broadcom MASTERS National STEM ၿပိဳင္ပြဲဟာ အံၾသစရာေကာင္းတဲ့ အျဖစ္အပ်က္ေတြ ျဖစ္ခဲ့ပါတယ္။ ၿပိဳင္ပြဲဝင္သူေတြႏွင့္ စီစဥ္သူေတြဟာ သမိုင္းဝင္မယ့္ အခိုက္အတန္႔တစ္ခုကို သက္ေသခံဖို႔ စိတ္လႈပ္ရွားခဲ့ၾကပါတယ္။ ၿပိဳင္ပြဲကို ၂၀၁၀ ခုႏွစ္မွ စတင္က်င္းပခဲ့ၿပီး ဒီႏွစ္မွာ ပထမဆုံး အႀကိမ္အျဖစ္ ထိပ္ဆုံးဆု ၅ဆုလုံးကို မိန္းကေလးေတြ ရရွိခဲ့ပါတယ္။
ၿပိဳင္ပြဲကို အလယ္တန္းေက်ာင္းသား ၂၃၄၈ ေယာက္ ဝင္ေရာက္ ယွဥ္ၿပိဳင္ခဲ့တာျဖစ္ၿပီး ပထမဆုံးအႀကိမ္အျဖစ္ ေယာက်္ားေလးေတြထက္ မိန္းကေလးေတြ ပိုေ႐ြးခ်ယ္ခံခဲ့ရပါတယ္။
ေနာက္ဆုံး ဆန္ကာတင္သူေတြကို စဥ္းစားေတြးေခၚမႈ၊ communication၊ တီထြင္ႀကံဆမႈ၊ ပူေပါင္းေဆာင္႐ြက္မႈစြမ္းရည္ႏွင့္ teamwork တို႔ကဲ့သို႔ေသာ ၂၁ရာစု ကြၽမ္းက်င္မႈေတြ ျပသျခင္းႏွင့္ STEM ဘာသာရပ္ေတြနဲ႔ ပတ္သတ္တဲ့ သူတို႔ရဲ႕ ဗဟုသုတေတြကို အကဲျဖတ္ခဲ့ၾကပါတယ္။
ဒါကေတာ့ top 5 finalist ေတြ ျဖစ္ပါတယ္။

၁။ Alaina Gassler

Pennsylvania ျပည္နယ္ ၊ West Grove မွ အသက္ ၁၄ႏွစ္အ႐ြယ္ Gasslerဟာ ကားေတြမွာ blind spots ေတြကို ေလွ်ာ့ခ်ဖို႔ နည္းလမ္းကို ရွာေဖြေတြ႕ရွိခဲ့ၿပီး စီမီလီေဖာင္ေဒးရွင္းမွ ေပးတဲ့ ဆုေၾကးေငြ ေဒၚလာ ၂၅၀၀၀ ကိုရခဲ့ပါတယ္။ Alaina ဟာ ကားေမာင္းေနစဥ္မွာ blind spotေၾကာင့္ ဒုကၡမ်ားခဲ့ရတဲ့ သူမမိခင္ကို ျမင္ၿပီးေနာက္မွာ ဒီျပႆနာကို ေျဖရွင္းဖို႔ စိတ္ကူးရခဲ့ပါတယ္။ blind spots ေတြဟာ ကားအားလုံးမွာ ဘယ္လို ႀကီးမားတဲ့ ျပႆနာ ျဖစ္တယ္ဆိုတာကို ကြၽန္မ စၿပီး စဥ္းစားမိပါတယ္။ ဒါ့ေၾကာင့္ ကြၽန္မ ဒါကို နည္းပညာနဲ႔ ေျဖရွင္းၾကည့္လိုက္တယ္၊ အဲ့ဒီအတြက္ ဆုရခဲ့တယ္လို႔ ဆိုပါတယ္။

၂။ Sidor Clare

Utah ျပည္နယ္ Sandyမွ အသက္ ၁၄ႏွစ္အ႐ြယ္ Clare ဟာ တီထြင္မႈအတြက္ မာကိုနီ/စီမီလီမွေပးတဲ့ ေဒၚလာ ၁၀၀၀၀ ဆုကို ရရွိခဲ့ပါတယ္။ သူမဟာ အာကာသ စူးစမ္းရွာေဖြသူမ်ားေတြအေနနဲ႔ ကမာၻၿဂိဳလ္မွ ေဆာက္လုပ္ေရးပစၥည္းေတြကို ယူေဆာင္သြားလို႔ မရတာေၾကာင့္ အဂၤါၿဂိဳလ္ေပၚမွာ တည္ေဆာက္နိင္တဲ့ အုတ္မ်ားကို တီထြင္ခဲ့ပါတယ္။

၃။ Rachel Bergey

Pennsylvania ျပည္နယ္၊ Harleysville မွ အသက္ ၁၄ႏွစ္အ႐ြယ္ Bergey ဟာ Pennsylvania ျပည္နယ္မွ သစ္ပင္ေတြကို ပ်က္စီးေစေသာ Spotted Lanternfly ဖ်က္ပိုးေတြကို ႏွိမ္နင္းဖို႔ ေထာင္ေခ်ာက္တစ္ခုကို တီထြင္ခဲ့တဲ့အတြက္ Lemelson Award ေဒၚလာ ၁၀၀၀၀၀ ကိုရရွိခဲ့ပါတယ္။ Spotted Lanternflies ပိုးေကာင္ေတြဟာ ယေန႔ Pennsylvania ျပည္နယ္မွာ ရင္ဆိုင္ေနရၿပီး စီးပြားေရးၿခိမ္းေျခာက္မႈႀကီး တစ္ခုလိုျဖစ္ေနပါတယ္။ “ဒီပိုးေကာင္ေထာင္ေပါင္းမ်ားစြာက ကြၽန္မမိသားစုရဲ႕ ေမပယ္ပင္ေတြကို က်ဴးေက်ာ္လာတယ္”လို႔ Rachel ကဆိုပါတယ္။ သစ္ပင္တစ္ဝိုက္မွာ ေစးကပ္ေနတဲ့ အဝါေရာင္ စည္းႀကိဳးေတြနဲ႔ ပိုးမႊားေတြကို ေထာင္ေခ်ာက္ဆင္တဲ့ လက္ရွိနည္းလမ္းဟာ အားနည္းခ်က္ရွိေၾကာင္း ေလ့လာေတြ႕ရွိၿပီးေနာက္ ထိေရာက္တဲ့ နည္းလမ္းသစ္ကို သူမ တီထြင္ခဲ့ပါတယ္။

၄။ Lauren Ejiaga

Louisiana ျပည္နယ္ ၊ New Orleans မွ အသက္ ၁၄ ႏွစ္အ႐ြယ္ Ejiaga ဟာ STEM Talent Award ေဒၚလာ ၁၀၀၀၀ ကိုရရွိခဲ့ပါတယ္၊ သူမဟာ အိုဇုန္း ေလ်ာ့က်လာမႈေၾကာင့္ ေနေရာင္မွလာတဲ့ ခရမ္းလြန္ေရာင္ျခည္ လက္ရွိအဆင့္ဟာ အပင္ေတြရဲ႕ ႀကီးထြားမႈႏွင့္ စြမ္းေဆာင္ရည္ကို ဘယ္လိုသက္ေရာက္ေစသလဲဆိုတာကို အဓိကထားၿပီး သုေတသနျပဳတဲ့အတြက္ ဆုရခဲ့တာ ျဖစ္ပါတယ္။

၅။ Alexis MacAvoy

California ျပည္နယ္၊ Hillsborough မွ အသက္ ၁၄ႏွစ္အ႐ြယ္ MacAvoy ဟာ က်န္းမာေရး တိုးတတ္မႈအတြက္ Robert Wood Johnson ေဖာင္ေဒးရွင္းက ေပးတဲ့ ေဒၚလာ ၁၀၀၀၀ တန္ဆုကို ရရွိခဲ့ပါတယ္။ သူမဟာ ေရထဲမွ heavy metals ေတြကို ဖယ္ရွားဖို႔ ကာဗြန္ကို အသုံးျပဳထားတဲ့ ေရစစ္ဒီဇိုင္းကို ျပဳလုပ္ခဲ့တာ ျဖစ္ပါတယ္။

Lifestyle_Myanmar

LM_Nandar

Source-boredpanda

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here