လူတိုင်းမှာတော့ ချမ်းသာကြွယ်ဝနည်းဆိုတာ ကိုယ်ပိုင်နည်းလမ်းတွေရှိကြပါတယ်။ လူတစ်ချို့က မိဘက ကျောင်းကောင်းကောင်းထားပေးပြီး ကုမ္ပဏီကောင်းကောင်းတစ်ခုမှာ အလုပ်လုပ်ရင်း ချမ်းသာခြင်းကို ဆက်လက်ပျိုးထောင်သွားကြပါတယ်။ တစ်ချို့လူတွေကတော့ နေရာတစ်ခုကိုရောက်ဖို့ အသည်းအသန်ကြိုးစားကြရပါတယ်။ သို့ပေမယ့် ထာဝရချမ်းသာကြသူတိုင်း ဒီလိုတူညီသောအချက်တွေတော့ ရှိကြပါတယ်။ ဒီကနေ့မှာ လက်ရှိဘဝကို မကျေနပ်နိုင်ဘဲ ချမ်းသာချင်သူတွေအတွက် ရှေ့ဆက်မလုပ်သင့်တော့တဲ့ အရာ (၅) ချက်ကို မျှဝေပေးထားပါတယ်။
၁။ လူသစ်တွေကို မတွေ့ဆုံခြင်း

ချမ်းသာတဲ့လူတွေက လူသစ်တွေနဲ့ တွေ့ဆုံရတာကို သဘောကျလေ့ရှိကြပါတယ်။ ချမ်းသာကြွယ်ဝသူ ၆၈ ရာခိုင်နှုန်းဟာ လူသစ်တွေနဲ့ တွေ့ဆုံရတာကို သဘောကျတယ်လို့ ပြောခဲ့ကြပါတယ်။ ဆင်းရဲတဲ့လူ ၁၁ ရာခိုင်နှုန်းကလည်း ဒီလိုပဲ ပြောခဲ့ကြပါတယ်။ ဘဏ္ဍာရေးတည်ငြိမ်မှုကို ရောက်ရှိလာတဲ့အခါ အများစုက မိမိကိုယ်ကိုယ်အထင်ကြီးလာစေဖို့နှင့် ၎င်းကို ထိန်းသိမ်းထားဖို့ ကြိုးစားထားခဲ့ပါတယ်။ သူတို့ရဲ့ အားလပ်ရက်တွေနဲ့ တစ်ခြားအရေးကြီးတဲ့နေ့ရက်တွေမှာ အသိအကျွမ်းအသစ်တွေနဲ့ ဂုဏ်ပြုနှုတ်ဆက်ဖို့ မမေ့တတ်သူတွေပါ။
၂။ ကံကြမ္မာကို ယုံကြည်လွန်းခြင်း

အနီရောင်ဘလောက်စ်နှင့် အပြာရောင်စကတ်ကို ရွေးချယ်မိတိုင်း ကံဆိုးခြင်းတွေဖြစ်လာတယ်လို့ ခံစားမိတယ်ဆိုရင် အထူးသဖြင့် ဒီလိုရှားရှားပါးပါးကိစ္စတွေမှာ ကံကောင်းခြင်း (သို့) ကံကြမ္မာဆိုးရွားခြင်းလို့ တစ်ခါတလေလက်ခံမိတာကတော့ ဘာမှစိုးရိမ်စရာမရှိပါဘူး။ သို့ပေမယ့် တကယ်အရေးကြီးတဲ့ကိစ္စတွေမှာ ချမ်းသာသူတွေဟာ သူတို့ဘဝရဲ့ လမ်းကြောင်းကို သူတိုကိုယ်တိုင်ဆုံးဖြတ်ကြပါတယ်။ ပြီးတော့ ဆင်းရဲတဲ့သူ ၉၀ရာခိုင်နှုန်းကလည်း သူတို့ရဲ့ ကံမကောင်းမှုတွေနဲ့ သူတိုမထိန်းချုပ်နိုင်တဲ့ တစ်ခြားအချက်တွေအတွက် ကံကြမ္မာကိုသာ အပြစ်တင်ကြပါတယ်။ သူတို့ရဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သူတို့ရဲ့ ကိုယ်ပိုင်ပညာရေးထက် motivation speaker တွေနဲ့ ထီလက်မှတ်တွေဆီကို ငွေထည့်ကြပါတယ်။
၃။ ကိုယ်ရဲ့ အလုပ်ကို မုန်းတီးခြင်း

”ငါချစ်တဲ့အလုပ်ကိုပဲ ငါလုပ်တယ်” တဲ့။ ဒီအရာက ငွေကြေးချမ်းသာအောင်မြင်သူ ၈၅ ရာခိုင်နှုန်းလောက်က ပြောတဲ့စကားပါ။ ညံ့ဖျင်းသူတွေဟာ သူတို့ရဲ့ အလုပ်တွေမှာ အားနည်းချက်မျိုးစုံကို တွေ့မြင်ရပါလိမ့်မယ်။ လကုန်ရင်တော့ ပိုက်ဆံရမှာပဲလေဆိုတဲ့ အတွေးမျိုးပဲဝင်နေပြီး ခေါင်းငိုက်စိုက်နဲ့ အိမ်ပြန်ဖြစ်ခဲ့တာတွေများနေပြီဆိုရင် သင့်ရဲ့ Career ကို ငြင်ငြင်သာသာနဲ့ ပြောင်းလဲသင့်ပါပြီ။
၄။ ကိုယ့်ကျန်းမာရေးကို ဂရုမစိုက်ခြင်း

ချမ်းသာကြွယ်ဝသူတွေဟာ သူတို့ရဲ့ ကျန်းမာရေးအတွက် အချိန်လုံလုံလောက်လောက်ပေးကြပါတယ်။ ကျန်းမာသော နေထိုင်မှုပုံစံ၊ အားကစား (အောင်မြင်သောလူတွေရဲ့ ၇၆ ရာခိုင်နှုန်းဟာ ကိုယ်ကာယလေ့ကျင့်ခန်းကို တစ်ပတ် ၄ ကြိမ် ပြုလုပ်ကြပါတယ်)။ မျှတသောအစားအစာနှင့် အလေ့အကျင့်ဆိုးများကို ဖယ်ရှားခြင်းတွေလည်း ပါဝင်ပါတယ်။ ဝင်ငွေနည်းပါးသူတွေအတွက် အောင်မြင်မှုနှင့် ကျန်းမာရေးအကြား ၁၃ ရာခိုင်နှုန်းသာ ဆက်နွယ်မှုရှိပါတယ်။
၅။ အဆိပ်အတောက်ဖြစ်စေသော လူတွေနဲ့ ဆက်နွယ်ခြင်း

အောင်မြင်သူတွေဟာ သူတို့အတွက် ဆိုးကျိုးတွေကိုသာ ပေးနိုင်မယ့်လူမျိုးတွေနဲ့ အဆက်အသွယ်လုပ်လေ့မရှိပါဘူး။ အထူးသဖြင့် သူတို့ကို တစ်ခုခုလုပ်ဖို့ လှုံ့ဆော်သူတွေနဲ့သာ အပေါင်းအသင်းလုပ်လေ့ရှိပါတယ်။ အကယ်၍ သင့်ပတ်ဝန်းကျင်မှာရှိတဲ့ လူတွေနဲ့ ပေါင်းသင်းဖို့အတွက် ယဉ်ကျေးမှုဆိုင်ရာအခမ်းအနားများသို့ တက်ရောက်ခြင်း၊ အကျိုးအမြတ်မယူသော အဖွဲ့ဝင်ဖြစ်ခြင်းအားဖြင့် အလွယ်တကူဝင်ဆန့်နိုင်ပါတယ်။ သင့်အချိန်တွေကို တန်ဖိုးရှိသော လူတွေနဲ့ မတွေ့မချင်း သင်ကိုယ်တိုင်သာ သုံးသင့်ပါတယ်။
Lifestyle_Myanmar
Nyein_Thu
Ref- brightsideme