သစ်သီးဝလံတွေနဲ့ ဟင်းသီးဟင်းရွက်တွေကို သေသေချာချာ သိုလှောင်သိမ်းဆည်းနည်းတွေ

0
44

ဟင်းသီးဟင်းရွက်တွေနဲ့ သစ်သီးဝလံတွေဆိုတာက ဝယ်လာပြီးနောက် ချက်ချင်းစားတော့မှ လတ်လတ်ဆတ်ဆတ်ရှိတာပါ။ ဒါပေမယ့်လည်း အကြောင်းအမျိုးမျိုးကြောင့် ချက်ချင်းမစားဖြစ်တာ၊ မကုန်တာမျိုးတွေမှာ ဒီအတိုင်းထားလိုက်မယ်ဆိုရင် အချိန်တိုအတွင်းမှာပဲ ပုပ်သိုးသွားလို့ လွှင့်ပစ်လိုက်ရပါလိမ့်မယ်။ ကိုယ်ကပိုက်ဆံတွေအကုန်အကျခံပြီး ဝယ်လာခဲ့တဲ့ အစားအသောက်တွေ သိုးသွားလို့ အလဟဿလွှင့်ပစ်လိုက်ရတာမျိုးကို မလိုလားဘူးဆိုရင်တော့ အခုပြောပြပေးမယ့် နည်းလမ်းလေးတွေကို အသုံးပြုကြည့်လိုက်ပါ။

-Advertisement-

အသီးအနှံတွေ ဆေးကြောပြီးသွားတဲ့အခါ

ဝယ်လာတဲ့သစ်သီးတွေကို စားမယ့်ပမာဏနဲ့ရောပြီးတော့ အကုန်လုံးကိုရေဆေးမိလိုက်တယ်ဆိုရင် လေလုံတဲ့ဘူးတွေထဲမှာ ထည့်သိမ်းပေးပါ။ အပိတ်မရှိတဲ့ လေဟာပြင်ထဲမှာ ဒီအတိုင်းထားလိုက်မိမယ်ဆိုရင် ကြာကြာသိပ်မခံတဲ့ စပျစ်သီးတွေနဲ့ ဘယ်ရီသီးတွေက အချိန်တိုအတွင်းမှာ ပုပ်သွားပါလိမ့်မယ်။

ကိုယ်အသုံးပြုမယ့် ပလတ်စတစ်ဘူးတွေကို ရွေးချယ်ရာမှာလည်း ဥာဏ်ရှိရမှာဖြစ်ပါတယ်။ ဘူးသေးလေးတွေထဲမှာ ထည့်သိမ်းမယ်ဆိုရင်တော့ အပြင်သွားတဲ့အခါ ကိုယ်စားချင်တဲ့အသီးဘူးကိုယူပြီးတော့ လွယ်လွယ်သယ်သွားနိုင်မှာပါ။

အခုလေးတင်ဝယ်လာတဲ့ ဟင်းသီးဟင်းရွက်တွေကို သိမ်းမယ့်အခါ

ဥပမာအနေနဲ့ ခရမ်းချဥ်သီးတွေဆိုရင် ဝယ်လာပြီးပြီးချင်း လေလုံတဲ့နေရာတွေကနေ ထုတ်လိုက်ပြီး အပြင်မှာသပ်သပ်ထားပေးမှသာလျှင် ပြည့်ပြည့်ဝဝ မှည့်ဝင်းနိုင်မှာဖြစ်ပါတယ်။ ထိုမှသာ ဟင်းလျာတွေချက်ပြုတ်ရာမှာလည်း ပိုပြီးအရသာရှိစေမှာပါ။ သို့သော်လည်း တစ်ခုရှိတာကတော့ ခရမ်းချဥ်သီးအလုံးသေးတွေနဲ့ ချယ်ရီခရမ်းချဥ်သီးလေးတွေကိုတော့ လေလုံမယ့်ဘူးတွေ သို့မဟုတ် ပိတ်လို့ရတဲ့အိတ်ထဲမှာသိမ်းဆည်းပြီး ရေခဲသေတ္တာထဲထည့်ပေးလိုက်ပါ။

ချက်ချင်းအသုံးမပြုသေးဘူးဆိုရင်

single use plastic packaging issue. fruits and vegetables in plastic bags

စူပါမားကတ်တွေကနေ အသီးအနှံတွေ၊ ဟင်းသီးဟင်းရွက်တွေ ဝယ်လာခဲ့ပေမယ့်လည်း ချက်ချင်းအသုံးမပြုနိုင်သေးဘူးဆိုရင် ဘူးတွေထဲကမထုတ်သေးဘဲ မူလပုံစံနဲ့ပဲ ရေခဲသေတ္တာထဲမှာ ထည့်သိမ်းလိုက်ပါ။ ရေဆေးလိုက်မယ်ဆိုရင် အသီးတွေရှုံ့တွသွားပြီး သုံးမရဖြစ်စေနိုင်လို့ မသုံးခင်အထိ မထိပါနဲ့။

#Lifestyle_Myanmar

#Thinzar

Ref-sheknows

Zawgyi

သစ္သီးဝလံေတြနဲ႔ ဟင္းသီးဟင္း႐ြက္ေတြကို ေသေသခ်ာခ်ာ သိုေလွာင္သိမ္းဆည္းနည္းေတြ

ဟင္းသီးဟင္း႐ြက္ေတြနဲ႔ သစ္သီးဝလံေတြဆိုတာက ဝယ္လာၿပီးေနာက္ ခ်က္ခ်င္းစားေတာ့မွ လတ္လတ္ဆတ္ဆတ္ရွိတာပါ။ ဒါေပမယ့္လည္း အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ခ်က္ခ်င္းမစားျဖစ္တာ၊ မကုန္တာမ်ိဳးေတြမွာ ဒီအတိုင္းထားလိုက္မယ္ဆိုရင္ အခ်ိန္တိုအတြင္းမွာပဲ ပုပ္သိုးသြားလို႔ လႊင့္ပစ္လိုက္ရပါလိမ့္မယ္။ ကိုယ္ကပိုက္ဆံေတြအကုန္အက်ခံၿပီး ဝယ္လာခဲ့တဲ့ အစားအေသာက္ေတြ သိုးသြားလို႔ အလဟႆလႊင့္ပစ္လိုက္ရတာမ်ိဳးကို မလိုလားဘူးဆိုရင္ေတာ့ အခုေျပာျပေပးမယ့္ နည္းလမ္းေလးေတြကို အသုံးျပဳၾကည့္လိုက္ပါ။

အသီးအႏွံေတြ ေဆးေၾကာၿပီးသြားတဲ့အခါ

ဝယ္လာတဲ့သစ္သီးေတြကို စားမယ့္ပမာဏနဲ႔ေရာၿပီးေတာ့ အကုန္လုံးကိုေရေဆးမိလိုက္တယ္ဆိုရင္ ေလလုံတဲ့ဘူးေတြထဲမွာ ထည့္သိမ္းေပးပါ။ အပိတ္မရွိတဲ့ ေလဟာျပင္ထဲမွာ ဒီအတိုင္းထားလိုက္မိမယ္ဆိုရင္ ၾကာၾကာသိပ္မခံတဲ့ စပ်စ္သီးေတြနဲ႔ ဘယ္ရီသီးေတြက အခ်ိန္တိုအတြင္းမွာ ပုပ္သြားပါလိမ့္မယ္။

ကိုယ္အသုံးျပဳမယ့္ ပလတ္စတစ္ဘူးေတြကို ေ႐ြးခ်ယ္ရာမွာလည္း ဥာဏ္ရွိရမွာျဖစ္ပါတယ္။ ဘူးေသးေလးေတြထဲမွာ ထည့္သိမ္းမယ္ဆိုရင္ေတာ့ အျပင္သြားတဲ့အခါ ကိုယ္စားခ်င္တဲ့အသီးဘူးကိုယူၿပီးေတာ့ လြယ္လြယ္သယ္သြားႏိုင္မွာပါ။

အခုေလးတင္ဝယ္လာတဲ့ ဟင္းသီးဟင္း႐ြက္ေတြကို သိမ္းမယ့္အခါ

ဥပမာအေနနဲ႔ ခရမ္းခ်ဥ္သီးေတြဆိုရင္ ဝယ္လာၿပီးၿပီးခ်င္း ေလလုံတဲ့ေနရာေတြကေန ထုတ္လိုက္ၿပီး အျပင္မွာသပ္သပ္ထားေပးမွသာလွ်င္ ျပည့္ျပည့္ဝဝ မွည့္ဝင္းႏိုင္မွာျဖစ္ပါတယ္။ ထိုမွသာ ဟင္းလ်ာေတြခ်က္ျပဳတ္ရာမွာလည္း ပိုၿပီးအရသာရွိေစမွာပါ။ သို႔ေသာ္လည္း တစ္ခုရွိတာကေတာ့ ခရမ္းခ်ဥ္သီးအလုံးေသးေတြနဲ႔ ခ်ယ္ရီခရမ္းခ်ဥ္သီးေလးေတြကိုေတာ့ ေလလုံမယ့္ဘူးေတြ သို႔မဟုတ္ ပိတ္လို႔ရတဲ့အိတ္ထဲမွာသိမ္းဆည္းၿပီး ေရခဲေသတၱာထဲထည့္ေပးလိုက္ပါ။

ခ်က္ခ်င္းအသုံးမျပဳေသးဘူးဆိုရင္

စူပါမားကတ္ေတြကေန အသီးအႏွံေတြ၊ ဟင္းသီးဟင္း႐ြက္ေတြ ဝယ္လာခဲ့ေပမယ့္လည္း ခ်က္ခ်င္းအသုံးမျပဳႏိုင္ေသးဘူးဆိုရင္ ဘူးေတြထဲကမထုတ္ေသးဘဲ မူလပုံစံနဲ႔ပဲ ေရခဲေသတၱာထဲမွာ ထည့္သိမ္းလိုက္ပါ။ ေရေဆးလိုက္မယ္ဆိုရင္ အသီးေတြရႈံ႕တြသြားၿပီး သုံးမရျဖစ္ေစႏိုင္လို႔ မသုံးခင္အထိ မထိပါနဲ႔။

LEAVE A REPLY

Please enter your comment!
Please enter your name here