သဘာဝပါဝင်ပစ္စည်းများဖြင့် ပေါင်းစပ်ဖန်တီးထားသော Citra ထုတ်ကုန်သစ်များကို မြန်မာနိုင်ငံဈေးကွက်တွင် စတင်မိတ်ဆက်

0
80


-Advertisement-





#Lifestyle_Myanmar

#Citra

Unicode

Unilever EAC Myanmar ကုမ္ပဏီမှ အသားအရေထိန်းသိမ်းရေးဆိုင်ရာ သဘာဝထုတ်ကုန် ဖြစ်သည့် Citra အမှတ်တံဆိပ် မိတ်ဆက်ပွဲကို ဖျော်ဖြေရေး အစီအစဉ်များဖြင့် ရန်ကုန်မြို့၊ Sule Shangrila ဟိုတယ်တွင် ယနေ့ ကျင်းပ ပြုလုပ်ခဲ့ပါတယ်။
Citra အမှတ်တံဆိပ်ဟာ အရှေ့တောင်အာရှ၏ ထိပ်တန်း အမှတ်တံဆိပ်ဖြစ်ပြီး အင်ဒိုနီးရှား နှင့် ထိုင်းနိုင်ငံ၏ ဈေးကွက်နံပါတ် ၁ အသားအရေထိန်းသိမ်းရေးဆိုင်ရာ သဘာဝထုတ်ကုန် အမှတ်တံဆိပ်တစ်ခုလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှ သုံးစွဲသူတွေအတွက် မိတ်ဆက်သည့် Citra အမှတ်တံဆိပ်တွင် သဘာဝပစ္စည်းများဖြင့်သာ ပြုလုပ်ထားသည့် လိုရှင်းနှင့် အသားဖြူဆပ်ပြာအမျိုးအစားများ ပါဝင်မည်ဖြစ်ပြီး အထူးအမျိုးအစားအနေဖြင့် သနပ်ခါးနှင့် သဘာ၀ မန်ကျည်းသီးတို့မှ ထုတ်လုပ်ထားသည့် Citra Natural White UV Aura သနပ်ခါးလိုရှင်းနှင့် အသားဖြူဆပ်ပြာသည် သုံးစွဲသူအမျိုးသမီးတွေအတွက် ဖြူဝင်းတောက်ပသော အသားအရေကို ပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်

အသားအရေ စေးကပ်မှုမရှိစေရန်နဲ့ ပူပြင်းသောနေရောင်မှ ကာကွယ်ပေးနိုင်ရန် ရည်ရွယ်၍ လိုရှင်းကို ထုတ်လုပ်ထားပြီး အသားဖြူဆပ်ပြာမှာလည်း ဆဲလ်အသေများကို ဖယ်ရှားပေးပြီး အသားအရေကို ပြန်လည်အားဖြည့်ပေးကာ ဖြူဝင်းသော အသားအရေပိုင်ဆိုင်နိုင်စေရန် ရည်ရွယ်ထားကြောင်း သိရပါတယ်။

အဆိုပါပွဲသို့ အနုပညာရှင်များ၊ influencer များ၊ micro-influencer မျာလည်း တက်ရောက်ခဲ့ကြပါတယ်။

#Lifestyle_Myanmar
#Citra

 

LEAVE A REPLY

Please enter your comment!
Please enter your name here