သတ္တိရှိတဲ့ ခရီးသွားတွေသာ သွားရဲကြမယ့် ကမ္ဘာတစ်ဝှမ်းက နေရာတစ်ချို့

0
161

၅လွှာလောက်ကနေ အောက်ကိုငုံ့ကြည့်တဲ့အခါ၊ အမြင့်တစ်နေရာကနေ အောက်ကို ငုံ့ကြည့်ရတာဟာ ကိုယ်တွေလို လူတွေအတွက် ခေါင်းမူးတာ ကြောက်ရွံ့တာ၊ စိုးရိမ်တာတွေနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။ ဒါပေမယ့် တချို့လူတွေ အတွက်တော့ ရင်ခုန်စရာကောင်းတဲ့အချိန်၊ ပျော်စရာကောင်းတဲ့ အချိန်တွေ ဖြစ်နိုင်ပါတယ်။

၁။ Jacob ရေတွင်း၊ အမေရိကန်နိုင်ငံ

ဒီနေရာကို Jacob ရဲ့ရေတွင်းလို့ သိကြပြီး အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်မှာ တည်ရှိပါတယ်။ ၎င်းရဲ့ အနက်ရှိုင်းဆုံးနေရာက ပေ၁၄၀ ခန့်ရှိပါတယ်။ ဒီရေတွင်းက ကမ္ဘာပေါ်မှာ အန္တရာယ်အများဆုံးနေရာတစ်ခုဖြစ်ပြီး ရေငှပ်သမားတွေ အသေအပျောက်ရှိကြပါတယ်။ ဒီနေရာကို သွားရောက်ကြည့်လိုလျှင် ၎င်းရဲ့ နက်ရှိုင်းမှောင်မိုက်တဲ့ ဂူကနေ ဝေးဝေးနေတာ ပိုကောင်းပါတယ်။

၂။ မှန်ရေကန်၊ အင်ဒိုနီးရှားနိုင်ငံ

ကျွန်တော်တို့တွေ ဒီလိုလမ်းလျှောက်နိုင်ချင်ကြပါတယ်၊ ဒါကတော့ အင်ဒိုနီးရှားရှိ meromictic လို့ခေါ်တဲ့ မှန်ရေကန် ဖြစ်ပါတယ်။ ရေအလွှာက ရောထွေးမနေပါဘူး။ အပေါ်ယံအလွှာက ခရစ်စတယ်လို ကြည်နေပြီး အေးမြပါတယ်။ အောက်ခြေအလွှာကတော့ နွေးပြီး အစိမ်းရောင်သန်းနေပါတယ်။

၃။ Cenote Ik-Kil ၊ မက္ကစီကို နိုင်ငံ

မက္ကစီကိုနိုင်ငံက Cenote Ik-Kil ဟာ ခမ်းနားလှပါတယ်။ ၎င်းရဲ့ သမိုင်းက အမှန်တကယ် စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ၎င်းရဲ့ နက်ရှိုင်းတဲ့ ရေထဲမှာ လက်ဝတ်ရတနာနှင့် အရိုးတွေရှာတွေ့တာကြောင့် ဘူမိဗေဒပညာရှင်များနှင့် ရှေးဟောင်းသုတေသနပညာရှင်များက မာယာလူမျိုးတွေ အထွတ်အမြတ်ထားရာ နေရာတစ်ခုအဖြစ် ထည့်သွင်းစဉ်းစားထားပါတယ်၊

၄။ Derawan ကျွန်း၊ အင်ဒိုနီးရှားနိုင်ငံ

တခါတရံမှာ သင်ဘယ်လောက် သေးငယ်ကြောင်း သိချင်ရင် အင်ဒိုနီးရှားနိုင်ငံ Derawan ကျွန်းမှာ ဝေလငါးမန်းတွေနှင့်အတူ ရေကူးနိုင်ပါတယ်။ ဒီသတ္တဝါတွေရဲ့ အရွယ်အစားက ဘက်စ်ကား တစ်စီးစာလောက် ရှိပါတယ်။ ကံကောင်းတာက ဝေလငါးမန်းတွေဟာ plankton တွေကိုစားပြီး လူတွေကို လုံးဝစိတ်မဝင်စားပါဘူး။

၅။ ရေအောက် ဥမင်လှိုင်ခေါင်း ၊ဟာဝိုင်ယီ

အင်စတာဂရမ်ပေါ်မှာ ရင်သပ်ရှုမောဖွယ် ဓါတ်ပုံတွေ မတင်ရသေးရင် ဟာဝိုင်ယီကို သွားလည်ဖို့ အကြံပြုပါတယ်။ ဂူအတွင်းပိုင်းပတ်ပတ်လည်မှာ လှိုင်းတံပိုးထနေတာကြောင့် အဲ့ဒီကို သွားရင်တော့ သတ္တိရှိဖို့ လိုပါတယ်။

၆။ Pigeon ဂူ၊ ခရိုအေးရှားနိုင်ငံ

ဒီဂူဟာ ခရိုအေးရှားနိုင်ငံ Pula အနီးမှာ တည်ရှိပါတယ်။ တချို့လူတွေက Pigeon (ခို) ဂူလို့ ခေါ်ကြပါတယ်။ ၎င်းက အွန်လိုင်းမှာ ရေပန်းစားလာပါတယ်။ အတွင်းပိုင်းကို သွားချင်ရင် လက်နှိပ်ဓါတ်မီး ယူသွားဖို့ မမေ့ပါနဲ့။

၇။ Overhanging ကျောက်တုံး ၊ ကယ်လီဖိုးနီးယားနိုင်ငံ

Overhanging ကျောက်တုံးဟာ ကယ်လီဖိုးနီးယားနိုင်ငံ Yosemite အမျိုးသားဥယျာဥ်ထဲမှ Glacier Point အနီးမှာ ရှိပါတယ်။ ချိုင့်ဝှမ်းရဲ့ ပေ ၃၂၀၀ ကျော်အမြင့်မှာ ရှိပါတယ်။ ဒီနေရာဟာ ဓါတ်ပုံရိုက်ဖို့ နိုင်ငံတကာ အသီးသီးက ခရီးသွားတွေကို ဆွဲဆောင်နေပါတယ်။

၈။ ဆွစ်ဇာလန်နိုင်ငံ

ဒီလို ဓါတ်ပုံရိုက်ချင်တဲ့သူတွေ ရှိမှာ သေချာပါတယ်။ ဒါက ဆွစ်ဇာလန်နိုင်ငံ Lac Lioson မှာ ဖြစ်ပါတယ်။ သွားဖို့ လက်မှတ်ဝယ်ပြီးသားဆိုရင် ဒီလိုအပေါက်တစ်ပေါက်ဖောက်ဖို့ tools တွေသယ်သွားဖို့ မမေ့ပါနဲ့နော်။

၉။ Carlsbad လှိုဏ်ဂူ၊ နယူးမက္ကစီကို

အမှောင်မကြောက်ဘူးဆိုရင် အတွေ့အကြုံရ ကြိုးနပ်မယ့် နေရာဖြစ်ပါတယ်။ Carlsbad လှိုဏ်ဂူဟာ နယူးမက္ကစီကို မှာရှိပြီး လျှို့ဝှက်ဆန်းကျယ်တွေနှင့်အတူ လူတွေရဲ့ စိတ်ကို စွဲမြဲစေပါတယ်။ ရှေးအကျဆုံးနေရာတစ်ခုဖြစ်ပြီး ကျွန်တော်တို့ ကမ္ဘာမြေပေါ်မှာ နာမည်အကြီးဆုံး ဂူစနစ်တွေရှိပါတယ်။

၁၀။ အယ်ဘာတာ ကနေဒါမြို့

ဒီနေရာကတော့ အရမ်းအေးချမ်းပြီး အံ့သြမိန်းမောသွားစေတဲ့ နေရာတစ်ခုပါ။ ဒီတိတ်ဆိတ်တဲ့ နေရာကို အယ်ဘာတာရဲ့ ကနေဒါမြို့အနီး မှာ ရှာတွေ့နိုင်ပါတယ်။ ရေပြာပြာနှင့် အစိမ်းရောင်သစ်ပင်တွေက လေနှင့်အတူ လတ်ဆတ်တဲ့ ကလေးချော့တေးတစ်ပုဒ် ဆိုပြပါလိမ့်မယ်။

Lifestyle_Myanmar

LM_Nandar

ZawGyi

သတၱိရွိတဲ့ ခရီးသြားေတြသာ သြားရဲၾကမယ့္ ကမာၻတစ္ဝွမ္းက ေနရာတစ္ခ်ိဳ႕
၅လႊာေလာက္ကေန ေအာက္ကိုငုံ႔ၾကည့္တဲ့အခါ၊ အျမင့္တစ္ေနရာကေန ေအာက္ကို ငုံ႔ၾကည့္ရတာဟာ ကိုယ္ေတြလို လူေတြအတြက္ ေခါင္းမူးတာ ေၾကာက္႐ြံ႕တာ၊ စိုးရိမ္တာေတြနဲ႔ ရင္ဆိုင္ရႏိုင္ပါတယ္။ ဒါေပမယ့္ တခ်ိဳ႕လူေတြ အတြက္ေတာ့ ရင္ခုန္စရာေကာင္းတဲ့အခ်ိန္၊ ေပ်ာ္စရာေကာင္းတဲ့ အခ်ိန္ေတြ ျဖစ္ႏိုင္ပါတယ္။

၁။ Jacob ေရတြင္း၊ အေမရိကန္ႏိုင္ငံ

ဒီေနရာကို Jacob ရဲ႕ေရတြင္းလို႔ သိၾကၿပီး အေမရိကန္ႏိုင္ငံ တကၠဆက္ျပည္နယ္မွာ တည္ရွိပါတယ္။ ၎ရဲ႕ အနက္ရႈိင္းဆုံးေနရာက ေပ၁၄၀ ခန္႔ရွိပါတယ္။ ဒီေရတြင္းက ကမာၻေပၚမွာ အႏၲရာယ္အမ်ားဆုံးေနရာတစ္ခုျဖစ္ၿပီး ေရငွပ္သမားေတြ အေသအေပ်ာက္ရွိၾကပါတယ္။ ဒီေနရာကို သြားေရာက္ၾကည့္လိုလွ်င္ ၎ရဲ႕ နက္ရႈိင္းေမွာင္မိုက္တဲ့ ဂူကေန ေဝးေဝးေနတာ ပိုေကာင္းပါတယ္။

၂။ မွန္ေရကန္၊ အင္ဒိုနီးရွားႏိုင္ငံ

ကြၽန္ေတာ္တို႔ေတြ ဒီလိုလမ္းေလွ်ာက္ႏိုင္ခ်င္ၾကပါတယ္၊ ဒါကေတာ့ အင္ဒိုနီးရွားရွိ meromictic လို႔ေခၚတဲ့ မွန္ေရကန္ ျဖစ္ပါတယ္။ ေရအလႊာက ေရာေထြးမေနပါဘူး။ အေပၚယံအလႊာက ခရစ္စတယ္လို ၾကည္ေနၿပီး ေအးျမပါတယ္။ ေအာက္ေျခအလႊာကေတာ့ ေႏြးၿပီး အစိမ္းေရာင္သန္းေနပါတယ္။

၃။ Cenote Ik-Kil ၊ မကၠစီကို ႏိုင္ငံ

မကၠစီကိုႏိုင္ငံက Cenote Ik-Kil ဟာ ခမ္းနားလွပါတယ္။ ၎ရဲ႕ သမိုင္းက အမွန္တကယ္ စိတ္ဝင္စားဖို႔ ေကာင္းပါတယ္။ ၎ရဲ႕ နက္ရႈိင္းတဲ့ ေရထဲမွာ လက္ဝတ္ရတနာႏွင့္ အ႐ိုးေတြရွာေတြ႕တာေၾကာင့္ ဘူမိေဗဒပညာရွင္မ်ားႏွင့္ ေရွးေဟာင္းသုေတသနပညာရွင္မ်ားက မာယာလူမ်ိဳးေတြ အထြတ္အျမတ္ထားရာ ေနရာတစ္ခုအျဖစ္ ထည့္သြင္းစဥ္းစားထားပါတယ္၊

၄။ Derawan ကြၽန္း၊ အင္ဒိုနီးရွားႏိုင္ငံ

တခါတရံမွာ သင္ဘယ္ေလာက္ ေသးငယ္ေၾကာင္း သိခ်င္ရင္ အင္ဒိုနီးရွားႏိုင္ငံ Derawan ကြၽန္းမွာ ေဝလငါးမန္းေတြႏွင့္အတူ ေရကူးႏိုင္ပါတယ္။ ဒီသတၱဝါေတြရဲ႕ အ႐ြယ္အစားက ဘက္စ္ကား တစ္စီးစာေလာက္ ရွိပါတယ္။ ကံေကာင္းတာက ေဝလငါးမန္းေတြဟာ plankton ေတြကိုစားၿပီး လူေတြကို လုံးဝစိတ္မဝင္စားပါဘူး။

၅။ ေရေအာက္ ဥမင္လႈိင္ေခါင္း ၊ဟာဝိုင္ယီ

အင္စတာဂရမ္ေပၚမွာ ရင္သပ္ရႈေမာဖြယ္ ဓါတ္ပုံေတြ မတင္ရေသးရင္ ဟာဝိုင္ယီကို သြားလည္ဖို႔ အႀကံျပဳပါတယ္။ ဂူအတြင္းပိုင္းပတ္ပတ္လည္မွာ လႈိင္းတံပိုးထေနတာေၾကာင့္ အဲ့ဒီကို သြားရင္ေတာ့ သတၱိရွိဖို႔ လိုပါတယ္။

၆။ Pigeon ဂူ၊ ခ႐ိုေအးရွားႏိုင္ငံ

ဒီဂူဟာ ခ႐ိုေအးရွားႏိုင္ငံ Pula အနီးမွာ တည္ရွိပါတယ္။ တခ်ိဳ႕လူေတြက Pigeon (ခို) ဂူလို႔ ေခၚၾကပါတယ္။ ၎က အြန္လိုင္းမွာ ေရပန္းစားလာပါတယ္။ အတြင္းပိုင္းကို သြားခ်င္ရင္ လက္ႏွိပ္ဓါတ္မီး ယူသြားဖို႔ မေမ့ပါနဲ႔။

၇။ Overhanging ေက်ာက္တုံး ၊ ကယ္လီဖိုးနီးယားႏိုင္ငံ

Overhanging ေက်ာက္တုံးဟာ ကယ္လီဖိုးနီးယားႏိုင္ငံ Yosemite အမ်ိဳးသားဥယ်ာဥ္ထဲမွ Glacier Point အနီးမွာ ရွိပါတယ္။ ခ်ိဳင့္ဝွမ္းရဲ႕ ေပ ၃၂၀၀ ေက်ာ္အျမင့္မွာ ရွိပါတယ္။ ဒီေနရာဟာ ဓါတ္ပုံ႐ိုက္ဖို႔ ႏိုင္ငံတကာ အသီးသီးက ခရီးသြားေတြကို ဆြဲေဆာင္ေနပါတယ္။

၈။ ဆြစ္ဇာလန္ႏိုင္ငံ

ဒီလို ဓါတ္ပုံ႐ိုက္ခ်င္တဲ့သူေတြ ရွိမွာ ေသခ်ာပါတယ္။ ဒါက ဆြစ္ဇာလန္ႏိုင္ငံ Lac Lioson မွာ ျဖစ္ပါတယ္။ သြားဖို႔ လက္မွတ္ဝယ္ၿပီးသားဆိုရင္ ဒီလိုအေပါက္တစ္ေပါက္ေဖာက္ဖို႔ tools ေတြသယ္သြားဖို႔ မေမ့ပါနဲ႔ေနာ္။

၉။ Carlsbad လႈိဏ္ဂူ၊ နယူးမကၠစီကို

အေမွာင္မေၾကာက္ဘူးဆိုရင္ အေတြ႕အႀကဳံရ ႀကိဳးနပ္မယ့္ ေနရာျဖစ္ပါတယ္။ Carlsbad လႈိဏ္ဂူဟာ နယူးမကၠစီကို မွာရွိၿပီး လွ်ိဳ႕ဝွက္ဆန္းက်ယ္ေတြႏွင့္အတူ လူေတြရဲ႕ စိတ္ကို စြဲၿမဲေစပါတယ္။ ေရွးအက်ဆုံးေနရာတစ္ခုျဖစ္ၿပီး ကြၽန္ေတာ္တို႔ ကမာၻေျမေပၚမွာ နာမည္အႀကီးဆုံး ဂူစနစ္ေတြရွိပါတယ္။

၁၀။ အယ္ဘာတာ ကေနဒါၿမိဳ႕

ဒီေနရာကေတာ့ အရမ္းေအးခ်မ္းၿပီး အံ့ၾသမိန္းေမာသြားေစတဲ့ ေနရာတစ္ခုပါ။ ဒီတိတ္ဆိတ္တဲ့ ေနရာကို အယ္ဘာတာရဲ႕ ကေနဒါၿမိဳ႕အနီး မွာ ရွာေတြ႕ႏိုင္ပါတယ္။ ေရျပာျပာႏွင့္ အစိမ္းေရာင္သစ္ပင္ေတြက ေလႏွင့္အတူ လတ္ဆတ္တဲ့ ကေလးေခ်ာ့ေတးတစ္ပုဒ္ ဆိုျပပါလိမ့္မယ္။

Lifestyle_Myanmar

LM_Nandar

LEAVE A REPLY

Please enter your comment!
Please enter your name here