၁။ ပ်ားလိေမၼာ္စိုက္နည္း
ပ်ားလိေမၼာ္အပင္ဟာ အရြယ္အစား ၁၀လက္မ ၁၅ လက္မေလာက္ပဲရွိတာေၾကာင့္ သင့္အိမ္အတြက္လည္း ေနရာအရမ္းမယူပါဘူး။ အဆိုပါ ပ်ားလိေမၼာ္ပင္ကိုစိုက္မယ္ဆိုလွ်င္ေနေရာင္ျခည္နဲ႔ တိုက္႐ိုက္က်ေရာက္တဲ့ေနရာမဟုတ္တဲ့ ေနရာမွာ စိုက္ပ်ိဳးေပးပါ။ မၾကာခဏ ေျမဆီလႊာနဲ႔ ေရကို မၾကာခဏ ဂ႐ုစိုက္ေပးပါ။ ေရေလာင္းတဲ့အခါ ရႊဲစိုေနစရာမလိုဘဲ အနည္းငယ္အစိုဓာတ္ရလွ်င္ အဆင္ေျပပါတယ္။ အဆိုပါ အပင္ကို ေႏြဦးကာလ သို႔မဟုတ္ ေႏြရာသီအေစာပိုင္းမွာ စိုက္ပ်ိဳးတာ ပိုေကာင္းပါတယ္။ လိေမၼာ္အမ်ိဳးအစားေပၚမူတည္ၿပီး ၄ ႏွစ္ကေန ၇ႏွစ္အထိ အသီးအပြင့္မ်ား သီးပြင့္ေပးပါတယ္။
၂။ သံပုရာ
သံပုရာပင္ဟာေရအရမ္းႀကိဳက္တဲ့ အပင္မ်ိဳးျဖစ္ပါတယ္။ ဒါ့ေၾကာင့္ သံပုရာပင္စိုက္ထားတဲ့အခါမွာ တစ္ပတ္ကို ၂ ႀကိမ္ ၃ႀကိမ္ေရေလာင္းေပးျခင္း၊ ေျမဆီလႊာေပါင္းတင္ေပးျခင္းတို႔ကို ျပဳလုပ္ေပးသင့္ပါတယ္။ အရြယ္ေရာက္ၿပီးတဲ့ အပင္မ်ားဟာ ေနေရာင္ျခည္တစ္ေန႔ကို ၁၀ နာရီမွ ၁၄ နာရီအထိလိုအပ္ၿပီး အနည္းဆုံးေတာ့ ၈နာရီေလာက္လိုအပ္ပါတယ္။ အိုးထဲထည့္ၿပီး စိုက္ပ်ိဳးတဲ့အခါ ေရႏုတ္ေျမာင္းေပါက္ေတြကတစ္ဆင့္ အျမစ္ေတြထြက္လာတဲ့အခါ ဒီထက္ပိုႀကီးတဲ့အိုးမ်ိဳး၊ ဒါမွမဟုတ္ ေျမျပင္ေပၚမွာ ေျပာင္းေရြ႕စိုက္ပ်ိဳးေပးသင့္ပါတယ္။ အဆိုပါ အပင္ဟာ ၅ႏွစ္ကေန ၁၅ႏွစ္ထိ သက္တမ္းရွည္ႏိုင္ပါတယ္။
၃။ ေထာပတ္သီး

ေထာပတ္သီးကို စိုက္ပ်ိဳးတဲ့အခါ အရင္ဦးဆုံး ေထာပတ္သီးေစ့ကို ေျမဆီလႊာထဲ မထည့္ခင္ အရင္ဦးဆုံး သြားၾကားထိုးတံ ၄ေခ်ာင္းကိုယူၿပီး ေထာပတ္သီးေစ့ကို ေလးဘက္ေလးလံမွာ ထိုးသြင္းထားေပးပါ။ ၿပီးရင္ ဖန္ခြက္ထဲသို႔ ေရထည့္ၿပီး အဆိုပါဖန္ခြက္ေပၚမွာ သြားၾကားထိုးတံျဖင့္ ထိုးထားတဲ့ေထာပတ္သီးကို ပုံမွာေဖာ္ျပထားတဲ့အတိုင္းတင္ထားေပးပါ။ အျမစ္ထြက္လာဖို႔အတြက္ ၂ပတ္ကေန ၆ပတ္အထိၾကာႏိုင္ၿပီး ေနေရာင္ျခည္က်ေရာက္တဲ့ ပူေႏြးတဲ့ေနရာမွာ ဖန္ခြက္ကိုထားထားေပးပါ။ ဇြန္လမွ မတ္လအတြင္းမွာ စိုက္ပ်ိဳးရန္ ပိုေကာင္းၿပီး တစ္ပတ္ကို ၂ႀကိမ္ ၃ႀကိမ္ ေရေလာင္းေပးဖို႔လိုအပ္ပါတယ္။ အျမစ္ထြက္လာတဲ့အခါက်မွ ေျမႀကီးေပၚတြင္ ခ်စိုက္ေပးပါ။ အဆိုပါ ေထာပတ္ပင္ဟာ ၅ႏွစ္ကေန ၁၃ႏွစ္အထိ သက္တမ္းရွည္ပါတယ္။
၄။ သစ္ေတာ္သီး
သစ္ေတာ္သီးပင္စိုက္ပ်ိဳးတဲ့အခါ စိုထိုင္းတဲ့သစ္ေဆြးနဲ႔ေရညွိတဲ့ေနတဲ့ ေျမဆီလႊာမ်ိဳးကို ပလက္စတစ္အိတ္ ထဲထည့္ၿပီး မ်ိဳးေစ့ကိုစိုက္ပ်ိဳးေပးပါ။ ေရခဲေသတၱာထဲသို႔ ထိုမ်ိဳးေစ့ခ်ထားတဲ့အိတ္ကို ၂လ ၃လအထိ သိုေလွာင္ထားေပးပါ။ အဲ့ဒီေနာက္ အဆိုပါ မ်ိဳးေစ့ကို ယူၿပီး အနည္းငယ္ေႏြးတဲ့ေရျဖင့္ ၂ရက္ ေလာက္စိမ္ထားေပးပါ။ ၿပီးမွ အဆိုပါ မ်ိဳးေစ့ကို စိုစြတ္တဲ့ ေျမေဆြးေျမဆီလႊာထဲမွာ စိုက္ပ်ိဳးေပးႏိုင္ပါတယ္။ ေနေရာင္ျခည္ကိုအနည္းဆုံးတစ္ေနလွ်င္ ၆နာရီရရွိဖို႔လိုအပ္ပါတယ္။ ၃ႏွစ္ကေန ၁၀ႏွစ္အထိ အသီး သီးႏိုင္ပါတယ္။
၅။ ပန္းသီး
ပန္သီးပင္စိုက္ပ်ိဳးတဲ့အခါ ပန္းသီးမ်ိဳးေစ့ ၂ေစ့ေလာက္ကို ယူၿပီး စိုထိုင္းတဲ့ စကၠဴျဖင့္ ထုတ္ပိုးပါ။ ၿပီးလွ်င္ အဆိုပါ ထုပ္ပိုးထားတဲ့အိတ္ကို ေနာက္ထပ္ ပလက္စတစ္အိတ္ျဖင့္ထုတ္ပိုးၿပီး ေရခဲေသတၱာထဲတြင္ ရက္ေပါင္း ၇၀-၈၀ ေလာက္ထိ ထားထားေပးပါ။ ပန္းသီးပင္ကို ေဆာင္းအကုန္ ေႏြဦးကာလအေစာ ပိုင္းမွာစိုက္ပ်ိဳးရန္ ေကာင္းမြန္ပါတယ္။ ေနေရာင္ျခည္လုံလုံေလာက္ေလာက္ရရွိဖို႔အတြင္ မ်ိဳးေစ့စိုက္ပ်ိဳးထားတဲ့အိုးကို ျပတင္းေပါက္လိုေနရာမ်ိဳးမွာ ထားထားေပးပါ။ ၁၀-၁၂ရက္အတြင္း ေရေလာင္းေပးပါ။ အပင္ႀကီးထြားလာေတာ့မွ ေရကို ရက္ခြာေလာင္းေပးပါ။ ပန္းသီးပင္ဟာ ၈ႏွစ္မွ ၁၀ႏွစ္အထိ အသီး သီးႏိုင္ပါတယ္။
၆။ ခ်ယ္ရီသီး
ခ်ယ္ရီသီးပင္စိုက္ပ်ိဳးတဲ့အခါ မ်ိဳးေစ့ကို ပလက္စတစ္အိတ္ထဲထည့္ၿပီး ေရခဲေသတၱာထဲမွာ ၁၀ပတ္ေလာက္ထားထားေပးပါ။ အပင္ေပါက္အဆင္သင့္ရွိရင္ေတာ့ ေျမဆီလႊာထဲမွာ စိုက္ပ်ိဳးေပးႏုိင္ပါတယ္။ ခ်ယ္ရီပင္ဟာ ေနေရာင္ျခည္နဲ႔ ေလေကာင္းေလသန္႔ရရွိဖို႔ မ်ားမ်ားလိုအပ္ပါတယ္။ ေရႏုတ္ေျမာင္းရွိတဲ့ ေနရာ၊ ေျမၾသဇာ၊ သဲေျမဆီလႊာကို ပိုႀကိဳက္ပါတယ္။ စိုစြတ္တဲ့ေျမဆီလႊာမွာစိုက္ပ်ိဳးေပးသင့္ၿပီး အသီးသီးဖို႔အတြက္ ၇ႏွစ္ကေန ၁၀ႏွစ္အထိေစာင့္ဆိုင္းရပါလိမ့္မယ္။
#Lifestyle_Myanmar
#Thar_Nage
Unicode
တစ်ပိုင်တစ်နိုင်စားသုံးဖို့အတွက် အပင်စိုက်နည်း
၁။ ပျားလိမ္မော်စိုက်နည်း
ပျားလိမ္မော်အပင်ဟာ အရွယ်အစား ၁၀လက်မ ၁၅ လက်မလောက်ပဲရှိတာကြောင့် သင့်အိမ်အတွက်လည်း နေရာအရမ်းမယူပါဘူး။ အဆိုပါ ပျားလိမ္မော်ပင်ကိုစိုက်မယ်ဆိုလျှင်နေရောင်ခြည်နဲ့ တိုက်ရိုက်ကျရောက်တဲ့နေရာမဟုတ်တဲ့ နေရာမှာ စိုက်ပျိုးပေးပါ။ မကြာခဏ မြေဆီလွှာနဲ့ ရေကို မကြာခဏ ဂရုစိုက်ပေးပါ။ ရေလောင်းတဲ့အခါ ရွှဲစိုနေစရာမလိုဘဲ အနည်းငယ်အစိုဓာတ်ရလျှင် အဆင်ပြေပါတယ်။ အဆိုပါ အပင်ကို နွေဦးကာလ သို့မဟုတ် နွေရာသီအစောပိုင်းမှာ စိုက်ပျိုးတာ ပိုကောင်းပါတယ်။ လိမ္မော်အမျိုးအစားပေါ်မူတည်ပြီး ၄ နှစ်ကနေ ရနှစ်အထိ အသီးအပွင့်များ သီးပွင့်ပေးပါတယ်။
၂။ သံပုရာ
သံပုရာပင်ဟာရေအရမ်းကြိုက်တဲ့ အပင်မျိုးဖြစ်ပါတယ်။ ဒါ့ကြောင့် သံပုရာပင်စိုက်ထားတဲ့အခါမှာ တစ်ပတ်ကို ၂ ကြိမ် ၃ကြိမ်ရေလောင်းပေးခြင်း၊ မြေဆီလွှာပေါင်းတင်ပေးခြင်းတို့ကို ပြုလုပ်ပေးသင့်ပါတယ်။ အရွယ်ရောက်ပြီးတဲ့ အပင်များဟာ နေရောင်ခြည်တစ်နေ့ကို ၁၀ နာရီမှ ၁၄ နာရီအထိလိုအပ်ပြီး အနည်းဆုံးတော့ ၈နာရီလောက်လိုအပ်ပါတယ်။ အိုးထဲထည့်ပြီး စိုက်ပျိုးတဲ့အခါ ရေနုတ်မြောင်းပေါက်တွေကတစ်ဆင့် အမြစ်တွေထွက်လာတဲ့အခါ ဒီထက်ပိုကြီးတဲ့အိုးမျိုး၊ ဒါမှမဟုတ် မြေပြင်ပေါ်မှာ ပြောင်းရွေ့စိုက်ပျိုးပေးသင့်ပါတယ်။ အဆိုပါ အပင်ဟာ ၅နှစ်ကနေ ၁၅နှစ်ထိ သက်တမ်းရှည်နိုင်ပါတယ်။
၃။ ထောပတ်သီး
ထောပတ်သီးကို စိုက်ပျိုးတဲ့အခါ အရင်ဦးဆုံး ထောပတ်သီးစေ့ကို မြေဆီလွှာထဲ မထည့်ခင် အရင်ဦးဆုံး သွားကြားထိုးတံ ၄ချောင်းကိုယူပြီး ထောပတ်သီးစေ့ကို လေးဘက်လေးလံမှာ ထိုးသွင်းထားပေးပါ။ ပြီးရင် ဖန်ခွက်ထဲသို့ ရေထည့်ပြီး အဆိုပါဖန်ခွက်ပေါ်မှာ သွားကြားထိုးတံဖြင့် ထိုးထားတဲ့ထောပတ်သီးကို ပုံမှာဖော်ပြထားတဲ့အတိုင်းတင်ထားပေးပါ။ အမြစ်ထွက်လာဖို့အတွက် ၂ပတ်ကနေ ၆ပတ်အထိကြာနိုင်ပြီး နေရောင်ခြည်ကျရောက်တဲ့ ပူနွေးတဲ့နေရာမှာ ဖန်ခွက်ကိုထားထားပေးပါ။ ဇွန်လမှ မတ်လအတွင်းမှာ စိုက်ပျိုးရန် ပိုကောင်းပြီး တစ်ပတ်ကို ၂ကြိမ် ၃ကြိမ် ရေလောင်းပေးဖို့လိုအပ်ပါတယ်။ အမြစ်ထွက်လာတဲ့အခါကျမှ မြေကြီးပေါ်တွင် ချစိုက်ပေးပါ။ အဆိုပါ ထောပတ်ပင်ဟာ ၅နှစ်ကနေ ၁၃နှစ်အထိ သက်တမ်းရှည်ပါတယ်။
၄။ သစ်တော်သီး
သစ်တော်သီးပင်စိုက်ပျိုးတဲ့အခါ စိုထိုင်းတဲ့သစ်ဆွေးနဲ့ရေညှိတဲ့နေတဲ့ မြေဆီလွှာမျိုးကို ပလက်စတစ်အိတ် ထဲထည့်ပြီး မျိုးစေ့ကိုစိုက်ပျိုးပေးပါ။ ရေခဲသေတ္တာထဲသို့ ထိုမျိုးစေ့ချထားတဲ့အိတ်ကို ၂လ ၃လအထိ သိုလှောင်ထားပေးပါ။ အဲ့ဒီနောက် အဆိုပါ မျိုးစေ့ကို ယူပြီး အနည်းငယ်နွေးတဲ့ရေဖြင့် ၂ရက် လောက်စိမ်ထားပေးပါ။ ပြီးမှ အဆိုပါ မျိုးစေ့ကို စိုစွတ်တဲ့ မြေဆွေးမြေဆီလွှာထဲမှာ စိုက်ပျိုးပေးနိုင်ပါတယ်။ နေရောင်ခြည်ကိုအနည်းဆုံးတစ်နေလျှင် ၆နာရီရရှိဖို့လိုအပ်ပါတယ်။ ၃နှစ်ကနေ ၁၀နှစ်အထိ အသီး သီးနိုင်ပါတယ်။
၅။ ပန်းသီး
ပန်သီးပင်စိုက်ပျိုးတဲ့အခါ ပန်းသီးမျိုးစေ့ ၂စေ့လောက်ကို ယူပြီး စိုထိုင်းတဲ့ စက္ကူဖြင့် ထုတ်ပိုးပါ။ ပြီးလျှင် အဆိုပါ ထုပ်ပိုးထားတဲ့အိတ်ကို နောက်ထပ် ပလက်စတစ်အိတ်ဖြင့်ထုတ်ပိုးပြီး ရေခဲသေတ္တာထဲတွင် ရက်ပေါင်း ရ၀-၈၀ လောက်ထိ ထားထားပေးပါ။ ပန်းသီးပင်ကို ဆောင်းအကုန် နွေဦးကာလအစော ပိုင်းမှာစိုက်ပျိုးရန် ကောင်းမွန်ပါတယ်။ နေရောင်ခြည်လုံလုံလောက်လောက်ရရှိဖို့အတွင် မျိုးစေ့စိုက်ပျိုးထားတဲ့အိုးကို ပြတင်းပေါက်လိုနေရာမျိုးမှာ ထားထားပေးပါ။ ၁၀-၁၂ရက်အတွင်း ရေလောင်းပေးပါ။ အပင်ကြီးထွားလာတော့မှ ရေကို ရက်ခွာလောင်းပေးပါ။ ပန်းသီးပင်ဟာ ၈နှစ်မှ ၁၀နှစ်အထိ အသီး သီးနိုင်ပါတယ်။
၆။ ချယ်ရီသီး
ချယ်ရီသီးပင်စိုက်ပျိုးတဲ့အခါ မျိုးစေ့ကို ပလက်စတစ်အိတ်ထဲထည့်ပြီး ရေခဲသေတ္တာထဲမှာ ၁၀ပတ်လောက်ထားထားပေးပါ။ အပင်ပေါက်အဆင်သင့်ရှိရင်တော့ မြေဆီလွှာထဲမှာ စိုက်ပျိုးပေးနိုင်ပါတယ်။ ချယ်ရီပင်ဟာ နေရောင်ခြည်နဲ့ လေကောင်းလေသန့်ရရှိဖို့ များများလိုအပ်ပါတယ်။ ရေနုတ်မြောင်းရှိတဲ့ နေရာ၊ မြေသြဇာ၊ သဲမြေဆီလွှာကို ပိုကြိုက်ပါတယ်။ စိုစွတ်တဲ့မြေဆီလွှာမှာစိုက်ပျိုးပေးသင့်ပြီး အသီးသီးဖို့အတွက် ရနှစ်ကနေ ၁၀နှစ်အထိစောင့်ဆိုင်းရပါလိမ့်မယ်။