သဘာဝအလှတရားပုံတွေကို ဆံပင်ဒီဇိုင်းတွေအဖြစ် ပြောင်းလဲခဲ့တဲ့ အမေရိကန် အလှဖန်တီးရှင်တစ်ဦး

0
189

သင်လမ်းလျှောက်ရင်း ကောင်းကင်ပြာကြီးကို မော့ကြည့်ဘူးမှာပါနော်။ သဘာဝအလှတရားကြီးက အရမ်းလှပပါတယ်။ ကောင်းကင်ပြာပြာကြီးရဲ့ အလှ၊ ညနေခင်းဆည်းဆာအလှကို မနှစ်သက်တဲ့သူ မရှိလောက်ပါဘူး။ ဒါ့ပြင် သဘာဝအလှတရားကို ခံစားတတ်သူတွေ အတွက်တော့ မီးပွားတွေ လွှင့်နေတာ၊ မုန်တိုင်းထန်နေတာကလည်း အလှအပတစ်ခု ဖြစ်လာနိုင်ပါတယ်။ သင်မြင်တွေ့ရတဲ့ သဘာဝအလှအတိုင်း ဆံပင်အရောင်လိုချင်တယ်ဆိုရင် မဖြစ်နိုင်ဘူးလို့ ပြောကြပါလိမ့်မယ်။ ဒါပေမယ့် အမေရိကန် ဆံပင်စတိုင်လစ် တစ်ယောက်ဖြစ်တဲ့ Ursula Goff ဟာ မြောက်ပိုင်းအလင်းရောင်ကနေ သက်တန့်ရောင်အထိ သင်လိုချင်တဲ့ ဘယ်ပုံစံမဆို ပြောင်းလဲနိုင်ပါတယ်။ သူမဟာ ဓါတ်ပုံတွေကို အခြေခံပြီး ဖန်တီးထားတဲ့ ဆံပင်ဒီဇိုင်းတွေ မျှဝေလေ့ရှိသူပါ။ သူမရဲ့ ဖန်တီးချက်တွေက အရိုင်းဆန်တဲ့ ကာလာတွေကိုတောင် သိမ်မွေ့သွားအောင် ဖန်တီးနိုင်တာကို မြင်တွေ့ရပါတယ်။

#Lifestyle_Myanmar

LM_Nandar

#Lifestyle_Myanmar

LM_Nandar

LEAVE A REPLY

Please enter your comment!
Please enter your name here